iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးဆိုတဲ့အတိုင္းပဲ မိန္းကေလးမ်ား ေဒါက္ျမင့္စီးရျခင္းကို ႀကိဳက္ႏွစ္သက္ရျခင္း အေၾကာင္းအရင္းအေျမာက္အျမားရွိပါတယ္။ အေၾကာင္းအရင္းမ်ားထဲမွာမွ အမ်ားစုေျဖေလ့ရွိတဲ့ အခ်က္ ၉ ခ်က္ကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ေျခတံေလးေတြကို ရွည္တဲ့ပံုေပၚေအာင္လို႔

ဂါဝန္အတို၊ စကပ္အတိုေလးေတြဝတ္ၿပီး ေဒါက္ဖိနပ္စီးလိုက္မယ္ဆိုရင္ ေျခတံရွည္ေစတဲ့အသြင္ေဆာင္ၿပီး ဆြဲေဆာင္မႈရွိေစလို႔ပါ။

၂။ ယံုၾကည္မႈရွိေစလို႔

မိန္းကေလးအမ်ားစုက ေဒါက္စီးလိုက္တဲ့အခါ မိမိကိုယ္ကို ယံုၾကည္မႈတိုးေစတယ္လို႔ ယံုၾကည္ၾကပါတယ္။

၃။ ကြဲျပားတဲ့ ဖက္ရွင္စတိုင္ေလးရရွိခ်င္လို႔

ပြဲတက္အခမ္းအနားေတြမွာ ေဒါက္ဝတ္လို႔လည္းရသလို ဂ်င္းေဘာင္းဘီကို တီရွပ္အက်ႌနဲ႔ ေဒါက္ျမင့္တြဲဖက္ဝတ္ဆင္လိုက္မယ္ဆိုရင္လည္း မတူညီတဲ့ ဖက္ရွင္စတိုင္ရရွိေစပါတယ္။

၄။ စတိုင္က်ခ်င္လို႔

မိန္းကေလးအမ်ားစု ေဒါက္ျမင့္စီးရျခင္း အဓိကရည္ရြယ္ခ်က္ကေတာ့ စတိုင္က်လွပခ်င္လို႔ပါ။

၅။ လုပ္ငန္းလိုအပ္ခ်က္အရ ဝတ္ဆင္ရျခင္း

ကုမၸဏီရဲ႕ ကုန္ပစၥည္းမိတ္ဆက္ပြဲ အခမ္းအနားေတြ တက္ရတဲ့အခါ၊ အလုပ္အတြက္ အေရးႀကီးတဲ့ တင္ဆက္မႈေတြ ျပဳလုပ္ရတဲ့အခါ ေဒါက္ျမင့္စီးျခင္းက ယံုၾကည္ခ်က္ရွိေစတဲ့အျပင္ ဖက္ရွင္လည္း က်ေစပါတယ္။

၆။ မွန္ကန္တဲ့ ကိုယ္ေနဟန္ထားရရွိဖို႔

ေဒါက္ျမင့္စီးေပးျခင္းက ခါးမတ္ေစၿပီး တင္နဲ႔ ရင္အေနအထားကိုလည္း မွန္ကန္ေအာင္ ျပဳလုပ္ေပးပါတယ္။

၇။ ေပါင္တံေလးေတြ သြယ္သြားေစလို႔

ေဒါက္ျမင့္စီးျခင္းက ေပါင္တံေတြကို သြယ္လ်သြားတဲ့ ပံုေပၚေအာင္ ပိုၿပီးပိန္တဲ့ပံုေပၚေအာင္ ျပဳလုပ္ေပးပါတယ္။

၈။ ဆြဲေဆာင္မႈရွိခ်င္လို႔

ေဒါက္ျမင့္စီးျခင္းက ဆြဲေဆာင္မႈရွိေအာင္ ကူညီေပးတယ္လို႔ မိန္းကေလးအမ်ားစုက ယံုၾကည္ၾကပါတယ္။ ပ်ိဳေမေလးတို႔ေရ အခုဆိုရင္ ေဒါက္ဖိနပ္စီးရင္ ခႏၶာကိုယ္ကို ဘယ္လိုမ်ိဳး လွပေစလဲဆိုတာ သိၿပီဆိုေတာ့ ေဒါက္ျမင့္အမ်ိဳးအစားေတြ အမ်ားႀကီးရွိတဲ့အနက္ မိမိႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္ဝယ္ယူၿပီး  စီးလိုက္ၾကပါေနာ္။

Credit: myfoodmyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်းပဲ မိန်းကလေးများ ဒေါက်မြင့်စီးရခြင်းကို ကြိုက်နှစ်သက်ရခြင်း အကြောင်းအရင်းအမြောက်အမြားရှိပါတယ်။ အကြောင်းအရင်းများထဲမှာမှ အများစုဖြေလေ့ရှိတဲ့ အချက် ၉ ချက်ကို ဖော်ပြပေးချင်ပါတယ်။

၁။ ခြေတံလေးတွေကို ရှည်တဲ့ပုံပေါ်အောင်လို့

ဂါဝန်အတို၊ စကပ်အတိုလေးတွေဝတ်ပြီး ဒေါက်ဖိနပ်စီးလိုက်မယ်ဆိုရင် ခြေတံရှည်စေတဲ့အသွင်ဆောင်ပြီး ဆွဲဆောင်မှုရှိစေလို့ပါ။

၂။ ယုံကြည်မှုရှိစေလို့

မိန်းကလေးအများစုက ဒေါက်စီးလိုက်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်လို့ ယုံကြည်ကြပါတယ်။

၃။ ကွဲပြားတဲ့ ဖက်ရှင်စတိုင်လေးရရှိချင်လို့

ပွဲတက်အခမ်းအနားတွေမှာ ဒေါက်ဝတ်လို့လည်းရသလို ဂျင်းဘောင်းဘီကို တီရှပ်အင်္ကျီနဲ့ ဒေါက်မြင့်တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်လည်း မတူညီတဲ့ ဖက်ရှင်စတိုင်ရရှိစေပါတယ်။

၄။ စတိုင်ကျချင်လို့

မိန်းကလေးအများစု ဒေါက်မြင့်စီးရခြင်း အဓိကရည်ရွယ်ချက်ကတော့ စတိုင်ကျလှပချင်လို့ပါ။

၅။ လုပ်ငန်းလိုအပ်ချက်အရ ဝတ်ဆင်ရခြင်း

ကုမ္ပဏီရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲ အခမ်းအနားတွေ တက်ရတဲ့အခါ၊ အလုပ်အတွက် အရေးကြီးတဲ့ တင်ဆက်မှုတွေ ပြုလုပ်ရတဲ့အခါ ဒေါက်မြင့်စီးခြင်းက ယုံကြည်ချက်ရှိစေတဲ့အပြင် ဖက်ရှင်လည်း ကျစေပါတယ်။

၆။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားရရှိဖို့

ဒေါက်မြင့်စီးပေးခြင်းက ခါးမတ်စေပြီး တင်နဲ့ ရင်အနေအထားကိုလည်း မှန်ကန်အောင် ပြုလုပ်ပေးပါတယ်။

၇။ ပေါင်တံလေးတွေ သွယ်သွားစေလို့

ဒေါက်မြင့်စီးခြင်းက ပေါင်တံတွေကို သွယ်လျသွားတဲ့ ပုံပေါ်အောင် ပိုပြီးပိန်တဲ့ပုံပေါ်အောင် ပြုလုပ်ပေးပါတယ်။

၈။ ဆွဲဆောင်မှုရှိချင်လို့

ဒေါက်မြင့်စီးခြင်းက ဆွဲဆောင်မှုရှိအောင် ကူညီပေးတယ်လို့ မိန်းကလေးအများစုက ယုံကြည်ကြပါတယ်။ ပျိုမေလေးတို့ရေ အခုဆိုရင် ဒေါက်ဖိနပ်စီးရင် ခန္ဓာကိုယ်ကို ဘယ်လိုမျိုး လှပစေလဲဆိုတာ သိပြီဆိုတော့ ဒေါက်မြင့်အမျိုးအစားတွေ အများကြီးရှိတဲ့အနက် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူပြီး  စီးလိုက်ကြပါနော်။

Credit: myfoodmyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top