iMyanmarHouse.com - Best Property Website for Myanmar
×












Credit:burmese.asia


# Unicode Version # ဖြင့် ဖတ်ပါ #


(၂၀၁၉) ခုနှစ် အတွက် နိုင်ငံကိုယ်စားပြု မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကြီးကို ကျင်းပဖို့ တဖြေးဖြေး နီးကပ်လာပြီဖြစ်သလို တိုင်းဒေသ၊ အသီးသီးက ရွေးချယ်ထားတဲ့ အလှမယ်လေးတွေ ဟာလည်း အလှမယ်တစ်ယောက်အနေနဲ့ လိုအပ်တဲ့ အရည်အချင်း၊ အလှအပရေးရာ၊ ကိုယ်ခန္ဓာအချိုးအဆစ် ၊ အင်္ဂလိပ်စာ အပြောအဆို စသဖြင့် အဖက်ဖက်က ပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီဖြစ်သလို ပြိုင်ပွဲကလည်း နီးကပ်လာပြီမို့ လိုအပ်ချက်မှန်သမျှ အကောင်းဆုံးကြိုးစားနေကြမယ် ထင်ပါတယ်နော်။

စိတ်မကောင်းစွာနဲ့ ပဲ ပုဂံမြို့ ကိုယ်စားပြု မယ်စကြဝဠာ အဖြစ်ရွေးချယ်ထားတဲ့ အလှမယ်ဖြစ်တဲ့ နန်းခိုင်ဇင်ဝင်း ကတော့ သူမ ဖခင်ရဲ့ အရေးပေါ်ကျန်းမာရေး အခြေအနေကြောင့် ဖခင်ကို ပြုစုဖို့ အတွက် ပြိုင်ပွဲ မှ နုတ်ထွက်လိုက်တာဖြစ်ပြီး သူမအနေနဲ့လဲ အဖက်ဖက်က ပြည့်စုံအောင် ပြင်ဆင်ကြိုးစားခဲ့ပြီး ပြိုင်ပွဲကြီးအတွက် အဆင်သင့်နီးပါးဖြစ်နေခဲ့ပြီးဖြစ်ပါတယ်။

Director အဖြစ်တာဝန်ယူထားတဲ့ တာဝန်ရှိသူ မဆောင်းနှင်းမိုး အနေနဲ့ လည်း အကောင်းဆုံးကြိုးစားပေးထားသော်လည်း အလှမယ် နန်းခိုင်ဇင်ဝင်း ကိုယ်စား အခြားသော အလှမယ် အစားထိုးပြိုင်ပွဲဝင်ခိုင်းလို့ မရနိုင်တဲ့ အတွက် အလှမယ် နန်းခိုင်ဇင်ဝင်း သာ သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိရင်တော့ ဒီနှစ်အတွက် မယ်စကြဝဠာ ပြိုင်ပွဲမှာ ပုဂံမြို့ကို ကိုယ်စားပြုနိုင်ခြင်းမရှိခဲ့တော့ဘူးလို့ ဆိုရမှာပါ။ ပရိသတ်ကြီးရေ… ပုဂံမြို့ကို ချစ်တယ် ဆိုရင် ပုဂံ မယ်စကြဝဠာအလှမယ် နန်းခိုင်ဇင်ဝင်းရဲ့ ဖခင် ကျန်းမာဖို့ ဆုတောင်းပေးကြပါဦးနော်..။

Credit:burmese.asia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top