iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါ။ ျမန္မာလူမ်ိဳးေတြနဲ႕ သိပ္မရင္းႏွီးတဲ့ သၾကားမုန္လာဟာ ခႏၶာကိုယ္က်န္းမာေရးအတြက္သာ မဟုတ္ဘဲ အလွအပအတြက္လည္း ဘက္ေပါင္းစံုက အသံုးဝင္ပါတယ္ေနာ္။

ဒီလိုနီရဲရဲအဆင္းရွိတဲ့ သၾကားမုန္လာဟာဆုိရင္ ဗီတာမင္ေတြ သတၱဳဓာတ္ေတြ မ်ိဳးစံု ပါဝင္ေနပါတယ္။ ဒါ့အျပင္ ေသြးေပါင္ခ်ိန္ကို ေလ်ာ့က်ေစၿပီး ေသြးအားနည္းေရာဂါကိုလည္း တိုက္ဖ်က္ႏိုင္ပါတယ္။

စီးတီးမတ္ေတြမွာ အလြယ္တကူရွာဝယ္ႏိုင္တဲ့ သႀကားမုန္လာကို ကိုယ့္ရဲ႕တစ္ေန႕တာမွာ ဘယ္လိုမ်ိဳး ထည့္သြင္းအသံုးျပဳႏိုင္မလဲဆိုတာကို အခုပဲ ေသခ်ာၾကည့္လိုက္ရေအာင္ေနာ္။

သဘာဝပါးနီေလး

Source: One Green Planet

ေရွးေခတ္တုန္းကဆိုရင္ အခုခ်ိန္လို ပါးနီရယ္လို႕ အလွကုန္ေတြမေပၚေသးတာေၾကာင့္ ပါးေလးေတြရဲတြတ္တြတ္ေလးျဖစ္ေနေစဖို႕အတြက္ သၾကားမုန္လာေတြကို ပြတ္ေလ့ရွိၾကပါတယ္။ သၾကားမုန္လာကို အခြံခြာ၊ ပါးပါးေလးေတြလွီးၿပီး လံုးဝေျခာက္ေသြ႕သြားတဲ့အထိ Oven ထဲမွာဖုတ္ေပးပါ။

ၿပီးရင္ေတာ့ ႀကိတ္စက္ထဲထည့္ၿပီး အမႈန္႕ျဖစ္သြားတဲ့အထိ ေသခ်ာႀကိတ္ေပးပါ။ ပန္းေသြးေရာင္အမႈန္႕ေလးေတြျဖစ္သြားၿပီဆိုရင္ ပံုမွန္အတိုင္း Brush ေလးနဲ႕ လူးေပးႏိုင္ပါတယ္။

ခႏၶာကိုယ္နဲ႕ အသားအေရအတြက္ Detox တစ္ခြက္

Source: Skinny Ms.

သၾကားမုန္လာဟာဆိုရင္ ခႏၶာကိုယ္ေပၚက ဝက္ၿခံ၊ ဆားဝက္ၿခံတို႕ကို တိုက္ဖ်က္ေပးႏိုင္တဲ့ စြမ္းအားျပင္း ဟင္းသီးဟင္းရြက္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ အခြံခြာၿပီးသား သခြားသီးတစ္ျခမ္း၊ အခြံခြာ အတံုးေလးေတြလွီးၿပီးသား သၾကားမုန္လာ၊ အတံုးေလးေတြလွီးၿပီးသား ပန္းသီးတို႕ကို ႀကိတ္စက္ထဲမွာေရာႀကိတ္ပါ။ ရလာတဲ့အႏွစ္ေတြကို အရည္ညွစ္ၿပီးေတာ့ အဖတ္ေတြစြန္႕ပစ္ကာ အရည္ကို ေသာက္သံုးေပးႏိုင္ပါတယ္။

အသားအေရေပ်ာ့တြဲျခင္းကို ဖယ္ရွားေပးျခင္း

ခႏၶာကိုယ္တြင္းက အဆီဆဲလ္အေဟာင္းေတြနဲ႕ အျခားအဆိပ္အေတာက္ေတြကို ဖယ္ရွားသန္႕စင္ေပးႏိုင္ပါတယ္။ သႀကားမုန္လာကို ဂရိတ္ဖရုနဲ႕ေရာေႏွာကာ ေသာက္သံုးေပးမယ္ဆိုရင္ေတာ့ အသားအေရေပ်ာ့တြဲျခင္းကို သက္သာေစမွာျဖစ္ပါတယ္။

သဘာဝအတိုင္း ဆံပင္ေဆးဆိုးမယ္

Source: Mic Hair

ဆံပင္ေဆးဆိုးခ်င္ေပမယ့္လည္း ဆံေကသာနဲ႕ ဦးေရျပားေတြ ပ်က္စီးမွာေၾကာက္ရင္ေတာ့ သၾကားမုန္လာကို အသံုးျပဳေပးႏိုင္ပါတယ္။ သၾကားမုန္လာအရည္ကို ဒန္းဆိုးေဆးမႈန္႕ႏွင့္ ေသခ်ာေရာေမႊကာ ဆံပင္မွာဆိုးေပးႏိုင္ပါတယ္။ အနည္းဆံုး နာရီဝက္ေလာက္ထားၿပီးရင္ ေဆးေၾကာသန္႕စင္ပစ္ႏိုင္ပါၿပီ။

ဝက္ၿခံကုသေပးျခင္း

မ်က္ႏွာေပၚက ၾကည့္ရဆိုးတဲ့ ဝက္ၿခံေတြကို ကုသႏိုင္ဖို႕အတြက္ မုန္လာဥနီႏွစ္လံုး၊ သၾကားမုန္လာတစ္လံုးႏွင့္ ေရခြက္တစ္ဝက္တို႕ျဖင့္ ေရာစပ္ကာ ႀကိတ္ေပးပါ။ အႏွစ္ေတြဖယ္ရွားပစ္ၿပီး အရည္ေသာက္သံုးေပးပါ။ တစ္ပတ္မွာ အနည္းဆံုး ၃ ႀကိမ္ေလာက္ ေသာက္သံုးေပးသင့္ပါတယ္။

Facial Toner အျဖစ္သံုးမယ္

Source: Beauty recipes

အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေလးမ်ားအတြက္ သၾကားမုန္လာ၊ သံပုယိုရည္တို႕ေရာကာ ေန႕တိုင္း မ်က္ႏွာသစ္ၿပီးတာနဲ႕ လိမ္းေပးပါ။ အသားအေရေလးစိုေျပေနၿပီး ဝင္းလက္ေတာက္ပေနမွာေသခ်ာပါတယ္။

သဘာဝအတုိင္းနီရဲတဲ့ ႏႈတ္ခမ္းေလးေတြရေအာင္

Source: Onmanorama – Malayala Manorama

ႏႈတ္ခမ္းနီေတြဆိုးစရာမလိုဘဲ သဘာဝအတိုင္း ရဲတြတ္တဲ့ ႏႈတ္ခမ္းသားေလး ပိုင္ဆိုင္ခ်င္ရင္ေတာ့ လတ္လတ္ဆတ္ဆတ္လွီးထားတဲ့ သၾကားမုန္လာတစ္ျခမ္းကို ႏႈတ္ခမ္းမွာပြတ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္တိုင္လုပ္ Tint ေလးအေနနဲ႕လည္း အသံုးျပဳေပးႏိုင္ပါတယ္။

သၾကားမုန္လာအမႈန္႕ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ၾကက္ဆူဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းႏွင့္ Shea Butter လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႕လိုအပ္ပါမယ္။ Shea Butter ကို ခြက္အေသးေလးတစ္ခုထဲမွာ အရည္ေဖ်ာ္ကာ (ေရပူထည့္ထားတဲ့ ပန္းကန္လံုးအေပၚမွထည့္ၿပီး) က်န္တဲ့ ပါဝင္ပစၥည္းမ်ားႏွင့္အတူ ေသခ်ာေရာေမႊပါ။ ရလာတဲ့အႏွစ္ကို ေရခဲေသတၱာထဲမွာ မိနစ္ ၂၀ ေလာက္ထားၿပီးရင္ေတာ့ Lip Tint ေလး ရပါၿပီ။

Credit:burmese.asia
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါ။ မြန်မာလူမျိုးတွေနဲ့ သိပ်မရင်းနှီးတဲ့ သကြားမုန်လာဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာ မဟုတ်ဘဲ အလှအပအတွက်လည်း ဘက်ပေါင်းစုံက အသုံးဝင်ပါတယ်နော်။

ဒီလိုနီရဲရဲအဆင်းရှိတဲ့ သကြားမုန်လာဟာဆိုရင် ဗီတာမင်တွေ သတ္တုဓာတ်တွေ မျိုးစုံ ပါဝင်နေပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကို လျော့ကျစေပြီး သွေးအားနည်းရောဂါကိုလည်း တိုက်ဖျက်နိုင်ပါတယ်။

စီးတီးမတ်တွေမှာ အလွယ်တကူရှာဝယ်နိုင်တဲ့ သကြားမုန်လာကို ကိုယ့်ရဲ့တစ်နေ့တာမှာ ဘယ်လိုမျိုး ထည့်သွင်းအသုံးပြုနိုင်မလဲဆိုတာကို အခုပဲ သေချာကြည့်လိုက်ရအောင်နော်။

သဘာဝပါးနီလေး

Source: One Green Planet

ရှေးခေတ်တုန်းကဆိုရင် အခုချိန်လို ပါးနီရယ်လို့ အလှကုန်တွေမပေါ်သေးတာကြောင့် ပါးလေးတွေရဲတွတ်တွတ်လေးဖြစ်နေစေဖို့အတွက် သကြားမုန်လာတွေကို ပွတ်လေ့ရှိကြပါတယ်။ သကြားမုန်လာကို အခွံခွာ၊ ပါးပါးလေးတွေလှီးပြီး လုံးဝခြောက်သွေ့သွားတဲ့အထိ Oven ထဲမှာဖုတ်ပေးပါ။

ပြီးရင်တော့ ကြိတ်စက်ထဲထည့်ပြီး အမှုန့်ဖြစ်သွားတဲ့အထိ သေချာကြိတ်ပေးပါ။ ပန်းသွေးရောင်အမှုန့်လေးတွေဖြစ်သွားပြီဆိုရင် ပုံမှန်အတိုင်း Brush လေးနဲ့ လူးပေးနိုင်ပါတယ်။

ခန္ဓာကိုယ်နဲ့ အသားအရေအတွက် Detox တစ်ခွက်

Source: Skinny Ms.

သကြားမုန်လာဟာဆိုရင် ခန္ဓာကိုယ်ပေါ်က ဝက်ခြံ၊ ဆားဝက်ခြံတို့ကို တိုက်ဖျက်ပေးနိုင်တဲ့ စွမ်းအားပြင်း ဟင်းသီးဟင်းရွက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခွံခွာပြီးသား သခွားသီးတစ်ခြမ်း၊ အခွံခွာ အတုံးလေးတွေလှီးပြီးသား သကြားမုန်လာ၊ အတုံးလေးတွေလှီးပြီးသား ပန်းသီးတို့ကို ကြိတ်စက်ထဲမှာရောကြိတ်ပါ။ ရလာတဲ့အနှစ်တွေကို အရည်ညှစ်ပြီးတော့ အဖတ်တွေစွန့်ပစ်ကာ အရည်ကို သောက်သုံးပေးနိုင်ပါတယ်။

အသားအရေပျော့တွဲခြင်းကို ဖယ်ရှားပေးခြင်း

ခန္ဓာကိုယ်တွင်းက အဆီဆဲလ်အဟောင်းတွေနဲ့ အခြားအဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ သကြားမုန်လာကို ဂရိတ်ဖရုနဲ့ရောနှောကာ သောက်သုံးပေးမယ်ဆိုရင်တော့ အသားအရေပျော့တွဲခြင်းကို သက်သာစေမှာဖြစ်ပါတယ်။

သဘာဝအတိုင်း ဆံပင်ဆေးဆိုးမယ်

Source: Mic Hair

ဆံပင်ဆေးဆိုးချင်ပေမယ့်လည်း ဆံကေသာနဲ့ ဦးရေပြားတွေ ပျက်စီးမှာကြောက်ရင်တော့ သကြားမုန်လာကို အသုံးပြုပေးနိုင်ပါတယ်။ သကြားမုန်လာအရည်ကို ဒန်းဆိုးဆေးမှုန့်နှင့် သေချာရောမွှေကာ ဆံပင်မှာဆိုးပေးနိုင်ပါတယ်။ အနည်းဆုံး နာရီဝက်လောက်ထားပြီးရင် ဆေးကြောသန့်စင်ပစ်နိုင်ပါပြီ။

ဝက်ခြံကုသပေးခြင်း

မျက်နှာပေါ်က ကြည့်ရဆိုးတဲ့ ဝက်ခြံတွေကို ကုသနိုင်ဖို့အတွက် မုန်လာဥနီနှစ်လုံး၊ သကြားမုန်လာတစ်လုံးနှင့် ရေခွက်တစ်ဝက်တို့ဖြင့် ရောစပ်ကာ ကြိတ်ပေးပါ။ အနှစ်တွေဖယ်ရှားပစ်ပြီး အရည်သောက်သုံးပေးပါ။ တစ်ပတ်မှာ အနည်းဆုံး ၃ ကြိမ်လောက် သောက်သုံးပေးသင့်ပါတယ်။

Facial Toner အဖြစ်သုံးမယ်

Source: Beauty recipes

အဆီပြန်တဲ့ အသားအရေပိုင်ရှင်လေးများအတွက် သကြားမုန်လာ၊ သံပုယိုရည်တို့ရောကာ နေ့တိုင်း မျက်နှာသစ်ပြီးတာနဲ့ လိမ်းပေးပါ။ အသားအရေလေးစိုပြေနေပြီး ဝင်းလက်တောက်ပနေမှာသေချာပါတယ်။

သဘာဝအတိုင်းနီရဲတဲ့ နှုတ်ခမ်းလေးတွေရအောင်

Source: Onmanorama – Malayala Manorama

နှုတ်ခမ်းနီတွေဆိုးစရာမလိုဘဲ သဘာဝအတိုင်း ရဲတွတ်တဲ့ နှုတ်ခမ်းသားလေး ပိုင်ဆိုင်ချင်ရင်တော့ လတ်လတ်ဆတ်ဆတ်လှီးထားတဲ့ သကြားမုန်လာတစ်ခြမ်းကို နှုတ်ခမ်းမှာပွတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်လုပ် Tint လေးအနေနဲ့လည်း အသုံးပြုပေးနိုင်ပါတယ်။

သကြားမုန်လာအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် Shea Butter လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့လိုအပ်ပါမယ်။ Shea Butter ကို ခွက်အသေးလေးတစ်ခုထဲမှာ အရည်ဖျော်ကာ (ရေပူထည့်ထားတဲ့ ပန်းကန်လုံးအပေါ်မှထည့်ပြီး) ကျန်တဲ့ ပါဝင်ပစ္စည်းများနှင့်အတူ သေချာရောမွှေပါ။ ရလာတဲ့အနှစ်ကို ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ လောက်ထားပြီးရင်တော့ Lip Tint လေး ရပါပြီ။

Credit:burmese.asia
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top