iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတစ္ေယာက္အတြက္ ျပီးျပည့္စံုတဲ့အလွတရားဆိုတာ အေပၚယံအေရျပားအလွနဲ႔တင္ မျပီးပါဘူး။ အေရးၾကီးတဲ့ မိန္းမကိုယ္တစ္ကိုယ္ရည္သန္႔ရွင္းမႈ  ရွိဖို႕လည္းလိုပါတယ္။ အေပၚပိုင္းကေတာ့ မိတ္ကပ္ ေတြနဲ႔ မႈန္ေနေအာင္ ျခယ္သထားေပမယ့္ အတြင္းပိုင္းမိန္းမကိုယ္က အနံ႕ဆိုး ေတြထြက္ေနမယ္၊ ယားယံေနမယ္ဆိုရင္ စိတ္ထဲ ကသိကေအာက္နဲ႔ ကိုယ့္ကိုကုိယ္ယံုၾကည္မႈမရွိ ျဖစ္တတ္တာေၾကာင့္ မိန္းမကိုယ္သန္႔ရွင္းေရးအတြက္ အခ်ိန္ေပးဖုိ႕လည္းလိုပါတယ္။  ။

မိန္းမကိုယ္သန္႔ရွင္းေရးကို ဂရုမစိုက္ဘဲ ေပါ့ဆမိလုိက္တဲ့အခါ

မိန္းမကိုယ္ယားယံျပီး လူၾကားထဲ ကုတ္ရဖဲ႔ရခက္တဲ့အျပင္ ညညဆိုလည္း အိပ္ေပ်ာ္ေနရင္း မသိစိတ္က ကုတ္မိေတာ့ မနက္က် စပ္ေနတာအျဖဴဆင္းလြန္းျပီး စိုစိစိုစိနဲ႔ သက္ေတာင့္သက္သာ မရွိတာ အနံ႕ဆိုးေတြထြက္ေနတာ နဲ႔ပိုးဝင္ျပီး ေရာင္ေနလို႕ အမ်ိဳးသားနဲ႔အတူေနတဲ့အခါ နာက်င္ျပီး အိမ္ေထာင္ေရးသုခ မျပည့္ဝတာေတြ ျဖစ္တတ္ပါတယ္။

ဒီေတာ့ အမ်ိဳးသမီးတို႔အတြက္ အေရးၾကီးဆံုးျဖစ္တဲ့ မိန္းမကိုယ္သန္႔ရွင္းေရးက အေရးၾကီးလာတာေပါ့။ ။

မိန္းမကိုယ္သန္႔ရွင္းေရးကို ဘယ္လိုဂရုစိုက္မလဲ

ဒီလို မိန္းမကိုယ္သန္႔ရွင္းေရးလုပ္တဲ့ေနရာမွာ ေရြးခ်ယ္စရာ ႏွစ္ခုရွိပါတယ္။

ပထမတစ္ခုက မိန္းမကိုယ္လည္း အေရျပားပဲ။ ေရခ်ိဳးတုိင္း တုိက္ေနက် ကိုယ္တုိက္ဆပ္ျပာ နဲ႔တုိက္လုိက္ရင္ သန္႔ရွင္းျပီးသားျဖစ္မွာပဲဆိုတဲ့ ကိုယ္တုိက္ဆပ္ျပာနဲ႕ သန္႔စင္တာနဲ႕ ႏူးညံ့တဲ့မိန္းမကိုယ္အတြက္ ထိခိုက္မႈ သီးသန္႔ထုတ္ထားတဲ့ အမ်ိဳးသမီး သန္႔စင္ေဆးရည္ Feminine Wash နဲ႕ သန္႔စင္တာပဲ ျဖစ္ပါတယ္။

ေရြးခ်ယ္စရာ ႏွစ္မ်ိဳးရွိတဲ့ အတြက္ ႏႈိုင္းယွဥ္စရာေလးေတြ ေပၚလာပါျပီ။ ႏွစ္ခုလံုးေတာ့ အညစ္အေၾကးေတြကို သန္႔စင္ေပးမွာ က်ိန္းေသတာေပမယ့္ မိန္းမကိုယ္ကို သန္႔စင္ေပးတဲ့ေနရာမွာ ကိုယ္တုိက္ဆပ္ျပာနဲ႔ အမ်ိဳးသမီး သန္႔စင္ေဆးရည္  Feminine Wash ဘယ္လိုကြာျခားလဲ ။ ဘယ္တစ္ခုကို ပိုသံုးသင့္လဲ။ ။

ဆပ္ျပာ ။ ။

ဆပ္ျပာဆုိတာ တစ္ေနကုန္ေမႊးပ်ံ႕လန္းဆန္းေစဖုိ႕ အေမႊးနံ႕ျပင္းျပင္းေတြနဲ႔ ဓာတုပစၥည္းေတြကို အဓိကထား ထုတ္လုပ္ထားတဲ့ အရာပါ။ဒါအျပင္ အျပင္းစား အက္ဆစ္ေတြပါဝင္တာေၾကာင့္ မိန္းမကိုယ္ pH ပမာဏကို ကေမာက္ကမျဖစ္ေစပါတယ္။ ဒီလို ရွိသင့္တဲ့ pH အဆင့္မဟုတ္ဘဲ ထိန္းညွိမႈစနစ္ ကေမာက္ကမျဖစ္ခဲ့ရင္ မိန္းမကိုယ္မိႈစြဲတာ၊ ပိုးဝင္တာလိုမ်ိဳး ျပႆနာေတြ ဆက္ျဖစ္လာတတ္ပါတယ္။
   
ဒီထက္ဆိုးတာက ပါဝင္တဲ့ ဓာတုပစၥည္းနဲ႔ pHမမွ်တတဲ့ အက္ဆစ္တုိ႕ေၾကာင့္ မိန္းမကိုယ္တြင္းက အက်ိဳးျပဳ ဘက္တီးရီးယားေလးေတြပါ ေသကုန္လို႕ မိန္းမကိုယ္ရဲ႕ သဘာဝအတိုင္း ေရာဂါပိုးမႊားေတြကို ကာကြယ္နိုင္တဲ့ စနစ္ၾကီးပ်က္စီးသြားႏုိင္ပါတယ္။ကိုယ္တုိက္ဆပ္ျပာနဲ႔ မိန္းမကိုယ္ကို သန္႔စင္ျပီးတဲ့အခါ ရွိသမွ် အဆီေတြ အကုန္ေျခာက္ခမ္းသြားတတ္လို႕ ေျခာက္ေသြ႕ယားယံတာေတြ ျဖစ္က်န္တတ္ပါတယ္။

အမ်ိဳးသမီး သန္႔စင္ေဆးရည္ Feminine Wash ။ ။

အမ်ိဳးသမီး သန္႔စင္ေဆးရည္ Feminine Wash ဆိုတာ ႏူးညံ့တဲ့ မိန္းမကိုယ္ထိခုိက္မႈမရွိေအာင္ အထူးထုတ္လုပ္ထားတဲ့ သန္႔စင္ေဆးရည္ျဖစ္ပါတယ္။မိန္းမကိုယ္ pH နဲ႕ ကိုက္ညီေအာင္ အထူးထုတ္လုပ္ထားတဲ့အတြက္ေၾကာင့္ pH ပမာဏ မမွ်တ တာမ်ိဳးေတြလည္း မျဖစ္ေတာ့တဲ့အျပင္ အက်ိဳးျပဳ ဘက္တီရီးးယားေတြလည္း ထိခိုက္မႈ မျဖစ္ေစပါဘူး။
   
ဒါ့အျပင္ မိန္းမကိုယ္ အက်ိဳးျပဳ ဘက္တီးရီးယားေတြ အတြက္ အာဟာရျဖစ္တဲ့ Prebiotic ေတြလည္း ပါဝင္တာေၾကာင့္ သဘာဝအတိုင္း ပိုးမႊားကာကြယ္တဲ့စနစ္ၾကီးကို အားေပးရာလည္းေရာက္ပါတယ္။ အမ်ိဳးသမီး သန္႔စင္ေဆးရည္ Feminine Wash ေတြမွာ ပါဝင္တဲ့ Povidone Iodine 10% က ဘက္တီးရီးယားေတြ နဲ႔ မိႈပိုးေတြကို ဖယ္ရွားရွင္းလင္းေပးႏိုင္တဲ့အတြက္ မိန္းမကိုယ္ ယားယံျခင္းနဲ႔ မႈိစြဲျခင္းေတြကို ကာကြယ္ေပးဦးမွာပါ။
   
မိန္းကေလးတုိ႕အတြက္ အေရးၾကီးဆံုးအခ်ိန္ျဖစ္တဲ့ ဓမၼတာလာခ်ိန္ မွာ Feminine Wash ကို အသံုးျပဳရင္ လစဥ္သံုးပစၥည္းေတြကေန ဝင္ႏုိင္တဲ့ ဘက္တီးရီးယားေတြကိုလည္း သူက သန္႔စင္ေပးဦးမွာပါ။

ဒီေတာ့ အႏူးညံ့ဆံုး အစိတ္အပိုင္းျဖစ္တဲ့ မိန္းမကိုယ္ကို အက္ဆစ္အျပင္းစားေတြပါတဲ့ ကိုယ္တုိက္ဆပ္ျပာနဲ႔ သန္႔စင္ေပးဖို႕ မသင့္ေတာ္ပါဘူး။ မိန္းမကိုယ္အတြက္ ထိခိုက္မႈမရွိ၊ အနံ႔ဆိုး ေတြေပ်ာက္ေစမယ္၊ ေရာဂါပိုးေတြကာကြယ္ေပးတဲ့အစြမ္းက Feminine Wash ေတြမွာပဲရွိပါတယ္။

ေစ်းကြက္ထဲမွာရွိတဲ့ အမ်ိဳးသမီးသန္႔စင္ေဆးရည္ တံဆိပ္ေပါင္းမ်ားစြာရွိတာေၾကာင့္ ေရြးခ်ယ္ရခက္ေနမယ္ဆိုရင္ BETADINE  Feminine Wash ကိုေရြးခ်ယ္သံုးဖို႔ အၾကံေပးခ်င္ပါတယ္။ ျမန္မာျပည္သူေတြနဲ႔ရင္းႏွီးျပီးသား နာမည္ၾကီးတံဆိပ္တစ္ခုျဖစ္တဲ့အျပင္ သူ႔ရဲ႕ေကာင္းက်ိဳးေတြက မိန္းမကိုယ္ သန္႔စင္ဖုိ႕အတြက္ သန္႔ရွင္းေရး လုပ္မယ္ဆုိရင္ ကိုယ္တုိက္ဆပ္ျပာ အစား အစိုဓာတ္ကိုထိန္းေပးတယ္၊

အက်ိဳးျပဳဘက္တီးရီးယားေတြရွင္သန္မႈကိုေထာက္ကူေပးတဲ့ prebiotics ပါဝင္ျပီး  pH ပမာဏကို အေကာင္းဆံုး ထိန္းညွိေပးတယ္။ အနံ႔အသက္ျပင္းျပင္းေတြ ဓာတုပစၥည္းေတြမပါဝင္တဲ့ အတြက္ေၾကာင့္ ယားယံတာ မတည့္တာေတြမျဖစ္ဘူး။

အန႔ံအသက္ဆိုးထြက္တာ၊ ယားယံတာ၊ ပိုးဝင္တာ၊ အျဖဴဆင္းတာေတြကို အေကာင္းဆံုးျဖစ္ေအာင္ကာကြယ္ေပးႏုိင္တာေတြက BETADINE Feminine Wash ရဲ႕အားသာခ်က္ေတြပါ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှတရားဆိုတာ အပေါ်ယံအရေပြားအလှနဲ့တင် မပြီးပါဘူး။ အရေးကြီးတဲ့ မိန်းမကိုယ်တစ်ကိုယ်ရည်သန့်ရှင်းမှု  ရှိဖို့လည်းလိုပါတယ်။ အပေါ်ပိုင်းကတော့ မိတ်ကပ် တွေနဲ့ မှုန်နေအောင် ခြယ်သထားပေမယ့် အတွင်းပိုင်းမိန်းမကိုယ်က အနံ့ဆိုး တွေထွက်နေမယ်၊ ယားယံနေမယ်ဆိုရင် စိတ်ထဲ ကသိကအောက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ ဖြစ်တတ်တာကြောင့် မိန်းမကိုယ်သန့်ရှင်းရေးအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။  ။

မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုမစိုက်ဘဲ ပေါ့ဆမိလိုက်တဲ့အခါ

မိန်းမကိုယ်ယားယံပြီး လူကြားထဲ ကုတ်ရဖဲ့ရခက်တဲ့အပြင် ညညဆိုလည်း အိပ်ပျော်နေရင်း မသိစိတ်က ကုတ်မိတော့ မနက်ကျ စပ်နေတာအဖြူဆင်းလွန်းပြီး စိုစိစိုစိနဲ့ သက်တောင့်သက်သာ မရှိတာ အနံ့ဆိုးတွေထွက်နေတာ နဲ့ပိုးဝင်ပြီး ရောင်နေလို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်ပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ အမျိုးသမီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးက အရေးကြီးလာတာပေါ့။ ။

မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ

ဒီလို မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။

ပထမတစ်ခုက မိန်းမကိုယ်လည်း အရေပြားပဲ။ ရေချိုးတိုင်း တိုက်နေကျ ကိုယ်တိုက်ဆပ်ပြာ နဲ့တိုက်လိုက်ရင် သန့်ရှင်းပြီးသားဖြစ်မှာပဲဆိုတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ သန့်စင်တာနဲ့ နူးညံ့တဲ့မိန်းမကိုယ်အတွက် ထိခိုက်မှု သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash နဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။

ရွေးချယ်စရာ နှစ်မျိုးရှိတဲ့ အတွက် နှိုင်းယှဉ်စရာလေးတွေ ပေါ်လာပါပြီ။ နှစ်ခုလုံးတော့ အညစ်အကြေးတွေကို သန့်စင်ပေးမှာ ကျိန်းသေတာပေမယ့် မိန်းမကိုယ်ကို သန့်စင်ပေးတဲ့နေရာမှာ ကိုယ်တိုက်ဆပ်ပြာနဲ့ အမျိုးသမီး သန့်စင်ဆေးရည်  Feminine Wash ဘယ်လိုကွာခြားလဲ ။ ဘယ်တစ်ခုကို ပိုသုံးသင့်လဲ။ ။

ဆပ်ပြာ ။ ။

ဆပ်ပြာဆိုတာ တစ်နေကုန်မွှေးပျံ့လန်းဆန်းစေဖို့ အမွှေးနံ့ပြင်းပြင်းတွေနဲ့ ဓာတုပစ္စည်းတွေကို အဓိကထား ထုတ်လုပ်ထားတဲ့ အရာပါ။ဒါအပြင် အပြင်းစား အက်ဆစ်တွေပါဝင်တာကြောင့် မိန်းမကိုယ် pH ပမာဏကို ကမောက်ကမဖြစ်စေပါတယ်။ ဒီလို ရှိသင့်တဲ့ pH အဆင့်မဟုတ်ဘဲ ထိန်းညှိမှုစနစ် ကမောက်ကမဖြစ်ခဲ့ရင် မိန်းမကိုယ်မှိုစွဲတာ၊ ပိုးဝင်တာလိုမျိုး ပြဿနာတွေ ဆက်ဖြစ်လာတတ်ပါတယ်။
   
ဒီထက်ဆိုးတာက ပါဝင်တဲ့ ဓာတုပစ္စည်းနဲ့ pHမမျှတတဲ့ အက်ဆစ်တို့ကြောင့် မိန်းမကိုယ်တွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေပါ သေကုန်လို့ မိန်းမကိုယ်ရဲ့ သဘာဝအတိုင်း ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ စနစ်ကြီးပျက်စီးသွားနိုင်ပါတယ်။ကိုယ်တိုက်ဆပ်ပြာနဲ့ မိန်းမကိုယ်ကို သန့်စင်ပြီးတဲ့အခါ ရှိသမျှ အဆီတွေ အကုန်ခြောက်ခမ်းသွားတတ်လို့ ခြောက်သွေ့ယားယံတာတွေ ဖြစ်ကျန်တတ်ပါတယ်။

အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash ။ ။

အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash ဆိုတာ နူးညံ့တဲ့ မိန်းမကိုယ်ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည်ဖြစ်ပါတယ်။မိန်းမကိုယ် pH နဲ့ ကိုက်ညီအောင် အထူးထုတ်လုပ်ထားတဲ့အတွက်ကြောင့် pH ပမာဏ မမျှတ တာမျိုးတွေလည်း မဖြစ်တော့တဲ့အပြင် အကျိုးပြု ဘက်တီရီးးယားတွေလည်း ထိခိုက်မှု မဖြစ်စေပါဘူး။
   
ဒါ့အပြင် မိန်းမကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ အတွက် အာဟာရဖြစ်တဲ့ Prebiotic တွေလည်း ပါဝင်တာကြောင့် သဘာဝအတိုင်း ပိုးမွှားကာကွယ်တဲ့စနစ်ကြီးကို အားပေးရာလည်းရောက်ပါတယ်။ အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash တွေမှာ ပါဝင်တဲ့ Povidone Iodine 10% က ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အတွက် မိန်းမကိုယ် ယားယံခြင်းနဲ့ မှိုစွဲခြင်းတွေကို ကာကွယ်ပေးဦးမှာပါ။
   
မိန်းကလေးတို့အတွက် အရေးကြီးဆုံးအချိန်ဖြစ်တဲ့ ဓမ္မတာလာချိန် မှာ Feminine Wash ကို အသုံးပြုရင် လစဉ်သုံးပစ္စည်းတွေကနေ ဝင်နိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း သူက သန့်စင်ပေးဦးမှာပါ။

ဒီတော့ အနူးညံ့ဆုံး အစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်ကို အက်ဆစ်အပြင်းစားတွေပါတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ သန့်စင်ပေးဖို့ မသင့်တော်ပါဘူး။ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိ၊ အနံ့ဆိုး တွေပျောက်စေမယ်၊ ရောဂါပိုးတွေကာကွယ်ပေးတဲ့အစွမ်းက Feminine Wash တွေမှာပဲရှိပါတယ်။

ဈေးကွက်ထဲမှာရှိတဲ့ အမျိုးသမီးသန့်စင်ဆေးရည် တံဆိပ်ပေါင်းများစွာရှိတာကြောင့် ရွေးချယ်ရခက်နေမယ်ဆိုရင် BETADINE  Feminine Wash ကိုရွေးချယ်သုံးဖို့ အကြံပေးချင်ပါတယ်။ မြန်မာပြည်သူတွေနဲ့ရင်းနှီးပြီးသား နာမည်ကြီးတံဆိပ်တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ကောင်းကျိုးတွေက မိန်းမကိုယ် သန့်စင်ဖို့အတွက် သန့်ရှင်းရေး လုပ်မယ်ဆိုရင် ကိုယ်တိုက်ဆပ်ပြာ အစား အစိုဓာတ်ကိုထိန်းပေးတယ်၊

အကျိုးပြုဘက်တီးရီးယားတွေရှင်သန်မှုကိုထောက်ကူပေးတဲ့ prebiotics ပါဝင်ပြီး  pH ပမာဏကို အကောင်းဆုံး ထိန်းညှိပေးတယ်။ အနံ့အသက်ပြင်းပြင်းတွေ ဓာတုပစ္စည်းတွေမပါဝင်တဲ့ အတွက်ကြောင့် ယားယံတာ မတည့်တာတွေမဖြစ်ဘူး။

အနံ့အသက်ဆိုးထွက်တာ၊ ယားယံတာ၊ ပိုးဝင်တာ၊ အဖြူဆင်းတာတွေကို အကောင်းဆုံးဖြစ်အောင်ကာကွယ်ပေးနိုင်တာတွေက BETADINE Feminine Wash ရဲ့အားသာချက်တွေပါ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top