iMyanmarHouse.com - Best Property Website for Myanmar
×

- { လင္​မြဲ }
ဘယ္​​ေလာက္​ပဲခ်စ္​ခ်စ္​
စီးပြား​ေရးအသိတရားမရွိဘူးဆိုရင္​
အိမ္​​ေထာင္​​ေရးဟာ ​
ေရမ႐ွိတဲ့အိုင္​မွာ ​
ေနရတဲ့ငါးလိုပဲ
ပူ​ေလာင္​​ေျခာက္​​ေသြ႔လြန္​းပါတယ္​။
ဒါ့​ေၾကာင္​့...
မြဲတဲ့​ေယာက်္​ား မယူ​ေလနဲ႔။

- { လင္​နာ }
မဂၤလာဦးညကစလို႔
ျဖစ္​လိုက္​တဲ့​ေရာဂါႀကီး​ေသး​ေပါင္​းစံု၊
ပိုး​ေမြးသလို​ေမြး​ေနရမယ္​့ ကိုခ်ဴ ခ်ာ၊
ကုလိုက္​ရတဲ့​ေဆး၊
႐ွိသမ်ွ အကုန္​​ေျပာင္​။
အက်ိဳးစီးပြား
တိုးတက္​ရာလမ္​းမျမင္​
ဆုတ္​ယုတ္​ရန္​သာ႐ွိ
မယူ​ေလနဲ႔အမိ။

- { လင္​အရက္​သမား(လင္​သူရာႀကိဳက္​) }
အရက္​​ေသစာ၊
ယခု​ေခတ္​​ေတာ့
မူးယစ္​​ေဆး​ေသာက္​စား
မူးယစ္​တတ္​တဲ့​ေယာက်္​ား
မိတ္​​ေကာင္​း​ေဆြ​ေကာင္​းမ႐ွိ၊
ဂုဏ္​သိကၡာကင္​းမဲ့၊ ​
ေက်ာ္​​ေစာမႈနတၳိ၊
စီးပြားဥစၥာပ်က္​ျပား။
ကိုယ္​့လက္​ထဲ​ေရာက္​မွ ျပဳ ျပင္​ပါ့မယ္​၊
ကိုယ္​ကိုင္​တြယ္​ပါ့မယ္​လို႔မ​ေတြးနဲ႔။
ကတိ​ေတြအထပ္​ထပ္​​ေပးလည္​း
မယံုလိုက္​​ေလနဲ႔။
လ်ွာမွာ အ႐ိုးမ႐ွိ။
အလကား ​ေခြးၿမီး​ေကာက္​ က်ည္​​ေတာက္​စြပ္​ပဲ။

- { လင္​မိုက္​ (လင္​ရမ္​းကား) }
ထစ္​ခနဲ႐ွိ ဆဲ​ေရး၊ ​ေပးစား၊
အိုးခြက္​ပန္​းကန္​မက်န္​ကုန္​​ေအာင္​ ႐ိုက္​ခြဲ။ ​
ေျခပါလက္​ပါ ရမ္​းကား။
ယူမိရင္​မ်က္​ရည္​နဲ႔ဒူးနဲ႔
ဝမ္​းဆက္​ျဖစ္​လိမ္​့မယ္​။

- { လင္​ဖ်င္​း }
အစစအရာရာ
မိန္​းမကသာဦး​ေဆာင္​ရတယ္​။
အစပိုင္​း​ေတာ့ မိုက္​တယ္​။
ခ်စ္​လို႔ပဲ ဦးစား​ေပးသ​ေယာင္​​ေယာင္​၊
သာယာစရာလိုလို ဘာလိုလို။
ကိုယ္​ပိုင္​ရပ္​တည္​ခ်က္​မ႐ွိ။
ကိုယ္​ပိုင္​အစြမ္​းအစ မ႐ွိ။
ႏြားမ်ားလို သူမ်ားခိုင္​းတာ
နားစြင္​့ၿပီးလုပ္​တတ္​တဲ့​ေယာက်္​ား။
လင္​႐ုပ္​​ေသး ​ေဝး​ေဝးက​သာ​ေ႐ွာင္​။

- { လင္​ပ်င္​း }
​ေသခ်ာတယ္​ ခ်စ္​သူဘဝမွာ ကတည္​းက
ထမင္​း​ေတာင္​ခြံ႔​ေကြၽးရလိမ္​့မယ္​။
မိခင္​စိတ္​႐ွိတတ္​တဲ့
မိန္​းက​ေလး​ေတြအဖို႔
သ​ေဘာက်စရာပဲ။
ဒီလိုအစား
ၾကာၾကာဝါးမွ ခါးမွန္​းသိမယ္​။
မိတ္​​ေဆြ​ေကာင္​းမ႐ွိ။
အပ်င္​းထူအ​ေရထြက္​ စီးပြားမတက္​။

- { လင္​အို }
အိုတဲ့​ေယာက်္​ား
သူမ်ားအတြက္​​ေရာ၊
မိန္​းမအတြက္​​ေရာ
ဘယ္​​ေနရာမ်ား
အသံုးတဲ့တာ႐ွိသတုန္​း။
သဝန္​တိုတတ္​တာ ႏွစ္​​ေယာက္​မ႐ွိ။
သူမစြမ္​းတာ သူသိတိုင္​း
လူတစ္​ကာနဲ႔​ေပးစား။
စိတ္​ကိုမီးလိုပူ​ေစတဲ့​ေယာက်္​ား ​
ေဝးရာက႐ွား​ေလာ့ ခ်စ္​သမီး။

- { လင္​အလိုမျပည္​့ }
ဘယ္​​ေလာက္​ပဲ​...
ေကာင္​း​ေအာင္​လုပ္​​ေပး​ေပး ​
ေက်းဇူးတရားကိုမသိ၊
အဆိုးအျပစ္​သာ
ျမင္​တတ္​​ေျပာတတ္​တဲ့​ေယာက်္​ား။
အျပဳသ​ေဘာမ​ေဆာင္​
အပ်က္​သ​ေဘာ၊
အဖ်က္​သ​ေဘာသာ႐ွိတဲ့​
ေယာက်္​ား အလကားပဲ။

ႀကိဳက္​ရင္​လည္​း
ယူ​ေတာ္​မူ...
မတားလိုပါ။
(ဝဋ္​​ေႂကြးဆပ္​လိုတဲ့သ​ေဘာ)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:ဘဝသုတ_စာေပ Page 👍

#Unicode Version#
- { လင်မွဲ }
ဘယ်လောက်ပဲချစ်ချစ်
စီးပွားရေးအသိတရားမရှိဘူးဆိုရင်
အိမ်ထောင်ရေးဟာ
ရေမရှိတဲ့အိုင်မှာ
နေရတဲ့ငါးလိုပဲ
ပူလောင်ခြောက်သွေ့လွန်းပါတယ်။
ဒါ့ကြောင့်...
မွဲတဲ့ယောကျ်ား မယူလေနဲ့။

- { လင်နာ }
မင်္ဂလာဦးညကစလို့
ဖြစ်လိုက်တဲ့ရောဂါကြီးသေးပေါင်းစုံ၊
ပိုးမွေးသလိုမွေးနေရမယ့် ကိုချူ ချာ၊
ကုလိုက်ရတဲ့ဆေး၊
ရှိသမျှ အကုန်ပြောင်။
အကျိုးစီးပွား
တိုးတက်ရာလမ်းမမြင်
ဆုတ်ယုတ်ရန်သာရှိ
မယူလေနဲ့အမိ။

- { လင်အရက်သမား(လင်သူရာကြိုက်) }
အရက်သေစာ၊
ယခုခေတ်တော့
မူးယစ်ဆေးသောက်စား
မူးယစ်တတ်တဲ့ယောကျ်ား
မိတ်ကောင်းဆွေကောင်းမရှိ၊
ဂုဏ်သိက္ခာကင်းမဲ့၊
ကျော်စောမှုနတ္ထိ၊
စီးပွားဥစ္စာပျက်ပြား။
ကိုယ့်လက်ထဲရောက်မှ ပြု ပြင်ပါ့မယ်၊
ကိုယ်ကိုင်တွယ်ပါ့မယ်လို့မတွေးနဲ့။
ကတိတွေအထပ်ထပ်ပေးလည်း
မယုံလိုက်လေနဲ့။
လျှာမှာ အရိုးမရှိ။
အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

- { လင်မိုက် (လင်ရမ်းကား) }
ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊
အိုးခွက်ပန်းကန်မကျန်ကုန်အောင် ရိုက်ခွဲ။
ခြေပါလက်ပါ ရမ်းကား။
ယူမိရင်မျက်ရည်နဲ့ဒူးနဲ့
ဝမ်းဆက်ဖြစ်လိမ့်မယ်။

- { လင်ဖျင်း }
အစစအရာရာ
မိန်းမကသာဦးဆောင်ရတယ်။
အစပိုင်းတော့ မိုက်တယ်။
ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊
သာယာစရာလိုလို ဘာလိုလို။
ကိုယ်ပိုင်ရပ်တည်ချက်မရှိ။
ကိုယ်ပိုင်အစွမ်းအစ မရှိ။
နွားများလို သူများခိုင်းတာ
နားစွင့်ပြီးလုပ်တတ်တဲ့ယောကျ်ား။
လင်ရုပ်သေး ဝေးဝေးကသာရှောင်။

- { လင်ပျင်း }
သေချာတယ် ချစ်သူဘဝမှာ ကတည်းက
ထမင်းတောင်ခွံ့ကျွေးရလိမ့်မယ်။
မိခင်စိတ်ရှိတတ်တဲ့
မိန်းကလေးတွေအဖို့
သဘောကျစရာပဲ။
ဒီလိုအစား
ကြာကြာဝါးမှ ခါးမှန်းသိမယ်။
မိတ်ဆွေကောင်းမရှိ။
အပျင်းထူအရေထွက် စီးပွားမတက်။

- { လင်အို }
အိုတဲ့ယောကျ်ား
သူများအတွက်ရော၊
မိန်းမအတွက်ရော
ဘယ်နေရာများ
အသုံးတဲ့တာရှိသတုန်း။
သဝန်တိုတတ်တာ နှစ်ယောက်မရှိ။
သူမစွမ်းတာ သူသိတိုင်း
လူတစ်ကာနဲ့ပေးစား။
စိတ်ကိုမီးလိုပူစေတဲ့ယောကျ်ား
ဝေးရာကရှားလော့ ချစ်သမီး။

- { လင်အလိုမပြည့် }
ဘယ်လောက်ပဲ...
ကောင်းအောင်လုပ်ပေးပေး
ကျေးဇူးတရားကိုမသိ၊
အဆိုးအပြစ်သာ
မြင်တတ်ပြောတတ်တဲ့ယောကျ်ား။
အပြုသဘောမဆောင်
အပျက်သဘော၊
အဖျက်သဘောသာရှိတဲ့
ယောကျ်ား အလကားပဲ။

ကြိုက်ရင်လည်း
ယူတော်မူ...
မတားလိုပါ။
(ဝဋ်ကြွေးဆပ်လိုတဲ့သဘော)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ဘဝသုတ_စာပေ Page 👍
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top