iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးဆုိတာမ်ိဳးက အေခ်ာ့ႀကိဳက္တယ္၊ ကိုယ့္ကို အလိုလိုက္တာမ်ိဳးကို သေဘာက်ၾကပါတယ္။ ကိုယ့္ကို ဦးစားေပးသလို သည္းသည္းလႈပ္ ခ်စ္ျပတဲ့ ေယာက္်ားမ်ိဳးဆုိရင္ ေၾကြမွာပဲမဟုတ္လား။ ဒါေပမဲ့ ဒီလိုလူမ်ိဳးေတြဟာ ယံုခ်င္စရာမေကာင္းဆံုး ေယာက္်ားေတြပါ။ သည္းသည္းလႈပ္ခ်စ္ျပတဲ့ ေယာက္်ားတစ္ေယာက္နဲ႔ ေတြ႔ၿပီဆုိ ဒီအခ်က္ေတြကိုသာ ေတြးၾကည့္လိုက္ပါ။

၁။ ျငင္းခံုမႈမ႐ွိတာ

ကိုယ္နဲ႔သူ႔ၾကားမွာ အျငင္းပြားစရာ တစ္ခုခု ျဖစ္လာၿပီဆုိပါစို႔။ ဥပမာ ေဘာပြဲေလာင္းမိတာမ်ိဳးေပါ့။ အဲ့ဒီအခါ ” ငါက ေယာက်္ားေလးပဲ ဒါမ်ိဳးေတာ့ အနည္းအက်ဥ္း လုပ္မိမွာပဲ” ဆိုၿပီး ေျပာလာရင္ စိတ္မဆိုးလိုက္ပါနဲ႔။ သူက အမွန္ေျပာေနတာပါ။ ဒီလိုမွမဟုတ္ဘဲ ကိုယ္ေျပာတာကို စသလိုေနာက္သလိုနဲ႔ စကားလမ္းေၾကာင္းလႊဲပစ္တာမ်ိဳးက ေနာက္ကြယ္မွာ ထင္တုိင္းႀကဲမယ့္သေဘာပါပဲ။

၂။ ကိုယ္အလုပ္မ်ားေနရင္ စိတ္ေကာက္တယ္

ခ်စ္သူေကာင္း ေယာက္်ားေကာင္းဆုိတာ ကိုယ့္ေကာင္မေလး အလုပ္မ်ားေနရင္ နားလည္ေပးတတ္တာခ်ည္းပါပဲ။ အလုပ္ေတြကို ပစ္ထားၿပီး အခ်ိန္႐ွိသ၍ အနားမွာပဲေနခ်င္တယ္လို႔ ေတာင္းဆိုလာမယ္ဆုိ သင္ ယံုႏိုင္ပါ့မလား။

၃။ ကိုယ္မႀကိဳက္တဲ့လက္ေဆာင္ေတြဝယ္ေပးတယ္

ကိုယ္က ဒါေတြမႀကိဳက္လုိ႔ မသံုးပါဘူးဆုိတာေတာင္ သူက အဆက္မျပတ္ ဝယ္ေပးေနတယ္ဆုိတာ သင့္ကို သူ႔အႀကိဳက္ေျပာင္းလဲေနတာပါ။ ကိုယ္က ဆံပင္႐ွည္တာ မႀကိဳက္ေပမယ့္ သူက ေခါင္းစည္းႀကိဳး ဝယ္ေပးမွေတာ့ ဆံပင္အတုိညႇပ္လို႔ မရေတာ့ဘူးေလ။ သူေပးတာေလး သံုးျပဖို႔ ဆံပင္႐ွည္ထားရတယ္မဟုတ္လား။

၄။ ကိုယ့္ကိုပဲေရြးခိုင္းတယ္

ဘယ္သြားမလဲ၊ ဘာလုပ္မလဲ၊ ဘာစားမလဲဆုိၿပီး ကိုယ့္ကိုပဲ ေရြးခ်ယ္ခိုင္းေနတာက ခ်စ္လို႔ ဦးစားေပးတာမ်ိဳး ဟုတ္ခ်င္မွ ဟုတ္မွာပါ။ ဘာလို႔လဲဆုိေတာ့ လူတိုင္းမွာ အႀကိဳက္ကိုယ္စီ႐ွိၾကတာခ်ည္းပါပဲ။ ကိုယ့္ေရွ႕မွာ ကိုယ့္အႀကိဳက္ေတြခ်ည္း တမင္လုပ္ျပေနတာဟာ သိပ္ၿပီးမ႐ိုးသားတဲ့သေဘာပါပဲ။

၅။ ရည္းစားေဟာင္းေတြကို မေကာင္းေျပာတယ္

ကိုယ္နဲဲ႔ေတြ႕တဲ့အခ်ိန္မွာ ျပတ္သြားတဲဲ့ရည္းစားေတြကို မေကာင္းေျပာတာ ေယာက္်ားေကာင္းေတြရဲ႕အက်င့္နဲ႔ မညီပါဘူး။ သူတုိ႔ကို မေကာင္းေျပာၿပီး ကိုယ့္ကိုအတင္းကာေရာ အေကာင္းေျပာေနတာမ်ိဳးကို မ်က္စိမွိတ္ မယံုလိုက္ပါနဲ႔။ ကိုယ့္ဆီက တစ္ခုခုေတာင္းဆုိတာမ်ိဳး လုပ္လာပါလိမ့္မယ္။ အခန္႔႔မသင့္လို႔ ကိုယ္နဲ႔လမ္းခြဲလုိက္ရင္ေတာင္ ေနာက္လူကို ကိုယ့္အေၾကာင္း ဘယ္လိုေတြေျပာမလဲဆုိတာ ေတြးမိရင္ ရင္ေမာစရာႀကီးပါ။

၆။ အခ်စ္ကလြဲၿပီး တျခားမေျပာဘူး

တကယ္ခ်စ္ၿပီဆုိ ဘဝကို အတူျဖတ္သန္းဖုိ႔ ႀကိဳးစားၾကတာခ်ည္းပါပဲ။ တစ္ေန႔တစ္ေန႔ ဘယ္ေလာက္ခ်စ္တယ္၊ ဘယ္လိုခ်စ္တယ္ဆုိတာပဲ အဆက္မျပတ္ေျပာၿပီး ဘဝကို အတူရင္ဆိုင္ဖုိ႔ တစ္ခြန္းမွ မဟတာဟာ မေရရာတဲ့အနာဂတ္ကို ေထြးေပြ႔ထားရသလိုပါပဲ။

Credit: Original Uploader
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးဆိုတာမျိုးက အချော့ကြိုက်တယ်၊ ကိုယ့်ကို အလိုလိုက်တာမျိုးကို သဘောကျကြပါတယ်။ ကိုယ့်ကို ဦးစားပေးသလို သည်းသည်းလှုပ် ချစ်ပြတဲ့ ယောက်ျားမျိုးဆိုရင် ကြွေမှာပဲမဟုတ်လား။ ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ ယုံချင်စရာမကောင်းဆုံး ယောက်ျားတွေပါ။ သည်းသည်းလှုပ်ချစ်ပြတဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ပြီဆို ဒီအချက်တွေကိုသာ တွေးကြည့်လိုက်ပါ။

၁။ ငြင်းခုံမှုမရှိတာ

ကိုယ်နဲ့သူ့ကြားမှာ အငြင်းပွားစရာ တစ်ခုခု ဖြစ်လာပြီဆိုပါစို့။ ဥပမာ ဘောပွဲလောင်းမိတာမျိုးပေါ့။ အဲ့ဒီအခါ ” ငါက ယောကျ်ားလေးပဲ ဒါမျိုးတော့ အနည်းအကျဉ်း လုပ်မိမှာပဲ” ဆိုပြီး ပြောလာရင် စိတ်မဆိုးလိုက်ပါနဲ့။ သူက အမှန်ပြောနေတာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ပြောတာကို စသလိုနောက်သလိုနဲ့ စကားလမ်းကြောင်းလွှဲပစ်တာမျိုးက နောက်ကွယ်မှာ ထင်တိုင်းကြဲမယ့်သဘောပါပဲ။

၂။ ကိုယ်အလုပ်များနေရင် စိတ်ကောက်တယ်

ချစ်သူကောင်း ယောက်ျားကောင်းဆိုတာ ကိုယ့်ကောင်မလေး အလုပ်များနေရင် နားလည်ပေးတတ်တာချည်းပါပဲ။ အလုပ်တွေကို ပစ်ထားပြီး အချိန်ရှိသ၍ အနားမှာပဲနေချင်တယ်လို့ တောင်းဆိုလာမယ်ဆို သင် ယုံနိုင်ပါ့မလား။

၃။ ကိုယ်မကြိုက်တဲ့လက်ဆောင်တွေဝယ်ပေးတယ်

ကိုယ်က ဒါတွေမကြိုက်လို့ မသုံးပါဘူးဆိုတာတောင် သူက အဆက်မပြတ် ဝယ်ပေးနေတယ်ဆိုတာ သင့်ကို သူ့အကြိုက်ပြောင်းလဲနေတာပါ။ ကိုယ်က ဆံပင်ရှည်တာ မကြိုက်ပေမယ့် သူက ခေါင်းစည်းကြိုး ဝယ်ပေးမှတော့ ဆံပင်အတိုညှပ်လို့ မရတော့ဘူးလေ။ သူပေးတာလေး သုံးပြဖို့ ဆံပင်ရှည်ထားရတယ်မဟုတ်လား။

၄။ ကိုယ့်ကိုပဲရွေးခိုင်းတယ်

ဘယ်သွားမလဲ၊ ဘာလုပ်မလဲ၊ ဘာစားမလဲဆိုပြီး ကိုယ့်ကိုပဲ ရွေးချယ်ခိုင်းနေတာက ချစ်လို့ ဦးစားပေးတာမျိုး ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ အကြိုက်ကိုယ်စီရှိကြတာချည်းပါပဲ။ ကိုယ့်ရှေ့မှာ ကိုယ့်အကြိုက်တွေချည်း တမင်လုပ်ပြနေတာဟာ သိပ်ပြီးမရိုးသားတဲ့သဘောပါပဲ။

၅။ ရည်းစားဟောင်းတွေကို မကောင်းပြောတယ်

ကိုယ်နဲ့တွေ့တဲ့အချိန်မှာ ပြတ်သွားတဲ့ရည်းစားတွေကို မကောင်းပြောတာ ယောက်ျားကောင်းတွေရဲ့အကျင့်နဲ့ မညီပါဘူး။ သူတို့ကို မကောင်းပြောပြီး ကိုယ့်ကိုအတင်းကာရော အကောင်းပြောနေတာမျိုးကို မျက်စိမှိတ် မယုံလိုက်ပါနဲ့။ ကိုယ့်ဆီက တစ်ခုခုတောင်းဆိုတာမျိုး လုပ်လာပါလိမ့်မယ်။ အခန့့်မသင့်လို့ ကိုယ်နဲ့လမ်းခွဲလိုက်ရင်တောင် နောက်လူကို ကိုယ့်အကြောင်း ဘယ်လိုတွေပြောမလဲဆိုတာ တွေးမိရင် ရင်မောစရာကြီးပါ။

၆။ အချစ်ကလွဲပြီး တခြားမပြောဘူး

တကယ်ချစ်ပြီဆို ဘဝကို အတူဖြတ်သန်းဖို့ ကြိုးစားကြတာချည်းပါပဲ။ တစ်နေ့တစ်နေ့ ဘယ်လောက်ချစ်တယ်၊ ဘယ်လိုချစ်တယ်ဆိုတာပဲ အဆက်မပြတ်ပြောပြီး ဘဝကို အတူရင်ဆိုင်ဖို့ တစ်ခွန်းမှ မဟတာဟာ မရေရာတဲ့အနာဂတ်ကို ထွေးပွေ့ထားရသလိုပါပဲ။

Credit: Original Uploader
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top