iMyanmarHouse.com - Best Property Website for Myanmar
×

တစ္နိုင္ငံလံုးကပရိသတ္ေတြယေန႔ထိတုိင္မွတ္မိေနဆဲျဖစ္တဲ့ မင္းသား ေဒြးဟာဆုိရင္ ဇနီးျဖစ္သူမမိုးမုိးနဲ႔ ေက်ာင္းသားဘဝကတည္းကအိမ္ေထာင္က်ခဲ့တာျဖစ္ျပီး ဘဝတစ္ပါးကုိမေျပာင္းေရႊ႕သြားခင္အထိ ေရႊလက္တြဲခဲ့တာျဖစ္ပါတယ္။ လူၾကိဳက္မ်ားေက်ာ္ၾကားျပီး ေကာင္မေလးေတြသည္းသည္းလႈပ္တဲ့ ေဒြးျဖစ္လာဖို႔ကုိမမိုးမိုးက ေနာက္ကြယ္မွာရုန္းကန္ျပီးပါရမီျဖည့္ခဲ့ရပံုေတြကုိ MRTV 4 ရဲ႕ Let’s Talk မွာ ရင္ဖြင့္ေျပာျပသြားပါတယ္။

ဆင္းဆင္းရဲရဲနဲ႔ ေဒြးကုိ အက်ႌခ်ဳပ္ျပီးေက်ာင္းထားေပးခဲ့ေၾကာင္းကို မမိုးမိုးက “RIT ေက်ာင္းသားျဖစ္တဲ့အခ်ိန္မွာ အစ္မတို႔အိမ္ေထာင္က်တယ္။ အစ္မက ျမန္မာစာေက်ာင္းသူ၊ သူက RIT ေက်ာင္းသားဆိုေတာ့ မိဘေတြကုိ တာဝန္မေပးခ်င္ဘူးေလ။ ကုိယ္ခ်စ္လို႔ကုိယ္ယူၾကတာ။ မိဘေတြကုိဒုကၡေပးစရာမလိုဘူး။ အစ္မအိမ္မွာသူကလိုက္ေနတာ။ အေဖတို႔က အစ္မတို႔နွစ္ေယာက္ကိုတစ္ခန္းေပးတယ္။ အစ္မက ငယ္ငယ္ေလးကတည္းက အက်ႌခ်ဳပ္တတ္တယ္။ အက်ႌခ်ဳပ္ျပီးမွ ေယာက္်ားကုိေက်ာင္းထားတယ္ဆိုေတာ့ အစ္မရဲ႕ တကၠသိုလ္ေက်ာင္းသူဘဝက ေျခာက္နွစ္ၾကာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့အစ္မက တနလၤာေန႔ဆိုေက်ာင္းသြားတယ္။ RIT ေက်ာင္းသားတစ္ေယာက္ရဲ႕ ေက်ာင္းစားရိတ္က အရမ္းၾကီးတယ္။ အဲ့ေတာ့ ေက်ာင္းသြားတယ္။ အက်ႌအပ္ထည္လက္ခံတယ္။ တစ္ပတ္လံုးအက်ႌခ်ဳပ္တယ္။ ေသာၾကာေန႔မွာအစ္မက ေက်ာင္းျပန္သြားတယ္”လို႔ ေျပာျပထားပါတယ္။

ေက်ာင္းသူဘဝမွာ ေယာက်္ားကုိထမင္းဘူးထည့္ေပးလိုက္ရလို႔ အိမ္မွာငါးပိရည္နဲ႔စားရတဲ့အထိျဖစ္ခဲ့တယ္လို႔လည္း “အစ္မေက်ာင္းကို ၉ ကားေလးနဲ႔ေက်ာင္းသြားတယ္။ အထုပ္ယူသြားတယ္။ ေက်ာင္းမွာပုိက္ဆံရ၊ျပန္လာ။ကုိသားၾကီးမနက္ေက်ာင္းသြားတယ္။ အစ္မတို႔ဝက္သားတစ္ဆယ္သားကို နွစ္ရက္စားရတယ္။ ေယာက္်ားကုိထမင္းဘူးထည့္ေပးလိုက္တဲ့အတြက္ အစ္မသည္ အိမ္မွာငါးပိရည္နဲ႔စားရတယ္။ အိုေခ ျပႆနာမရွိဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္တယ္။ ေယာက္်ားပညာတတ္သြားဖို႔အေရးၾကီးတယ္”လို႔လည္း ရင္ဖြင့္သြားပါတယ္။

ေဒြးမင္းသားလုပ္မယ္ဆိုေတာ့ ဝတ္စရာမရွိလို႔ ေဘထုတ္ထဲကအထည္ေတြကုိ္ အက်ႌျပန္ခ်ဳပ္ျပီးမရွိရွိတာနဲ႔ပံ့ပိုးေပးခဲ့ရတယ္လို႔လည္း “အစ္မတို႔က စာအုပ္ဆိုင္ေလးဖြင့္တယ္။ ကတ္ဆတ္ေခြေခတ္စားေနတဲ့အခ်ိ္န္မွာ အစ္မတို႔က ကတ္ဆတ္ေခြငွားတဲ့ဆိုင္ေလးကုိ ညေနေလးနာရီမွာဖြင့္တယ္။ ညကိုးနာရီထုိးရင္ျပန္ၾကတယ္။အဲ့ဒီအခ်ိန္မွာ မင္းသားလုပ္မယ္ဆိုေတာ့ လက္ထဲမွာ အဝတ္အစားဝယ္စရာပုိက္ဆံမရွိဘူး။ အဲ့ေတာ့ စာအုပ္ဆိုင္နဲ႔ ကတ္ဆတ္ေခြေတြကုိေရာင္းစားလိုက္ရတယ္။ အဲဒီတုန္းက ပုိက္ဆံ ၂၀၀၀ က ေတာ္ေတာ္တန္ဖိုးရွိေနေသးတယ္။ ေဘထုပ္ေတြထဲကုိေခါင္းစုိက္ျပီးတိုးရတာေပါ့။ ၾကယ္သီးေလးေတြတံဆိပ္ေလးေတြက အစ္မအတြက္အသက္ပဲေလ။ အက်ႌလည္းခ်ဳပ္တတ္ေတာ့ အဲ့ကဟာေတြကုိျဖဳတ္၊ တစ္ကုိက္ကုိမွဆယ့္ငါးက်ပ္တို႔ နွစ္ဆယ္တို႔ေတြကုိဝယ္၊ ဝယ္ျပီးေတာ့ ရွပ္အက်ႌညွပ္၊ ပိုလိုတံဆိပ္ကနာမည္ၾကီးတယ္ေလ။ ကုိယ္မွဝယ္မေပးနုိင္တာ။ အဲ့ေတာ့ တံဆိပ္ေလးကုိအပ္ထည္ဆိုင္ပို႔၊ ေဘထုပ္ထဲကျဖဳတ္လာတဲ့ ၾကယ္သီးကုိအဲဒီမွာတပ္။အဲ့လိုဘဝကေနေဒြးျဖစ္သြားတာပဲ” လို႔ အေၾကာင္းစံုကုိျပန္ေျပာင္းေျပာျပသြားပါတယ္။ ပရိသတ္ေတြကေတာ့ မမိုးမိုးရဲ႕ ျဖစ္အင္ကုိသနားေနၾကျပီးအခ်ိဳ႕ကေတာ့ ေဝဖန္ေနၾကတာေတြလည္းရွိေနပါတယ္။

ပရိသတ္ၾကီးေရာ ေဒြးကုိလြမ္းေနၾကလား။ မင္းသားျဖစ္ဖို႔ခရီးၾကမ္းကုိျဖတ္ခဲ့ရတဲ့ေဒြးနဲ႔ ေနာက္ကြယ္ကပံ့ပုိးေပးခဲ့တဲ့ မမိုးမိုးတို႔ကုိေရာ ေလးစားမိလား။ ေဒြးရဲ႕ရုပ္ရွင္ေတြကိုေရာ အလြမ္းေျပျပန္ၾကည့္ျဖစ္ၾကေသးလား။ေျပာခဲ့ၾကပါဦး။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Can’t Wait To Say
#Unicode Version#
တစ်နိုင်ငံလုံးကပရိသတ်တွေယနေ့ထိတိုင်မှတ်မိနေဆဲဖြစ်တဲ့ မင်းသား ဒွေးဟာဆိုရင် ဇနီးဖြစ်သူမမိုးမိုးနဲ့ ကျောင်းသားဘဝကတည်းကအိမ်ထောင်ကျခဲ့တာဖြစ်ပြီး ဘဝတစ်ပါးကိုမပြောင်းရွှေ့သွားခင်အထိ ရွှေလက်တွဲခဲ့တာဖြစ်ပါတယ်။ လူကြိုက်များကျော်ကြားပြီး ကောင်မလေးတွေသည်းသည်းလှုပ်တဲ့ ဒွေးဖြစ်လာဖို့ကိုမမိုးမိုးက နောက်ကွယ်မှာရုန်းကန်ပြီးပါရမီဖြည့်ခဲ့ရပုံတွေကို MRTV 4 ရဲ့ Let’s Talk မှာ ရင်ဖွင့်ပြောပြသွားပါတယ်။

ဆင်းဆင်းရဲရဲနဲ့ ဒွေးကို အင်္ကျီချုပ်ပြီးကျောင်းထားပေးခဲ့ကြောင်းကို မမိုးမိုးက “RIT ကျောင်းသားဖြစ်တဲ့အချိန်မှာ အစ်မတို့အိမ်ထောင်ကျတယ်။ အစ်မက မြန်မာစာကျောင်းသူ၊ သူက RIT ကျောင်းသားဆိုတော့ မိဘတွေကို တာဝန်မပေးချင်ဘူးလေ။ ကိုယ်ချစ်လို့ကိုယ်ယူကြတာ။ မိဘတွေကိုဒုက္ခပေးစရာမလိုဘူး။ အစ်မအိမ်မှာသူကလိုက်နေတာ။ အဖေတို့က အစ်မတို့နှစ်ယောက်ကိုတစ်ခန်းပေးတယ်။ အစ်မက ငယ်ငယ်လေးကတည်းက အင်္ကျီချုပ်တတ်တယ်။ အင်္ကျီချုပ်ပြီးမှ ယောက်ျားကိုကျောင်းထားတယ်ဆိုတော့ အစ်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝက ခြောက်နှစ်ကြာခဲ့တယ်။ ဘာလို့လဲဆိုတော့အစ်မက တနင်္လာနေ့ဆိုကျောင်းသွားတယ်။ RIT ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းစားရိတ်က အရမ်းကြီးတယ်။ အဲ့တော့ ကျောင်းသွားတယ်။ အင်္ကျီအပ်ထည်လက်ခံတယ်။ တစ်ပတ်လုံးအင်္ကျီချုပ်တယ်။ သောကြာနေ့မှာအစ်မက ကျောင်းပြန်သွားတယ်”လို့ ပြောပြထားပါတယ်။

ကျောင်းသူဘဝမှာ ယောကျ်ားကိုထမင်းဘူးထည့်ပေးလိုက်ရလို့ အိမ်မှာငါးပိရည်နဲ့စားရတဲ့အထိဖြစ်ခဲ့တယ်လို့လည်း “အစ်မကျောင်းကို ၉ ကားလေးနဲ့ကျောင်းသွားတယ်။ အထုပ်ယူသွားတယ်။ ကျောင်းမှာပိုက်ဆံရ၊ပြန်လာ။ကိုသားကြီးမနက်ကျောင်းသွားတယ်။ အစ်မတို့ဝက်သားတစ်ဆယ်သားကို နှစ်ရက်စားရတယ်။ ယောက်ျားကိုထမင်းဘူးထည့်ပေးလိုက်တဲ့အတွက် အစ်မသည် အိမ်မှာငါးပိရည်နဲ့စားရတယ်။ အိုခေ ပြဿနာမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက်နားလည်တယ်။ ယောက်ျားပညာတတ်သွားဖို့အရေးကြီးတယ်”လို့လည်း ရင်ဖွင့်သွားပါတယ်။

ဒွေးမင်းသားလုပ်မယ်ဆိုတော့ ဝတ်စရာမရှိလို့ ဘေထုတ်ထဲကအထည်တွေကို အင်္ကျီပြန်ချုပ်ပြီးမရှိရှိတာနဲ့ပံ့ပိုးပေးခဲ့ရတယ်လို့လည်း “အစ်မတို့က စာအုပ်ဆိုင်လေးဖွင့်တယ်။ ကတ်ဆတ်ခွေခေတ်စားနေတဲ့အချိန်မှာ အစ်မတို့က ကတ်ဆတ်ခွေငှားတဲ့ဆိုင်လေးကို ညနေလေးနာရီမှာဖွင့်တယ်။ ညကိုးနာရီထိုးရင်ပြန်ကြတယ်။အဲ့ဒီအချိန်မှာ မင်းသားလုပ်မယ်ဆိုတော့ လက်ထဲမှာ အဝတ်အစားဝယ်စရာပိုက်ဆံမရှိဘူး။ အဲ့တော့ စာအုပ်ဆိုင်နဲ့ ကတ်ဆတ်ခွေတွေကိုရောင်းစားလိုက်ရတယ်။ အဲဒီတုန်းက ပိုက်ဆံ ၂၀၀၀ က တော်တော်တန်ဖိုးရှိနေသေးတယ်။ ဘေထုပ်တွေထဲကိုခေါင်းစိုက်ပြီးတိုးရတာပေါ့။ ကြယ်သီးလေးတွေတံဆိပ်လေးတွေက အစ်မအတွက်အသက်ပဲလေ။ အင်္ကျီလည်းချုပ်တတ်တော့ အဲ့ကဟာတွေကိုဖြုတ်၊ တစ်ကိုက်ကိုမှဆယ့်ငါးကျပ်တို့ နှစ်ဆယ်တို့တွေကိုဝယ်၊ ဝယ်ပြီးတော့ ရှပ်အင်္ကျီညှပ်၊ ပိုလိုတံဆိပ်ကနာမည်ကြီးတယ်လေ။ ကိုယ်မှဝယ်မပေးနိုင်တာ။ အဲ့တော့ တံဆိပ်လေးကိုအပ်ထည်ဆိုင်ပို့၊ ဘေထုပ်ထဲကဖြုတ်လာတဲ့ ကြယ်သီးကိုအဲဒီမှာတပ်။အဲ့လိုဘဝကနေဒွေးဖြစ်သွားတာပဲ” လို့ အကြောင်းစုံကိုပြန်ပြောင်းပြောပြသွားပါတယ်။ ပရိသတ်တွေကတော့ မမိုးမိုးရဲ့ ဖြစ်အင်ကိုသနားနေကြပြီးအချို့ကတော့ ဝေဖန်နေကြတာတွေလည်းရှိနေပါတယ်။


ပရိသတ်ကြီးရော ဒွေးကိုလွမ်းနေကြလား။ မင်းသားဖြစ်ဖို့ခရီးကြမ်းကိုဖြတ်ခဲ့ရတဲ့ဒွေးနဲ့ နောက်ကွယ်ကပံ့ပိုးပေးခဲ့တဲ့ မမိုးမိုးတို့ကိုရော လေးစားမိလား။ ဒွေးရဲ့ရုပ်ရှင်တွေကိုရော အလွမ်းပြေပြန်ကြည့်ဖြစ်ကြသေးလား။ပြောခဲ့ကြပါဦး။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top