iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြႏု္ပ္တို႕ရဲ႕ခႏၶာကိုယ္နဲ႕ဆံပင္တို႕ကို ဆီလိမ္းေပးျခင္း(ဒါမွမဟုတ္)ႏွိပ္နယ္ေပးျခင္းက ကၽြႏ္ုပ္တို႕မိဘေတြနဲ႕ဘိုးဘြားေတြေျပာဆိုသင္ျကားေပးခဲ့တဲ့ ရုိးရာနည္းတစ္ခုအျဖစ္ မွတ္ယူျကပါတယ္။ ဆီလိမ္းျခင္းက အက်ိဳးေက်းဇူးမ်ားစြာရွိပါတယ္။ ခ်က္ကို ပံုမွန္ဆီလိမ္းေပးျခင္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေျပာျပေပးခ်င္ပါတယ္။ အခုပဲဖတ္ရႈလိုက္ျကပါေနာ္။

အညစ္အေျကးေတြကိုဖယ္ရွားေပးျခင္း

ကၽြႏ္ုပ္တို႕က ခ်က္ကို အျမဲတမ္းဂရုစိုက္တတ္ျကတာမဟုတ္ပါဘူး။ ခ်က္ကို သန္႕စင္တဲ့အခါ ေရာဂါပိုးမႊားနဲ႕ေျကးေတြကို ဖယ္ရွားေပးျပီး ဝမ္းဗိုက္နဲ႕ခ်က္ေနရာေတြကို မည္သည့္ျပႆနာမွမျဖစ္ေစပါဘူး။

ေရာဂါကူးစက္ျခင္းကို ဖယ္ရွားေပးျခင္း

ခ်က္ကို မသန္႕ရွင္းတဲ့အခါ ခ်က္ရဲ႕အတြင္းေကာ၊အျပင္ေကာမွာ ေရာဂါကူးစပ္ျခင္းေတြျဖစ္ေစပါတယ္။ ဆီက သဘာဝအေလ်ာက္ ေရာဂါကူးစက္ျခင္းကို ကုသေပးဖို႕နဲ႕ ပိုးမႊားေတြကို သတ္ေပးဖို႕အတြက္ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ မုညင္းဆီကဲ့သို႕ဆီကိုအသံုးျပဳျခင္းက ဘတ္တီးရီးယားကို သတ္ေပးရံုသာမက ျပန္မလာေအာင္လဲ ကာကြယ္ေပးပါတယ္။

ဝမ္းဗိုက္ျပသႆနာေတြကို ကုသေပးျခင္း

ေလေအာင့္ျခင္း၊ မအီမသာျဖစ္ျခင္းေတြျဖစ္လာမယ္ဆိုရင္ မုညင္းဆီနဲ႕ဂ်င္းတို႕ကိုေရာစပ္ျပီး ခ်က္မွာ လိမ္းေပးျကည့္လိုက္ပါ။ သင္ ရင္ဆိုင္ေနရတဲ့ အစာေျချပႆနာေတြကို ေျပေလ်ာ့သြားေစႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

ရာသီလာျခင္းေျကာင့္နာက်င္ျခင္းကို ေျပေလ်ာ့သြားျခင္း

မိန္းကေလးေတြက ရာသီလာတဲ့အခ်ိန္ေတြဆို ဝမ္းဗိုက္နာက်င္ျခင္းေတြကို ခံစားျကရပါတယ္။ ထိုကဲ့သို႕နာက်င္ျခင္းျဖစ္လာတဲ့အခါ ခ်က္ကို ဆီအနည္းငယ္ထည့္ျပီးႏွိပ္နယ္ေပးလိုက္မယ္ဆိုရင္ နာက်င္ျခင္းေတြ ေျပေလ်ာ့သြားမွာျဖစ္ပါတယ္။ ဒီလိုလုပ္ျခင္းက ဆီးလမ္းေျကာင္းတစ္ဝိုက္မွအေျကာေတြကို ေလ်ာ့သြားေစရံုသာမက ခႏၶာကိုယ္ကိုလဲ လန္ဆန္းသြားေစပါတယ္။

အျမင္အာရံုေကာင္းလာျခင္း

ခ်က္က မ်က္လံုးဆီသြားတဲ့အေျကာေတြနဲ႕ဆက္ထားတာျဖစ္ပါတယ္။ အျမင္အာရံုအားနည္းတယ္ဆိုရင္ ခ်က္ကို မုညင္းဆီနဲ႕ပြတ္ေပးျခင္းက မ်က္လံုးက်န္းမာေရးကို တိုးတတ္ေကာင္းမြန္ေစႏိုင္ပါတယ္။ မ်က္လံုးမို႕ျခင္းနဲ႕မ်က္ကြင္းညိဳျခင္းတို႕ကို ဖယ္ရွားေပးဖို႕ နည္းလမ္းေကာင္းတစ္ခုလဲျဖစ္ပါတယ္။။

အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းကို ေလ်ာ့ပါးသြားျခင္း

အသက္အရြယ္ရလာတာနဲ႕ အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းေတြခံစားရျခင္းက လူတိုင္းျကံုေတြ႕ရမွာျဖစ္ပါတယ္။ ျကက္ဆူဆီကဲ့သို႕ဆီေတြနဲ႕ ခ်က္ကို ပံုမွန္လိမ္းေပးျခင္းက နာက်င္ကိုက္ခဲျခင္းေတြကို သက္သာသြားေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MM

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်နဲ့ဆံပင်တို့ကို ဆီလိမ်းပေးခြင်း(ဒါမှမဟုတ်)နှိပ်နယ်ပေးခြင်းက ကျွန်ုပ်တို့မိဘတွေနဲ့ဘိုးဘွားတွေပြောဆိုသင်ကြားပေးခဲ့တဲ့ ရိုးရာနည်းတစ်ခုအဖြစ် မှတ်ယူကြပါတယ်။ ဆီလိမ်းခြင်းက အကျိုးကျေးဇူးများစွာရှိပါတယ်။ ချက်ကို ပုံမှန်ဆီလိမ်းပေးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ အခုပဲဖတ်ရှုလိုက်ကြပါနော်။

အညစ်အကြေးတွေကိုဖယ်ရှားပေးခြင်း

ကျွန်ုပ်တို့က ချက်ကို အမြဲတမ်းဂရုစိုက်တတ်ကြတာမဟုတ်ပါဘူး။ ချက်ကို သန့်စင်တဲ့အခါ ရောဂါပိုးမွှားနဲ့ကြေးတွေကို ဖယ်ရှားပေးပြီး ဝမ်းဗိုက်နဲ့ချက်နေရာတွေကို မည်သည့်ပြဿနာမှမဖြစ်စေပါဘူး။

ရောဂါကူးစက်ခြင်းကို ဖယ်ရှားပေးခြင်း

ချက်ကို မသန့်ရှင်းတဲ့အခါ ချက်ရဲ့အတွင်းကော၊အပြင်ကောမှာ ရောဂါကူးစပ်ခြင်းတွေဖြစ်စေပါတယ်။ ဆီက သဘာဝအလျောက် ရောဂါကူးစက်ခြင်းကို ကုသပေးဖို့နဲ့ ပိုးမွှားတွေကို သတ်ပေးဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ မုညင်းဆီကဲ့သို့ဆီကိုအသုံးပြုခြင်းက ဘတ်တီးရီးယားကို သတ်ပေးရုံသာမက ပြန်မလာအောင်လဲ ကာကွယ်ပေးပါတယ်။

ဝမ်းဗိုက်ပြသဿနာတွေကို ကုသပေးခြင်း

လေအောင့်ခြင်း၊ မအီမသာဖြစ်ခြင်းတွေဖြစ်လာမယ်ဆိုရင် မုညင်းဆီနဲ့ဂျင်းတို့ကိုရောစပ်ပြီး ချက်မှာ လိမ်းပေးကြည့်လိုက်ပါ။ သင် ရင်ဆိုင်နေရတဲ့ အစာခြေပြဿနာတွေကို ပြေလျော့သွားစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

ရာသီလာခြင်းကြောင့်နာကျင်ခြင်းကို ပြေလျော့သွားခြင်း

မိန်းကလေးတွေက ရာသီလာတဲ့အချိန်တွေဆို ဝမ်းဗိုက်နာကျင်ခြင်းတွေကို ခံစားကြရပါတယ်။ ထိုကဲ့သို့နာကျင်ခြင်းဖြစ်လာတဲ့အခါ ချက်ကို ဆီအနည်းငယ်ထည့်ပြီးနှိပ်နယ်ပေးလိုက်မယ်ဆိုရင် နာကျင်ခြင်းတွေ ပြေလျော့သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက ဆီးလမ်းကြောင်းတစ်ဝိုက်မှအကြောတွေကို လျော့သွားစေရုံသာမက ခန္ဓာကိုယ်ကိုလဲ လန်ဆန်းသွားစေပါတယ်။

အမြင်အာရုံကောင်းလာခြင်း

ချက်က မျက်လုံးဆီသွားတဲ့အကြောတွေနဲ့ဆက်ထားတာဖြစ်ပါတယ်။ အမြင်အာရုံအားနည်းတယ်ဆိုရင် ချက်ကို မုညင်းဆီနဲ့ပွတ်ပေးခြင်းက မျက်လုံးကျန်းမာရေးကို တိုးတတ်ကောင်းမွန်စေနိုင်ပါတယ်။ မျက်လုံးမို့ခြင်းနဲ့မျက်ကွင်းညိုခြင်းတို့ကို ဖယ်ရှားပေးဖို့ နည်းလမ်းကောင်းတစ်ခုလဲဖြစ်ပါတယ်။။

အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို လျော့ပါးသွားခြင်း

အသက်အရွယ်ရလာတာနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတွေခံစားရခြင်းက လူတိုင်းကြုံတွေ့ရမှာဖြစ်ပါတယ်။ ကြက်ဆူဆီကဲ့သို့ဆီတွေနဲ့ ချက်ကို ပုံမှန်လိမ်းပေးခြင်းက နာကျင်ကိုက်ခဲခြင်းတွေကို သက်သာသွားစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MM
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top