iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ ခႏၶာကိုယ္တြင္း႐ွိ ဒုတိယအႀကီးဆံုး ကိုယ္တြင္း အဂၤါပစၥည္းကေတာ့ အသည္းျဖစ္ၿပီး အသက္႐ွင္ေနထိုင္ဖို႔ရန္အတြက္ အေရးအႀကီးဆံုး ဂလင္းတစ္ခုျဖစ္ပါတယ္။ ၁.၄ ကီလိုဂရမ္ေလးတဲ့ အသည္းက ၂၄ နာရီလံုး မရပ္မနား အလုပ္လုပ္ေနရတာပါ။

သင့္ရဲ႕ ေနထိုင္ စားေသာက္မႈပံုစံေပၚ မူတည္ၿပီး အသည္းရဲ႕ က်န္းမာေရးကလည္း ေျပာင္းလဲသြားပါလိမ့္မယ္။ အရက္ အလြန္အကြ်ံေသာက္သံုးတဲ့အခါ က်န္းမာေရးနဲ႔ မညီညႊတ္တဲ့အစားအစာေတြ စားသံုးတဲ့အခါ အသည္းက လိုသည္ထက္ပိုၿပီး အလုပ္လုပ္ရပါတယ္။ အခ်ိန္ၾကာလာတဲ့အခါ အသည္းရဲ႕ စြမ္းေဆာင္ရည္က က်ဆင္းသြားၿပီး အသည္းပ်က္စီးသြားပါေတာ့တယ္။

ဒီလိုအသည္းပ်က္စီးတဲ့အေျခအေနမွ ကာကြယ္ဖို႔အတြက္ ဘယ္လိုအစားအစာေတြ စားသံုးသင့္လဲဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

ၾကက္သြန္ျဖဴ

မနက္မိုးလင္းတာနဲ႔ ၾကက္သြန္ျဖဴ ၁ ျမႊာကို ေန႔တိုင္း စားသံုးေပးရပါမယ္။ ဒါ့အျပင္ ပါးပါးလွီးထားေသာ ၾကက္သြန္ျဖဴ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန္႔ကိုလည္း အစားအစာ ခ်က္ျပဳတ္တိုင္း ထည့္ခ်က္ေပးမယ္ဆိုရင္ေတာ့ အသည္းက်န္းမာေရးအတြက္ အင္မတန္အေထာက္အကူျဖစ္ေစပါတယ္။

ဂ်င္ဆင္း

ဂ်င္ဆင္းက က်န္းမာေရးအတြက္ ဘက္စံုအသံုးဝင္တဲ့ သစ္သီးသစ္ဖုေလးပဲ ျဖစ္ပါတယ္။ အသည္းက်န္းမာဖို႔အတြက္ဆိုရင္ ဂ်င္ဆင္းေဖ်ာ္ရည္ကို တစ္ေန႔ ၂ ခြက္ ေသာက္သံုးေပးရပါမယ္။

မုန္လာဥနီ

အမွ်င္ဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္နဲ႔ Antioxidants တို႔ ၾကြယ္ဝစြာ ပါဝင္တဲ့ မုန္လာဥနီက အသည္းအဆီဖံုးျခင္းနဲ႔ အသည္း အဆိပ္အေတာက္ျဖစ္ျခင္းတို႔မွ ကာကြယ္ေပးႏိုင္တယ္လို႔ အိႏၵိယႏိုင္ငံမွ သုေတသနပညာ႐ွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ သိ႐ွိရပါတယ္။ မုန္လာဥနီေဖ်ာ္ရည္ကို ႏွစ္ရက္ျခား တစ္ခြက္ ေသာက္သံုးေပးပါ။ ေၾကာ္ခ်က္ထားတဲ့ မုန္လာဥနီဟင္းလ်ာကိုလည္း ၂ ရက္ျခား၊ ၃ ရက္ျခားတစ္ခါ စားသံုးေပးလိုက္ပါ။

လက္ဖက္စိမ္း

လက္ဖက္စိမ္း ေန႔တိုင္း ေသာက္သံုးသူမ်ားက အသည္းကင္ဆာ၊ အသည္းေရာင္ေရာဂါ၊ အသည္းၾကြပ္ေရာဂါ စတဲ့ အသည္းေရာဂါမ်ား ခံစားရႏိုင္ေခ်ကို သိသိသာသာေလ်ာ့ခ်ေပးႏိုင္တယ္လို႔ တ႐ုတ္လူမ်ိဳး သုေတသီေတြရဲ႕ ေလ့လာခ်က္အရ သိ႐ွိရပါတယ္။ ဒါ့ေၾကာင့္ Green Tea တစ္ေန႔ ၂ ခြက္၊ ၃ ခြက္ ေသာက္သံုးၾကပါလို႔ အႀကံေပးပါရေစ။

ေထာပတ္သီး

ေထာပတ္သီးနဲ႔ ပတ္သက္ၿပီး ဂ်ပန္သုေတသီေတြရဲ႕ ေလ့လာစမ္းသပ္ခ်က္အရ ေထာပတ္သီးထဲမွာ အသည္းပ်က္စီးျခင္းကို ကာကြယ္ေပးႏိုင္တဲ့ အာဟာရဓာတ္ေတြ ပါဝင္တယ္လို႔ သိရပါတယ္။ က်န္းမာေရးနဲ႔ မညီညႊတ္တဲ့အစားအစာမ်ား စားသံုးျခင္းေၾကာင့္ ျဖစ္ေပၚတတ္တဲ့ အသည္းအဆီဖံုးျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေထာပတ္သီးကို တစ္ပတ္မွာ ၂ ႀကိမ္၊ ၃ ႀကိမ္ခန္႔ စားသံုးေပးလိုက္ပါ။

Credit:myfoodmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သင့် ခန္ဓာကိုယ်တွင်းရှိ ဒုတိယအကြီးဆုံး ကိုယ်တွင်း အင်္ဂါပစ္စည်းကတော့ အသည်းဖြစ်ပြီး အသက်ရှင်နေထိုင်ဖို့ရန်အတွက် အရေးအကြီးဆုံး ဂလင်းတစ်ခုဖြစ်ပါတယ်။ ၁.၄ ကီလိုဂရမ်လေးတဲ့ အသည်းက ၂၄ နာရီလုံး မရပ်မနား အလုပ်လုပ်နေရတာပါ။

သင့်ရဲ့ နေထိုင် စားသောက်မှုပုံစံပေါ် မူတည်ပြီး အသည်းရဲ့ ကျန်းမာရေးကလည်း ပြောင်းလဲသွားပါလိမ့်မယ်။ အရက် အလွန်အကျွံသောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားသုံးတဲ့အခါ အသည်းက လိုသည်ထက်ပိုပြီး အလုပ်လုပ်ရပါတယ်။ အချိန်ကြာလာတဲ့အခါ အသည်းရဲ့ စွမ်းဆောင်ရည်က ကျဆင်းသွားပြီး အသည်းပျက်စီးသွားပါတော့တယ်။

ဒီလိုအသည်းပျက်စီးတဲ့အခြေအနေမှ ကာကွယ်ဖို့အတွက် ဘယ်လိုအစားအစာတွေ စားသုံးသင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ကြက်သွန်ဖြူ

မနက်မိုးလင်းတာနဲ့ ကြက်သွန်ဖြူ ၁ မြွှာကို နေ့တိုင်း စားသုံးပေးရပါမယ်။ ဒါ့အပြင် ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကိုလည်း အစားအစာ ချက်ပြုတ်တိုင်း ထည့်ချက်ပေးမယ်ဆိုရင်တော့ အသည်းကျန်းမာရေးအတွက် အင်မတန်အထောက်အကူဖြစ်စေပါတယ်။

ဂျင်ဆင်း

ဂျင်ဆင်းက ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်တဲ့ သစ်သီးသစ်ဖုလေးပဲ ဖြစ်ပါတယ်။ အသည်းကျန်းမာဖို့အတွက်ဆိုရင် ဂျင်ဆင်းဖျော်ရည်ကို တစ်နေ့ ၂ ခွက် သောက်သုံးပေးရပါမယ်။

မုန်လာဥနီ

အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ Antioxidants တို့ ကြွယ်ဝစွာ ပါဝင်တဲ့ မုန်လာဥနီက အသည်းအဆီဖုံးခြင်းနဲ့ အသည်း အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်တယ်လို့ အိန္ဒိယနိုင်ငံမှ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရှိရပါတယ်။ မုန်လာဥနီဖျော်ရည်ကို နှစ်ရက်ခြား တစ်ခွက် သောက်သုံးပေးပါ။ ကြော်ချက်ထားတဲ့ မုန်လာဥနီဟင်းလျာကိုလည်း ၂ ရက်ခြား၊ ၃ ရက်ခြားတစ်ခါ စားသုံးပေးလိုက်ပါ။

လက်ဖက်စိမ်း

လက်ဖက်စိမ်း နေ့တိုင်း သောက်သုံးသူများက အသည်းကင်ဆာ၊ အသည်းရောင်ရောဂါ၊ အသည်းကြွပ်ရောဂါ စတဲ့ အသည်းရောဂါများ ခံစားရနိုင်ချေကို သိသိသာသာလျော့ချပေးနိုင်တယ်လို့ တရုတ်လူမျိုး သုတေသီတွေရဲ့ လေ့လာချက်အရ သိရှိရပါတယ်။ ဒါ့ကြောင့် Green Tea တစ်နေ့ ၂ ခွက်၊ ၃ ခွက် သောက်သုံးကြပါလို့ အကြံပေးပါရစေ။

ထောပတ်သီး

ထောပတ်သီးနဲ့ ပတ်သက်ပြီး ဂျပန်သုတေသီတွေရဲ့ လေ့လာစမ်းသပ်ချက်အရ ထောပတ်သီးထဲမှာ အသည်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ အသည်းအဆီဖုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးကို တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် စားသုံးပေးလိုက်ပါ။

Credit:myfoodmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top