iMyanmarHouse.com - Best Property Website for Myanmar
×


အေရျပားနဲ႔ ဆံေကသာအတြက္ သံလြင္ဆီရဲ႕ ေကာင္းက်ိဳးေတြကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား သိထားျပီး ျဖစ္မယ္ထင္ပါတယ္။ သံလြင္ဆီဟာ အလွအပေရးရာအတြက္သာမက က်န္းမာေရးအတြက္လည္း ဆိုးက်ိဳးဒုကၡ မျဖစ္ေစတဲ့ မျပည့္ဝဆီ ျဖစ္ပါတယ္။
သံလြင္ဆီရဲ႕ ဦးေရျပားဆိုင္ရာ ေကာင္းက်ိဳးေတြ

သံလြင္ဆီမွာ ဆံေကသာကို ႏူးည့ံေပ်ာ့ေပ်ာင္းေစတဲ့ အာဟာရဓာတ္ေတြ၊ အက္ဆစ္ဓာတ္ေတြ ပါဝင္ပါတယ္။ ေခါင္းေလွ်ာ္ျပီးေနာက္ ဆံသားေပ်ာ့ေဆးအျဖစ္နဲ႔လည္း သံလြင္ဆီကို အသံုးျပဳလို႔ ရပါတယ္။ ဦးေရျပားကို အစိုဓာတ္ထိန္းေပးျပီး ေအးျမေစတယ္။

အေရျပားအတြင္းထဲထိ စိမ့္ဝင္မႈအားေကာင္းလို႔ ဆံသားကို က်န္းမာသန္စြမ္းျပီး နက္ေမွာင္ေစတယ္။ ဆံပင္ႏွစ္ခြျဖစ္တာ၊ ဆံပင္ေတြ ေျခာက္ျပီး ပ်က္စီးတာ၊ ဆံသားက်ိဳးေၾကတာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

အကယ္လို႔ ဆံသားနဲ႔ ဦးေရျပားအတြက္ သံလြင္ဆီကို တစ္ခါမွ မသံုးဖူးဘူးဆိုရင္ ဒီေဆာင္းပါးေလးကေန ဘယ္လိုအက်ိဳးရွိစြာ အသံုးျပဳလို႔ ရမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

၁။ သံလြင္ဆီကို အရင္ဆံုး လက္ေပၚမွာ အနည္းငယ္ လိမ္းၾကည့္ပါ။ ယားယံတာ၊ နီရဲတာ အစရွိတဲ့ ဓာတ္မတည့္တဲ့ လကၡဏာေတြ မေတြ႔ရျပီဆိုမွ ဦးေရျပားကို လိမ္းေပးပါ။

၂။ စလိမ္းလိမ္းခ်င္းမွာ လက္ဖက္ရည္ဇြန္း ၂ဇြန္း ၃ဇြန္းေလာက္ပဲ စလိမ္းေပးပါ။ ေခါင္းတစ္ခုလံုး လိမ္းေပးဖို႔ဆိုရင္ ၄ဇြန္းစာေလာက္ သံုးၾကည့္ပါ။

၃။ လိမ္းတဲ့အခါမွာ ဆံသားေတြကိုသာမက ဦးေရျပားေတြကိုပါ ႏွံ႔စပ္ေအာင္ လိမ္းေပးပါ။

၄။ လိမ္းေနရင္းနဲ႔ ဦးေရျပားကို ႏွိပ္နယ္ေပးရင္ ေသြးလည္ပတ္မႈ ပိုေကာင္းေစျပီး ဆံပင္ေပါက္ျမန္ေစႏိုင္ပါတယ္။

၅။ ေခါင္းမေလွ်ာ္ခင္မွာ သံုးမယ္ဆိုရင္ေတာ့ တစ္နာရီေလာက္ ျခားျပီး သံုးေပးပါ။ လိမ္းျပီးသြားရင္ ဘီးနဲ႔ ေသခ်ာျဖီးျပီး ဒီအတိုင္းထားထားလိုက္ပါ။ ျပီးသြားမွ ေခါင္းေလွ်ာ္ရည္နဲ႔ ေသခ်ာေျပာင္စင္ေအာင္ ေလွ်ာ္လိုက္ပါ။
သံလြင္ဆီကို ဘယ္သူေတြ သံုးလို႔ရလဲ။

က်ား၊ မ မေရြး အသက္အရြယ္မေရြး သံလြင္ဆီကို လိမ္းေပးလို႔ အဆင္ေျပျပီး ဦးေရျပား ေျခာက္တဲ့သူေတြေရာ၊ အဆီျပန္တဲ့သူေတြလည္း သံုးလို႔ ရပါတယ္။ အထူးသျဖင့္ ဆံသားေျခာက္ျပီး ဆံပင္အံုထူတဲ့ သူေတြဆိုရင္ သံလြင္ဆီကို မ်ားမ်ားသံုးေပးလို႔ ရပါတယ္။

အဆီျပန္တဲ့ ဦးေရျပားပိုင္ရွင္ေတြဆိုရင္ေတာ့ ဆံပင္ေပ်ာ့ေဆးအေနနဲ႔ သံုးစရာမလိုဘဲ ေခါင္းေလွ်ာ္ျပီး ခဏေနေတာ့မွပဲ ဆံသားကို သံလြင္ဆီနဲ႔ လိမ္းေပးႏိုင္ပါတယ္။

ေဆးဆိုးထားတဲ့ ဆံပင္သားေပၚမွာ အသံုးျပဳေတာ့မယ္ဆိုရင္ ဆံသားအနည္းငယ္ေလာက္ကို အရင္လိမ္းျပီး အေရာင္ကၽြတ္သြားတာေတြ မရွိဘူးဆိုမွ ဆက္လိမ္းတာ ပိုေကာင္းပါတယ္။ ပံုမွန္အားျဖင့္ ေဆးဆိုးျပီးျပီးခ်င္း ၃ရက္ေလာက္ ေစာင့္ျပီးမွ သံလြင္ဆီလိမ္းေပးသင့္ပါတယ္။

ဆံပင္အနားသားေတြ ႏွစ္ခြျဖစ္တာ၊ က်ိဳးေၾကေနရင္လည္း သံလြင္ဆီကို လိမ္းေပးျပီး လက္နဲ႔ ျဖည္းျဖည္းခ်င္း ပ်က္စီးေနတဲ့ ဆံပင္ကို ပြတ္ဆြဲေပးပါ။ ျပီးေတာ့မွ ဆံသားအရင္းနဲ႔ ဦးေရျပားကို သံလြင္ဆီနဲ႔ ဆက္လိမ္းေပးပါ။ ဦးေရျပားမွာ ေဗာက္ထေနတာ၊ သန္းေတြ စြဲကပ္ေနရင္လည္း သံလြင္ဆီကို ေန႔စဥ္ပံုမွန္လိမ္းေပးျပီး ဖယ္ရွားေပးလို႔ ရပါတယ္။

ခုလို ေႏြရာသီမွာ ဆံသားေတြ ပ်က္စီးေနလို႔ စိတ္ညစ္ေနတယ္၊ ဆံပင္မပ်က္စီးေစဖို႔ ကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ ဦးေရျပားကို သံလြင္ဆီနဲ႔ ပုံမွန္ေလး လိမ္းေပးသြားဖို႔ အၾကံေပးလိုက္တယ္ေနာ္။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အရေပြားနဲ့ ဆံကေသာအတွက် သံလွင်ဆီရဲ့ ကောင်းကျိုးတွေကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ သံလွင်ဆီဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဒုက္ခ မဖြစ်စေတဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။
သံလွင်ဆီရဲ့ ဦးရေပြားဆိုင်ရာ ကောင်းကျိုးတွေ

သံလွင်ဆီမှာ ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ဆံသားပျော့ဆေးအဖြစ်နဲ့လည်း သံလွင်ဆီကို အသုံးပြုလို့ ရပါတယ်။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး အေးမြစေတယ်။

အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းလို့ ဆံသားကို ကျန်းမာသန်စွမ်းပြီး နက်မှောင်စေတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေ ခြောက်ပြီး ပျက်စီးတာ၊ ဆံသားကျိုးကြေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အကယ်လို့ ဆံသားနဲ့ ဦးရေပြားအတွက် သံလွင်ဆီကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် ဒီဆောင်းပါးလေးကနေ ဘယ်လိုအကျိုးရှိစွာ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ သံလွင်ဆီကို အရင်ဆုံး လက်ပေါ်မှာ အနည်းငယ် လိမ်းကြည့်ပါ။ ယားယံတာ၊ နီရဲတာ အစရှိတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ မတွေ့ရပြီဆိုမှ ဦးရေပြားကို လိမ်းပေးပါ။

၂။ စလိမ်းလိမ်းချင်းမှာ လက်ဖက်ရည်ဇွန်း ၂ဇွန်း ၃ဇွန်းလောက်ပဲ စလိမ်းပေးပါ။ ခေါင်းတစ်ခုလုံး လိမ်းပေးဖို့ဆိုရင် ၄ဇွန်းစာလောက် သုံးကြည့်ပါ။

၃။ လိမ်းတဲ့အခါမှာ ဆံသားတွေကိုသာမက ဦးရေပြားတွေကိုပါ နှံ့စပ်အောင် လိမ်းပေးပါ။

၄။ လိမ်းနေရင်းနဲ့ ဦးရေပြားကို နှိပ်နယ်ပေးရင် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်ပေါက်မြန်စေနိုင်ပါတယ်။

၅။ ခေါင်းမလျှော်ခင်မှာ သုံးမယ်ဆိုရင်တော့ တစ်နာရီလောက် ခြားပြီး သုံးပေးပါ။ လိမ်းပြီးသွားရင် ဘီးနဲ့ သေချာဖြီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ ပြီးသွားမှ ခေါင်းလျှော်ရည်နဲ့ သေချာပြောင်စင်အောင် လျှော်လိုက်ပါ။
သံလွင်ဆီကို ဘယ်သူတွေ သုံးလို့ရလဲ။

ကျား၊ မ မရွေး အသက်အရွယ်မရွေး သံလွင်ဆီကို လိမ်းပေးလို့ အဆင်ပြေပြီး ဦးရေပြား ခြောက်တဲ့သူတွေရော၊ အဆီပြန်တဲ့သူတွေလည်း သုံးလို့ ရပါတယ်။ အထူးသဖြင့် ဆံသားခြောက်ပြီး ဆံပင်အုံထူတဲ့ သူတွေဆိုရင် သံလွင်ဆီကို များများသုံးပေးလို့ ရပါတယ်။

အဆီပြန်တဲ့ ဦးရေပြားပိုင်ရှင်တွေဆိုရင်တော့ ဆံပင်ပျော့ဆေးအနေနဲ့ သုံးစရာမလိုဘဲ ခေါင်းလျှော်ပြီး ခဏနေတော့မှပဲ ဆံသားကို သံလွင်ဆီနဲ့ လိမ်းပေးနိုင်ပါတယ်။

ဆေးဆိုးထားတဲ့ ဆံပင်သားပေါ်မှာ အသုံးပြုတော့မယ်ဆိုရင် ဆံသားအနည်းငယ်လောက်ကို အရင်လိမ်းပြီး အရောင်ကျွတ်သွားတာတွေ မရှိဘူးဆိုမှ ဆက်လိမ်းတာ ပိုကောင်းပါတယ်။ ပုံမှန်အားဖြင့် ဆေးဆိုးပြီးပြီးချင်း ၃ရက်လောက် စောင့်ပြီးမှ သံလွင်ဆီလိမ်းပေးသင့်ပါတယ်။

ဆံပင်အနားသားတွေ နှစ်ခွဖြစ်တာ၊ ကျိုးကြေနေရင်လည်း သံလွင်ဆီကို လိမ်းပေးပြီး လက်နဲ့ ဖြည်းဖြည်းချင်း ပျက်စီးနေတဲ့ ဆံပင်ကို ပွတ်ဆွဲပေးပါ။ ပြီးတော့မှ ဆံသားအရင်းနဲ့ ဦးရေပြားကို သံလွင်ဆီနဲ့ ဆက်လိမ်းပေးပါ။ ဦးရေပြားမှာ ဗောက်ထနေတာ၊ သန်းတွေ စွဲကပ်နေရင်လည်း သံလွင်ဆီကို နေ့စဉ်ပုံမှန်လိမ်းပေးပြီး ဖယ်ရှားပေးလို့ ရပါတယ်။

ခုလို နွေရာသီမှာ ဆံသားတွေ ပျက်စီးနေလို့ စိတ်ညစ်နေတယ်၊ ဆံပင်မပျက်စီးစေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဦးရေပြားကို သံလွင်ဆီနဲ့ ပုံမှန်လေး လိမ်းပေးသွားဖို့ အကြံပေးလိုက်တယ်နော်။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top