iMyanmarHouse.com - Best Property Website for Myanmar
×

သင့္သူငယ္ခ်င္းေတြနဲ႔ အတူရွိတာက ဘယ္အရာနဲ႔မွ လဲလို႔မရႏိုင္ပါဘူး။ သူငယ္ခ်င္းေတြအဖြဲ႕လိုက္ ခရီးသြားတာက ေပ်ာ္စရာေကာင္းျပီး အမွတ္ရစရာ အမွတ္တရေတြက်န္ခဲ့တတ္ပါတယ္။ ဒီအရာေတြသာမက ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ခရီးအတူသြားတာက သင့္က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္တဲ့။ ဒီေတာ့ သူငယ္ခ်င္းေတြနဲ႔အတူရွိရမယ္။ ခရီးလည္းသြားရမယ္။ က်န္းမာေရးလည္းေကာင္းမယ္။ အျမတ္သံုးခုေတာင္က်န္မွာေနာ္။

ကိုယ့္သူငယ္ခ်င္းေတြကို ဒီေဆာင္းပါးေလးနဲ႔ လက္တို႔လုိက္ပါေတာ့ေနာ္။ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားတာက ဘယ္လိုက်န္းမာေရးေကာင္းမြန္ေစတာလဲဆိုတာ တူတူၾကည့္ၾကရေအာင္ေနာ္။

သိပၸံေလ့လာမႈေတြမွာ သူငယ္ခ်င္းေတြက စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစျပီး ႏွလံုးေရာဂါအႏၱရာယ္ကေန ကာကြယ္ေပးပါတယ္တဲ့။ စိတ္ဖိစီးေစတဲ့ေဟာ္မုန္း၊ မေကာင္းတဲ့ကိစၥေတြနဲ႔ၾကံဳရတဲ့အခ်ိန္မွာ ခႏၶာကိုယ္ထဲက ထြက္လာတဲ့ေကာ္တီေဇာကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။ ေကာ္တီေဇာက ပမာဏမ်ားေလ ႏွလံုးေရာဂါျဖစ္ေလမို႔ ဒီဓာတ္နည္းတာက သင့္က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။

သူငယ္ခ်င္းခင္မင္မႈက နာက်င္မႈကို သည္းခံႏိုင္တဲ့ေနရာမွာလည္း အကူအညီေပးပါတယ္။ ကိုယ့္ရဲ႕ မိတ္ေဆြအသိုင္းအဝိုင္းက ပိုၾကီးေလ နာက်င္မႈကို ပိုခံႏိုင္ေလပါ။ ဒါေၾကာင့္ ကၽြန္မတို႔ကို အသက္ပိုရွည္ေစပါတယ္။

ခ်စ္ခင္သူေတြနဲ႔ ခရီးသြားျခင္းက ေတြးေခၚစြမ္းအားကို ျမင့္တက္ေစပါတယ္။ တီထြင္ႏုိင္စြမ္းကို ေကာင္းမြန္ေစပါတယ္။ ခရီးအတြက္ စီစဥ္ရတာက ကၽြန္မတို႔ကို ပိုေပ်ာ္ရႊင္ေစကာ ဘဝနဲ႔ပတ္သက္ျပီး ေက်နပ္စိတ္ကို ေပးစြမ္းႏုိင္ပါတယ္။

ခရီးသြားျခင္းက စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးပါတယ္။ ေနရာေဒသအသစ္ေတြကို သြားေရာက္ရတဲ့အတြက္ စိတ္ကို လန္းဆန္းေစျပီး စိတ္ဖိစီးမႈကို နည္းပါးေစပါတယ္။ ခရီးသြားတဲ့အခ်ိန္ လႈပ္ရွားေဆာင္ရြက္မႈက ကိုယ္တြင္းအဆီက်ေစျပီး ႏွလံုးေရာဂါအႏၱရာယ္ကေန ကာကြယ္ေပးပါတယ္။

ဒီေတာ့ က်နး္မာေရးေကာင္းေစျပီး အမွတ္တရေတြ ဖန္တီးေပးတဲ့ ခရီးတစ္ခုကို ခ်စ္ရတဲ့သူငယ္ခ်င္းေတြန႔ဲအတူ သြားလိုက္ပါေတာ့ေနာ္။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သင့်သူငယ်ချင်းတွေနဲ့ အတူရှိတာက ဘယ်အရာနဲ့မှ လဲလို့မရနိုင်ပါဘူး။ သူငယ်ချင်းတွေအဖွဲ့လိုက် ခရီးသွားတာက ပျော်စရာကောင်းပြီး အမှတ်ရစရာ အမှတ်တရတွေကျန်ခဲ့တတ်ပါတယ်။ ဒီအရာတွေသာမက ကိုယ့်သူငယ်ချင်းတွေနဲ့ ခရီးအတူသွားတာက သင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်တဲ့။ ဒီတော့ သူငယ်ချင်းတွေနဲ့အတူရှိရမယ်။ ခရီးလည်းသွားရမယ်။ ကျန်းမာရေးလည်းကောင်းမယ်။ အမြတ်သုံးခုတောင်ကျန်မှာနော်။

ကိုယ့်သူငယ်ချင်းတွေကို ဒီဆောင်းပါးလေးနဲ့ လက်တို့လိုက်ပါတော့နော်။ သူငယ်ချင်းတွေနဲ့ ခရီးသွားတာက ဘယ်လိုကျန်းမာရေးကောင်းမွန်စေတာလဲဆိုတာ တူတူကြည့်ကြရအောင်နော်။

သိပ္ပံလေ့လာမှုတွေမှာ သူငယ်ချင်းတွေက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး နှလုံးရောဂါအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်တဲ့။ စိတ်ဖိစီးစေတဲ့ဟော်မုန်း၊ မကောင်းတဲ့ကိစ္စတွေနဲ့ကြုံရတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ကော်တီဇောကိုလည်း လျှော့ချပေးပါတယ်။ ကော်တီဇောက ပမာဏများလေ နှလုံးရောဂါဖြစ်လေမို့ ဒီဓာတ်နည်းတာက သင့်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

သူငယ်ချင်းခင်မင်မှုက နာကျင်မှုကို သည်းခံနိုင်တဲ့နေရာမှာလည်း အကူအညီပေးပါတယ်။ ကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက ပိုကြီးလေ နာကျင်မှုကို ပိုခံနိုင်လေပါ။ ဒါကြောင့် ကျွန်မတို့ကို အသက်ပိုရှည်စေပါတယ်။

ချစ်ခင်သူတွေနဲ့ ခရီးသွားခြင်းက တွေးခေါ်စွမ်းအားကို မြင့်တက်စေပါတယ်။ တီထွင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ခရီးအတွက် စီစဉ်ရတာက ကျွန်မတို့ကို ပိုပျော်ရွှင်စေကာ ဘဝနဲ့ပတ်သက်ပြီး ကျေနပ်စိတ်ကို ပေးစွမ်းနိုင်ပါတယ်။

ခရီးသွားခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ နေရာဒေသအသစ်တွေကို သွားရောက်ရတဲ့အတွက် စိတ်ကို လန်းဆန်းစေပြီး စိတ်ဖိစီးမှုကို နည်းပါးစေပါတယ်။ ခရီးသွားတဲ့အချိန် လှုပ်ရှားဆောင်ရွက်မှုက ကိုယ်တွင်းအဆီကျစေပြီး နှလုံးရောဂါအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

ဒီတော့ ကျန်းမာရေးကောင်းစေပြီး အမှတ်တရတွေ ဖန်တီးပေးတဲ့ ခရီးတစ်ခုကို ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ သွားလိုက်ပါတော့နော်။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top