iMyanmarHouse.com - Best Property Website for Myanmar
×


ရင္ေသြးေလးေတြ ေမြးဖြားျပီးရင္ မိခင္ႏို႕တုိက္ေကၽြးရတာထံုးစံပါ။ သူတို႕ေလးေတြ အတြက္ မိခင္ႏို႕ကေနသာ အာဟာရေတြ အျပည့္ရႏုိ္င္တာမဟုတ္လား။ ဒါေပမယ့္ မိခင္မွာ ကူးစက္တတ္တဲ့ေရာဂါတစ္ခုခု ရွိေနျပီဆုိရင္ ေရာဂါပိုးေတြက မိခင္ႏုိ႕ထဲကေန ကေလးဆီကို ေရာက္သြားႏုိ္င္တာေၾကာင့္ ကေလးနုိ႕တုိက္လို႕ ရပါဦးမလား။
ဘယ္လို ေရာဂါရွိေနတဲ့ ေမေမတို႕ ကေလးကို ႏုိ႕တုိက္လို႕မရဘူးလဲ။ ဘယ္သူေတြကရလဲ ။ ။

ေမေမတို႕ ဖ်ားတဲ့အခ်ိန္၊ တုပ္ေကြးမိေနတဲ့ အခ်ိန္ကေလးကို နုိ႕တုိ္က္ရင္ ကေလးဆီကို အဖ်ားမကူးစက္ႏုိ္င္ပါဘူး။ နုိ႕ေခ်ာင္းပိတ္လို႕ ပုိးဝင္ျပီး နုိ႕အံုေရာင္ေနတဲ့အခ်ိန္ ႏုိ႕တိုက္ရင္ေတာင္ အဲဒီ ပိုးေတြ ကေလးဆီမေရာက္ႏုိ္င္ပါဘူး။

ဒါေပမယ့္ မိခင္မွာျဖစ္ေနတဲ့ တစ္ခ်ိဳ႔ ကူးစက္ေရာဂါပိုးေတြက ႏုိ႕ထဲကတစ္ဆင့္ ကေလးဆီကို ေရာက္သြားတတ္ပါတယ္။ ဘယ္လို ကူးစက္ေရာဂါေတြမ်ားလဲ ။ ။

HIV( AIDS ) – ဒီ HIV ဗိုင္းရပ္စ္ပိုးဟာ ေရာဂါျဖစ္ေနတဲ့ မိခင္ကေန ကေလးဆီကို ႏုိ႕က တစ္ဆင့္ေရာက္သြားနုိင္တာေၾကာင့္ ဒီလို ေရာဂါခံစားေနရတဲ့ မိခင္ေတြ ကေလးကို လံုးဝႏို႕မတုိက္သင့္ပါဘူး။
   
TB ( တီဘီေရာဂါ) – တီဘီေရာဂါျဖစ္ေနတယ္ ေဆးကုသမႈလည္း မခံယူထားရေသးဘူးဆိုရင္ ကေလးကို မိခင္နုိ႕မတုိက္တာ အေကာင္းဆံုးပါ။ တီဘီေဆးေသာက္ေနတာ ၂ ပတ္ေလာက္ရွိျပီ ကူးစက္နုိင္မႈ မရွိေတာ့ဘူးလို႕ ယူဆရတဲ့  အခါက်ရင္ မိခင္နုိ႔တုိက္လို႕ရပါျပီ။ ကေလးနဲ႔ တုိက္ရိုက္ထိေတြ႕လို႕ ကူးစက္မွာစိုးရင္ ညွစ္ထားတဲ့ မိခင္ႏို႕ကို တိုက္လို႕ရပါတယ္။
   
အသည္းအေရာင္ အသားဝါ A ပိုး– ေသြးကေနတစ္ဆင့္ ကူးစက္တာ မဟုတ္ဘဲ အစားအေသာက္ေတြ၊ ဝမ္းေတြကေန ကူးစက္တာေၾကာင့္ အသည္းေရာင္ အသားဝါ A ပိုး ကူးစက္ခံေနတဲ့ မိခင္ေတြ ကေလးကို ႏုိ႕တိုက္လို႕ရပါတယ္။ ကေလးကို မထိေတြ႔ခင္မွာ လက္ေဆးဖုိ႕ေတာ့လိုတာေပါ့။
   
အသည္းေရာင္ အသားဝါ B ပုိုး၊ – အသည္းေရာင္ အသားဝါ B ပိုးက နုိ႔ရည္ထဲမွာ ရွိေနႏုိင္ပါတယ္။ မတိုက္ဘဲေနတာ အေကာင္းဆံုးပါ။ မိခင္ရဲ႕ သည္းအေရာင္အသားဝါ B ပိုးဟာ ကေလးဆီကို ေမြးလမ္းေၾကာင္းကေန မီးဖြားတဲ့အခ်ိန္မွာ ကူးစက္သြားတတ္တဲ့အတြက္ေၾကာင့္ ေမြးျပီးျပီးခ်င္း ကေလးကို B ပိုး ကာကြယ္ေဆးထိုးေပးထားသင့္ပါတယ္ ။ ကာကြယ္ေဆးထိုးျပီးသြားျပီဆုိရင္ေတာ့ မိခင္ႏုိ္႔တိုက္ခ်င္ တုိက္လို႔ရပါတယ္။ ဆရာဝန္နဲ႔ ေတာ ့အရင္တုိင္ပင္ပါ။
  
အသည္းေရာင္ အသားဝါ C ပုိုး၊ – အသည္းေရာင္ အသားဝါ C ပုိုး က မိခင္ႏုိ႕ကေန ကေလးဆီကို မေရာက္ႏုိင္တဲ့အတြက္ ႏုိ႕တုိက္လို႕ရပါတယ္။ ဒါေပမယ့္ အသည္းေရာင္အသားဝါ C ပိုး ဆိုတာ ေသြးကေနတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါပိုးဆိုတာ အားလံုးသိၾကမွာပါ။

ဒါ့ေၾကာင့္ C ပုိုးရွိေနတဲ့ မိခင္ ႏို႕သီးေခါင္းကြဲေနတာ ၊နုိ႕အံုမွာ အနာျဖစ္ေနတာမ်ိဳးဆို ကေလးကို နုိ႕မတိုက္သင့္ပါဘူး ဘာအနာမွ ရွိမေနဘူးဆိုရင္ေတာ့ ႏုိ႕တုိက္လို႕ရပါတယ္။
  
 ေရယံုေရာဂါ – နို႕အံုမွာ ေရယံုအနာေတြ ရွိမေနရင္ ေရယံုေရာဂါပိုးရွိေနတဲ့ မိခင္တစ္ေယာက္က ကေလးကို ႏုိ႕တုိက္လို႕ရပါတယ္။ ညွစ္ျပီးသားႏုိ႕ကို ထုတ္ထားျပီး ကေလးကို တိုက္လို႕လည္းရပါတယ္။
 
 ေရေက်ာက္ – မိခင္ေရေက်ာက္ျဖစ္ေနရင္ မိခင္ရဲ႕ ႏုိ႕ထဲမွာ Chicken Pox ဗိုင္းရပ္စ္ပုိးကို အနုိင္တုိက္တဲ့ ပဋိပစၥည္းေတြ ေတာင္ပါလာနုိင္တာေၾကာင့္ ေရေက်ာက္ျဖစ္ေနတဲ့ မိခင္တစ္ေယာက္က ကေလးကို ႏုိ႕တုိက္လို႕ရပါတယ္။

ဒါေပမယ့္ ေရေက်ာက္ဆုိတာ ေလထဲကေနတစ္ဆင့္ လွ်င္ျမန္စြာ ကူးစက္တတ္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္တာေၾကာင့္ ကေလးနဲ႔ တိုက္ရိုက္ မထိေတြ႕ေအာင္လို႔ ညွစ္ထုတ္ျပီးသားႏုိ႕ကိုပဲတုိက္ပါ။ ေဆးကုသမႈေသခ်ာခံယူျပီး ကူးစက္မႈ အျမင့္ဆံုး အခ်ိန္ျဖစ္တဲ့ ၂ ပတ္ကို ေက်ာ္လြန္သြားရင္ေတာ ့ကေလးနဲ႔ ထိေတြ႕လို႔ရပါျပီ။ ။
  
 Lyme disease – ဒီလို မႊားေတြ၊ သန္းေတြရဲ႕ ဗုိင္းရပ္စ္ကေန ကူးစက္တတ္တဲ့ Lyme disease ရွိတဲ့ မိခင္ဟာ ကေလးကို ႏုိ႕တိုက္လို႕ရပါတယ္။

ဒီေတာ့ ကူးစက္ေရာဂါတုိင္းဟာ မိခင္ႏုိ႕ကေနျဖတ္ျပီး မိခင္ကေန ကေလးဆီကုိ မေရာက္ႏုိ္င္ပါဘူး။ တစ္ခုရွိတာက ကိုယ့္မွာလည္း ကူးစက္တတ္တဲ့ေရာဂါေတြရွိေနတယ္ ကေလးကိုလည္း ႏို႕တုိက္ခ်င္တယ္ဆိုရင္ ဆရာဝန္နဲ႔ အရင္ဆံုးေဆြးေႏြးျပီးမွ ႏုိ႔တုိက္တာ အေကာင္းဆံုးပါ ။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရင်သွေးလေးတွေ မွေးဖွားပြီးရင် မိခင်နို့တိုက်ကျွေးရတာထုံးစံပါ။ သူတို့လေးတွေ အတွက် မိခင်နို့ကနေသာ အာဟာရတွေ အပြည့်ရနိုင်တာမဟုတ်လား။ ဒါပေမယ့် မိခင်မှာ ကူးစက်တတ်တဲ့ရောဂါတစ်ခုခု ရှိနေပြီဆိုရင် ရောဂါပိုးတွေက မိခင်နို့ထဲကနေ ကလေးဆီကို ရောက်သွားနိုင်တာကြောင့် ကလေးနို့တိုက်လို့ ရပါဦးမလား။
ဘယ်လို ရောဂါရှိနေတဲ့ မေမေတို့ ကလေးကို နို့တိုက်လို့မရဘူးလဲ။ ဘယ်သူတွေကရလဲ ။ ။

မေမေတို့ ဖျားတဲ့အချိန်၊ တုပ်ကွေးမိနေတဲ့ အချိန်ကလေးကို နို့တိုက်ရင် ကလေးဆီကို အဖျားမကူးစက်နိုင်ပါဘူး။ နို့ချောင်းပိတ်လို့ ပိုးဝင်ပြီး နို့အုံရောင်နေတဲ့အချိန် နို့တိုက်ရင်တောင် အဲဒီ ပိုးတွေ ကလေးဆီမရောက်နိုင်ပါဘူး။

ဒါပေမယ့် မိခင်မှာဖြစ်နေတဲ့ တစ်ချို့ ကူးစက်ရောဂါပိုးတွေက နို့ထဲကတစ်ဆင့် ကလေးဆီကို ရောက်သွားတတ်ပါတယ်။ ဘယ်လို ကူးစက်ရောဂါတွေများလဲ ။ ။

HIV( AIDS ) – ဒီ HIV ဗိုင်းရပ်စ်ပိုးဟာ ရောဂါဖြစ်နေတဲ့ မိခင်ကနေ ကလေးဆီကို နို့က တစ်ဆင့်ရောက်သွားနိုင်တာကြောင့် ဒီလို ရောဂါခံစားနေရတဲ့ မိခင်တွေ ကလေးကို လုံးဝနို့မတိုက်သင့်ပါဘူး။
   
TB ( တီဘီရောဂါ) – တီဘီရောဂါဖြစ်နေတယ် ဆေးကုသမှုလည်း မခံယူထားရသေးဘူးဆိုရင် ကလေးကို မိခင်နို့မတိုက်တာ အကောင်းဆုံးပါ။ တီဘီဆေးသောက်နေတာ ၂ ပတ်လောက်ရှိပြီ ကူးစက်နိုင်မှု မရှိတော့ဘူးလို့ ယူဆရတဲ့  အခါကျရင် မိခင်နို့တိုက်လို့ရပါပြီ။ ကလေးနဲ့ တိုက်ရိုက်ထိတွေ့လို့ ကူးစက်မှာစိုးရင် ညှစ်ထားတဲ့ မိခင်နို့ကို တိုက်လို့ရပါတယ်။
   
အသည်းအရောင် အသားဝါ A ပိုး– သွေးကနေတစ်ဆင့် ကူးစက်တာ မဟုတ်ဘဲ အစားအသောက်တွေ၊ ဝမ်းတွေကနေ ကူးစက်တာကြောင့် အသည်းရောင် အသားဝါ A ပိုး ကူးစက်ခံနေတဲ့ မိခင်တွေ ကလေးကို နို့တိုက်လို့ရပါတယ်။ ကလေးကို မထိတွေ့ခင်မှာ လက်ဆေးဖို့တော့လိုတာပေါ့။
   
အသည်းရောင် အသားဝါ B ပိုး၊ – အသည်းရောင် အသားဝါ B ပိုးက နို့ရည်ထဲမှာ ရှိနေနိုင်ပါတယ်။ မတိုက်ဘဲနေတာ အကောင်းဆုံးပါ။ မိခင်ရဲ့ သည်းအရောင်အသားဝါ B ပိုးဟာ ကလေးဆီကို မွေးလမ်းကြောင်းကနေ မီးဖွားတဲ့အချိန်မှာ ကူးစက်သွားတတ်တဲ့အတွက်ကြောင့် မွေးပြီးပြီးချင်း ကလေးကို B ပိုး ကာကွယ်ဆေးထိုးပေးထားသင့်ပါတယ် ။ ကာကွယ်ဆေးထိုးပြီးသွားပြီဆိုရင်တော့ မိခင်နို့်တိုက်ချင် တိုက်လို့ရပါတယ်။ ဆရာဝန်နဲ့ တော့အရင်တိုင်ပင်ပါ။
  
အသည်းရောင် အသားဝါ C ပိုး၊ – အသည်းရောင် အသားဝါ C ပိုး က မိခင်နို့ကနေ ကလေးဆီကို မရောက်နိုင်တဲ့အတွက် နို့တိုက်လို့ရပါတယ်။ ဒါပေမယ့် အသည်းရောင်အသားဝါ C ပိုး ဆိုတာ သွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဆိုတာ အားလုံးသိကြမှာပါ။

ဒါ့ကြောင့် C ပိုးရှိနေတဲ့ မိခင် နို့သီးခေါင်းကွဲနေတာ ၊နို့အုံမှာ အနာဖြစ်နေတာမျိုးဆို ကလေးကို နို့မတိုက်သင့်ပါဘူး ဘာအနာမှ ရှိမနေဘူးဆိုရင်တော့ နို့တိုက်လို့ရပါတယ်။
  
 ရေယုံရောဂါ – နို့အုံမှာ ရေယုံအနာတွေ ရှိမနေရင် ရေယုံရောဂါပိုးရှိနေတဲ့ မိခင်တစ်ယောက်က ကလေးကို နို့တိုက်လို့ရပါတယ်။ ညှစ်ပြီးသားနို့ကို ထုတ်ထားပြီး ကလေးကို တိုက်လို့လည်းရပါတယ်။
 
 ရေကျောက် – မိခင်ရေကျောက်ဖြစ်နေရင် မိခင်ရဲ့ နို့ထဲမှာ Chicken Pox ဗိုင်းရပ်စ်ပိုးကို အနိုင်တိုက်တဲ့ ပဋိပစ္စည်းတွေ တောင်ပါလာနိုင်တာကြောင့် ရေကျောက်ဖြစ်နေတဲ့ မိခင်တစ်ယောက်က ကလေးကို နို့တိုက်လို့ရပါတယ်။

ဒါပေမယ့် ရေကျောက်ဆိုတာ လေထဲကနေတစ်ဆင့် လျှင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် ကလေးနဲ့ တိုက်ရိုက် မထိတွေ့အောင်လို့ ညှစ်ထုတ်ပြီးသားနို့ကိုပဲတိုက်ပါ။ ဆေးကုသမှုသေချာခံယူပြီး ကူးစက်မှု အမြင့်ဆုံး အချိန်ဖြစ်တဲ့ ၂ ပတ်ကို ကျော်လွန်သွားရင်တော့ကလေးနဲ့ ထိတွေ့လို့ရပါပြီ။ ။
  
 Lyme disease – ဒီလို မွှားတွေ၊ သန်းတွေရဲ့ ဗိုင်းရပ်စ်ကနေ ကူးစက်တတ်တဲ့ Lyme disease ရှိတဲ့ မိခင်ဟာ ကလေးကို နို့တိုက်လို့ရပါတယ်။

ဒီတော့ ကူးစက်ရောဂါတိုင်းဟာ မိခင်နို့ကနေဖြတ်ပြီး မိခင်ကနေ ကလေးဆီကို မရောက်နိုင်ပါဘူး။ တစ်ခုရှိတာက ကိုယ့်မှာလည်း ကူးစက်တတ်တဲ့ရောဂါတွေရှိနေတယ် ကလေးကိုလည်း နို့တိုက်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးပြီးမှ နို့တိုက်တာ အကောင်းဆုံးပါ ။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top