iMyanmarHouse.com - Best Property Website for Myanmar
×






#Unicode Version#
ပိုက်ဆံရရေးအတွက် ရုပ်ရှင်မရိုက်ရန် ဆရာများဆုံးမထားကြောင်း ဒါရိုက်တာ ခရစ္စတီးနားခီပြော ။ ရုပ်ရှင်ရိုက်သည့် နေရာတွင် ပိုက်ဆံရရေး သို့မဟုတ် စတားဖြစ်ရေး၊ ရုပ်ရှင်အတွက် ပိုက်ဆံရရေး လုပ်သည်ဆိုပါက လာမသင်ရန် ဒါရိုက်တာပညာသင်ကြားပေးသည့် ဆရာများက သွန်သင်ဆုံးမဘူးကြောင်း ဒါရိုက်တာ ခရစ္စတီးနားခီက ပြောသည်။

ယနေ့ (ဧပြီလ ၅ ရက်)ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင်ကျင်းပခဲ့သည့် Star Awards ဆုပေးပွဲတွင် ဥပါယ်တမျဉ်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆုရရှိခဲ့သည့် ခရစ္စတီးနားခီက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ရုပ်ရှင်ဒီနေ့ဆုပေးပွဲမှာ Nomination ပါတဲ့ သူတွေကို Congratulation ပါလို့ပြောချင်ပါတယ်။ ကျမရဲ့ဆရာသမားတွေအားလုံးက ကျမတို့ကိုဆုံးမထားပါတယ်။

ရုပ်ရှင်ရိုက်ချင်တယ်ဆိုလို့ရှင်ရင် ပိုက်ဆံရချင်တာလား၊ ဒါမှမဟုတ် စတားဖြစ်ခြင်တာလား၊ စတားဖြစ်ချင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်အတွက်ပိုက်ဆံရဖို့လုပ်တာဆိုရင်တော့ လာမသင်ပါနဲ့ဆိုပြီး ပထမဦးဆုံးနေ့မှာ သွန်သင်ဆုံးမဘူးပါတယ်” ဟု ခရစ္စတီးနားခီက ပြောကြားခဲ့ခြင်းဖြစ်သည်။

Star Awards 2018 ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်ထူးချွန်ဆု (၁၅) ဆု၊ ရုပ်သံဇာတ်လမ်းတွဲထူးချွန်ဆု (၅) ဆုနှင့် ဝတ်ဆင်လာသည့် Fashion များကိုလည်း အကဲဖြတ်ပြီး Fashion ဆု(၃)ဆုပေးအပ်ခဲ့သည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:The Standard Time Daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top