iMyanmarHouse.com - Best Property Website for Myanmar
×


အလုပ္​လုပ္​လြန္​းတဲ့သူ​ေတြက အလုပ္​ဆိုတာနဲ႔ကို ​အျပင္​းအထန္​ အသည္​းအသန္​ ႀကိဳးစားလုပ္​ကိုင္​ျခင္​းက သူတို႔အတြက္​ ​ေနသာထိုင္​သာ႐ွိ​ေစတဲ့ ​ေနသားတက် ဘဝမ်ိဳးလို႔ခံယူထားၾကပါတယ္​။ ဝင္​​ေငြသိပ္​​ေကာင္​းလာၿပီး ​ေက်နပ္​မႈကုိ႐ွာတဲ့အခါ တစ္​ဖက္​မွာလည္​းကိုယ္​မလိုခ်င္​တဲ့ဆိုးက်ိဳး​ေတြကို ျငင္​းပယ္​ဖို႔​ေမ့ခဲ့ၾကပါတယ္​။

အလုပ္​လုပ္​လြန္​းတဲ့သူ​ေတြမွာ အဓိကခံစားရတဲ့ျပသနာက​ေတာ့ ကိုယ္​ခႏၶာ လႈပ္​႐ွားမႈ နည္​းပါးသြားျခင္​းပါပဲ။ အထူးသျဖင္​့ မနက္​ ၉ ည​ေန ၅ အလုပ္​ပံုမွန္​ဆင္​းရတဲ့ ရံုးထိုင္သမား ​ဝန္​ထမ္းအ​ေနနဲ႔က ပိုထိခိုက္​ခံစားရပါတယ္​။ အထိုင္​လည္​းမ်ားၿပီး အလုပ္​ရဲ႕စိတ္​ဖိစီးမႈ​ေတြပါ ​ေပါင္​းဆံု သြားတဲ့အခါ လူက ကိုယ္​အ​ေလးခ်ိန္​တက္​ၿပီး ဝလာ​ေတာ့ပါပဲ။

အလုပ္​ကုိ စိတ္​ပါလက္​ပါ အာရံုစိုက္​ၿပီး ဖိဖိစီးစီး လုပ္​တဲ့သူ​ေတြက အလုပ္​ဆင္း​တဲ့အခ်ိန္​မွာ ဂ်င္​ကစားဖို႔မဆိုထားနဲ႔၊ တျခား ဘာမွထပ္​လုပ္​ခ်င္​စိတ္​မ႐ွိ​ေအာင္​ကို အင္​အားကုန္​ဆံုးသြားၾကရတယ္​။ အလုပ္​မွာ ကိုယ္​့ကိုယ္​ကိုခိုင္​းလြန္း​လို႔ ကိုယ္​့က်န္​းမ​ာ​ေရး ကိ္​ုယ္​ဂ႐ုစိုက္​ခ်ိန္​မ႐ွိ၊ ဂ႐ုစိုက္​ရ​ေကာင္​းမွန္​း သတိ​ေမ့သြားရ​ေအာင္​ ျဖစ္​လာတာပါ။

ဒါလည္​း ​ေန႔စဥ္​ရက္​ဆက္​လိုျဖစ္​လာတဲ့အခါ ​ေတာ္​​ေတာ္​ဆိုး​ေစတဲ့အခ်က္​ျဖစ္​တယ္​။ ​ေ႐႐ွည္​စိတ္​ဖိစီးမႈပိက်လာတဲ့အခါ အိပ္​​ေရးပ်က္​တယ္​။ ​ေသြးတြင္​းသၾကားဓာတ္​ပမာဏ ျမင့္တက္​​လာတယ္​။ ဗိုက္​ပိုဆာတတ္​လာတယ္​။ လြယ္​လြယ္​ရတာ​ေလး မ်ားမ်ားစားပစ္​လုိက္​တတ္​ၾကတယ္​။ အအိပ္​၊အစား၊ အ​ေနအထိုင္​ ပံုမွန္​မ႐ွိ​ေတာ့ဘူး။

ဒီက​ေနတစ္​ဆင္​့ ပိုၿပီးအိပ္​​ေရးပ်က္​လာ​ေစတယ္​။ စိတ္​ဒုကၡပိုဖိစီးလာတယ္​။ စိတ္​ဖိစီးတဲ့လူဟာ အခ်ိဳဓာတ္​စာ​ေတြကို ပို​ေတာင္​့​ေတာင္​့တတ စားျဖစ္​လာရင္​း အဆိုး​ေက်ာ့သံသရာလည္​း​ေတာ့တာပါပဲ။ ဒါဟာ လူကို အဆီ​ေတြတက္​​လာ​ေစၿပီး အခန္​႔မသင္​့တဲ့အခါ ဆီးခ်ိဳ​ေရာဂါ Type-2 အထိ ျဖစ္​လာ​ေစပါတယ္​။

ဒါ​ေၾကာင္​့မို႔ အလုပ္​ႀကိဳးစားတဲ့အက်င္​့ ဟာ သိပ္​​ေကာင္​းတဲ့အ​ေလ့အက်င္​့ျဖစ္​​ေပမယ္​့ တစ္​ဖက္​မွာ ကိုယ္​့က်န္​းမာ​ေရး နဲ႔ စ​ေတးၿပီးအလဲအလွယ္​လုပ္​ပစ္​ရတဲ့အထိ မမိုက္​မဲၾကဖို႔ဆိုတာလည္​း သတိထားစရာျဖစ္​လာပါတယ္​။ စိတ္​ပင္​ပန္​း ဖိစီးလာရင္​ အနားယူလိုက္​ပါ။ ​ေျဖ​ေလ်ွာ့မႈ​ေလးလုပ္​​ေပးပါ။ အသက္​ကိုဝ​ေအာင္​အထိ႐ႈလိုက္​ပါ။ တကယ္​​ေတာ့ အိပ္​​ေရးဝဝ အိပ္​နိင္​ၿပီး စိတ္​ဖိစီးမႈကင္​း​ေဝး​ေနသူမွသာ အလုပ္​မွာပိုၿပီးမိမိရရစြမ္​း​ေဆာင္​ျပႏိုင္​တာမို႔ အလုပ္​လည္​း​ေအာင္​ျမင္​၊ က်န္​းမာ​ေရး လည္​းမထိခိုက္ဆိုတဲ့ ႐ွဥ္​့လည္​း​ေလ်ွာက္​သာ ပ်ားလည္​းစြဲသာ အ​ေနအထား နဲ႔ အ​​ေနအထိုင္​မ်ိဳးက ​ေမြးျမဴ​ထား​ေပးသင္​့ပါတယ္​။

Credit:ZAW
 က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အလုပ်လုပ်လွန်းတဲ့သူတွေက အလုပ်ဆိုတာနဲ့ကို အပြင်းအထန် အသည်းအသန် ကြိုးစားလုပ်ကိုင်ခြင်းက သူတို့အတွက် နေသာထိုင်သာရှိစေတဲ့ နေသားတကျ ဘဝမျိုးလို့ခံယူထားကြပါတယ်။ ဝင်ငွေသိပ်ကောင်းလာပြီး ကျေနပ်မှုကိုရှာတဲ့အခါ တစ်ဖက်မှာလည်းကိုယ်မလိုချင်တဲ့ဆိုးကျိုးတွေကို ငြင်းပယ်ဖို့မေ့ခဲ့ကြပါတယ်။

အလုပ်လုပ်လွန်းတဲ့သူတွေမှာ အဓိကခံစားရတဲ့ပြသနာကတော့ ကိုယ်ခန္ဓာ လှုပ်ရှားမှု နည်းပါးသွားခြင်းပါပဲ။ အထူးသဖြင့် မနက် ၉ ညနေ ၅ အလုပ်ပုံမှန်ဆင်းရတဲ့ ရုံးထိုင်သမား ဝန်ထမ်းအနေနဲ့က ပိုထိခိုက်ခံစားရပါတယ်။ အထိုင်လည်းများပြီး အလုပ်ရဲ့စိတ်ဖိစီးမှုတွေပါ ပေါင်းဆုံ သွားတဲ့အခါ လူက ကိုယ်အလေးချိန်တက်ပြီး ဝလာတော့ပါပဲ။

အလုပ်ကို စိတ်ပါလက်ပါ အာရုံစိုက်ပြီး ဖိဖိစီးစီး လုပ်တဲ့သူတွေက အလုပ်ဆင်းတဲ့အချိန်မှာ ဂျင်ကစားဖို့မဆိုထားနဲ့၊ တခြား ဘာမှထပ်လုပ်ချင်စိတ်မရှိအောင်ကို အင်အားကုန်ဆုံးသွားကြရတယ်။ အလုပ်မှာ ကိုယ့်ကိုယ်ကိုခိုင်းလွန်းလို့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ချိန်မရှိ၊ ဂရုစိုက်ရကောင်းမှန်း သတိမေ့သွားရအောင် ဖြစ်လာတာပါ။

ဒါလည်း နေ့စဉ်ရက်ဆက်လိုဖြစ်လာတဲ့အခါ တော်တော်ဆိုးစေတဲ့အချက်ဖြစ်တယ်။ ရေရှည်စိတ်ဖိစီးမှုပိကျလာတဲ့အခါ အိပ်ရေးပျက်တယ်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်လာတယ်။ ဗိုက်ပိုဆာတတ်လာတယ်။ လွယ်လွယ်ရတာလေး များများစားပစ်လိုက်တတ်ကြတယ်။ အအိပ်၊အစား၊ အနေအထိုင် ပုံမှန်မရှိတော့ဘူး။

ဒီကနေတစ်ဆင့် ပိုပြီးအိပ်ရေးပျက်လာစေတယ်။ စိတ်ဒုက္ခပိုဖိစီးလာတယ်။ စိတ်ဖိစီးတဲ့လူဟာ အချိုဓာတ်စာတွေကို ပိုတောင့်တောင့်တတ စားဖြစ်လာရင်း အဆိုးကျော့သံသရာလည်းတော့တာပါပဲ။ ဒါဟာ လူကို အဆီတွေတက်လာစေပြီး အခန့်မသင့်တဲ့အခါ ဆီးချိုရောဂါ Type-2 အထိ ဖြစ်လာစေပါတယ်။

ဒါကြောင့်မို့ အလုပ်ကြိုးစားတဲ့အကျင့် ဟာ သိပ်ကောင်းတဲ့အလေ့အကျင့်ဖြစ်ပေမယ့် တစ်ဖက်မှာ ကိုယ့်ကျန်းမာရေး နဲ့ စတေးပြီးအလဲအလှယ်လုပ်ပစ်ရတဲ့အထိ မမိုက်မဲကြဖို့ဆိုတာလည်း သတိထားစရာဖြစ်လာပါတယ်။ စိတ်ပင်ပန်း ဖိစီးလာရင် အနားယူလိုက်ပါ။ ဖြေလျှော့မှုလေးလုပ်ပေးပါ။ အသက်ကိုဝအောင်အထိရှုလိုက်ပါ။ တကယ်တော့ အိပ်ရေးဝဝ အိပ်နိင်ပြီး စိတ်ဖိစီးမှုကင်းဝေးနေသူမှသာ အလုပ်မှာပိုပြီးမိမိရရစွမ်းဆောင်ပြနိုင်တာမို့ အလုပ်လည်းအောင်မြင်၊ ကျန်းမာရေး လည်းမထိခိုက်ဆိုတဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထား နဲ့ အနေအထိုင်မျိုးက မွေးမြူထားပေးသင့်ပါတယ်။

Credit:ZAW
 ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top