iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ မိုးရာသီလည္း နီးလာၿပီဆိုေတာ့ ကၽြန္မတို႔ဆီမွာ လြယ္လြယ္ကူကူရႏုိင္တဲ့အသီးတစ္မ်ိဳးကေတာ့ သရက္သီးပါ။ ရာသီစာဆိုေတာ့ စားရတာလည္း အရသာရွိလွပါတယ္။ သရက္သီးက ခ်ိဳခ်ိဳျမျမေလးအရသာရွိသလို သင့္မ်က္ႏွာအလွအပအတြက္ အသံုးျပဳႏုိင္တယ္ဆိုတာေရာ သိပါသလား။

ဟုတ္ပါတယ္။ သရက္သီးကို မ်က္ႏွာေပါင္းတင္တဲ့ေနရာမွာ သံုးႏိုင္ပါတယ္။ သရက္သီးမွာ အသားအေရေျခာက္ေသြ႕မႈကို အစိုဓာတ္ေပးႏိုင္တဲ့ ဗီတာမင္ ေအပါဝင္ပါတယ္။ Vitamin B ကလည္း အသားအေရအိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစပါတယ္။ ဗီတာမင္စီလည္း ပါဝင္တာေၾကာင့္ သင့္အသားအေရအတြက္ လိုအပ္တဲ့ ေကာ္လဂ်င္ဓာတ္ကိုလည္းျဖည့္တင္းေပးပါတယ္။ သရက္သီးမ်က္ႏွာသစ္ေဆးေတြကိုလည္း ပ်ိဳေမတို႔ေတြ႕ဖူးၾကမွာပါ။ ဒါေၾကာင့္ ရာသီစာ သရက္သီးနဲ႔ မ်က္ႏွာေပါင္းတင္ၾကရေအာင္ေနာ္။

၁။ အသားအေရကို အာဟာရျဖည့္တင္းဖို႔ သရက္သီးႏွင့္ေထာပတ္သီး Mask

သရက္သီးအမွည့္ေဖ်ာ္ၿပီးသား လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ေထာပတ္သီးေဖ်ာ္ရည္ ႏွစ္ဇြန္းနဲ႔ အုန္းဆီတစ္ဇြန္းကို ခြက္တစ္ခြက္ထဲေရာပါ။ ဒီအေရာကို ပ်စ္ပ်စ္ေလးရေအာင္ ေမႊေပးပါ။ လိမ္းလို႔ရပါၿပီ။ သင့္မ်က္ႏွာေပၚမွာ စက္ဝိုင္းပံုစံလိမ္းေပးပါ။ ၁၀ မိနစ္ကေန ၁၅ မိနစ္ထားေပးပါ။ ေရေအးနဲ႔ေဆးခ်ပါ။ ေျခာက္ေသြ႕ေအာင္သုတ္ေပးပါ။

ေထာပတ္သီးနဲ႔ သရက္သီးႏွစ္မ်ိဳးလံုးက အမွည့္ဆုိရင္ ပိုေကာင္းပါတယ္။ ေဖ်ာ္ရလြယ္လို႔ပါ။ တကယ္လို႔ ေပါင္းတင္ၿပီး ပိုရင္လည္း ေရခဲေသတၱာထဲမွာ ၄ ရက္ေက်ာ္ထားႏိုင္ပါတယ္။ ျပန္သံုးမယ္ဆိုရင္ အခန္းအပူခ်ိန္ရေအာင္ ထားရပါမယ္။ မ်က္ႏွာမွာ လိမ္းၿပီး ပိုရင္လည္း ခႏၶာကိုယ္တစ္ေလွ်ာက္ အာဟာရျဖည့္တင္းခ်င္တဲ့ေနရာကို လိမ္းႏိုင္ပါတယ္။

၂။ အသားအေရစိုျပည္ဖို႔ သရက္သီးနဲ႔ ပ်ားရည္ Mask

ပ်ားရည္က သင့္အသားအေရကို အစိုဓာတ္ေပးၿပီး ဘတ္တီးရီးယားတုိက္ထုတ္ေပးတဲ့ အာနိသင္ရွိပါတယ္။ ဆဲေသေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ဒိန္ခ်ဥ္ကေတာ့ အသားအေရကို ႏူးည့ံေစပါတယ္။ ျပဳလုပ္ပံုကေတာ့

သရက္သီးေဖ်ာ္ၿပီးသားအႏွစ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းနဲ႔ ဒိန္ခ်ဥ္တစ္ဇြန္းကို ခြက္တစ္ခြက္ထဲမွာေရာေမႊေပးပါ။ ဒီအေရာကို သင့္လက္ဖ်ားေပၚတင္ျပီး မ်က္ႏွာေပၚစက္ဝိုင္းပံုစံလိမ္းေပးပါ။ အေပၚကနည္းအတိုင္းပဲ ၁၀ မိနစ္ကေန ၁၅ မိနစ္ထားေပးပါ။ ေပါင္းတင္တာမ်က္ႏွာေပၚ ေျခာက္ေသြ႕ထားတဲ့အခ်ိန္ ေရေဆးခ်လို႔ရပါၿပီ။ သရက္သီးအႏွစ္ျပဳလုပ္ေနတဲ့အခ်ိန္ အခြံမပါေအာင္ ဂရုစိုက္ေပးပါ။ သရက္သီးအခြံနဲ႔ အစီးက သင့္အေရျပားကို ယားယံေစပါတယ္။ ဒိန္ခ်ဥ္ကိုလည္း အခ်ိဳဘာမွမပါတဲ့ ဒိန္ခ်ဥ္အလြတ္ျဖစ္ရပါမယ္။

၃။ မ်က္ႏွာေၾကးခၽြတ္ေပးဖို႔ သရက္သီးနဲ႔ အုတ္ဂ်ံဳ Mask

အုတ္ဂ်ံဳက ဆဲေသေတြကို ဖယ္ရွားေပးၿပီး အသားအေရစိုေျပေစပါတယ္။ သရက္သီးကေတာ့ အေရျပားၾကမ္းတမ္းမႈကို ေခ်ာမြတ္ေစၿပီး အသားအေရမညီညာတာကိုလည္း သက္သာေစပါတယ္။ အမည္းစက္ေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။ အုတ္ဂ်ံဳက အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ အေရျပားေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။ ျပဳလုပ္ပံုကေတာ့

သရက္သီးအႏွစ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ က်ိတ္ျပီးသားအုတ္ဂ်ံဳ ႏွစ္ဇြန္းကို ခြက္တစ္ခြက္ထဲေရာလိုက္ပါ။ ဒီအေရာကို သင့္မ်က္ႏွာေပၚ စိမ့္ဝင္ေအာင္လိမ္းေပးပါ။ ၁၀ မိနစ္ကေန ၁၅ မိနစ္ထားေပးပါ။ ျပီးတာနဲ႔ ေရေႏြးေႏြးေလးနဲ႔ ေဆးေပးပါ။ ေခၽြးေပါက္က်ဥ္းေစဖို႔ ေရေအးနဲ႔ ဒုတိယအဆင့္သေဘာ ေဆးေပးပါ။ ဒီ Mask အာနိသင္ပိုေကာင္းေစဖို႔ အသံုးမျပဳခင္ Facial Steaming မ်က္ႏွာကို ေရခိုးေရေငြ႕နဲ႔ ေပါင္းတင္တဲ့ အဆင့္ျပဳလုပ္သင့္ပါတယ္။

၄။ အသားအေရႏုပ်ဳိဖို႔ ဘဲဥနဲ႔ သရက္သီး Mask

Source: Stylecraze

ဘဲဥက သင့္အေရျပားအေရာင္ညွိေပးပါတယ္။ သရက္သီးကေတာ့ အသားအေရေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးျပီး ဘဲဥက အသားအေရတင္းရင္းေစပါတယ္။ ဒီ Mask က အေရးအေၾကာင္းေတြ ေလွ်ာ့ခ်ေပးျပီး အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစပါတယ္။ ျပဳလုပ္ပံုကေတာ့-

သရက္သီးအႏွစ္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ဘဲဥေမႊထားတဲ့အထဲ ထည့္ေပးပါ။ ဒီအေရာကို မ်က္ႏွာေပၚလိမ္းေပးပါ။ ေျခာက္ေသြ႕ေအာင္ထားပါ။ ၿပီးတာနဲ႔ ေရေအးနဲ႔ေဆးခ်ပါ။

ဒီ Mask ေတြအသံုးျပဳေနတဲ့အခ်ိန္ ကိုယ့္အက်ၤ ီေပၚေပႏိုင္တာေၾကာင့္ အက်ၤ ီအေဟာင္းေလးပဲဝတ္ပါေနာ္။

Credit:myfoodmyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိုးရာသီလည်း နီးလာပြီဆိုတော့ ကျွန်မတို့ဆီမှာ လွယ်လွယ်ကူကူရနိုင်တဲ့အသီးတစ်မျိုးကတော့ သရက်သီးပါ။ ရာသီစာဆိုတော့ စားရတာလည်း အရသာရှိလှပါတယ်။ သရက်သီးက ချိုချိုမြမြလေးအရသာရှိသလို သင့်မျက်နှာအလှအပအတွက် အသုံးပြုနိုင်တယ်ဆိုတာရော သိပါသလား။

ဟုတ်ပါတယ်။ သရက်သီးကို မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးနိုင်ပါတယ်။ သရက်သီးမှာ အသားအရေခြောက်သွေ့မှုကို အစိုဓာတ်ပေးနိုင်တဲ့ ဗီတာမင် အေပါဝင်ပါတယ်။ Vitamin B ကလည်း အသားအရေအိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ ဗီတာမင်စီလည်း ပါဝင်တာကြောင့် သင့်အသားအရေအတွက် လိုအပ်တဲ့ ကော်လဂျင်ဓာတ်ကိုလည်းဖြည့်တင်းပေးပါတယ်။ သရက်သီးမျက်နှာသစ်ဆေးတွေကိုလည်း ပျိုမေတို့တွေ့ဖူးကြမှာပါ။ ဒါကြောင့် ရာသီစာ သရက်သီးနဲ့ မျက်နှာပေါင်းတင်ကြရအောင်နော်။

၁။ အသားအရေကို အာဟာရဖြည့်တင်းဖို့ သရက်သီးနှင့်ထောပတ်သီး Mask

သရက်သီးအမှည့်ဖျော်ပြီးသား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ထောပတ်သီးဖျော်ရည် နှစ်ဇွန်းနဲ့ အုန်းဆီတစ်ဇွန်းကို ခွက်တစ်ခွက်ထဲရောပါ။ ဒီအရောကို ပျစ်ပျစ်လေးရအောင် မွှေပေးပါ။ လိမ်းလို့ရပါပြီ။ သင့်မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံလိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပေးပါ။ ရေအေးနဲ့ဆေးချပါ။ ခြောက်သွေ့အောင်သုတ်ပေးပါ။

ထောပတ်သီးနဲ့ သရက်သီးနှစ်မျိုးလုံးက အမှည့်ဆိုရင် ပိုကောင်းပါတယ်။ ဖျော်ရလွယ်လို့ပါ။ တကယ်လို့ ပေါင်းတင်ပြီး ပိုရင်လည်း ရေခဲသေတ္တာထဲမှာ ၄ ရက်ကျော်ထားနိုင်ပါတယ်။ ပြန်သုံးမယ်ဆိုရင် အခန်းအပူချိန်ရအောင် ထားရပါမယ်။ မျက်နှာမှာ လိမ်းပြီး ပိုရင်လည်း ခန္ဓာကိုယ်တစ်လျှောက် အာဟာရဖြည့်တင်းချင်တဲ့နေရာကို လိမ်းနိုင်ပါတယ်။

၂။ အသားအရေစိုပြည်ဖို့ သရက်သီးနဲ့ ပျားရည် Mask

ပျားရည်က သင့်အသားအရေကို အစိုဓာတ်ပေးပြီး ဘတ်တီးရီးယားတိုက်ထုတ်ပေးတဲ့ အာနိသင်ရှိပါတယ်။ ဆဲသေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒိန်ချဉ်ကတော့ အသားအရေကို နူးညံ့စေပါတယ်။ ပြုလုပ်ပုံကတော့

သရက်သီးဖျော်ပြီးသားအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ဒိန်ချဉ်တစ်ဇွန်းကို ခွက်တစ်ခွက်ထဲမှာရောမွှေပေးပါ။ ဒီအရောကို သင့်လက်ဖျားပေါ်တင်ပြီး မျက်နှာပေါ်စက်ဝိုင်းပုံစံလိမ်းပေးပါ။ အပေါ်ကနည်းအတိုင်းပဲ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပေးပါ။ ပေါင်းတင်တာမျက်နှာပေါ် ခြောက်သွေ့ထားတဲ့အချိန် ရေဆေးချလို့ရပါပြီ။ သရက်သီးအနှစ်ပြုလုပ်နေတဲ့အချိန် အခွံမပါအောင် ဂရုစိုက်ပေးပါ။ သရက်သီးအခွံနဲ့ အစီးက သင့်အရေပြားကို ယားယံစေပါတယ်။ ဒိန်ချဉ်ကိုလည်း အချိုဘာမှမပါတဲ့ ဒိန်ချဉ်အလွတ်ဖြစ်ရပါမယ်။

၃။ မျက်နှာကြေးချွတ်ပေးဖို့ သရက်သီးနဲ့ အုတ်ဂျုံ Mask

အုတ်ဂျုံက ဆဲသေတွေကို ဖယ်ရှားပေးပြီး အသားအရေစိုပြေစေပါတယ်။ သရက်သီးကတော့ အရေပြားကြမ်းတမ်းမှုကို ချောမွတ်စေပြီး အသားအရေမညီညာတာကိုလည်း သက်သာစေပါတယ်။ အမည်းစက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ အုတ်ဂျုံက အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်လျော်ပါတယ်။ အရေပြားသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ပြုလုပ်ပုံကတော့

သရက်သီးအနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ကျိတ်ပြီးသားအုတ်ဂျုံ နှစ်ဇွန်းကို ခွက်တစ်ခွက်ထဲရောလိုက်ပါ။ ဒီအရောကို သင့်မျက်နှာပေါ် စိမ့်ဝင်အောင်လိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပေးပါ။ ပြီးတာနဲ့ ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ ချွေးပေါက်ကျဉ်းစေဖို့ ရေအေးနဲ့ ဒုတိယအဆင့်သဘော ဆေးပေးပါ။ ဒီ Mask အာနိသင်ပိုကောင်းစေဖို့ အသုံးမပြုခင် Facial Steaming မျက်နှာကို ရေခိုးရေငွေ့နဲ့ ပေါင်းတင်တဲ့ အဆင့်ပြုလုပ်သင့်ပါတယ်။

၄။ အသားအရေနုပျိုဖို့ ဘဲဥနဲ့ သရက်သီး Mask

Source: Stylecraze

ဘဲဥက သင့်အရေပြားအရောင်ညှိပေးပါတယ်။ သရက်သီးကတော့ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဘဲဥက အသားအရေတင်းရင်းစေပါတယ်။ ဒီ Mask က အရေးအကြောင်းတွေ လျှော့ချပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ပြုလုပ်ပုံကတော့-

သရက်သီးအနှစ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ဘဲဥမွှေထားတဲ့အထဲ ထည့်ပေးပါ။ ဒီအရောကို မျက်နှာပေါ်လိမ်းပေးပါ။ ခြောက်သွေ့အောင်ထားပါ။ ပြီးတာနဲ့ ရေအေးနဲ့ဆေးချပါ။

ဒီ Mask တွေအသုံးပြုနေတဲ့အချိန် ကိုယ့်အင်္ကျ ီပေါ်ပေနိုင်တာကြောင့် အင်္ကျ ီအဟောင်းလေးပဲဝတ်ပါနော်။

Credit:myfoodmyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top