iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္တစ္ခုတည္ေဆာက္တဲ့အခါ၊ အိမ္ေထာင္တစ္ခုဖန္တီးတည္ေဆာက္တဲ့အခါ လူတိုင္းကေတာ့ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့အခ်စ္ေရး၊ အိမ္ေထာင္ေရးကိုသာ ပိုင္ဆိုင္ခ်င္ၾကတာပါ။ ေပ်ာ္ရႊင္ဖို႔အတြက္ လိုအပ္တဲ့အဓိကစံႏႈန္းကေတာ့ သစၥာေစာင့္သိျခင္းပဲျဖစ္ပါတယ္။

ယေန႔ေခတ္လို စႏိုက္ေၾကာ္ေတြ၊ ၾကာကူလီေတြ၊ ၿခံခုန္တဲ့သူေတြ ေပါမ်ားေနတဲ့ေခတ္ထဲမွာ မိမိခ်စ္သူ မိမိအေပၚသစၥာေစာင့္သိဖို႔အတြက္ ျပဳလုပ္ေပးရမယ့္ အေျခခံအခ်က္ေလးေတြ႐ွိတယ္လို႔ သိပၸံပညာ႐ွင္မ်ားက ေျပာၾကားထားပါတယ္။

၁။ သူမအတြက္ကေတာ့ ေျပာသမွ်ကို စိတ္႐ွည္သည္းခံနားေထာင္ေပးတဲ့ ခ်စ္သူကိုလိုလားၿပီး သူတို႔အတြက္ကေတာ့ ဝါသနာတူတဲ့ ခ်စ္သူမ်ိဳးကို လိုလားၾကပါတယ္။

မိန္းကေလးေတြက သူတို႔ရဲ႕ခ်စ္သူ သူတို႔ကို ဂ႐ုတစိုက္နားေထာင္ေစခ်င္ၾကၿပီး အႀကံဥာဏ္ေပးတာကို လိုခ်င္ၾကပါတယ္။ အိမ္ေထာင္ေရးမွာဆိုလည္း ထိုနည္းအတိုင္းပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္ေပးၿပီး စကားေျပာျခင္းအားျဖင့္ ေပ်ာ္ရႊင္တဲ့ဆက္ဆံေရးကိုတည္ေဆာက္ႏိုင္ပါတယ္။ အိမ္ေထာင္ေရးအႀကံေပးသူ စိတ္ေရာဂါပညာ႐ွင္ ပါရဂူဘြဲ႕ရ Willard F. Herley, Jr ရဲ႕ေျပာၾကားခ်က္အရ အမ်ိဳးသမီးမ်ားက သူတို႔လက္တြဲေဖာ္ရဲ႕ အာ႐ံုစိုက္ခံရျခင္းကို တစ္ပတ္မွာ ၁၅ နာရီခန္႔လိုအပ္ပါတယ္။ တစ္ရက္ဆို ၂ နာရီေက်ာ္ေက်ာ္ခန္႔ လိုအပ္တာေပါ့။

ေယာက်ာ္းေလးမ်ားအေနနဲ႔ကေတာ့ သူတို႔ဝါသနာပါတဲ့ ငါးမွ်ားျခင္း၊ အားကစားျပဳလုပ္ျခင္း၊ ဂိမ္းေဆာ့ျခင္းေတြကို သူတို႔ရဲ႕ေကာင္မေလးက အတူတူျပဳလုပ္ေပးေစခ်င္ၾကပါတယ္။ စိတ္ပညာရွင္မ်ားေျပာၾကားခ်က္အရ မိမိတို႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔အတူတူ စိတ္လက္အပန္းေျပေအာင္ အနားယူျခင္းက သူတို႔အတြက္ ဒုတိယအေရးအႀကီးဆံုးျဖစ္ပါတယ္။

၂။ သူမအတြက္ ႐ိုးသားျခင္းက လိုအပ္ၿပီး သူတို႔အတြက္ကေတာ့ ဆြဲေဆာင္မႈ႐ွိတဲ့ လက္တြဲေဖာ္ကို လိုခ်င္ၾကပါတယ္။

မိန္းကေလးေတြရဲ႕ယံုၾကည္မႈကို မဆံုး႐ွံဳးဖို႔အတြက္ အေသးအဖြဲကိစၥေလးေတြကအစ သူတို႔ကို ပြင့္ပြင့္လင္းလင္းေျပာျပထားသင့္ပါတယ္။

ေယာက်ာ္းေလးေတြအေနနဲ႔ကလည္း ဘယ္ေလာက္ပဲ ႐ုပ္ပိုင္းဆိုင္ရာကို ဦးစားမေပးဘူးလို႔ ေျပာေနပါေစ၊ သူတို႔ရဲ႕မိန္းကေလးက ဥာဏ္ရည္ထက္ျမက္တာတစ္ခုတည္းနဲ႔တင္ မလံုေလာက္ေသးပါဘူး။ ဆြဲေဆာင္မႈ႐ွိေနေစခ်င္ပါေသးတယ္။

၃။ သူမအတြက္ကေတာ့ သူမမိသားစုအတြက္ လံုေလာက္တဲ့ ပိုက္ဆံ႐ွိခ်င္ၿပီး သူ႔အတြက္ကေတာ့ သက္ေသာင့္သက္သာျဖစ္တဲ့ အိမ္ေလးလိုအပ္ပါတယ္။

ပိုက္ဆံလံုလံုေလာက္ေလာက္႐ွိခ်င္တယ္လို႔ ေျပာတဲ့အခါ စာဖတ္သူအေနနဲ႔ ပိုက္ဆံကဘယ္ေတာ့မွ လံုေလာက္တဲ့အမ်ိဳးမဟုတ္ဘူးလို႔ ျပန္ေျပာစရာ႐ွိပါလိမ့္မယ္။ ဒီေနရာမွာ သိပၸံပညာ႐ွင္ေတြ ဆိုလိုတဲ့ လံုေလာက္မႈဆိုတာ သူမဘဝတည္ၿငိမ္ဖို႔အတြက္ သူမဘဝလံုၿခံဳဖို႔အတြက္ကိုသာ ဆိုလိုတာပါ။ ေငြမက္ျခင္းကို ဆိုလိုတာမဟုတ္ပါဘူး။

အမ်ိဳးသားမ်ားအေနနဲ႔ကေတာ့ ျပႆနာမ်ားေျဖ႐ွင္းၿပီး အလုပ္တာဝန္မ်ားကို တစ္ေနကုန္ေဆာင္ရြက္ၿပီးတဲ့အခါမွာ ပင္ပန္းခဲ့သမွ်ကို ေျပေပ်ာက္ေပးႏိုင္မယ့္ ပတ္ဝန္းက်င္တစ္ခု၊ သက္ေသာင့္သက္သာ၊ ဇိမ္က်က်နဲ႔ အနားယူအပန္းေျဖႏိုင္မယ့္ သပ္သပ္ရပ္ရပ္႐ွိတဲ့ အိမ္ေလးတစ္လံုးကို လိုခ်င္ၾကပါတယ္။

၄။ သူမအတြက္ကေတာ့ တာဝန္ေက်ပြန္တဲ့ခင္ပြန္းေကာင္း၊ ဖခင္ေကာင္းတစ္ေယာက္လိုအပ္ၿပီး သူ႔အတြက္ကေတာ့ ေလးစားခံရျခင္းကို ေတာင့္တၾကပါတယ္။

အမ်ိဳးသမီးမ်ားအတြက္ကေတာ့ သူ႔လက္တြဲေဖာ္က သူတို႔ကေလးအတြက္ စံျပပုဂၢိဳလ္တစ္ေယာက္ျဖစ္ေစခ်င္ၾကၿပီး ကေလးေတြရဲ႕ပညာေရးနဲ႔ ကိုယ္ရည္ကိုယ္ေသြးတိုးတက္ဖို႔အတြက္ တာဝန္ယူေစခ်င္ၾကပါတယ္။

အမ်ိဳးသားမ်ားကေတာ့ သူတို႔ရဲ႕လက္တြဲေဖာ္ဆီက ေလးစားခံရမႈက သူတို႔အတြက္ အားေဆးတစ္ခြက္လိုပါပဲ။ ဒါမွလည္း သူတို႔ကိုယ္သူတို႔ဂုဏ္ယူမိတတ္ၾကၿပီး ပိုမိုေကာင္းမြန္ေအာင္ ထပ္တိုးလုပ္ေဆာင္ခ်င္စိတ္ျဖစ္လာမွာပါ။

Credit: mystylemyanmar
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အချစ်တစ်ခုတည်ဆောက်တဲ့အခါ၊ အိမ်ထောင်တစ်ခုဖန်တီးတည်ဆောက်တဲ့အခါ လူတိုင်းကတော့ အောင်မြင်ပျော်ရွှင်တဲ့အချစ်ရေး၊ အိမ်ထောင်ရေးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့အဓိကစံနှုန်းကတော့ သစ္စာစောင့်သိခြင်းပဲဖြစ်ပါတယ်။

ယနေ့ခေတ်လို စနိုက်ကြော်တွေ၊ ကြာကူလီတွေ၊ ခြံခုန်တဲ့သူတွေ ပေါများနေတဲ့ခေတ်ထဲမှာ မိမိချစ်သူ မိမိအပေါ်သစ္စာစောင့်သိဖို့အတွက် ပြုလုပ်ပေးရမယ့် အခြေခံအချက်လေးတွေရှိတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။

၁။ သူမအတွက်ကတော့ ပြောသမျှကို စိတ်ရှည်သည်းခံနားထောင်ပေးတဲ့ ချစ်သူကိုလိုလားပြီး သူတို့အတွက်ကတော့ ဝါသနာတူတဲ့ ချစ်သူမျိုးကို လိုလားကြပါတယ်။

မိန်းကလေးတွေက သူတို့ရဲ့ချစ်သူ သူတို့ကို ဂရုတစိုက်နားထောင်စေချင်ကြပြီး အကြံဉာဏ်ပေးတာကို လိုချင်ကြပါတယ်။ အိမ်ထောင်ရေးမှာဆိုလည်း ထိုနည်းအတိုင်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးပြီး စကားပြောခြင်းအားဖြင့် ပျော်ရွှင်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်။ အိမ်ထောင်ရေးအကြံပေးသူ စိတ်ရောဂါပညာရှင် ပါရဂူဘွဲ့ရ Willard F. Herley, Jr ရဲ့ပြောကြားချက်အရ အမျိုးသမီးများက သူတို့လက်တွဲဖော်ရဲ့ အာရုံစိုက်ခံရခြင်းကို တစ်ပတ်မှာ ၁၅ နာရီခန့်လိုအပ်ပါတယ်။ တစ်ရက်ဆို ၂ နာရီကျော်ကျော်ခန့် လိုအပ်တာပေါ့။

ယောကျာ်းလေးများအနေနဲ့ကတော့ သူတို့ဝါသနာပါတဲ့ ငါးမျှားခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဂိမ်းဆော့ခြင်းတွေကို သူတို့ရဲ့ကောင်မလေးက အတူတူပြုလုပ်ပေးစေချင်ကြပါတယ်။ စိတ်ပညာရှင်များပြောကြားချက်အရ မိမိတို့ရဲ့ချစ်သူကောင်မလေးနဲ့အတူတူ စိတ်လက်အပန်းပြေအောင် အနားယူခြင်းက သူတို့အတွက် ဒုတိယအရေးအကြီးဆုံးဖြစ်ပါတယ်။

၂။ သူမအတွက် ရိုးသားခြင်းက လိုအပ်ပြီး သူတို့အတွက်ကတော့ ဆွဲဆောင်မှုရှိတဲ့ လက်တွဲဖော်ကို လိုချင်ကြပါတယ်။

မိန်းကလေးတွေရဲ့ယုံကြည်မှုကို မဆုံးရှုံးဖို့အတွက် အသေးအဖွဲကိစ္စလေးတွေကအစ သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပြထားသင့်ပါတယ်။

ယောကျာ်းလေးတွေအနေနဲ့ကလည်း ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာကို ဦးစားမပေးဘူးလို့ ပြောနေပါစေ၊ သူတို့ရဲ့မိန်းကလေးက ဉာဏ်ရည်ထက်မြက်တာတစ်ခုတည်းနဲ့တင် မလုံလောက်သေးပါဘူး။ ဆွဲဆောင်မှုရှိနေစေချင်ပါသေးတယ်။

၃။ သူမအတွက်ကတော့ သူမမိသားစုအတွက် လုံလောက်တဲ့ ပိုက်ဆံရှိချင်ပြီး သူ့အတွက်ကတော့ သက်သောင့်သက်သာဖြစ်တဲ့ အိမ်လေးလိုအပ်ပါတယ်။

ပိုက်ဆံလုံလုံလောက်လောက်ရှိချင်တယ်လို့ ပြောတဲ့အခါ စာဖတ်သူအနေနဲ့ ပိုက်ဆံကဘယ်တော့မှ လုံလောက်တဲ့အမျိုးမဟုတ်ဘူးလို့ ပြန်ပြောစရာရှိပါလိမ့်မယ်။ ဒီနေရာမှာ သိပ္ပံပညာရှင်တွေ ဆိုလိုတဲ့ လုံလောက်မှုဆိုတာ သူမဘဝတည်ငြိမ်ဖို့အတွက် သူမဘဝလုံခြုံဖို့အတွက်ကိုသာ ဆိုလိုတာပါ။ ငွေမက်ခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။

အမျိုးသားများအနေနဲ့ကတော့ ပြဿနာများဖြေရှင်းပြီး အလုပ်တာဝန်များကို တစ်နေကုန်ဆောင်ရွက်ပြီးတဲ့အခါမှာ ပင်ပန်းခဲ့သမျှကို ပြေပျောက်ပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု၊ သက်သောင့်သက်သာ၊ ဇိမ်ကျကျနဲ့ အနားယူအပန်းဖြေနိုင်မယ့် သပ်သပ်ရပ်ရပ်ရှိတဲ့ အိမ်လေးတစ်လုံးကို လိုချင်ကြပါတယ်။

၄။ သူမအတွက်ကတော့ တာဝန်ကျေပွန်တဲ့ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်လိုအပ်ပြီး သူ့အတွက်ကတော့ လေးစားခံရခြင်းကို တောင့်တကြပါတယ်။

အမျိုးသမီးများအတွက်ကတော့ သူ့လက်တွဲဖော်က သူတို့ကလေးအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်စေချင်ကြပြီး ကလေးတွေရဲ့ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့အတွက် တာဝန်ယူစေချင်ကြပါတယ်။

အမျိုးသားများကတော့ သူတို့ရဲ့လက်တွဲဖော်ဆီက လေးစားခံရမှုက သူတို့အတွက် အားဆေးတစ်ခွက်လိုပါပဲ။ ဒါမှလည်း သူတို့ကိုယ်သူတို့ဂုဏ်ယူမိတတ်ကြပြီး ပိုမိုကောင်းမွန်အောင် ထပ်တိုးလုပ်ဆောင်ချင်စိတ်ဖြစ်လာမှာပါ။

Credit: mystylemyanmar
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top