iMyanmarHouse.com - Best Property Website for Myanmar
×

လက္ကို မွန္ကန္စြာ ေဆးေၾကာပါ။

ဆပ္ျပာနဲ႔ မၾကာခဏ ထိေတြ႔ျခင္းဟာ သင့္လက္ေတြကို အစိုဓာတ္ေျခာက္ခန္းေစၿပီး အသားအေရ ေျခာက္ေသြ႕အက္ကြဲ ျခင္းေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ထိုသို႔ မျဖစ္ရေလေအာင္ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြကေတာ့ …

မလိုအပ္ဘဲနဲ႔ ပိုးသတ္ေဆး (anti-bacteria)ပါတဲ့ ဆပ္ျပာေတြကို မသုံးပါနဲ႔။ အေမႊးရနံ႔ ပါ၀င္တဲ့ ဆပ္ျပာေတြကို လည္း ေရွာင္က်ဥ္ပါ။ ၄င္းတို႔ဟာ သင့္အသားအေရကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး ေျခာက္ေသြ႕ၾကမ္းတမ္းေစႏိုင္ပါတယ္။ သံလြင္ဆီ၊ jojoba oil နဲ႔ သွ်ားေစာင္းလက္ပတ္တို႔ ပါ၀င္တဲ့ ဆပ္ျပာအမ်ိဳးအစားကို ေရြးခ်ယ္သင့္ပါတယ္။

လက္ရဲ႕ အေရျပားက သဘာ၀အကာအကြယ္ေပးႏိုင္တဲ့ အလႊာကို ထိန္းသိမ္းႏို္င္ဖို႔အတြက္ ေရခပ္ေႏြးေႏြးနဲ႔သာ ေဆးေၾကာသင့္ၿပီး ေရပူကိုေတာ့ ေရွာင္က်ဥ္ရမွာ ျဖစ္ပါတယ္။
လက္အေျခာက္ခံစက္ေတြကို ေရွာင္က်ဥ္ၿပီး လက္သုတ္ပ၀ါ၊ paper towel မ်ားကို အစားထိုး အသုံးျပဳပါ။

လက္အိပ္၀တ္ပါ။

သင့္လက္ေတြဟာ ျပင္ပ ပေရာဂေတြျဖစ္တဲ့ အပူ၊ အေအး၊ ေျခာက္ေသြ႕တဲ့ေလ၊ ဓာတုပစၥည္းမ်ား အစရိွတာေတြနဲ႔ အၿမဲတေစ ထိေတြ႔ေနရပါတယ္။ ထိုသို႔ ထိေတြ႔မႈနဲ႔အညီ လက္အသားအေရ ပ်က္စီးမႈဟာလည္း တစစ မ်ားျပားလာႏိုင္ပါ တယ္။ ဒါေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့ လႈပ္ရွားမႈတိုင္းမွာ လက္အိတ္၀တ္ပါ။

ေအးစိမ့္တဲ့ ရာသီဥတုအတြက္ လည္သာ သို႔မဟုတ္ သိုးေမြးလက္အိတ္ေတြကို ၀တ္ဆင္ၿပီး ေအးစက္တဲ့ေလနဲ႔ ထိေတြ႔ျခင္းက ကာကြယ္ႏိုင္ပါတယ္။

ပန္းကန္ေဆးျခင္း၊ ၾကမ္းတိုက္ျခင္း အစရိွတဲ့ အိမ္မႈကိစၥေတြ ျပဳလုပ္တဲ့အခါ ရာဘာလက္အိတ္ကို ၀တ္ဆင္ပါ။

ဥယ်ာဥ္ၿခံေျမကိစၥေတြျဖစ္တဲ့ ေပါင္းသင္ျခင္း၊ ျမက္ႏႈတ္ျခင္း စတာေတြ ျပဳလုပ္မယ္ဆိုရင္ေတာ့ အ၀တ္လက္အိတ္ကို ၀တ္ဆင္ပါ။

လက္ကို ပုံမွန္အစိုဓာတ္ ျဖည့္တင္းေပးပါ။

hand cream ေကာင္း ရရိွေရးဟာ ရွမ္ပူေတြ၊ ဆပ္ျပာေတြလိုပဲ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေသခ်ာစြာ ေရြးခ်ယ္သုံးစြဲပါ။

အဆိုပါ hand cream ကို လိုအပ္သေလာက္ လိမ္းက်ံေပးပါ။ သို႔ေသာ္ တစ္ေန႔လွ်င္ ႏွစ္ႀကိမ္ (နံနက္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္)ထက္ေတာ့ မေလ်ာ႔နည္းေအာင္ ဂရုစိုက္ လိမ္းေပးပါ။ တကယ္လို႔ သင္ဟာ ေျခာက္ေသြ႕အသား အေရပိုင္ရွင္ျဖစ္ခဲ့ရင္ လက္ေဆးကန္နားမွာ hand cream တစ္ဘူး ထားထားသင့္ၿပီး လက္ေဆးၿပီးတဲ့အခ်ိန္တိုင္းမွာ hand cream ကို လိမ္းေပးသင့္ပါတယ္။ အေကာင္းဆုံး ထိေရာက္မႈ ရရိွဖို႔အတြက္ကေတာ့ hand cream ကို ညအိပ္ခါနီး လိမ္းၿပီး ခ်ည္သားလက္အိတ္စြပ္ကာ အိပ္စက္ျခင္းပဲ ျဖစ္ပါတယ္။

လက္သည္းေတြဟာ အစိုဓာတ္ လိုအပ္ပါတယ္။ သင့္လက္သည္းေလးေတြဟာလည္း အစိုဓာတ္ျဖည့္တင္းေပးဖို႔ လိုအပ္တာေၾကာင့္ ၄င္းတို႔ကိုလည္း hand cream နဲ႔ ပြတ္သပ္လိမ္းေပးသင့္ၿပီး လက္သည္းပန္းကုံးေလးေတြကို ေတာ့ ဗီတာမင္အီးခရင္မ္ လိမ္းေပးသင့္ပါတယ္။
သင့္အသားအေရဟာ အျပင္ဘက္က အစိုဓာတ္ျဖည့္တင္းေပးတာ လိုအပ္သလို အတြင္းဘက္ကေနလည္း ျဖည့္တင္း ေပးဖို႔ လိုအပ္တာေၾကာင့္ ေရလုံေလာက္ေအာင္ ေသာက္ပါ။

ေလထုထဲက စိုထိုင္းမႈကို ထိန္းညိွေပးတဲ့စက္ (humidifier) ထားရိွသင့္ၿပီး ေလထုက ေျခာက္ေသြ႕ေနတဲ့အခါ သင့္ အနားမွာ ဖြင့္ထားသင့္ပါတယ္။

scrub လုပ္ဖို႔ သတိရပါ။

ခရင္မ္မ်ား လိမ္းေပးျခင္းအျပင္ သင့္လက္ကေလးေတြ ႏုနယ္လွပေနဖို႔အတြက္ တစ္ပတ္လွ်င္တစ္ႀကိမ္ scrub လုပ္ၿပီး ေပါင္းတင္ေပးဖို႔လည္း လိုအပ္ပါေသးတယ္။

လက္ကို ေပါင္းတင္ဖို႔အတြက္ သင့္ေရခဲေသတၱာထဲမွာ ရိွတဲ့အရာေတြနဲ႔ပဲ ျပဳလုပ္ႏိုင္ပါတယ္။ ဥပမာအားျဖင့္ ေထာပတ္ သီးတစ္ျခမ္း၊ ၾကက္ဥအႏွစ္တစ္လုံးနဲ႔ သံပုရာသီး လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ေရာစပ္ၿပီး ေပါင္းတင္ႏိုင္ပါတယ္။ ၄င္းကို လက္မွာ လိမ္းက်ံၿပီး မိနစ္ႏွစ္ဆယ္ခန္႔ ထားကာ ေရနဲ႔ ျပန္လည္ေဆးေၾကာေပးႏိုင္ပါတယ္။

သံလြင္ဆီနဲ႔ သၾကားကို ေရာစပ္ၿပီးေတာ့လည္း scrub အျဖစ္ ျပဳလုပ္သုံးစြဲႏိုင္ပါေသးတယ္။
လြယ္လြယ္ကူကူ ျပဳလုပ္လိုတဲ့သူေတြအတြက္ နည္းလမ္းကေတာ့ မ်က္ႏွာ သို႔မဟုတ္ ကိုယ္လုံးကို scrub လုပ္တဲ့အခါနဲ႔ ေပါင္းတင္တဲ့အခါေတြမွာ လက္ကိုပါ တစ္ပါတည္း ျပဳလုပ္ႏိုင္ပါတယ္။

ေနေရာင္ကာခရင္မ္ သုံးပါ။

အိုမင္းရင့္ေရာ္ျခင္းရဲ႕ အဓိကျပယုဂ္လကၡဏာတစ္ခုကေတာ့ အသားအေရာင္ ညိဳညစ္မြဲေျခာက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါဟာ အျခားေသာ အေၾကာင္းရင္းေတြကို ဖယ္လိုက္မယ္ဆိုရင္ ေနေလာင္ျခင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ေနေလာင္ကြက္ေတြနဲ႔ လက္ေတြဟာ ပိုၿပီးအိုမင္းရင့္ေရာ္ေစပုံ ေပါက္ပါတယ္။

အျပင္ထြက္တဲ့အခါတိုင္း လက္ကို ပုံမွန္ေနေရာင္ကာခရင္မ္ လိမ္းေပးျခင္းအားျဖင့္ ေနေလာင္ကြက္ေတြေၾကာင့္ ရုပ္ဆိုးျခင္းကို ကာကြယ္ႏိုင္ပါတယ္။

ဆစ္ထရစ္အက္ဆစ္ပါ၀င္တဲ့ အသီးမ်ားဟာ သဘာ၀အသားျဖဴေဆးတစ္လက္ ျဖစ္တဲ့အတြက္ လက္ေပၚက ေနေလာင္ကြက္ေတြကို ကုသဖို႔ အသုံးျပဳႏိုင္ပါတယ္။ ဥပမာ – သံပုရာရည္ လက္ဖက္ရည္ဇြနး္တစ္ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ႏြားႏို႔ လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ေရာစပ္ၿပီး လက္ကို ေပါင္းတင္ေပးႏိုင္ပါတယ္။

ပ်ိဳေမတို႔အားလုံးပဲ လွပႏုနယ္တဲ့ လက္ကေလးေတြကို ပိုင္ဆုိင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္။

Credit: MM
အလွအပ၊ အႏုပညာ၊ ဖက္ရွင္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..

#Unicode Version# ျဖင့္ဖတ္ပါ ။

လက်ကို မှန်ကန်စွာ ဆေးကြောပါ။

ဆပ်ပြာနဲ့ မကြာခဏ ထိတွေ့ခြင်းဟာ သင့်လက်တွေကို အစိုဓာတ်ခြောက်ခန်းစေပြီး အသားအရေ ခြောက်သွေ့အက်ကွဲ ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုသို့ မဖြစ်ရလေအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကတော့ …

မလိုအပ်ဘဲနဲ့ ပိုးသတ်ဆေး (anti-bacteria)ပါတဲ့ ဆပ်ပြာတွေကို မသုံးပါနဲ့။ အမွှေးရနံ့ ပါဝင်တဲ့ ဆပ်ပြာတွေကို လည်း ရှောင်ကျဉ်ပါ။ ၎င်းတို့ဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ခြောက်သွေ့ကြမ်းတမ်းစေနိုင်ပါတယ်။ သံလွင်ဆီ၊ jojoba oil နဲ့ သျှားစောင်းလက်ပတ်တို့ ပါဝင်တဲ့ ဆပ်ပြာအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

လက်ရဲ့ အရေပြားက သဘာဝအကာအကွယ်ပေးနိုင်တဲ့ အလွှာကို ထိန်းသိမ်းနိုင်ဖို့အတွက် ရေခပ်နွေးနွေးနဲ့သာ ဆေးကြောသင့်ပြီး ရေပူကိုတော့ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။
လက်အခြောက်ခံစက်တွေကို ရှောင်ကျဉ်ပြီး လက်သုတ်ပဝါ၊ paper towel များကို အစားထိုး အသုံးပြုပါ။

လက်အိပ်ဝတ်ပါ။

သင့်လက်တွေဟာ ပြင်ပ ပရောဂတွေဖြစ်တဲ့ အပူ၊ အအေး၊ ခြောက်သွေ့တဲ့လေ၊ ဓာတုပစ္စည်းများ အစရှိတာတွေနဲ့ အမြဲတစေ ထိတွေ့နေရပါတယ်။ ထိုသို့ ထိတွေ့မှုနဲ့အညီ လက်အသားအရေ ပျက်စီးမှုဟာလည်း တစစ များပြားလာနိုင်ပါ တယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ လှုပ်ရှားမှုတိုင်းမှာ လက်အိတ်ဝတ်ပါ။

အေးစိမ့်တဲ့ ရာသီဥတုအတွက် လည်သာ သို့မဟုတ် သိုးမွေးလက်အိတ်တွေကို ဝတ်ဆင်ပြီး အေးစက်တဲ့လေနဲ့ ထိတွေ့ခြင်းက ကာကွယ်နိုင်ပါတယ်။

ပန်းကန်ဆေးခြင်း၊ ကြမ်းတိုက်ခြင်း အစရှိတဲ့ အိမ်မှုကိစ္စတွေ ပြုလုပ်တဲ့အခါ ရာဘာလက်အိတ်ကို ဝတ်ဆင်ပါ။

ဥယျာဉ်ခြံမြေကိစ္စတွေဖြစ်တဲ့ ပေါင်းသင်ခြင်း၊ မြက်နှုတ်ခြင်း စတာတွေ ပြုလုပ်မယ်ဆိုရင်တော့ အဝတ်လက်အိတ်ကို ဝတ်ဆင်ပါ။

လက်ကို ပုံမှန်အစိုဓာတ် ဖြည့်တင်းပေးပါ။

hand cream ကောင်း ရရှိရေးဟာ ရှမ်ပူတွေ၊ ဆပ်ပြာတွေလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် သေချာစွာ ရွေးချယ်သုံးစွဲပါ။

အဆိုပါ hand cream ကို လိုအပ်သလောက် လိမ်းကျံပေးပါ။ သို့သော် တစ်နေ့လျှင် နှစ်ကြိမ် (နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်)ထက်တော့ မလျော့နည်းအောင် ဂရုစိုက် လိမ်းပေးပါ။ တကယ်လို့ သင်ဟာ ခြောက်သွေ့အသား အရေပိုင်ရှင်ဖြစ်ခဲ့ရင် လက်ဆေးကန်နားမှာ hand cream တစ်ဘူး ထားထားသင့်ပြီး လက်ဆေးပြီးတဲ့အချိန်တိုင်းမှာ hand cream ကို လိမ်းပေးသင့်ပါတယ်။ အကောင်းဆုံး ထိရောက်မှု ရရှိဖို့အတွက်ကတော့ hand cream ကို ညအိပ်ခါနီး လိမ်းပြီး ချည်သားလက်အိတ်စွပ်ကာ အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။

လက်သည်းတွေဟာ အစိုဓာတ် လိုအပ်ပါတယ်။ သင့်လက်သည်းလေးတွေဟာလည်း အစိုဓာတ်ဖြည့်တင်းပေးဖို့ လိုအပ်တာကြောင့် ၎င်းတို့ကိုလည်း hand cream နဲ့ ပွတ်သပ်လိမ်းပေးသင့်ပြီး လက်သည်းပန်းကုံးလေးတွေကို တော့ ဗီတာမင်အီးခရင်မ် လိမ်းပေးသင့်ပါတယ်။
သင့်အသားအရေဟာ အပြင်ဘက်က အစိုဓာတ်ဖြည့်တင်းပေးတာ လိုအပ်သလို အတွင်းဘက်ကနေလည်း ဖြည့်တင်း ပေးဖို့ လိုအပ်တာကြောင့် ရေလုံလောက်အောင် သောက်ပါ။

လေထုထဲက စိုထိုင်းမှုကို ထိန်းညှိပေးတဲ့စက် (humidifier) ထားရှိသင့်ပြီး လေထုက ခြောက်သွေ့နေတဲ့အခါ သင့် အနားမှာ ဖွင့်ထားသင့်ပါတယ်။

scrub လုပ်ဖို့ သတိရပါ။

ခရင်မ်များ လိမ်းပေးခြင်းအပြင် သင့်လက်ကလေးတွေ နုနယ်လှပနေဖို့အတွက် တစ်ပတ်လျှင်တစ်ကြိမ် scrub လုပ်ပြီး ပေါင်းတင်ပေးဖို့လည်း လိုအပ်ပါသေးတယ်။

လက်ကို ပေါင်းတင်ဖို့အတွက် သင့်ရေခဲသေတ္တာထဲမှာ ရှိတဲ့အရာတွေနဲ့ပဲ ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် ထောပတ် သီးတစ်ခြမ်း၊ ကြက်ဥအနှစ်တစ်လုံးနဲ့ သံပုရာသီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး ပေါင်းတင်နိုင်ပါတယ်။ ၎င်းကို လက်မှာ လိမ်းကျံပြီး မိနစ်နှစ်ဆယ်ခန့် ထားကာ ရေနဲ့ ပြန်လည်ဆေးကြောပေးနိုင်ပါတယ်။

သံလွင်ဆီနဲ့ သကြားကို ရောစပ်ပြီးတော့လည်း scrub အဖြစ် ပြုလုပ်သုံးစွဲနိုင်ပါသေးတယ်။
လွယ်လွယ်ကူကူ ပြုလုပ်လိုတဲ့သူတွေအတွက် နည်းလမ်းကတော့ မျက်နှာ သို့မဟုတ် ကိုယ်လုံးကို scrub လုပ်တဲ့အခါနဲ့ ပေါင်းတင်တဲ့အခါတွေမှာ လက်ကိုပါ တစ်ပါတည်း ပြုလုပ်နိုင်ပါတယ်။

နေရောင်ကာခရင်မ် သုံးပါ။

အိုမင်းရင့်ရော်ခြင်းရဲ့ အဓိကပြယုဂ်လက္ခဏာတစ်ခုကတော့ အသားအရောင် ညိုညစ်မွဲခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အခြားသော အကြောင်းရင်းတွေကို ဖယ်လိုက်မယ်ဆိုရင် နေလောင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ နေလောင်ကွက်တွေနဲ့ လက်တွေဟာ ပိုပြီးအိုမင်းရင့်ရော်စေပုံ ပေါက်ပါတယ်။

အပြင်ထွက်တဲ့အခါတိုင်း လက်ကို ပုံမှန်နေရောင်ကာခရင်မ် လိမ်းပေးခြင်းအားဖြင့် နေလောင်ကွက်တွေကြောင့် ရုပ်ဆိုးခြင်းကို ကာကွယ်နိုင်ပါတယ်။

ဆစ်ထရစ်အက်ဆစ်ပါဝင်တဲ့ အသီးများဟာ သဘာဝအသားဖြူဆေးတစ်လက် ဖြစ်တဲ့အတွက် လက်ပေါ်က နေလောင်ကွက်တွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဥပမာ – သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး လက်ကို ပေါင်းတင်ပေးနိုင်ပါတယ်။

ပျိုမေတို့အားလုံးပဲ လှပနုနယ်တဲ့ လက်ကလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit: MM
အလှအပ၊ အနုပညာ၊ ဖက်ရှင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top