iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါ MyStyle Myanmar ကိုအားေပးၾကတဲ့ပ်ိဳေမတို႔ေရ။ မိန္းကေလးမွန္ရင္ လွခ်င္တဲ့သူေတြခ်ည္းပါပဲ။ လွခ်င္လို႔ဆိုျပီး Skin Care ေတြလုပ္ရ မိတ္ကပ္ေတြဝယ္ရနဲ႔ ေငြကုန္ေၾကးက်ေတြမ်ားေနၾကျပီလား။

ဒီတစ္ေခါက္မွာေတာ့ သံုးည လိမ္းရံုနဲ႔ မင္းသမီးေလးတစ္ပါးလို ေတာက္ပတဲ့ အသားအေရကို ပိုင္ဆိုင္ေစမယ့္ နည္းလမ္းေလးကို ေျပာျပခ်င္ပါတယ္။ ဒါကေတာ့ Vitamin E ကို အဓိကသံုးျပီး အသားအေရထိန္းသိမ္းတာပါ။

မိတ္ကပ္လိမ္းစရာမလိုဘဲ သဘာဝအလွကို အားလံုးလိုခ်င္ၾကမွာပါ။ မင္းသမီးေလးရဲ႕ အသားအေရမ်ိဳး လိုခ်င္ေနသူ ေကာင္မေလးေတြအတြက္ နည္းလမ္းေလးကေတာ့ ဒီလိုပါ။

လိုအပ္တဲ့ပစၥည္းေတြကေတာ့

    ရွားေစာင္းလတ္ပတ္ဂ်ယ္

ႏွင္းဆီေရဗာဒီေစ့အဆီ သို႔ သံလြင္ဆီဗီတာမင္ အီး

သန္႔ရွင္းတဲ့ခြက္တစ္ခြက္ထဲမွာ ရွားေစာင္းလက္ပတ္ဂ်ယ္ လဘရည္ဇြန္း ၂ ဇြန္းထည့္ပါ။ ဒီထဲကို ႏွင္းဆီေရ လဘရည္ဇြန္း ၂ ဇြန္း ထပ္ထည့္ပါ။ အရည္ၾကည္ပံုစံရတဲ့အထိ ေသခ်ာေမႊေပးပါ။ ဒီအေရာထဲကို ဗီတာမင္အီး ေဆးႏွစ္လံုးေဖာက္ျပီး ထည့္ေပးပါ။ ဗီတာမင္အီး 400 mg ပါဝင္တဲ့ ေဆးကို အၾကံေပးခ်င္ပါတယ္။ ဒီအေရာထဲကို သံလြင္ဆီ ဒါမွမဟုတ္ ဗာဒံေစ့အဆီ လဘရည္ဇြန္းအနည္းငယ္ကို ထည့္ပါ။

ပါဝင္ပစၥည္းအားလံုးကို ေသခ်ာေရာျပီး သန္႔ရွင္းတဲ့ပုလင္းတစ္လံုးထဲမွာထည့္ပါ။

ဒီအရည္ကို ညဘက္မ်က္ႏွာသစ္ျပီးေနာက္ လိမ္းေပးပါ။ မိနစ္အနည္းငယ္ မ်က္ႏွာကို ျငင္သာစြာ ႏွိပ္နယ္ေပးပါ။

ႏွင္းဆီေရျပဳလုပ္ပံု

ႏွင္းဆီေရကို ေစ်းကြက္ထဲမွာဝယ္ယူႏုိင္သလို အိမ္မွာလည္း ျပဳလုပ္ႏုိင္ပါတယ္။ ႏွင္းဆီပန္း တစ္ပြင့္ ဒါမွမဟုတ္ ႏွစ္ပြင့္ေလာက္ကို ပြင့္ဖတ္ေျခႊပါ။ ဒီအခ်ိန္မွာ ေရသန္႔ကို အိုးတစ္လံုးထဲထည့္ျပီး က်ိဳထားပါ။ ေရေႏြးဆူတဲ့အခ်ိန္မွာ ႏွင္းဆီပြင့္ဖတ္ကိုထည့္ေပးပါ။ ႏွင္းဆီအရည္ေတြ ထြက္လာတဲ့အထိ ေမႊေပးပါ။ ေနာက္ဆံုးႏွင္းဆီပြင့္ဖတ္ေတြ အေရာင္မရွိေတာ့တဲ့အခ်ိန္မွာ ပြင့္ဖတ္ေတြကို စစ္ခ်ျပီး ႏွင္းဆီရည္ကို သံုးႏုိင္ပါျပီ။

ပ်ိဳေမတို႔အားလံုး မင္းသမီးေလးတစ္ပါးရဲ႕ အသားအေရလုိ ပို္င္ဆိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit: MM
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ပျိုမေတို့ရေ။ မိန်းကလေးမှန်ရင် လှချင်တဲ့သူတွေချည်းပါပဲ။ လှချင်လို့ဆိုပြီး Skin Care တွေလုပ်ရ မိတ်ကပ်တွေဝယ်ရနဲ့ ငွေကုန်ကြေးကျတွေများနေကြပြီလား။

ဒီတစ်ခေါက်မှာတော့ သုံးည လိမ်းရုံနဲ့ မင်းသမီးလေးတစ်ပါးလို တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်စေမယ့် နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ ဒါကတော့ Vitamin E ကို အဓိကသုံးပြီး အသားအရေထိန်းသိမ်းတာပါ။

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအလှကို အားလုံးလိုချင်ကြမှာပါ။ မင်းသမီးလေးရဲ့ အသားအရေမျိုး လိုချင်နေသူ ကောင်မလေးတွေအတွက် နည်းလမ်းလေးကတော့ ဒီလိုပါ။

လိုအပ်တဲ့ပစ္စည်းတွေကတော့

    ရှားစောင်းလတ်ပတ်ဂျယ်

နှင်းဆီရေဗာဒီစေ့အဆီ သို့ သံလွင်ဆီဗီတာမင် အီး

သန့်ရှင်းတဲ့ခွက်တစ်ခွက်ထဲမှာ ရှားစောင်းလက်ပတ်ဂျယ် လဘရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဒီထဲကို နှင်းဆီရေ လဘရည်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။ အရည်ကြည်ပုံစံရတဲ့အထိ သေချာမွှေပေးပါ။ ဒီအရောထဲကို ဗီတာမင်အီး ဆေးနှစ်လုံးဖောက်ပြီး ထည့်ပေးပါ။ ဗီတာမင်အီး 400 mg ပါဝင်တဲ့ ဆေးကို အကြံပေးချင်ပါတယ်။ ဒီအရောထဲကို သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့အဆီ လဘရည်ဇွန်းအနည်းငယ်ကို ထည့်ပါ။

ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး သန့်ရှင်းတဲ့ပုလင်းတစ်လုံးထဲမှာထည့်ပါ။

ဒီအရည်ကို ညဘက်မျက်နှာသစ်ပြီးနောက် လိမ်းပေးပါ။ မိနစ်အနည်းငယ် မျက်နှာကို ငြင်သာစွာ နှိပ်နယ်ပေးပါ။

နှင်းဆီရေပြုလုပ်ပုံ

နှင်းဆီရေကို ဈေးကွက်ထဲမှာဝယ်ယူနိုင်သလို အိမ်မှာလည်း ပြုလုပ်နိုင်ပါတယ်။ နှင်းဆီပန်း တစ်ပွင့် ဒါမှမဟုတ် နှစ်ပွင့်လောက်ကို ပွင့်ဖတ်ခြွှေပါ။ ဒီအချိန်မှာ ရေသန့်ကို အိုးတစ်လုံးထဲထည့်ပြီး ကျိုထားပါ။ ရေနွေးဆူတဲ့အချိန်မှာ နှင်းဆီပွင့်ဖတ်ကိုထည့်ပေးပါ။ နှင်းဆီအရည်တွေ ထွက်လာတဲ့အထိ မွှေပေးပါ။ နောက်ဆုံးနှင်းဆီပွင့်ဖတ်တွေ အရောင်မရှိတော့တဲ့အချိန်မှာ ပွင့်ဖတ်တွေကို စစ်ချပြီး နှင်းဆီရည်ကို သုံးနိုင်ပါပြီ။

ပျိုမေတို့အားလုံး မင်းသမီးလေးတစ်ပါးရဲ့ အသားအရေလို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit: MM
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top