iMyanmarHouse.com - Best Property Website for Myanmar
×

 Melody World သီခ်င္းဆိုျပိဳင္ပြဲကေနတစ္ဆင့္ လူသိမ်ားေအာင္ျမင္လာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ အဆိုပိုင္းမွာ ထူးခ်ြန္ရံုသာမကပဲ ေမာ္ဒယ္ပိုင္းမွာလည္း လူသိမ်ားေအာင္ျမင္သူတစ္ဦးပဲ ျဖစ္ပါတယ္။ Internation ဆန္တဲ့ ရုပ္ရည္နဲ႔ ျမင့္မားလွတဲ့ အရပ္ကိုပိုင္ဆိုင္ထားတဲ့ သူမကေတာ့ ရုတ္တရက္ၾကည့္ရင္ ႏိုင္ငံျခားမင္းသမီးတစ္ဦးနဲ႔ေတာင္ အထင္မွားရေလာက္ေအာင္ လွရက္လြန္းသူေလးပါ။ လတ္တေလာမွာေတာ့ ခ်မ္းခ်မ္းက အေမရိကသို႔ ခရီးသြားရင္းနဲ႔ သူမအေနနဲ႔ ဂုဏ္ယူစရာေကာင္တဲ့ ျဖစ္ရပ္ေလးတစ္ခုကို ၾကံဳေတြ႔ခဲ့ရတဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။

အဲ့ဒါကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႔ ထိတ္ထိတ္ၾကဲ နာမည္ၾကီး သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ မင္းသား Rain နဲ႔ မင္းသမီး Kim Tae Hee တို႔ ဇနီးေမာင္နွံတို႔ဆီကေန လွတယ္လို႔ ခ်ီးက်ဴးခံလိုက္ရလို႔ပဲ ျဖစ္ပါတယ္။

ခ်မ္းခ်မ္းကေတာ့ “မ​ေန႔က LA ​ေလဆိပ္​မွာ ကိုရီးယား မင္​းသမီး​ေတြ အဆို​ေတာ္​​ေတြ န့ဲ တူတူ immigration ျဖတ္​​ေတာ့ ကိုယ္​့ကို rain န့ဲ သူ႔မိန္​းမ ကင္​မ္​ထယ္​ဟီးက ဒီမိန္​းက​ေလးလွလိုက္​တာ…ဘယ္​ႏိုင္ငံကလဲ မသိဘူးတ့ဲ…​ေအာ္…ဘဝမွာကိုယ့္​ကိုယ္​ကိုစိတ္​တိုင္​းမက်လို႔ အျမဲစိတ္​ဓာတ္​က်​ေနခ့ဲတာ..အခု​ေတာ့အားရိွသြားျပီ..သူတို႔ကိုျပန္​ျပဳံးျပလိုက္​တယ္​..rain ကအျပင္​မွာတအားမိုက္​တာပဲကြယ္​…ဟိတ္​ဟန္​မရိွဘူး..​ေအး​ေအး​ေလး ဒါန႔ဲဆိုဒုတိယအႀကိမ္​ပဲ…လြန္​ခ့ဲတ့ဲ ၇ႏွစ္​​ေလာက္​က MTV exit ပြဲမွာ jason mrazန့ဲ ဆုံတုန္​းလဲ..မိန္​းက​ေလးမင္​းန႔ဲ ဓာတ္​ပုံ႐ိုက္​ခ်င္​လို႔ရမလားတ့ဲ…မင္းသိပ္​လွတယ္ဆိုၿပီး ​တစ္ခါတစ္​ေလ ကိုယ္​့ကို ကိုယ္​့ႏိုင္​ငံမွာ သိပ္​မၾကဳိက္​လက္​မခံၾကတာကို အျမဲသိမ္​ငယ္​​ေနခ့ဲတာ…

အခု​ေတာ့ ဝမ္​းသာတယ္​…ကိုယ္​့ကိုယ္​ကိုလဲအ​ေကာင္​းျမင္​တတ္​လာၿပီ…ငါပါးစပ္​ျပဲ ႏႈတ္​ခမ္​းႀကီးတာ႐ွက္​စရာမဟုတ္​ဘူး…ငါ့ဆံပင္​​ေတြ​ေကြး​ေကာက္​ၿပီးအုံဖြာ​ေနတာ ႐ွက္​စရာမဟုတ္​ဘူး…ငါ့ကိုခ်ီးက်ဴး သြားၾကတ့ဲ​ေတြဟာ ကမာၻ​ေက်ာ္​​ေတြမို႔ ကိုယ္​့ကိုမ​ေကာင္​း​ေျပာလက္​မခံၾကတ့ဲသူ​ေတြကိုလဲ..စိတ္​မ​ေကာင္​းမျဖစ္​​ေတာ့ဘူး.မသိမ္​ငယ္​​ေတာ့ဘူး…​ေလာကမွာ ဘုရား​ေပးထားတာ ကိုယ္​့အလွန႔ဲကိုယ္​စီရိွၾကတယ္​…အဓိကက ကိုယ္​့မွာရိွတာကိုယ္​လက္​ခံတတ္​ဖို႔ရယ္​…ကိုယ့္တန္ဖိုး ကိုယ့္အလွဆိုတာ ၾကည္​့သူကိုယ္​့ကိုတန္​ဖိုးသိတ့ဲလူ​ေတြရိွ​ေန​ေသးတယ္​ဆိုတာကိုမ​ေမ့ဖို႔ပဲ..လမ္​းမွားၿပီးဘဝင္​​ေတစြပ္​မျမင္​့ဖို႔ ​ေအာက္​​ေျခမလြတ္​ဖို့​ေတာ့လိုတာ​ေပါ့…​ေျပာခ်င္​တာက တခါတ​ေလမွာပတ္​ဝန္​းက်င္​ကကိုယ္​့ကိုမနာလိုလို႔တိုက္​ခိုက္​ ​ေဘးဖယ္​ထားၾက​ေပမ့ဲ..မထင္​မွတ္​တ့ဲတ​ေထာင္​့တ​ေနရာမွာ ကိုယ္​့ကိုတန္​ဖိုးထားတ့ဲအျမင္​န႔ဲျမင္​​ေန​ေသးတယ္​ဆိုတာမ​ေမ့ဖို႔​ေျပာခ်င္​တာပါ…

က်မအတြက္​က​ေတာ့ ဘဝမွာ အခုလိုခ်ီက်ဴး ခံရတာ ..အျမဲတမ္​းကိုယ္​့ကိုယ္​ကို မႀကိဳက္​ခ့ဲတ့ဲ အားငယ္​ခ့ဲတ့ဲက်မ သူတို႔​ေတြရ႕ဲစကားသံ…က်မကိုခ်စ္​တ့ဲ က်မရ႕ဲလူမ်ိဳးပရိတ္​သတ္​​ေတ​ေၾကာင္​့ က်မပိုၿပီးအားရိွလာတယ္​ဆိုတာကို​ေျပာခ်င္​တာပါ..ကိုယ္​့အတြက္​က​ေတာ့ ကိုယ္​ႀကိဳက္​တ့ဲ ကမာၻ​ေက်ာ္​​ေတြန႔ဲ​ေတြ႔ရတာန႔ဲတင္​လုံ​ေလာက္​ပါတယ္​လို႔….ဘာပဲဖစ္​ျဖစ္​က်မမသိမ္​ငယ္​​ေတာ့ဘူးလို႔.ဘုရားကို​ေက်းဇူးတင္​တယ္​…​ေသးငယ္​​ေသာမဂ္​လာစကားဟာ ႀကီးမား​ေသာအမႈ စိတ္​ခြန္​အားရ​ေစတ့ဲအတြက္​…​ေလယာဥ္​ဘီးႏွစ္​ဖက္​ ခ်လိုက္​ကတည္​းကအရာရာကိုဘုရားဆီပုံအပ္​ထားခ့ဲတာ…ခရီးစဥ္​အစအဆုးံ​ေအာင္​ျမင္​တ့ဲအျပင္​ကိုယ္​မထင္​မွတ္​ထားတ့ဲအမွတ္​တရ​ေတြန႔ဲကုံရလို႔ ​ေက်းဇူးတင္​မဆုးံပါဘူး…” ဆိုျပီး အျမဲအားငယ္ေနရတဲ့ သူမရဲ႕အလွအပကို ခ်ီးက်ူးသူေတြေၾကာင့္ အားရွိလာတဲ့အေၾကာင္းကို ေျပာထားတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

Melody World သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများအောင်မြင်လာတဲ့ အဆိုတော် ချမ်းချမ်းကတော့ အဆိုပိုင်းမှာ ထူးချွန်ရုံသာမကပဲ မော်ဒယ်ပိုင်းမှာလည်း လူသိများအောင်မြင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Internation ဆန်တဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးနဲ့တောင် အထင်မှားရလောက်အောင် လှရက်လွန်းသူလေးပါ။ လတ်တလောမှာတော့ ချမ်းချမ်းက အမေရိကသို့ ခရီးသွားရင်းနဲ့ သူမအနေနဲ့ ဂုဏ်ယူစရာကောင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

အဲ့ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ ဇနီးမောင်နှံတို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။

ချမ်းချမ်းကတော့ “မနေ့က LA လေဆိပ်မှာ ကိုရီးယား မင်းသမီးတွေ အဆိုတော်တွေ နဲ့ တူတူ immigration ဖြတ်တော့ ကိုယ့်ကို rain နဲ့ သူ့မိန်းမ ကင်မ်ထယ်ဟီးက ဒီမိန်းကလေးလှလိုက်တာ…ဘယ်နိုင်ငံကလဲ မသိဘူးတဲ့…အော်…ဘဝမှာကိုယ့်ကိုယ်ကိုစိတ်တိုင်းမကျလို့ အမြဲစိတ်ဓာတ်ကျနေခဲ့တာ..အခုတော့အားရှိသွားပြီ..သူတို့ကိုပြန်ပြုံးပြလိုက်တယ်..rain ကအပြင်မှာတအားမိုက်တာပဲကွယ်…ဟိတ်ဟန်မရှိဘူး..အေးအေးလေး ဒါနဲ့ဆိုဒုတိယအကြိမ်ပဲ…လွန်ခဲ့တဲ့ ၇နှစ်လောက်က MTV exit ပွဲမှာ jason mrazနဲ့ ဆုံတုန်းလဲ..မိန်းကလေးမင်းနဲ့ ဓာတ်ပုံရိုက်ချင်လို့ရမလားတဲ့…မင်းသိပ်လှတယ်ဆိုပြီး တစ်ခါတစ်လေ ကိုယ့်ကို ကိုယ့်နိုင်ငံမှာ သိပ်မကြိုက်လက်မခံကြတာကို အမြဲသိမ်ငယ်နေခဲ့တာ…

အခုတော့ ဝမ်းသာတယ်…ကိုယ့်ကိုယ်ကိုလဲအကောင်းမြင်တတ်လာပြီ…ငါပါးစပ်ပြဲ နှုတ်ခမ်းကြီးတာရှက်စရာမဟုတ်ဘူး…ငါ့ဆံပင်တွေကွေးကောက်ပြီးအုံဖွာနေတာ ရှက်စရာမဟုတ်ဘူး…ငါ့ကိုချီးကျူး သွားကြတဲ့တွေဟာ ကမ္ဘာကျော်တွေမို့ ကိုယ့်ကိုမကောင်းပြောလက်မခံကြတဲ့သူတွေကိုလဲ..စိတ်မကောင်းမဖြစ်တော့ဘူး.မသိမ်ငယ်တော့ဘူး…လောကမှာ ဘုရားပေးထားတာ ကိုယ့်အလှနဲ့ကိုယ်စီရှိကြတယ်…အဓိကက ကိုယ့်မှာရှိတာကိုယ်လက်ခံတတ်ဖို့ရယ်…ကိုယ့်တန်ဖိုး ကိုယ့်အလှဆိုတာ ကြည့်သူကိုယ့်ကိုတန်ဖိုးသိတဲ့လူတွေရှိနေသေးတယ်ဆိုတာကိုမမေ့ဖို့ပဲ..လမ်းမှားပြီးဘဝင်တေစွပ်မမြင့်ဖို့ အောက်ခြေမလွတ်ဖို့တော့လိုတာပေါ့…ပြောချင်တာက တခါတလေမှာပတ်ဝန်းကျင်ကကိုယ့်ကိုမနာလိုလို့တိုက်ခိုက် ဘေးဖယ်ထားကြပေမဲ့..မထင်မှတ်တဲ့တထောင့်တနေရာမှာ ကိုယ့်ကိုတန်ဖိုးထားတဲ့အမြင်နဲ့မြင်နေသေးတယ်ဆိုတာမမေ့ဖို့ပြောချင်တာပါ…

ကျမအတွက်ကတော့ ဘဝမှာ အခုလိုချီကျူး ခံရတာ ..အမြဲတမ်းကိုယ့်ကိုယ်ကို မကြိုက်ခဲ့တဲ့ အားငယ်ခဲ့တဲ့ကျမ သူတို့တွေရဲ့စကားသံ…ကျမကိုချစ်တဲ့ ကျမရဲ့လူမျိုးပရိတ်သတ်တေကြောင့် ကျမပိုပြီးအားရှိလာတယ်ဆိုတာကိုပြောချင်တာပါ..ကိုယ့်အတွက်ကတော့ ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့တွေ့ရတာနဲ့တင်လုံလောက်ပါတယ်လို့….ဘာပဲဖစ်ဖြစ်ကျမမသိမ်ငယ်တော့ဘူးလို့.ဘုရားကိုကျေးဇူးတင်တယ်…သေးငယ်သောမဂ်လာစကားဟာ ကြီးမားသောအမှု စိတ်ခွန်အားရစေတဲ့အတွက်…လေယာဉ်ဘီးနှစ်ဖက် ချလိုက်ကတည်းကအရာရာကိုဘုရားဆီပုံအပ်ထားခဲ့တာ…ခရီးစဉ်အစအဆုးံအောင်မြင်တဲ့အပြင်ကိုယ်မထင်မှတ်ထားတဲ့အမှတ်တရတွေနဲ့ကုံရလို့ ကျေးဇူးတင်မဆုးံပါဘူး…” ဆိုပြီး အမြဲအားငယ်နေရတဲ့ သူမရဲ့အလှအပကို ချီးကျူးသူတွေကြောင့် အားရှိလာတဲ့အကြောင်းကို ပြောထားတာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top