iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူေတြၾကားမွာ ေျပာတတ္ၾကတဲ့ သီးသန္႔အခ်စ္ဘာသာစကားကို သိရွိေလာက္ပါၿပီ။ ခ်စ္သူေလးတို႔ၾကားထဲမွာေရာ ဘယ္လိုသီးသန္႔ဘာသာစကားေတြ ေျပာၾကလဲ Marry ကို ေျပာျပဦးေနာ္။

ခ်စ္သူေတြဆိုတာ တစ္ေယာက္စိတ္ကို တစ္ေယာက္ ဖတ္ႏိုင္စြမ္း ရွိတဲ့သူေတြပါပဲေနာ္။ တခ်ိဳ႔ဆို ကိုယ့္ခ်စ္သူေလး ဘယ္လိုစကားေျပာၿပီဆိုတာနဲ႔ ဘာျဖစ္ေနလဲဆိုတာေတာင္ သိတဲ့သူေတြ ရွိေသး….။

ဒီေတာ့ ခ်စ္သူေတြအခ်င္းခ်င္းၾကားမွာ   တစ္ေယာက္နဲ႔ တစ္ေယာက္ ခံစားခ်က္ေတြ နားလည္ဖို႔၊ လိုခ်င္တာ လိုအပ္တာေတြကို သိဖုိ႔ ဘယ္လိုသီးျခား ဘာသာစကားေလးေတြ ေျပာသလဲဆိုတာ ေလ့လာၾကည့္ရေအာင္။
တူတူရွိေနရတဲ့အခ်ိန္ဆိုရင္

ခ်စ္သူက အတူတူ ရွိေနရတဲ့အခ်ိန္ဆိုရင္ ဘာမဆို ရင္ဆိုင္ႏိုင္တယ္။ ခ်စ္သူေလးသာ အနားရွိေနရင္ အရာရာကို ေက်ာ္ျဖတ္ႏိုင္တယ္ဆိုတဲ့ စကားေလးေတြဟာ တကယ့္ကို ရင္ထဲကေနလာၿပီး ႏွစ္ကိုယ္တူအခ်ိန္ကို တန္ဖိုးထားခ်င္တယ္လို႔ ဆိုလိုတာပါ။

ဒီလိုမ်ိဳး ကိုယ့္ခ်စ္သူက ေျပာလာၿပီဆိုရင္ အခ်ိန္မ်ားမ်ားေပးဖို႔ လုိတယ္ေနာ္။ ဒီလိုအခ်ိန္မွာ မအားေသးဘူး၊ မေတြ႔ေသးဘူး၊ ေနာက္မွေနာ္ ဆိုၿပီး ႏွစ္သိမ့္တာေတြက စိတ္ဆိုးစရာ စိတ္ပ်က္စရာေတြ ဆိုတာ သိဖုိ႔ လိုပါတယ္။ “အတူတူအနားရွိေနရတဲ့အခ်ိန္ဆိုတဲ့”စကားေျပာတာ အခ်ိန္မ်ားမ်ားေပးပါလို႔ ေတာင္းဆိုတာပဲေနာ္။

ခ်စ္လား

ရည္းစားတိုင္း၊ စံုတြဲတိုင္း ‘ခ်စ္လား’ လို႔ အျမဲတမ္း ေမးၾကမွာပါ။ တခ်ိဳ႔ေကာင္မေလးေတြဆို ‘ခ်စ္လား’ လုိ႔ တေန႔ကို (၁၆) ေခါက္ေလာက္ ေမးၾကပါတယ္ေနာ္။ အဲဒီလို ေမးတယ္ဆိုတာ အခ်စ္ခံခ်င္တဲ့သေဘာဆိုတာ သေဘာေပါက္လုိက္ပါေတာ့။

ဒီလုိေမးတဲ့အခါမွာ ျပန္ေျဖေပးတဲ့ အေျဖနဲ႔ ေလသံအနိမ့္အျမင့္က အရမ္းက အေရးႀကီးပါတယ္။ ျပန္ေျဖတဲ့အခါမွာ စိတ္မရွည္တဲ့ေလသံနဲ႔ ေျဖလို႔ကေတာ့ စိတ္ဆိုိးခံရၿပီသာ မွတ္ေပေတာ့။ ဒီေတာ့ ကိုယ့္ခ်စ္သူေလးက ခ်စ္လားလို႔ ခဏခဏေမးေနရင္ေတာ့ ပိုသာ ခ်စ္ေပးလိုက္ပါ။

အမွတ္တရတခုခုေပးပါ

“ကိုကို ဒါေလး ဝယ္ေပးေနာ္၊ ဒါေလး လက္ေဆာင္ေပးမလား “ဒီလိုမ်ိဳး ေျပာတာမ်ိဳး ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါက လိုခ်င္လုိ႔ ေျပာတာေတြေတာ့ ဘယ္ဟုတ္မလဲ၊ ကိုယ့္ခ်စ္သူဆီကေန အမွတ္တရ အျဖစ္ တခုခု လိုခ်င္တတ္ၾကတာပါ။ အျပန္အလွန္ေလး ေပးၾကေပါ့။

ကိုယ့္ခ်စ္သူရဲ႕ကိုယ္ပြားေလး အျဖစ္ လက္ေဆာင္ေလး သိမ္းထားခ်င္ၾကတဲ့ သေဘာမို႔ “အခ်စ္အားလံုး ေပးၿပီးၿပီ လက္ေဆာင္လိုေသးလို႔လား” ဒီလိုေတြ မေျပာဘဲ လက္ေဆာင္ ေသးေသးေလး ျဖစ္ျဖစ္ ႀကီးႀကီးျဖစ္ျဖစ္ ဝယ္ေပးလိုက္ပါေနာ္။

ေႏြးေႏြးေထြးေထြးဆက္ဆံေပးပါ

“ေႏြးေႏြးေထြးေထြးေလး ဖက္ထားခ်င္တယ္ “ဆိုတာက တကယ္ေတာ့ ခ်စ္ရသူရဲ႕ ရင္ခြင္တစ္စံုကို လိုခ်င္္တာပဲေလေနာ္။ ဒါကို ေတြ႔တဲ့အခါ ဖုန္းပဲ သံုးေနတာမ်ိဳး၊ အလုုပ္ေတြပဲ လုပ္ေနတာမ်ိဳးက အခ်စ္ေရးကို အေႏွာင့္အယွက္ ျဖစ္ေစမွာပါ။

ခ်စ္သူရဲ႕ အနမ္းတပြင့္ကလည္း ခြန္အားတစ္မ်ိဳးပဲေလ။ ဒီေတာ့ ေႏြးေႏြးေထြးေထြးေလး ထိေတြ႔ေပးပါဆိုရင္ တင္းတင္းက်ပ္က်ပ္ေလးသာ ဖက္ထားေပးလိုက္ပါေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ချစ်သူတွေကြားမှာ ပြောတတ်ကြတဲ့ သီးသန့်အချစ်ဘာသာစကားကို သိရှိလောက်ပါပြီ။ ချစ်သူလေးတို့ကြားထဲမှာရော ဘယ်လိုသီးသန့်ဘာသာစကားတွေ ပြောကြလဲ Marry ကို ပြောပြဦးနော်။

ချစ်သူတွေဆိုတာ တစ်ယောက်စိတ်ကို တစ်ယောက် ဖတ်နိုင်စွမ်း ရှိတဲ့သူတွေပါပဲနော်။ တချို့ဆို ကိုယ့်ချစ်သူလေး ဘယ်လိုစကားပြောပြီဆိုတာနဲ့ ဘာဖြစ်နေလဲဆိုတာတောင် သိတဲ့သူတွေ ရှိသေး….။

ဒီတော့ ချစ်သူတွေအချင်းချင်းကြားမှာ   တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ နားလည်ဖို့၊ လိုချင်တာ လိုအပ်တာတွေကို သိဖို့ ဘယ်လိုသီးခြား ဘာသာစကားလေးတွေ ပြောသလဲဆိုတာ လေ့လာကြည့်ရအောင်။
တူတူရှိနေရတဲ့အချိန်ဆိုရင်

ချစ်သူက အတူတူ ရှိနေရတဲ့အချိန်ဆိုရင် ဘာမဆို ရင်ဆိုင်နိုင်တယ်။ ချစ်သူလေးသာ အနားရှိနေရင် အရာရာကို ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စကားလေးတွေဟာ တကယ့်ကို ရင်ထဲကနေလာပြီး နှစ်ကိုယ်တူအချိန်ကို တန်ဖိုးထားချင်တယ်လို့ ဆိုလိုတာပါ။

ဒီလိုမျိုး ကိုယ့်ချစ်သူက ပြောလာပြီဆိုရင် အချိန်များများပေးဖို့ လိုတယ်နော်။ ဒီလိုအချိန်မှာ မအားသေးဘူး၊ မတွေ့သေးဘူး၊ နောက်မှနော် ဆိုပြီး နှစ်သိမ့်တာတွေက စိတ်ဆိုးစရာ စိတ်ပျက်စရာတွေ ဆိုတာ သိဖို့ လိုပါတယ်။ “အတူတူအနားရှိနေရတဲ့အချိန်ဆိုတဲ့”စကားပြောတာ အချိန်များများပေးပါလို့ တောင်းဆိုတာပဲနော်။

ချစ်လား

ရည်းစားတိုင်း၊ စုံတွဲတိုင်း ‘ချစ်လား’ လို့ အမြဲတမ်း မေးကြမှာပါ။ တချို့ကောင်မလေးတွေဆို ‘ချစ်လား’ လို့ တနေ့ကို (၁၆) ခေါက်လောက် မေးကြပါတယ်နော်။ အဲဒီလို မေးတယ်ဆိုတာ အချစ်ခံချင်တဲ့သဘောဆိုတာ သဘောပေါက်လိုက်ပါတော့။

ဒီလိုမေးတဲ့အခါမှာ ပြန်ဖြေပေးတဲ့ အဖြေနဲ့ လေသံအနိမ့်အမြင့်က အရမ်းက အရေးကြီးပါတယ်။ ပြန်ဖြေတဲ့အခါမှာ စိတ်မရှည်တဲ့လေသံနဲ့ ဖြေလို့ကတော့ စိတ်ဆိုးခံရပြီသာ မှတ်ပေတော့။ ဒီတော့ ကိုယ့်ချစ်သူလေးက ချစ်လားလို့ ခဏခဏမေးနေရင်တော့ ပိုသာ ချစ်ပေးလိုက်ပါ။

အမှတ်တရတခုခုပေးပါ

“ကိုကို ဒါလေး ဝယ်ပေးနော်၊ ဒါလေး လက်ဆောင်ပေးမလား “ဒီလိုမျိုး ပြောတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါက လိုချင်လို့ ပြောတာတွေတော့ ဘယ်ဟုတ်မလဲ၊ ကိုယ့်ချစ်သူဆီကနေ အမှတ်တရ အဖြစ် တခုခု လိုချင်တတ်ကြတာပါ။ အပြန်အလှန်လေး ပေးကြပေါ့။

ကိုယ့်ချစ်သူရဲ့ကိုယ်ပွားလေး အဖြစ် လက်ဆောင်လေး သိမ်းထားချင်ကြတဲ့ သဘောမို့ “အချစ်အားလုံး ပေးပြီးပြီ လက်ဆောင်လိုသေးလို့လား” ဒီလိုတွေ မပြောဘဲ လက်ဆောင် သေးသေးလေး ဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ် ဝယ်ပေးလိုက်ပါနော်။

နွေးနွေးထွေးထွေးဆက်ဆံပေးပါ

“နွေးနွေးထွေးထွေးလေး ဖက်ထားချင်တယ် “ဆိုတာက တကယ်တော့ ချစ်ရသူရဲ့ ရင်ခွင်တစ်စုံကို လိုချင်တာပဲလေနော်။ ဒါကို တွေ့တဲ့အခါ ဖုန်းပဲ သုံးနေတာမျိုး၊ အလုပ်တွေပဲ လုပ်နေတာမျိုးက အချစ်ရေးကို အနှောင့်အယှက် ဖြစ်စေမှာပါ။

ချစ်သူရဲ့ အနမ်းတပွင့်ကလည်း ခွန်အားတစ်မျိုးပဲလေ။ ဒီတော့ နွေးနွေးထွေးထွေးလေး ထိတွေ့ပေးပါဆိုရင် တင်းတင်းကျပ်ကျပ်လေးသာ ဖက်ထားပေးလိုက်ပါနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top