iMyanmarHouse.com - Best Property Website for Myanmar
×


အေျပာထက္လက္ေတြ႕ ကပိုေကာင္းတယ္ ဆုိေပမယ့္ ေယာက်ာ္းေတြက သူတုိခ်စ္တဲ့မိန္းကေလးေတြဆီက ၾကင္ၾကင္နာနာ စကားေတြကို ၾကားခ်င္ၾကတယ္။ သူခ်စ္ရတဲ့ သင့္ဆီကေန respect နဲ႕ ၾကင္ၾကင္နာနာစကားေလးေတြကိုၾကားခ်င္ၾကပါတယ္။ သူ သင့္အေပၚကိုခ်စ္တဲ့အခ်စ္ေတြကို အေလးထားၿပီး ၾကင္ၾကင္နာနာ ျပန္ေျပာတာကိုလိုခ်င္တာပါ။ ဒီလိုၾကင္ၾကင္နာနာေျပာလုိက္ရင္ သူ႔မ်က္ႏွာေပၚမွာ အျပံဳးေတြျမင္ရမွာပါ။

(၁) “ေက်းဇူးပါေနာ္ ကို”

ဒီလုိေျပာတာက သူသင့္အတြက္ လုပ္ေပးခဲ့တဲ့ အရာေတြကို အသိအမွတ္ျပဳၿပီး ေက်းဇူးတင္တယ္ဆုိတာကို ျပခ်င္တာပါ။ တကယ္လုိ႕ သူက သင့္ကို ဟင္းေတြခ်က္ေကၽြးမယ္၊ သူ႕မႀကိဳက္တဲ့ဇာတ္ကား၊ သင့္ႀကိဳက္တယ္ဆုိရင္ လုိက္ၾကည့္ေပးတယ္ ။ အဲ့လိုေတြလုပ္ေပးတယ္ဆုိတာက သူသင့္ကိုခ်စ္ၿပီး သင္လုိခ်င္တာေတြကို ျဖည့္ဆည္းေပးတယ္။ ဒီလုိဆုိ သူ႔အေပၚကို ျပန္ေကာင္းေပးၿပီး “ေက်းဇူးပါေနာ္ ကို”လုိ႕ေျပာေပးပါ။ အဲ့ဒါမွ သူလုပ္ေပးခဲ့တာေတြကို သင္အသိအမွတ္ျပဳေပးတယ္ဆုိရင္ ေပ်ာ္သြားမွာပါ။

(၂) “ကုိ အတြက္ ဂုဏ္ယူတယ္”
လူတုိင္း ဒီစကားၾကားရတာ အားရွိပါတယ္။ ဒါေပမယ့္ သင့္ဆီက ၾကားလုိက္ရတဲ့ ခ်ီးက်ဴးစကားေလးကေတာ့ သူ႕ကိုအားျဖစ္ေစမွာပါ။ မိသားစုအတြက္ ၊ အလုပ္အတြက္ အက်ိဳးရွိေစမယ့္အရာကို လုပ္ခဲ့ၿပီးရင္ ခ်ီးက်ဳးေပးလိုက္ပါ။ ဒီလုိခ်ီးက်ဳးေပးလိုက္တာက သူ႕ႀကိဳးစားခဲ့တာေတြ၊ သူ႕အခ်စ္ေတြ ကို အေလးထားတယ္ဆုိၿပီး အားရွိသြားမွာပါ။

(၃) “ခ်စ္တယ္ ကို”

ဒီစကားေလးကေတာ့ အေမာေျပဆုံးစကားပါ။ ေယာက်ာ္းေလးေတြလည္း အခ်စ္ခံခ်င္ၾကပါတယ္။ သူ႕မ်က္လုံးကို တည့္တည့္ၾကည့္ၿပီး ဒီစကားေလးေျပာေပးတာက သင္အခ်စ္ကိုလည္း သူခံစားရမွာပါ။ သူကို ဒီစကားေျပာလုိက္တာက စကားအားလုံးေတြထက္ အဓိပၸာယ္ရွိပါတယ္။ ဒါေၾကာင့္ ဒီစကားေလးကို မၾကာခဏေျပာေပးပါ။

(၄) “ကို လုပ္ႏုိင္မယ္ဆုိတာ ယုံတယ္”
ေယာက်ာ္းတုိင္းက ကုိယ့္ခ်စ္ရတဲ့မိန္းကေလးတစ္ေယာက္ရဲ႕ယုံၾကည္မူကို ရခ်င္ၾကတယ္။ သူကုိယ့္သူ မလုပ္ႏုိင္္ဘူးလုိ႕ထင္တဲ့ကိစၥတစ္ခုေပၚမွာ “ကို လုပ္ႏုိင္မယ္ဆုိတာ ယုံတယ္”လုိ႕ ေျပာေပးလုိက္ရင္ သူ႕ကုိယ္သူလည္း ယုံၾကည္မူေတြရွိလာမွာပါ။ ေနာက္ၿပီး ဒီစကားေၾကာင့္ သင္ရဲ႕ဂရုစုိက္မူကိုလည္း ခံစားလာရတဲ့အတြက္ ပုိအားရွိလာမွာပါ။

(၅) “ကုိ ရွိေနေပးလုိ႕ကံေကာင္းတယ္”

သင့္တစ္ခုခုျဖစ္ေနတဲ့အခ်ိန္မွာ ‘ကုိရွိေနေပးလို္႕ ကံေကာင္းတယ္’ လုိ႕ေျပာေပးရင္ သူကုိယ္သူ ဟီရုိတစ္ေယာက္လုိ ခံစားသြားမွာပါ။ သင့္ကြန္ပ်ဴတာထဲက ဗုိင္းရပ္စ္ေတြကိုလည္း သူရွင္းေပးလုိက္လုိ္႕ ဒီစကားမ်ိဳးေျပာလုိ္က္ရင္ သူေပ်ာ္သြားမွာပါ။ သင္အတြက္ သူက အားကိုးရေလာက္တယ္ဆုိတာကို ခံစားရမွာပါ။

Credit:lwinpyin

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အပြောထက်လက်တွေ့ ကပိုကောင်းတယ် ဆိုပေမယ့် ယောကျာ်းတွေက သူတိုချစ်တဲ့မိန်းကလေးတွေဆီက ကြင်ကြင်နာနာ စကားတွေကို ကြားချင်ကြတယ်။ သူချစ်ရတဲ့ သင့်ဆီကနေ respect နဲ့ ကြင်ကြင်နာနာစကားလေးတွေကိုကြားချင်ကြပါတယ်။ သူ သင့်အပေါ်ကိုချစ်တဲ့အချစ်တွေကို အလေးထားပြီး ကြင်ကြင်နာနာ ပြန်ပြောတာကိုလိုချင်တာပါ။ ဒီလိုကြင်ကြင်နာနာပြောလိုက်ရင် သူ့မျက်နှာပေါ်မှာ အပြုံးတွေမြင်ရမှာပါ။

(၁) “ကျေးဇူးပါနော် ကို”

ဒီလိုပြောတာက သူသင့်အတွက် လုပ်ပေးခဲ့တဲ့ အရာတွေကို အသိအမှတ်ပြုပြီး ကျေးဇူးတင်တယ်ဆိုတာကို ပြချင်တာပါ။ တကယ်လို့ သူက သင့်ကို ဟင်းတွေချက်ကျွေးမယ်၊ သူ့မကြိုက်တဲ့ဇာတ်ကား၊ သင့်ကြိုက်တယ်ဆိုရင် လိုက်ကြည့်ပေးတယ် ။ အဲ့လိုတွေလုပ်ပေးတယ်ဆိုတာက သူသင့်ကိုချစ်ပြီး သင်လိုချင်တာတွေကို ဖြည့်ဆည်းပေးတယ်။ ဒီလိုဆို သူ့အပေါ်ကို ပြန်ကောင်းပေးပြီး “ကျေးဇူးပါနော် ကို”လို့ပြောပေးပါ။ အဲ့ဒါမှ သူလုပ်ပေးခဲ့တာတွေကို သင်အသိအမှတ်ပြုပေးတယ်ဆိုရင် ပျော်သွားမှာပါ။

(၂) “ကို အတွက် ဂုဏ်ယူတယ်”
လူတိုင်း ဒီစကားကြားရတာ အားရှိပါတယ်။ ဒါပေမယ့် သင့်ဆီက ကြားလိုက်ရတဲ့ ချီးကျူးစကားလေးကတော့ သူ့ကိုအားဖြစ်စေမှာပါ။ မိသားစုအတွက် ၊ အလုပ်အတွက် အကျိုးရှိစေမယ့်အရာကို လုပ်ခဲ့ပြီးရင် ချီးကျုးပေးလိုက်ပါ။ ဒီလိုချီးကျုးပေးလိုက်တာက သူ့ကြိုးစားခဲ့တာတွေ၊ သူ့အချစ်တွေ ကို အလေးထားတယ်ဆိုပြီး အားရှိသွားမှာပါ။

(၃) “ချစ်တယ် ကို”

ဒီစကားလေးကတော့ အမောပြေဆုံးစကားပါ။ ယောကျာ်းလေးတွေလည်း အချစ်ခံချင်ကြပါတယ်။ သူ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ဒီစကားလေးပြောပေးတာက သင်အချစ်ကိုလည်း သူခံစားရမှာပါ။ သူကို ဒီစကားပြောလိုက်တာက စကားအားလုံးတွေထက် အဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့် ဒီစကားလေးကို မကြာခဏပြောပေးပါ။

(၄) “ကို လုပ်နိုင်မယ်ဆိုတာ ယုံတယ်”
ယောကျာ်းတိုင်းက ကိုယ့်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့ယုံကြည်မူကို ရချင်ကြတယ်။ သူကိုယ့်သူ မလုပ်နိုင်ဘူးလို့ထင်တဲ့ကိစ္စတစ်ခုပေါ်မှာ “ကို လုပ်နိုင်မယ်ဆိုတာ ယုံတယ်”လို့ ပြောပေးလိုက်ရင် သူ့ကိုယ်သူလည်း ယုံကြည်မူတွေရှိလာမှာပါ။ နောက်ပြီး ဒီစကားကြောင့် သင်ရဲ့ဂရုစိုက်မူကိုလည်း ခံစားလာရတဲ့အတွက် ပိုအားရှိလာမှာပါ။

(၅) “ကို ရှိနေပေးလို့ကံကောင်းတယ်”

သင့်တစ်ခုခုဖြစ်နေတဲ့အချိန်မှာ ‘ကိုရှိနေပေးလို့် ကံကောင်းတယ်’ လို့ပြောပေးရင် သူကိုယ်သူ ဟီရိုတစ်ယောက်လို ခံစားသွားမှာပါ။ သင့်ကွန်ပျူတာထဲက ဗိုင်းရပ်စ်တွေကိုလည်း သူရှင်းပေးလိုက်လို့် ဒီစကားမျိုးပြောလိုက်ရင် သူပျော်သွားမှာပါ။ သင်အတွက် သူက အားကိုးရလောက်တယ်ဆိုတာကို ခံစားရမှာပါ။

Credit:lwinpyin

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top