iMyanmarHouse.com - Best Property Website for Myanmar
×
















Credit:ဘဝခါးခါး

ကျန်းမာရေး

# Unicode Version # ဖြင့် ဖတ်ပါ #

Hepatitis viruses”ဆိုတာက အသည်းကို ဦးတည်တိုက်ခိုက်တဲ့ ရောဂါ ပိုး၊အသည်းရောင်ပြီး အသားဝါတဲ့ ရောဂါပိုး တစ်မျိုးဖြစ်တယ်။

အ သည်း ရောင် ပိုး မှာ အ မျိုး အ စား အား ဖြင့် A,B,C,D,E နှင့် အ တူ G အ ထိ ရှိ လာ နိုင် ပါ တယ်။

ဒီအထဲမှာအဖြစ်တတ်ဆုံး၊အဖြစ်များဆုံးက B ပိုး နဲ့ C ပိုး ဖြစ်တယ်။Bနဲ့Cပိုးဟာ နာတာရှည်ရောဂါ၊အချိန်ယူပြီးကုသရမည့်ရောဂါပိုး(chronic hepatitis)အမျိုးအစားထဲမှာပါဝင်နေပါတယ်။

ဒီရောဂါဟာ အရက်၊မှုးယစ်ဆေးဝါးများနှင့်အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာများကို စားသုံးခြင်းကြောင့် ကိုယ်ခံအားကျဆင်းပြီး ရောဂါပိုး ဝင်ရောက်လာခြင်းဖြစ်ပါတယ်။

ကမ္ဘာမှာ Bပိုး၊Cပိုး ရောဂါခံစားနေရသူပေါင်း(၁၇၀)မီလီယံခန့်မျှရှိတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကထုတ်ပြန်ထားပါတယ်။

B”ပိုးအတွက် ဆေးရှိပေမဲ့ C”ပိုးအတွက်က ဆေးဝါးရှားပါးနေပါတယ်။ ဒီရောဂါပိုးက အသား၊မျက်လုံးနှင့်ဆီးတွေဝါရင့်နေတတ်တယ်။

တခါတရံ ဖျားမယ်၊နာမယ်၊အဆစ်အမြစ်ကိုက်မယ်၊အစားစာလိုစိတ်လျော့နည်းလာမယ်၊ပျို့အန်မယ်၊အရေပြားခြောက်သွေ့ပျက်စီးလာမယ်..နောက်ဆုံး အားအင်ကုန်ခမ်းပြီး အသည်းပျက်စီးတဲ့အဆင့်ထိ့ရောက်လာပါလိမ့်မယ်။

အချို့က သဘာဝဆေးနည်း၊ဆေးဝါးများဖြင့်လည်း ပျောက်ကင်းသက်သာသွားသူတွေလည်းရှိပါတယ်။

Bပိုး၊Cပိုး အတွက်အကောင်းဆုံး သဘာဝဆေးနည်း(၄)မျိုးကို ကျွန်တော်ဖော်ပြပေးပါ့မယ်။

မ နက် စော စော အိပ် ရာ ပါ က ဘာ အ စား အ စာ မှ မ စား သုံး မှီ ကြက် သွန် အ ဖြူ ကို အ ရည် ညှစ် သောက် ပါ၊ဝါး စား ပါ၊ ဟင်း ချက် ပြုပ် စား သောက် တဲ့ အ ခါ များ ၌ လည်း ကြက် သွန် များ များ ထည့် ချက် ပါ။

နွယ် ချို အ မြစ် ကို ပြုပ် ပြီး ၎င်း အ ပြုပ် ရည် ကို မနက်/ည စွဲ မြဲ စွာ သောက် သုံး ပေး ပါ။

နနွင်းမအတက် စစ်စစ်ကို အမှုန့်ကြိတ်ပြီး ရေဖျော်သောက်သုံးပေးပါ။

နောက်ဆုံးနည်းက ကြက်ဆူဆီကို တစ်နေ့(၂)ကြိမ် သောက်သုံးပေးခြင်းဖြင့်လည်း အသည်းရောင်ရောဂါကို ပျောက်ကင်းသက်သာစေပါတယ်။

ရေများများသောက်ပါ..အချဉ်ဓာတ်ပါရှိတဲ့အသီးအနှံတွေစားသုံးပါ။အသားဟင်းလျာကို ရှောင်ကျဉ်ပါ။

Credit:ဘဝခါးခါး

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top