iMyanmarHouse.com - Best Property Website for Myanmar
×
Credit: MM
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
သင်ဟာနွားနို့ရဲ့ အရသာကို မကြိုက်ရင်တောင် ကျွန်တော်တို့ပြောတဲ့ အရာကို သင် လက်ခံသွားမှာပါ။ နွားနို့က ကျန်းမာရေးအကောင်းဆုံးနဲ့ သဘာဝအလျောက် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။
တစ်နေ့ကို အနည်းဆုံး နွားနို့ တစ်ခွက် သောက်ပေးရပါတယ်။ တချို့က နွားနို့အပူကို ကြိုက်ပြီး တချို့က နွားနို့အေးကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ ဘယ်တစ်ခုက ပိုကောင်းလဲဆိုတာကို စဉ်းစားရခက်စေပါတယ်။ အကောင်းဆုံးတစ်ခုက ကျွန်တော်တို့ကို လိုအပ်တဲ့အာရဟာဓာတ်အားလုံး၊ ဗီတာမင်၊ ကယ်စီယမ်ဓာတ်တွေ ရအောင် ကူညီပေးပါတယ်။
လူတော်တော်များများက နွားနို့အေးသောက်ဖို့ ဘာကြောင့် အကြံပေးကြလည်းဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက သင်ကို တစ်နေ့လုံး ထကြွလန်းဆန်းနေစေမယ့် အရေးပါတဲ့ မိုက်ခရို-အာဟာရဓာတ်နဲ့ electrolytesအရည်တွေနဲ့ ထုတ်ပိုးထားပါတယ်။ ဒါပေမဲ့ မနက်စောစော သောာက်ပေးရင် ပိုကောင်းပါတယ်။ ညဘက် နွားနို့အေးသောက်၇င် အစာမကြေတဲ့ပြဿနာတွေ၊ မအီမသာဖြစ်တာတွေ၊ အိပ်စက်ရခက်ခဲတာတွေ ဖြစ်စေနိုင်ပါတယ်။ နွားနို့က အချဉ်ပေါက်ခြင်းကို ပြေလျော့စေတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။
နွားနို့အေးသောက်သင့်တဲ့ နောက်ထပ်အကြောင်းအရင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ နွားနို့အေးမှာ ပါတဲ့ ကယ်စီယမ်က ဇီဝဖြစ်စဉ်တွေကို တိုးလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီတွေကို မြန်မြန် လောင်ကျွမ်းပေးပါတယ်။ သွားရည်စာအဖြစ် သောက်သုံးမယ်ဆိုရင် အစားအစာစာချင်စိတ်တွေကို ဟန့်တားပေးပါတယ်။ ဆောင်းရာသီမှာ နွားနို့အေး မသောက်ခင် သတိထားပါ။ ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိ၊ တုပ်ကွေးဖျားနာခြင်းတွေ ဖြစ်နိုင်ပါတယ်။
နွားနို့အပူက နွားနို့အေးလိုပဲ အကျိုးကျေးဇူးတွေနဲ့ ပြည့်နေတယ်လို့ ပြောကြပါတယ်။ဒါပေမဲ့ ဒါက ရာသီဥတုအပေါ်၊ သင့်ခန္ဓာကိုယ်က အစားအစာအပူချိန်ခံနိုင်မှုအပေါ်မူတည်ပြီး နွားနို့ကို ရွေးချယ်သင့်ပါတယ်။ နွားနို့အပူကို လူတွေက ပိုကြိုက်ကြပါတယ်။ ဒါက ပို အိပ်ပျော်စေတဲ့အတွက်ကြောင့်ပါပဲ။ အခုအကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့်် နွားနို့အေးနဲ့ နွားနို့အပူ ဘယ်ဟာက ပိုကောင်းလဲဆိုရင် နှစ်ခုလုံးကောင်းပါတယ်။ ဒါပေမဲ့ နွားနို့အပူကို ညဘက်တွေသောက်မယ်ဆိုရင် အိပ်လို့ပိုကောင်းပါတယ်။ နွားနို့အေးက ညဘက်တွေ သောက်သုံးလို့ အဆင်မပြေပါဘူးနော်..။
Credit: MM
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top