iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ခင္းႏုိးလာလို႔ ေခါင္းေတြေနာက္ေနတဲ့အခါ အဆိုပါ ခံစားမႈက တစ္ေန႔လံုးကို အေႏွာင့္အယွက္ေပးပါတယ္။ အဲဒီ့ေန႔မွာ အားစိုက္လုပ္ရမယ့္ အလုပ္ေတြရွိေနတယ္ဆိုရင္ ပိုအဆင္မေျပပါဘူး။ မနက္ခင္း ေခါင္းေတြေနာက္ေနရတဲ့ အေၾကာင္းအရင္း အမ်ိဳးမ်ိဳး ရွိပါတယ္။

၁ - endorphin ေဟာ္မုန္းနည္းပါးမႈ

endorphin ေဟာ္မုန္းဟာ ခႏၶာကိုယ္ကို ေက်နပ္ေပ်ာ္ရႊင္ေနေစမယ့္ ေဟာ္မုန္းျဖစ္ျပီး အဆုိပါ ေဟာ္မုန္းဟာ မနက္ခင္းမွာ အနိမ့္ဆံုးအဆင့္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ endorphin ေဟာ္မုန္းနည္းပါးျခင္းဟာ ဦးေႏွာက္ေပၚသက္ေရာက္မႈရွိလာပါတယ္။ ေသြးစီးဆင္းမႈ ေလ်ာ့က်သြားတဲ့အခါ ဦးေခါင္းကိုက္ခဲမႈေတြ ျဖစ္ေပၚလာတာပါ။ ဒီလိုျဖစ္စဥ္ဟာ လူအခ်ိဳ႕မွာပဲ ျဖစ္ပြားျပီး မနက္ခင္းေလ့က်င့္ခန္းလုပ္ျခင္းက သက္သာေစပါတယ္။

(သင္စိတ္ဝင္စားႏုိင္တဲ့သတင္း -ေသြးလွဴျခင္း၏ က်န္းမာေရးေကာင္းက်ိဳးမ်ား )

၂ - ေဟာက္ျခင္း

အဆက္မျပတ္ ေဟာက္ျခင္းဟာလည္း မနက္ထတဲ့အခါ ေခါင္းေတြ မၾကည္လင္မႈကို ျဖစ္ေစပါတယ္။ အိပ္ေနစဥ္မွာ အသက္ရႈလမ္းေၾကာင္းပိတ္ျပီး ေလရရွိမႈ မလံုေလာက္တာေၾကာင့္ ေဟာက္တာျဖစ္ပါတယ္။ ဦးေႏွာက္ထံ ေအာက္ဆီဂ်င္ေရာက္ရွိမႈ နည္းပါးသြားျပီး ေခါင္းကုိက္ခဲမႈေတြျဖစ္လာပါတယ္။ ဒါေပမယ့္ အဆုိပါအေၾကာင္းအရင္းဟာ ေသခ်ာေရရာျခင္းေတာ့ မရွိပါဘူး။

၃ - ေကာ္ဖီ

မအိပ္ခင္ ေကာ္ဖီေတြ ေတာက္ေလွ်ာက္ေသာက္ေနတာေၾကာင့္ ျဖစ္ပါတယ္။ မိုးလင္းလာေတာ့လည္း ေကာ္ဖီအလြန္အကၽြံေသာက္တာေၾကာင့္ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ ဦးေႏွာက္တြင္း ေသြးစီးဆင္းမႈ အလြန္မ်ားျပီး ဖိအားမ်ားကာ ေခါင္းကိုက္တာ ျဖစ္ပါတယ္။ ေကာ္ဖီေသာက္တဲ့အက်င့္ဟာ ၾကာရွည္ရွိလာျပီးမွ ရုတ္တရက္ လံုးဝမေသာက္ေတာ့ဘဲ ျဖတ္လိုက္ရင္လည္း ေခါင္းေတြ မူးေနာက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေကာ္ဖီျဖတ္မယ္ဆို ျဖည္းျဖည္းခ်င္းအေသာက္ေလွ်ာ့ကာ ျဖတ္သင့္ပါတယ္။

၄ - အိပ္ေရးမဝလို႔

ခႏၶာကိုယ္ဟာ ပံုမွန္လုပ္ေဆာင္ႏုိင္ဖို႔ အိပ္ခ်ိန္ ပွ်မ္းမွ်အားျဖင့္ ၇ နာရီကေန ၈ နာရီလိုပါတယ္။ လံုေလာက္တဲ့ အားအင္ျပန္လည္ျဖည့္တင္းမႈမရတဲ့အခါ ေခါင္းကိုက္ေခါင္းမူးတာေတြ ပိုျဖစ္လာပါတယ္။

၅ - ေသြးတုိးေနလို႔

ေသြးတုိးေနတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ေသြးစီးဆင္းမႈျမန္ျပီး ဦးေႏွာက္ကို ပိုမိုဖိအားေပးေနတာ ျဖစ္ပါတယ္။ ေသြးတုိးလာျပီဆုိရင္ ေခါင္းေတြက ကိုက္ေနတတ္ပါတယ္။ ဒါေပမယ့္ အိပ္ရာထထခ်င္းျဖစ္တာေၾကာင့္ ဒီအခ်က္ကို သတိမျပဳမိဘဲ ျဖစ္ေနတတ္ပါတယ္။

Credit: MM
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မနက်ခင်းနိုးလာလို့ ခေါင်းတွေနောက်နေတဲ့အခါ အဆိုပါ ခံစားမှုက တစ်နေ့လုံးကို အနှောင့်အယှက်ပေးပါတယ်။ အဲဒီ့နေ့မှာ အားစိုက်လုပ်ရမယ့် အလုပ်တွေရှိနေတယ်ဆိုရင် ပိုအဆင်မပြေပါဘူး။ မနက်ခင်း ခေါင်းတွေနောက်နေရတဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။

၁ - endorphin ဟော်မုန်းနည်းပါးမှု

endorphin ဟော်မုန်းဟာ ခန္ဓာကိုယ်ကို ကျေနပ်ပျော်ရွှင်နေစေမယ့် ဟော်မုန်းဖြစ်ပြီး အဆိုပါ ဟော်မုန်းဟာ မနက်ခင်းမှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ endorphin ဟော်မုန်းနည်းပါးခြင်းဟာ ဦးနှောက်ပေါ်သက်ရောက်မှုရှိလာပါတယ်။ သွေးစီးဆင်းမှု လျော့ကျသွားတဲ့အခါ ဦးခေါင်းကိုက်ခဲမှုတွေ ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်စဉ်ဟာ လူအချို့မှာပဲ ဖြစ်ပွားပြီး မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက သက်သာစေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -သွေးလှူခြင်း၏ ကျန်းမာရေးကောင်းကျိုးများ )

၂ - ဟောက်ခြင်း

အဆက်မပြတ် ဟောက်ခြင်းဟာလည်း မနက်ထတဲ့အခါ ခေါင်းတွေ မကြည်လင်မှုကို ဖြစ်စေပါတယ်။ အိပ်နေစဉ်မှာ အသက်ရှုလမ်းကြောင်းပိတ်ပြီး လေရရှိမှု မလုံလောက်တာကြောင့် ဟောက်တာဖြစ်ပါတယ်။ ဦးနှောက်ထံ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးသွားပြီး ခေါင်းကိုက်ခဲမှုတွေဖြစ်လာပါတယ်။ ဒါပေမယ့် အဆိုပါအကြောင်းအရင်းဟာ သေချာရေရာခြင်းတော့ မရှိပါဘူး။

၃ - ကော်ဖီ

မအိပ်ခင် ကော်ဖီတွေ တောက်လျှောက်သောက်နေတာကြောင့် ဖြစ်ပါတယ်။ မိုးလင်းလာတော့လည်း ကော်ဖီအလွန်အကျွံသောက်တာကြောင့် ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဦးနှောက်တွင်း သွေးစီးဆင်းမှု အလွန်များပြီး ဖိအားများကာ ခေါင်းကိုက်တာ ဖြစ်ပါတယ်။ ကော်ဖီသောက်တဲ့အကျင့်ဟာ ကြာရှည်ရှိလာပြီးမှ ရုတ်တရက် လုံးဝမသောက်တော့ဘဲ ဖြတ်လိုက်ရင်လည်း ခေါင်းတွေ မူးနောက်တာမျိုး ဖြစ်တတ်ပါတယ်။ ကော်ဖီဖြတ်မယ်ဆို ဖြည်းဖြည်းချင်းအသောက်လျှော့ကာ ဖြတ်သင့်ပါတယ်။

၄ - အိပ်ရေးမဝလို့

ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ဆောင်နိုင်ဖို့ အိပ်ချိန် ပျှမ်းမျှအားဖြင့် ၇ နာရီကနေ ၈ နာရီလိုပါတယ်။ လုံလောက်တဲ့ အားအင်ပြန်လည်ဖြည့်တင်းမှုမရတဲ့အခါ ခေါင်းကိုက်ခေါင်းမူးတာတွေ ပိုဖြစ်လာပါတယ်။

၅ - သွေးတိုးနေလို့

သွေးတိုးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးစီးဆင်းမှုမြန်ပြီး ဦးနှောက်ကို ပိုမိုဖိအားပေးနေတာ ဖြစ်ပါတယ်။ သွေးတိုးလာပြီဆိုရင် ခေါင်းတွေက ကိုက်နေတတ်ပါတယ်။ ဒါပေမယ့် အိပ်ရာထထချင်းဖြစ်တာကြောင့် ဒီအချက်ကို သတိမပြုမိဘဲ ဖြစ်နေတတ်ပါတယ်။

Credit: MM
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top