iMyanmarHouse.com - Best Property Website for Myanmar
×


ဆံသား အဆီျပန္ သူမ်ားအေနနဲ့ ၁ရက္ျခားကို တစ္ခါေလာက္ ေခါင္းေလ်ွာ္ရတာ စိတ္ပ်က္ဖြယ္ရာပဲ ျဖစ္ပါတယ္။အထူးသျဖင့္ အခုလို ေဆာင္းတြင္းဘက္မွာဆို ပိုဆိုးပါတယ္။ ထို့ျပင္ ဆံသားအဆီမ်ားမွုေျကာင့္ ေဗာက္မ်ားပိုမို ျဖစ္ေပၚေစတာမို့ မိမိကုိယ္ကို ယံုျကည္မွုနည္းပါးေစပါတယ္။

ဒါတင္မကေသးပါဘူး၊အဆီျပန္တဲ့ဆံသားကေနတဆင့္ မ်က္နွာေပၚသို့အဆီမ်ား စုပံုေစတာမို့ ၀က္ျခံနဲ့အဆီဖုမ်ား ထြက္ေပၚေစပါတယ္။ထိုိသို့ဆိုးရြားတဲ့ ဆံသားအဆီျပန္ျခင္းျပႆနာကို ပိုမိုအားေပးတဲ့အစားအစာေတြရွိပါတယ္။ ထို့ေျကာင့္ ဆံသားအဆီျပန္သူမ်ားအေနျဖင့္ ထိုအစားအစာမ်ားကို ေရွာင္ျကဥ္ဖို့လိုတယ္ေနာ္။

(၁)သျကားပါ၀င္မွဳမ်ားေသာအစာမ်ား

ကိုယ္ခႏၵာရွိ ဇီ၀ကမျၼဖစ္စဥ္မ်ား ပံုမွန္လည္ပတ္ဖို့အတြက္ ေဟာ္မုန္းမ်ားက ပင္မဆက္သြယ္ေရးတာ၀န္ခံမ်ားအျဖစ္ ေဆာင္ရြက္ေပးပါတယ္။ထို့ေျကာင့္ ေဟာ္မုန္းမ်ား မ်ွတေကာင္းမြန္ဖို့ အေရးျကီးတာျဖစ္ပါတယ္။ ေဟာ္မုန္္းမ်ား မ်ွတမွုကို ဖ်က္ဆီးပစ္မွာကေတာ့ သျကားမ်ားေသာအစားအစာမ်ား ျဖစ္ပါတယ္။သျကားမ်ားမ်ားစားျခင္းျဖင့္ ေဟာ္မုန္းမ်ားရဲ့လုပ္ငန္းေဆာင္တာမ်ားကို ပ်က္စီးေစတဲ့အျပင္ ဆဲလ္မ်ားေယာင္ယမ္းျခင္းကို ျဖစ္ေပၚေစပါတယ္။ထို့ျပင္ အဆီဂလင္းမ်ားမွ အဆီထြက္ေပၚျခင္းနွုန္းကို ျမွင့္တင္ေပးတာမို့ သင့္ကိုအဆီတ၀င္း၀င္းျဖစ္ေစပါလိမ့္မယ္။

(၂)ကစီဓာတ္မ်ားေသာအစာမ်ား

ကစီဓာတ္လို့ဆိုရာတြင္ မေကာင္းေသာကစီဓာတ္နဲ့ ေကာင္းေသာကစီဓာတ္ဆိုျပီး ၂မ်ိဴး ရွိပါတယ္။ဂ်ံဴအနုမွ ျပဳလုပ္ထားေသာ ေပါင္မုန့္ကဲ့သို့ေသာ ကစီဓာတ္မ်ားက ဆိုးက်ိဴးမ်ားကို ျဖစ္ေစတာမို့ မေကာင္းေသာကစီဓာတ္လို့ ေခၚပါတယ္။မေကာင္းေသာကစီဓာတ္ပါသည့္ အစားအစာမ်ားကိုစားျခင္းေျကာင့္ အဆီထုတ္ေပးေသာ အဆီဂလင္းမ်ားကေန အဆီထြက္နွဳန္းပိုမိုမ်ားျပားေစတာမို့ ေရွာင္ျကဥ္ရပါမယ္။

(၃)ဆီေျကာ္မုန့္မ်ား

ဆီတြင္နွစ္ျပီးေျကာ္ထားေသာ အေျကာ္မ်ားနဲ့ အသင့္စားအစားအစာအမ်ားစုက သင့္ရဲ့ အဆီဂလင္းေတြကို အလြန္အမင္း လွံဳ့ေဆာ္ေပးမွာ ျဖစ္လို့ သင့္အသားအေရနဲ့ဆံသားကို အဆီျပန္ေစပါလိ္မ့္မယ္။ ဒါေျကာင့္ ညေနဘက္မွာ ဘာဂါတစ္လံုးစားမိတာနဲ့ ညဘက္မွာ သင့္ဆံပင္ေတြေစးကပ္ကပ္ပိုျဖစ္တာေတြ့ရတာေပါ့။

(၄)နို့ထြက္ပစၥည္းမ်ား

ျကားရတာ အံ့ျသမွာပါ။တကယ္ပဲ ေထာပတ္၊ခ်ိစ္၊စတဲ့ နုိ့ထြက္ပစၥည္းမ်ားကို ကြ်န္ေတာ္တို့ ကိုယ္ခႏၵာက ေနစားသံုးျပီးေနာက္ ဆီနဲ့အဆီအျဖစ္ ေခ်ဖ်က္ေပးပါတယ္။ဒါေျကာင့္မို့ ထိုအစာမ်ားေျကာင့္ သင့္ကို ပိုမို၀က္ျခံထြက္ေစျပီး ဆံသားပိုမိုအဆီျပန္ေစပါတယ္။

(၅)ဆားမ်ားေသာအစာမ်ား

ဆားအစားမ်ားျခင္းေျကာင့္ မ်က္နွာေဖာေယာင္ျခင္း၊မ်က္ခြံတြဲျခင္း၊ေဗာက္ထျခင္းနဲ့ေရဓာတ္ဆံုးရွံဳးျခင္းကို ျဖစ္ေစမွာပါ။ဆံုးရွံဳးသြားေသာ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းဖို့အတြက္ ခႏၵာကိုယ္က အဆီပိုထုတ္ရတာမို့ သင့္ဆံပင္ကို အဆီတ၀င္း၀င္းျဖစ္ေစတာေပါ့။

ဆံသားအဆီျပန္ျခင္းကို ကာကြယ္ေပးမည့္အစာမ်ား

(၁)ဗီတာမင္ ဘီ နွင့္ ဗီတာမင္ အီး ပါေသာ အစာမ်ား

ပဲအမ်ိဴးမ်ိဴး၊အသီးအရြက္နဲ့သစ္သီးမ်ားတြင္ ဗီတာမင္ဘီ ပါ၀င္ပါတယ္။ အစိမ္းေရာင္အရြက္ရွိေသာအစာမ်ားနဲ့ ေန့ျကာေစ့စေသာ အေစ့အဆန္မ်ားတြင္ ဗီတာမင္ အီးပါ၀င္ပါတယ္။

(၂) ဇင့္ ပါေသာအစာမ်ား

ေကြကာအုတ္၊အခြံမာငါးမ်ား၊ဥအမ်ိဴးမ်ိဴး ကိုစားျခင္းျဖင့္ ဇင့္ဓာတ္ရရွိေစမွာ ျဖစ္ပါတယ္။

(၃)ေကာင္းေသာအဆီ ပါ၀င္သည့္အစာမ်ား

အေစ့အဆန္မ်ား၊ဟင္းသီးဟင္းရြက္ဆီမ်ားနဲ့ အဆီပါေသာငါးမ်ားတြင္ ေကာင္းတဲ့အဆီမ်ားပါ၀င္ပါတယ္။

Credit:lwinpyin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဆံသား အဆီပြန် သူများအနေနဲ့ ၁ရက်ခြားကို တစ်ခါလောက် ခေါင်းလျှော်ရတာ စိတ်ပျက်ဖွယ်ရာပဲ ဖြစ်ပါတယ်။အထူးသဖြင့် အခုလို ဆောင်းတွင်းဘက်မှာဆို ပိုဆိုးပါတယ်။ ထို့ပြင် ဆံသားအဆီများမှုကြောင့် ဗောက်များပိုမို ဖြစ်ပေါ်စေတာမို့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးစေပါတယ်။

ဒါတင်မကသေးပါဘူး၊အဆီပြန်တဲ့ဆံသားကနေတဆင့် မျက်နှာပေါ်သို့အဆီများ စုပုံစေတာမို့ ဝက်ခြံနဲ့အဆီဖုများ ထွက်ပေါ်စေပါတယ်။ထိုသို့ဆိုးရွားတဲ့ ဆံသားအဆီပြန်ခြင်းပြဿနာကို ပိုမိုအားပေးတဲ့အစားအစာတွေရှိပါတယ်။ ထို့ကြောင့် ဆံသားအဆီပြန်သူများအနေဖြင့် ထိုအစားအစာများကို ရှောင်ကြဉ်ဖို့လိုတယ်နော်။

(၁)သကြားပါဝင်မှုများသောအစာများ

ကိုယ်ခန္ဒာရှိ ဇီဝကမ္မြဖစ်စဉ်များ ပုံမှန်လည်ပတ်ဖို့အတွက် ဟော်မုန်းများက ပင်မဆက်သွယ်ရေးတာဝန်ခံများအဖြစ် ဆောင်ရွက်ပေးပါတယ်။ထို့ကြောင့် ဟော်မုန်းများ မျှတကောင်းမွန်ဖို့ အရေးကြီးတာဖြစ်ပါတယ်။ ဟော်မုန်းများ မျှတမှုကို ဖျက်ဆီးပစ်မှာကတော့ သကြားများသောအစားအစာများ ဖြစ်ပါတယ်။သကြားများများစားခြင်းဖြင့် ဟော်မုန်းများရဲ့လုပ်ငန်းဆောင်တာများကို ပျက်စီးစေတဲ့အပြင် ဆဲလ်များယောင်ယမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ထို့ပြင် အဆီဂလင်းများမှ အဆီထွက်ပေါ်ခြင်းနှုန်းကို မြှင့်တင်ပေးတာမို့ သင့်ကိုအဆီတဝင်းဝင်းဖြစ်စေပါလိမ့်မယ်။

(၂)ကစီဓာတ်များသောအစာများ

ကစီဓာတ်လို့ဆိုရာတွင် မကောင်းသောကစီဓာတ်နဲ့ ကောင်းသောကစီဓာတ်ဆိုပြီး ၂မျိူး ရှိပါတယ်။ဂျူံအနုမှ ပြုလုပ်ထားသော ပေါင်မုန့်ကဲ့သို့သော ကစီဓာတ်များက ဆိုးကျိူးများကို ဖြစ်စေတာမို့ မကောင်းသောကစီဓာတ်လို့ ခေါ်ပါတယ်။မကောင်းသောကစီဓာတ်ပါသည့် အစားအစာများကိုစားခြင်းကြောင့် အဆီထုတ်ပေးသော အဆီဂလင်းများကနေ အဆီထွက်နှုန်းပိုမိုများပြားစေတာမို့ ရှောင်ကြဉ်ရပါမယ်။

(၃)ဆီကြော်မုန့်များ

ဆီတွင်နှစ်ပြီးကြော်ထားသော အကြော်များနဲ့ အသင့်စားအစားအစာအများစုက သင့်ရဲ့ အဆီဂလင်းတွေကို အလွန်အမင်း လှုံ့ဆော်ပေးမှာ ဖြစ်လို့ သင့်အသားအရေနဲ့ဆံသားကို အဆီပြန်စေပါလိမ့်မယ်။ ဒါကြောင့် ညနေဘက်မှာ ဘာဂါတစ်လုံးစားမိတာနဲ့ ညဘက်မှာ သင့်ဆံပင်တွေစေးကပ်ကပ်ပိုဖြစ်တာတွေ့ရတာပေါ့။

(၄)နို့ထွက်ပစ္စည်းများ

ကြားရတာ အံ့သြမှာပါ။တကယ်ပဲ ထောပတ်၊ချိစ်၊စတဲ့ နို့ထွက်ပစ္စည်းများကို ကျွန်တော်တို့ ကိုယ်ခန္ဒာက နေစားသုံးပြီးနောက် ဆီနဲ့အဆီအဖြစ် ချေဖျက်ပေးပါတယ်။ဒါကြောင့်မို့ ထိုအစာများကြောင့် သင့်ကို ပိုမိုဝက်ခြံထွက်စေပြီး ဆံသားပိုမိုအဆီပြန်စေပါတယ်။

(၅)ဆားများသောအစာများ

ဆားအစားများခြင်းကြောင့် မျက်နှာဖောယောင်ခြင်း၊မျက်ခွံတွဲခြင်း၊ဗောက်ထခြင်းနဲ့ရေဓာတ်ဆုံးရှုံးခြင်းကို ဖြစ်စေမှာပါ။ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် ခန္ဒာကိုယ်က အဆီပိုထုတ်ရတာမို့ သင့်ဆံပင်ကို အဆီတဝင်းဝင်းဖြစ်စေတာပေါ့။

ဆံသားအဆီပြန်ခြင်းကို ကာကွယ်ပေးမည့်အစာများ

(၁)ဗီတာမင် ဘီ နှင့် ဗီတာမင် အီး ပါသော အစာများ

ပဲအမျိူးမျိူး၊အသီးအရွက်နဲ့သစ်သီးများတွင် ဗီတာမင်ဘီ ပါဝင်ပါတယ်။ အစိမ်းရောင်အရွက်ရှိသောအစာများနဲ့ နေ့ကြာစေ့စသော အစေ့အဆန်များတွင် ဗီတာမင် အီးပါဝင်ပါတယ်။

(၂) ဇင့် ပါသောအစာများ

ကွေကာအုတ်၊အခွံမာငါးများ၊ဥအမျိူးမျိူး ကိုစားခြင်းဖြင့် ဇင့်ဓာတ်ရရှိစေမှာ ဖြစ်ပါတယ်။

(၃)ကောင်းသောအဆီ ပါဝင်သည့်အစာများ

အစေ့အဆန်များ၊ဟင်းသီးဟင်းရွက်ဆီများနဲ့ အဆီပါသောငါးများတွင် ကောင်းတဲ့အဆီများပါဝင်ပါတယ်။

Credit:lwinpyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top