iMyanmarHouse.com - Best Property Website for Myanmar
×


တကယ္ခ်စ္တယ္ဆိုရင္ သူမွားေနရင္ေတာင္မွလက္ခံနားလည္ ေပးရမွာပဲ။ခ်စ္သူ/ရည္းစားရယ္လို႔ ျဖစ္လာၿပီဆိုရင္ တစ္ေယာက္သိကၡာကို တစ္ေယာက္ကကာကြယ္ေပးရမယ္။ အပုပ္မခ်သင့္ဘူး။
လူတိုင္းဟာ အတၱသမားခ်ည္းပဲ။

သူ႔အတၱကို ထိပါးလာတာ လူတိုင္းမႀကိဳက္ၾကဘူး။ေပါင္းသင္းဆက္ဆံေရးမွာ ဒီအခ်က္က
သိပ္အေရးႀကီးတယ္။ဆိုပါေတာ့… ေထာင္က်ေနတဲ့ လူေတြကိုခင္ဗ်ားမွားတယ္လို႔ သြားေျပာရင္
ဘာျပန္ေျပာမယ္ထင္လဲ။

“တကယ္က ကြၽန္ေတာ္ လူမွားၿပီး တရားစြဲခံခဲ့ရတာပါ”“တရားသူႀကီးက လာဒ္စားလို႔ပါ”
“ကြၽန္ေတာ္ ဘုရားမႀကိဳက္တာ မလုပ္ခဲ့ပါဘူး”ဆိုတဲ့အေျဖပဲ ေပးၾကလိမ့္မယ္။
လူ၁၀၀မွာ ၈၀ေလာက္က ဝန္ခံရဲၾကမွာ မဟုတ္ဘူး။

ဒါဟာ ဘာလို႔လဲဆိုေတာ့ လူတိုင္းဟာ မိမိအတၱကို မိမိကာကြယ္ခ်င္တဲ့စိတ္ရွိလို႔ပဲေပါ့။ ခ်စ္သူ/ရည္းစား အခ်င္းခ်င္း ကြယ္ရာမွာ တစ္ေယာက္ကိုတစ္ေယာက္ မေကာင္းေၾကာင္း
ေျပာဆိုေနရင္ ဒါဟာ တကယ္ခ်စ္တာမဟုတ္ဘူးလို႔ ယူဆလို႔ရပါတယ္။

ခ်စ္ေနဆဲအခ်ိန္မွာၿမဳံထားၾကေပမယ့္ ျပႆနာျဖစ္ၾကတဲ့အခါအခ်င္းခ်င္း ငယ္က်ိဳးငယ္နာေတြ ေဖာ္ၾကမယ္ဆိုရင္ဘယ္မွာ ၿငိမ္းေအးမႈ ရွိပါေတာ့မလဲ။အမွားကင္းတဲ့ လူရယ္လို႔ ဒီေလာကမွာ မရွိဘူး။

သူလည္းမွားသလို ကိုယ္လည္းမွားမွာပဲေလ။ဒါကို နားလည္သေဘာေပါက္ထားရမယ္။
ကြယ္ရာမွာ အခ်င္းခ်င္း ေဝဖန္အပုပ္ခ်ေနတဲ့ ခ်စ္သူ/ရည္းစားေတြက ၿမဲမယ္လို႔ထင္သလား။
မၿမဲပါဘူးဗ်ာ။

တစ္ေယာက္တည္းေနခဲ့တုန္းကအေကာင္း…သူနဲ႔ေပါင္းကာမွ ကိုယ့္သိကၡာက်ရမယ္ဆိုရင္
ဘယ္သူက ဆက္ေပါင္းခ်င္ပါေတာ့မလဲ။သေဘာကေတာ့ ႐ိုးရွင္းပါတယ္။
ကိုယ္တကယ္ခ်စ္ရင္ သူ႔ဘဝကို နားလည္ေပးလိုက္။နားလည္မေပးႏိုင္ရင္ မခ်စ္နဲ႔ေပါ့။

ဘယ္သူမွ ခ်စ္ပါလို႔ အတင္းအက်ပ္မေတာင္းဆိုပါဘူး။ခ်စ္တတ္ၾကပါေစ…

Credit:my idol U Ko

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှလက်ခံနားလည် ပေးရမှာပဲ။ချစ်သူ/ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်ကကာကွယ်ပေးရမယ်။ အပုပ်မချသင့်ဘူး။
လူတိုင်းဟာ အတ္တသမားချည်းပဲ။

သူ့အတ္တကို ထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်က
သိပ်အရေးကြီးတယ်။ဆိုပါတော့… ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင်
ဘာပြန်ပြောမယ်ထင်လဲ။

“တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ”“တရားသူကြီးက လာဒ်စားလို့ပါ”
“ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။
လူ၁၀၀မှာ ၈၀လောက်က ဝန်ခံရဲကြမှာ မဟုတ်ဘူး။

ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။ ချစ်သူ/ရည်းစား အချင်းချင်း ကွယ်ရာမှာ တစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်း
ပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။

ချစ်နေဆဲအချိန်မှာမြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါအချင်းချင်း ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ်ဆိုရင်ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ။အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ မရှိဘူး။

သူလည်းမှားသလို ကိုယ်လည်းမှားမှာပဲလေ။ဒါကို နားလည်သဘောပေါက်ထားရမယ်။
ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ ချစ်သူ/ရည်းစားတွေက မြဲမယ်လို့ထင်သလား။
မမြဲပါဘူးဗျာ။

တစ်ယောက်တည်းနေခဲ့တုန်းကအကောင်း…သူနဲ့ပေါင်းကာမှ ကိုယ့်သိက္ခာကျရမယ်ဆိုရင်
ဘယ်သူက ဆက်ပေါင်းချင်ပါတော့မလဲ။သဘောကတော့ ရိုးရှင်းပါတယ်။
ကိုယ်တကယ်ချစ်ရင် သူ့ဘဝကို နားလည်ပေးလိုက်။နားလည်မပေးနိုင်ရင် မချစ်နဲ့ပေါ့။

ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ်မတောင်းဆိုပါဘူး။ချစ်တတ်ကြပါစေ…

Credit:my idol U Ko

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top