iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအတုိင္းသာ ေန႔စဥ္ ျပဳလုပ္သြားမယ္ဆုိ မ်က္ႏွာေလး က ၾကည္လင္ၿပီးစိုေျပေနမွာ အေသအခ်ာပါပဲ။
အလွအပ အတြက္ မ်က္ႏွာကို စိတ္ႀကိဳက္ျပင္ဆင္ျခယ္သၿပီးရင္ေတာ့ ညဘက္္မွာ ျပန္ဖ်က္ဖုိ႔ မေမ့ပါနဲ႔။ မိတ္ကပ္ မဖ်က္ဘဲ အိပ္မိရင္ အသားအေရ ကို လြယ္လြယ္ကူကူ အိုမင္းရင့္ေရာ္ေစမယ့္အျပင္ ဝက္ျခံ၊ တင္းတိပ္ ေတြလည္း ထြက္လာပါတယ္။ သာမန္ မ်က္ႏွာ သစ္လိုက္ရံုနဲ႔ မိတ္ကပ္ ေတြအားလံုး ေျပာင္စင္သြားမွာမဟုတ္ပါဘူး။ ဒီနည္းအတုိင္း အဆင့္ဆင့္ ဖ်က္သြားမွသာ လိမ္းထားတဲ့ မိတ္ကပ္ ေတြ ေျပာင္စင္သြားမွာျဖစ္ပါတယ္။

အဆင့္ ၁ ။ ။ တစ္႐ႈး အစို ဒါမွမဟုတ္ မိတ္ကပ္ဖ်က္ေဆးပါတဲ့ ဂြမ္းစ ေလးနဲ႔ မိတ္ကပ္ ေတြကို ဖ်က္လိုက္ပါ။ မ်က္လံုး ဧရိယာတဝိုက္ကိုေတာ့ ခ်န္ၿပီး ဖ်က္ရပါတယ္။ မဟုတ္ရင္ မ်က္လံုး ကိုျခယ္ထားတာေတြက ပိုပ်ံ႕သြားၿပီးဖ်က္ရခက္လို႔ပါ။
အဆင့္ ၂ ။ ။ မ်က္လံုး တဝိုက္မွာ လိမ္းျခယ္ထားတာေတြကိုဖ်က္တဲ့့ သီးသန္႔ဆီတစ္မ်ိဳး ရွိပါတယ္။ ဂြမ္းစေလးမွာဆြတ္ၿပီး မ်က္လံုးတဝိုက္က လိမ္းထားတာေတြကိုဖ်က္ပါ။
အဆင့္ ၃ ။ ။ မ်က္ႏွာ သန္႔စင္ေဆး၊ မ်က္ႏွာ သစ္ေဆးကို အသံုးျပဳလုိ႔ရပါၿပီ။ ေရ နဲ႔မေဆးလိုက္ပါနဲ႔ဦး။

အဆင့္ ၄ ။ ။ ေနာက္ဆံုးအဆင့္မွာေတာ့ ဆဲလ္ေသ ေတြကို ဖယ္ရရွားရပါမယ္။ အေရျပားအေပၚယံလႊာက မိတ္ကပ္ ေတြကို ဖ်က္ၿပီးတဲ့ေနာက္ ေခၽြးေပါက္ ေတြမွာ မိတ္ကပ္ အၾကြင္းအက်န္္ေတြ ကပ္ၿငိမေနေအာင္ လက္ေခ်ာင္းေလးေတြနဲဲ႔ စက္ဝိုင္းပံုပြတ္သပ္ေပးကာ ေၾကးခၽြတ္ေပးရပါမယ္။ ၾကက္သီးေႏြး ေရေႏြး ေလးနဲ႔ ဆပ္ျပာ ေတြေျပာင္ေအာင္ သစ္ေပးလိုက္ရင္ ရသြားပါၿပီ။ ေခၽြးေပါက္ ေတြလည္းပြင့္ၿပီး မ်က္ႏွာ ေလး ၾကည္လင္သြားတာကို ေတြ႔ရမွာပါ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: Duwun

#Unicode Verison#
 ဒီအတိုင်းသာ နေ့စဉ် ပြုလုပ်သွားမယ်ဆို မျက်နှာလေး က ကြည်လင်ပြီးစိုပြေနေမှာ အသေအချာပါပဲ။
အလှအပ အတွက် မျက်နှာကို စိတ်ကြိုက်ပြင်ဆင်ခြယ်သပြီးရင်တော့ ညဘက်မှာ ပြန်ဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ် မဖျက်ဘဲ အိပ်မိရင် အသားအရေ ကို လွယ်လွယ်ကူကူ အိုမင်းရင့်ရော်စေမယ့်အပြင် ဝက်ခြံ၊ တင်းတိပ် တွေလည်း ထွက်လာပါတယ်။ သာမန် မျက်နှာ သစ်လိုက်ရုံနဲ့ မိတ်ကပ် တွေအားလုံး ပြောင်စင်သွားမှာမဟုတ်ပါဘူး။ ဒီနည်းအတိုင်း အဆင့်ဆင့် ဖျက်သွားမှသာ လိမ်းထားတဲ့ မိတ်ကပ် တွေ ပြောင်စင်သွားမှာဖြစ်ပါတယ်။

အဆင့် ၁ ။ ။ တစ်ရှုး အစို ဒါမှမဟုတ် မိတ်ကပ်ဖျက်ဆေးပါတဲ့ ဂွမ်းစ လေးနဲ့ မိတ်ကပ် တွေကို ဖျက်လိုက်ပါ။ မျက်လုံး ဧရိယာတဝိုက်ကိုတော့ ချန်ပြီး ဖျက်ရပါတယ်။ မဟုတ်ရင် မျက်လုံး ကိုခြယ်ထားတာတွေက ပိုပျံ့သွားပြီးဖျက်ရခက်လို့ပါ။
အဆင့် ၂ ။ ။ မျက်လုံး တဝိုက်မှာ လိမ်းခြယ်ထားတာတွေကိုဖျက်တဲ့ သီးသန့်ဆီတစ်မျိုး ရှိပါတယ်။ ဂွမ်းစလေးမှာဆွတ်ပြီး မျက်လုံးတဝိုက်က လိမ်းထားတာတွေကိုဖျက်ပါ။
အဆင့် ၃ ။ ။ မျက်နှာ သန့်စင်ဆေး၊ မျက်နှာ သစ်ဆေးကို အသုံးပြုလို့ရပါပြီ။ ရေ နဲ့မဆေးလိုက်ပါနဲ့ဦး။

အဆင့် ၄ ။ ။ နောက်ဆုံးအဆင့်မှာတော့ ဆဲလ်သေ တွေကို ဖယ်ရရှားရပါမယ်။ အရေပြားအပေါ်ယံလွှာက မိတ်ကပ် တွေကို ဖျက်ပြီးတဲ့နောက် ချွေးပေါက် တွေမှာ မိတ်ကပ် အကြွင်းအကျန်တွေ ကပ်ငြိမနေအောင် လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံပွတ်သပ်ပေးကာ ကြေးချွတ်ပေးရပါမယ်။ ကြက်သီးနွေး ရေနွေး လေးနဲ့ ဆပ်ပြာ တွေပြောင်အောင် သစ်ပေးလိုက်ရင် ရသွားပါပြီ။ ချွေးပေါက် တွေလည်းပွင့်ပြီး မျက်နှာ လေး ကြည်လင်သွားတာကို တွေ့ရမှာပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top