iMyanmarHouse.com - Best Property Website for Myanmar
×


လင္မယားၾကားမွာ အိမ္ ေထာင္သက္ဘယ္ေလာက္ၾကာၾကာ အနမ္းေလးေတြ ခ်ိဳေနဖုိ႔ လိုပါတယ္။ အနမ္းခ်ိဳခ်ိဳေလးေတြ အျမဲတမ္း ပိုင္ေနဖို႔ Marry က ေျပာျပထားတာေတြ မေမ့လိုက္နဲ႔ေနာ္။

စံုတြဲေလးတို႔လင္မယားၾကားမွာ အနမ္းခ်ိဳဳခ်ိဳေလးေတြ အျမဲရွိေနဖုိ႔ လိုတယ္ေလေနာ္။ လင္မယားၾကားမွာ အနမ္းခ်ိဳခ်ိဳေလးေတြ အျမဲရွိေနမွသာ အိမ္ေထာင္ေရးမွာ အဆင္ေျပမွာမလား။ ဒီလို အနမ္းခ်ိဳခ်ိဳေလးေတြ ျဖစ္ေနေစဖို႔ ႏွစ္ေယာက္စလံုး ႀကိဳးစားရမွာပါ။ ဘယ္လိုအခ်က္ေလးေတြနဲ႔ ႀကိဳးစားရမလဲဆိုတာ ေျပာျပမယ္ေနာ္။

စိတ္ၾကည္လင္ေနဖို႔

လင္မယားၾကားမွာ စိတ္ၾကည္လင္ေနဖုိ႔ အရမ္းအေရးႀကီးပါတယ္။ စိတ္ၾကည္ေနဖို႔ဆိုတာကလည္း အလုပ္ကိစၥေတြ အဆင္ေျပဖို႔ လိုသလို လင္မယား အခ်င္းခ်င္းလည္း စိတ္ၾကည္လင္ၿပီး အခ်စ္စိတ္ေတြ ရွိေနဖုိ႔ လိုပါတယ္။ ဒါမွပဲ အျမင္ၾကည္ႏိုင္မယ္ေလေနာ္။ ဒီေတာ့ အရင္ဆံုး တစ္ေယာက္စိတ္ကို တစ္ေယာက္ နားလည္ေပးပါ။ ဒါမွ အနမ္းခ်ိဳႏိုင္မွာပါ။

အခ်ိန္ေပးဖို႔

လင္မယားၾကားမွာ အနမ္းခ်ိဳခ်ိဳေလးေတြ ရွိေစခ်င္တယ္ဆိုရင္ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္ေပးဖို႔ လိုပါတယ္။ ႏွစ္ေယာက္ဆံုတဲ့အခ်ိန္မွာ အခ််ိန္ေပးပါ။ လင္မယား ႏွစ္ေယာက္ေတာ့ ဆံုပါရဲ႕ ဖုန္းေတြသံုး၊ ဂိမ္းေတြပဲ ေဆာ့ေနၿပီး အခ်ိန္မေပးရင္လည္း အဆင္မေျပဘူးေလေနာ္။ ဒီလိုဆိုရင္ ရင္ခုန္သံေတြ ေအးစက္လာၿပီး အခ်စ္ေလ်ာ့သြားမွာပါ။

အနမ္းခ်ိဳခ်ိဳေလး ဖန္တီးဖို႔

အနမ္းခ်ိဳခ်ိဳေလး ဖန္တီးဖို႔ဆိုရင္ အေပၚမွာ ေျပာျပထားတဲ့ အခ်က္(၂) ခ်က္အျပင္ အနမ္းခ်ိဳခ်ိဳေလး ဖန္တီးဖို႔အတြက္ ျပင္ဆင္ထားရမွာေတြ ရွိပါတယ္။ အနမ္းခ်ိဳခ်ိဳေလး ဖန္တီးဖို႔အတြက္ ကိုယ့္ရဲ႕ ႏႈတ္ခမ္းသားေလးေတြက အိမ္ေထာင္ဘက္အတြက္ ႏူးညံ့ၿပီး နမ္းခ်င္စရာ ျဖစ္ေအာင္ ဖန္တီးထားပါ။ ႏႈတ္ခမ္းသားေလး ႏူးညံ့ေနေအာင္ Scrub လုပ္တာမ်ိဳးေလးေတြ လုပ္ပါ။ ႏႈတ္ခမ္းသားေလးေတြ ရဲေနေအာင္ လုပ္ထားရင္ ပိုဆြဲေဆာင္မႈ ရွိေနမွာပါေနာ္။ အနမ္းခ်ိဳခ်ိဳေလး တပြင့္ ပိုင္ဆိုင္ရမွာပါ။

ခံတြင္းနံ႔ ရွင္းေနေအာင္

စံုတြဲေလးတို႔ အေနနဲ႔ ခံတြင္းနံ႔ ရွင္းေနေအာင္ ေဆာင္ရြက္ထားဖို႔လည္း လုိပါတယ္ေနာ္။ ဘယ္ေလာက္ခ်စ္ခ်စ္ မလွတာ၊ ဆိုးတာကိုေတာ့ မႀကိဳက္ၾကဘူးေလ။ ဒီေတာ့ ကိုကိုတုိ႔လည္း ေဆးလိပ္နံ႔၊ ကြမ္းနံ႔ေတြ မရွိေအာင္ ႀကိဳတင္ျပင္ဆင္ထားပါ။ ပူရွိန္းစားတာ၊ ပီေကစားတာေတြကလည္း ခံတြင္းနံ႔ မဆိုးေစဘူးေလေနာ္။ ဒီေတာ့ ခ်ိဳၿမိန္တဲ့ အနမ္းျဖစ္ၿပီေပါ့။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လင်မယားကြားမှာ အိမ်ထောင်သက်ဘယ်လောက်ကြာကြာ အနမ်းလေးတွေ ချိုနေဖို့ လိုပါတယ်။ အနမ်းချိုချိုလေးတွေ အမြဲတမ်း ပိုင်နေဖို့ Marry က ပြောပြထားတာတွေ မမေ့လိုက်နဲ့နော်။

စုံတွဲလေးတို့လင်မယားကြားမှာ အနမ်းချိုုချိုလေးတွေ အမြဲရှိနေဖို့ လိုတယ်လေနော်။ လင်မယားကြားမှာ အနမ်းချိုချိုလေးတွေ အမြဲရှိနေမှသာ အိမ်ထောင်ရေးမှာ အဆင်ပြေမှာမလား။ ဒီလို အနမ်းချိုချိုလေးတွေ ဖြစ်နေစေဖို့ နှစ်ယောက်စလုံး ကြိုးစားရမှာပါ။ ဘယ်လိုအချက်လေးတွေနဲ့ ကြိုးစားရမလဲဆိုတာ ပြောပြမယ်နော်။

စိတ်ကြည်လင်နေဖို့

လင်မယားကြားမှာ စိတ်ကြည်လင်နေဖို့ အရမ်းအရေးကြီးပါတယ်။ စိတ်ကြည်နေဖို့ဆိုတာကလည်း အလုပ်ကိစ္စတွေ အဆင်ပြေဖို့ လိုသလို လင်မယား အချင်းချင်းလည်း စိတ်ကြည်လင်ပြီး အချစ်စိတ်တွေ ရှိနေဖို့ လိုပါတယ်။ ဒါမှပဲ အမြင်ကြည်နိုင်မယ်လေနော်။ ဒီတော့ အရင်ဆုံး တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပေးပါ။ ဒါမှ အနမ်းချိုနိုင်မှာပါ။

အချိန်ပေးဖို့

လင်မယားကြားမှာ အနမ်းချိုချိုလေးတွေ ရှိစေချင်တယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးဖို့ လိုပါတယ်။ နှစ်ယောက်ဆုံတဲ့အချိန်မှာ အချျိန်ပေးပါ။ လင်မယား နှစ်ယောက်တော့ ဆုံပါရဲ့ ဖုန်းတွေသုံး၊ ဂိမ်းတွေပဲ ဆော့နေပြီး အချိန်မပေးရင်လည်း အဆင်မပြေဘူးလေနော်။ ဒီလိုဆိုရင် ရင်ခုန်သံတွေ အေးစက်လာပြီး အချစ်လျော့သွားမှာပါ။

အနမ်းချိုချိုလေး ဖန်တီးဖို့

အနမ်းချိုချိုလေး ဖန်တီးဖို့ဆိုရင် အပေါ်မှာ ပြောပြထားတဲ့ အချက်(၂) ချက်အပြင် အနမ်းချိုချိုလေး ဖန်တီးဖို့အတွက် ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။ အနမ်းချိုချိုလေး ဖန်တီးဖို့အတွက် ကိုယ့်ရဲ့ နှုတ်ခမ်းသားလေးတွေက အိမ်ထောင်ဘက်အတွက် နူးညံ့ပြီး နမ်းချင်စရာ ဖြစ်အောင် ဖန်တီးထားပါ။ နှုတ်ခမ်းသားလေး နူးညံ့နေအောင် Scrub လုပ်တာမျိုးလေးတွေ လုပ်ပါ။ နှုတ်ခမ်းသားလေးတွေ ရဲနေအောင် လုပ်ထားရင် ပိုဆွဲဆောင်မှု ရှိနေမှာပါနော်။ အနမ်းချိုချိုလေး တပွင့် ပိုင်ဆိုင်ရမှာပါ။

ခံတွင်းနံ့ ရှင်းနေအောင်

စုံတွဲလေးတို့ အနေနဲ့ ခံတွင်းနံ့ ရှင်းနေအောင် ဆောင်ရွက်ထားဖို့လည်း လိုပါတယ်နော်။ ဘယ်လောက်ချစ်ချစ် မလှတာ၊ ဆိုးတာကိုတော့ မကြိုက်ကြဘူးလေ။ ဒီတော့ ကိုကိုတို့လည်း ဆေးလိပ်နံ့၊ ကွမ်းနံ့တွေ မရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။ ပူရှိန်းစားတာ၊ ပီကေစားတာတွေကလည်း ခံတွင်းနံ့ မဆိုးစေဘူးလေနော်။ ဒီတော့ ချိုမြိန်တဲ့ အနမ်းဖြစ်ပြီပေါ့။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top