iMyanmarHouse.com - Best Property Website for Myanmar
×


တခ်ိဳ႕နိုင္ငံေတြမွာ ရာသီလာခ်ိန္ဆို မိန္းကေလးေတြကို သီးျခားေနရာမွာေတာင္ေနေစတာတဲ့။ နီေပါတို႔၊ အိႏၵိယတို႔မွာ ရာသီေသြးဆင္းေနတဲ့မိန္းကေလးကို မိသားစုထဲ၊ ကိုယ့္အိမ္ထဲမွာေတာင္ မေနခိုင္းပါဘူး။ တကယ္ေတာ့ မိန္းမကိုယ္ဆိုတာ ရြံစရာမဟုတ္ပါဘူး။ တျခားသူေတြမွာလို၊ တျခားေနရာေတြလိုပဲ ခႏၶာကိုယ္ရဲ႕အစိတ္အပိုင္းတစ္ခုသာျဖစ္ပါတယ္။

သန္႔သန္႔ရွင္းရွင္းေနမယ္ဆို ေျခေထာက္၊ လက္အေရျပားေတြထက္ေတာင္ သန္႔ေနပါလိမ့္ဦးမယ္။ဒါေပမယ့္ မိန္းကေလးေတြကိုယ္တိုင္ကကို ညစ္ေပတဲ့ေနရာတစ္ခုျဖစ္မွာ၊ အနံ႔ထြက္မွာ၊ ေရာဂါပိုးဝင္မွာစိုးရိမ္္မႈေတြေၾကာင့္ အနံ႔ေမႊးတဲ့ ဆပ္ျပာေတြ၊ ဖ်န္းေဆးေတြအျပင္ ေရေမႊးေတြပါသံုးၾက၊မၾကာခဏေဆးေၾကာတတ္ၾကရာက ႏုနယ္တဲ့မိန္းမကိုယ္အေရျပားကို ထိခိုက္ေစနုိင္ပါတယ္။

မိန္းမကိုယ္ဟာ ညစ္ေပတဲ့ေနရာ ဘယ္အခ်ိန္မွာျဖစ္လာလဲဆိုရင္ တစ္ကိုယ္ေရသန္႔ရွင္းမႈမရွိတဲ့အခါ၊ အဝတ္အစားမသန္႔ရွင္းတဲ့အခါ ေရာဂါပိုးဝင္လာခ်ိန္ျဖစ္ပါတယ္။ ေရာဂါပိုး အထူးသျဖင့္မိႈပိုးဝင္တဲ့အခါ ယားယံတာ၊ အနံ႔ဆိုးထြက္တာ၊ မသန္႔ရွင္းတဲ့အျဖဴဆင္းတာေတြျဖစ္လာနုိင္ပါတယ္။ အဲဒီအခ်ိန္လိုအပ္တဲ့ကုသမႈမဟုတ္ဘဲ တျခားေဆးေတြလိမ္းတာ၊ထည့္တာ၊ အေမႊးနံ႔ျပင္းတာေတြသံုးပစ္တာေတြ ရမ္းသမ္းလုပ္မယ္ဆို မသက္သာဘဲ ပိုေတာင္ဆိုးနုိင္ပါတယ္။
မိန္းမကိုယ္ဟာ ျပင္ပအသားအေရမွမဟုတ္ဘဲေလ။

သူ႔အတြက္အေကာင္းဆံုးနည္းက ရိုးရွင္းပါတယ္။ ဓာတုပစၥည္းပါတဲ့အရာေတြမသံုးဘဲ အျမဲတမ္းသဘာဝက်က်သန္႔ရွင္းေအာင္ထားေပးဖို႔ပါပဲ။ အထူးတလည္ မၾကာခဏ ေဆးေၾကာ၊ သန္႔စင္ေနဖို႔မလိုအပ္ေပမယ့္ မိန္းမကိုယ္မွာ ေရာဂါကင္းဖို႔ ဒီအခ်က္ေလးေတြေတာ့ အရင္ဆံုးထည့္စဥ္းစားရပါလိမ့္မယ္။

တစ္ကိုယ္ေရသန္႔ရွင္းေရးဂရုစိုက္ပါ

လူတစ္ကိုယ္လံုးက် မသန္႔ရွင္းဘဲနဲ႔ မိန္းမကိုယ္တစ္ခုတည္းကြက္ျပီး ေဆးေၾကာေနလို႔ေတာ့ မရနိုင္ပါဘူးေနာ္။ ေရမွန္မွန္ခ်ိဳး၊သန္႔သန္႔ရွင္းရွင္းေနထိုင္မွ၊ အဝတ္အစားသန္႔ သန္႔ဝတ္ဆင္မွ(အထူးသျဖင့္ အတြင္းခံေတြေပါ့)တစ္ကိုယ္ေရသန္႔ရွင္းေရးရွိနိုင္မွာပါ။ အတြင္းခံမသန္္႔ရင္၊ လစဥ္သံုးပစၥည္းပံုမွန္မလဲရင္ ေရာဂါပိုးက ကျပီးေတာင္ဝင္လာပါဦးမယ္။

အတြင္းခံေန႔တိုင္းလဲပါ

အတြင္းခံေဘာင္းဘီကို တစ္ေန႔တစ္ၾကိမ္ သို႔မဟုတ္ ႏွစ္ၾကိမ္ေတာ့လဲဝတ္ရမွာပါ။ ဝတ္တဲ့အခါလည္း သက္ေတာင့္သက္သာရွိတဲ့အသား၊ ဒီဇိုင္းကို ေရြးခ်ယ္သင့္ပါတယ္။ က်ပ္စည္းေနတာေတြ၊ ပူအိုက္ေလွာင္မယ့္အသားေတြကို ေရွာင္ပါ။ မဟုတ္ရင္ ေခြ်းေတြနဲ႔စိုစြတ္ပိတ္ေလွာင္ျပီး မိႈပိုးေပါက္ဖြားမႈ လြယ္ကူေစနုိင္ပါတယ္။

ဆပ္ျပာမသံုးပါနဲ႔

ေရခ်ိဳးတဲ့အခါ ေရခ်ိဳးဆပ္ျပာေတြနဲ႔တစ္ကိုယ္လံုးအၾကိဳက္ သန္႔စင္ရတာ သေဘာက်ၾကပါတယ္။ တစ္ကိုယ္လံုးသန္႔ေအာင္ဆိုျပီး ေပါင္ျခံအတြင္း မိန္းမကိုယ္နဲ႔စအိုဝအထိ ပြတ္ေဆးၾကတာ တကယ္ေတာ့မလုပ္သင့္ပါဘူး။

ကိုယ္တိုက္ဆပ္ျပာေမႊးေတြ၊ ေရခ်ိဳးဆပ္ျပာရည္ေတြမွာ မိန္းမကိုယ္မွာရွိသင့္တဲ့ pH အဆင့္ထိန္း သိမ္းတဲ့စနစ္ကို ပ်က္ယြင္းေစနိုင္ျပီး မိန္းမကိုယ္မွာ အက္စစ္ဓာတ္ပိုမ်ားေစနိုုင္တာေၾကာင့္ အလိုအေလ်ာက္သန္႔ရွင္းေပး၊ကာကြယ္ေပးတာမလုပ္နုိုင္ေတာ့ပါဘူး။ အဲဒီအခ်ိန္ ဘက္တီးရီးယားနဲ႔တျခားေရာဂါပိုးေတြဝင္ဖို႔ပိုလြယ္ေစပါတယ္။

အမ်ိဳးသမီးသန္႔စင္ေဆးရည္သံုးပါ

ဓာတုပစၥည္း၊အေရာင္ဆိုးေဆး၊ အနံ႔အတုေတြမပါဘဲ သဘာဝပစၥည္းေတြကိုအေျခခံတဲ့ အမ်ိဳးသမီးသန္႔စင္ေဆးရည္ေတြကိုေရြးခ်ယ္သံုးပါ။ အထူးသျဖင့္ မိန္းမကိုယ္ရဲ႕သဘာဝ ကာကြယ္မႈစနစ္မွာပါဝင္တဲ့ အက်ိဳးျပဳဘက္တီးရီးယားေလးေတြအတြက္ အားျဖည့္ေပးတဲ့ အမ်ိဳးအစားဆိုပိုေကာင္းပါတယ္။ ေန႔စဥ္သံုးလို႔ရ၊ ရက္မၾကာမၾကာလည္းသံုးလို႔ရေပမယ့္ တစ္ေန႔ကို ႏွစ္ၾကိမ္ထက္ေတာ့ပိုမသံုးသင့္ပါဘူး။

အစားအေသာက္ကလည္း ကူညီနိုင္ပါတယ္

သိပ္ေတာ့သတိထားမိမွာမဟုတ္ေပမယ့္ အာဟာရျပည့္တဲ့အစားအစာေတြညီမွ်ေအာင္စားတာ၊ အရည္မ်ားမ်ားေသာက္တာေတြက မိန္းမကိုယ္က်န္းမာေရးမွာသက္ေရာက္မႈရွိနုိင္ပါတယ္။ ဥပမာ ဒိန္ခ်ဥ္ဟာ အက်ိဳးျပဳဘက္တီးရီးယား probiotic ေတြၾကြယ္ဝလို႔ မိႈပိုးဝင္ျခင္းကို ကာကြယ္ေပးနိုင္တယ္။

လစဥ္သံုး ဒါမွမဟုတ္ ေန႔စဥ္သံုးပစၥည္းကို ပံုမွန္လဲဖို႔မေမ့ပါနဲ႔

အမ်ိဳးသမီးသံုး pad ေတြကို ေလးနာရီ ဒါမွမဟုတ္ ရွစ္နာရီၾကာတိုင္း တစ္ၾကိမ္လဲေပးဖို႔ က်န္းမာေရး အဖြဲ႔အစည္းေတြက အၾကံျပဳထားပါတယ္။ စိုစြတ္မႈေတြအကုန္ စုပ္ယူထားတာဆိုေတာ့ ေရာဂါ ပိုးေတြေပါက္ဖြားဖို႔ပိုလြယ္ေစနုိင္ပါတယ္။ ညအိပ္ခါနီးမွ လဲထားတာဆိုလည္း အိပ္ရာႏိုးတာနဲ ႔အသစ္လဲေပးသင့္ပါတယ္။

အေမႊးနံ႔ျပင္းတာေတြမသံုးပါနဲ႔

အနံ႔ဆိုးထြက္မွာကိုပဲစိုးရိမ္မေနပါနဲ႔။ အနံ႔ဆိုးဆိုတာ ေရာဂါပိုးဝင္တဲ့လကၡဏာမို႔ သန္႔ရွင္းမႈကိုဂရု စိုက္ရင္ အနံ႔ေပ်ာက္ေအာင္လို႔ေမႊးၾကိဳင္တာေတြ စြတ္သံုးဖို႔မလိုပါဘူး။ ခဏတာေမႊးၾကိဳင္ဖုိ႔အတြက္နဲ႔ ေနာက္ဆက္တြဲျဖစ္လာမယ့္ျပႆနာေတြကို ထည့္ေတြးသင့္ပါတယ္။

အေမႊးနံ႔ျပင္းတဲ့ဆပ္ျပာေတြ၊ အသံုးအေဆာင္ပစၥည္းေတြေၾကာင့္ ဓာတုပစၥည္းေတြေၾကာင့္ မိန္းမကိုယ္မွာ ေျခာက္ေသြ႕တာ၊ ယားယံတာ၊ေလာင္တာ၊ ပိုးဝင္တာေတြျဖစ္ေစနိုင္တယ္။

ေခြ်းစို၊ ေရစိုနဲ႔ အၾကာၾကီးမေနပါနဲ႔

ဂ်င္မ္သြားတာပဲျဖစ္ျဖစ္၊ အျပင္သြားတာပဲျဖစ္ျဖစ္ ေခြ်ူးေတြစိုရြႊဲေနတဲ့အတြင္းခံအဝတ္ေတြနဲ႔ အၾကာၾကီးေတာ့မေနပါနဲ႔။ အိမ္ျပန္ေရာက္တာနဲ႔ အျမန္လဲဝတ္ပါ။ ေရစိုဝတ္နဲ႔ၾကာၾကာေနျပီးရင္လည္း ဒီတိုင္းေတာ့အေျခာက္မခံလိုက္ပါနဲ႔။အေပၚယံအဝတ္ေတြေျခာက္လည္းအတြင္းခံမွာအစိုဓာတ္က်န္မွာပဲ။ လဲျဖစ္ေအာင္လဲပါ။

အေရွ႕ကေန အေနာက္ကိုပဲ ေဆးေၾကာသန္႔စင္ပါ

သန္႔စင္ခန္းသြားလို႔ ေရသံုးတဲ့အခါပဲျဖစ္ျဖစ္၊ တစ္သွ်ဴးသံုးတဲ့အခါပဲျဖစ္ျဖစ္ အေရွ႕ဘက္ကေန အေနာက္ဘက္ကိုပဲ ေဆးေၾကာသန္႔စင္ပါ။ အေနာက္ကေန အေရွ႕ကိုသန္႔စင္တဲ့အခါ စအိုဘက္က အညစ္အေၾကးေတြ၊ဘက္တီးရီးယားပိုးေတြက မိန္းမကိုယ္ ဒါမွမဟုတ္ ဆီးလမ္းေၾကာင္း ဆီေရာက္လာနုိင္ပါတယ္။

ဒီအခ်က္ေတြလိုက္နာျပီးျပီဆိုရင္ေတာ့ မိန္းမကိုယ္က်န္းမာေရးအတြက္ စိတ္ခ်ရသေလာက္ရွိေနပါျပီ။ သန္႔ရွင္းတဲ့ မိန္းမကိုယ္ကို ပိုိင္ဆိုင္ထားမွ သြားလာေနထိုင္ရာမွာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ ခ်က္ရွိတဲဲ့မိန္းကေလးေတြျဖစ္နုိင္မွာေပါ့။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တချို့နိုင်ငံတွေမှာ ရာသီလာချိန်ဆို မိန်းကလေးတွေကို သီးခြားနေရာမှာတောင်နေစေတာတဲ့။ နီပေါတို့၊ အိန္ဒိယတို့မှာ ရာသီသွေးဆင်းနေတဲ့မိန်းကလေးကို မိသားစုထဲ၊ ကိုယ့်အိမ်ထဲမှာတောင် မနေခိုင်းပါဘူး။ တကယ်တော့ မိန်းမကိုယ်ဆိုတာ ရွံစရာမဟုတ်ပါဘူး။ တခြားသူတွေမှာလို၊ တခြားနေရာတွေလိုပဲ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။

သန့်သန့်ရှင်းရှင်းနေမယ်ဆို ခြေထောက်၊ လက်အရေပြားတွေထက်တောင် သန့်နေပါလိမ့်ဦးမယ်။ဒါပေမယ့် မိန်းကလေးတွေကိုယ်တိုင်ကကို ညစ်ပေတဲ့နေရာတစ်ခုဖြစ်မှာ၊ အနံ့ထွက်မှာ၊ ရောဂါပိုးဝင်မှာစိုးရိမ်မှုတွေကြောင့် အနံ့မွှေးတဲ့ ဆပ်ပြာတွေ၊ ဖျန်းဆေးတွေအပြင် ရေမွှေးတွေပါသုံးကြ၊မကြာခဏဆေးကြောတတ်ကြရာက နုနယ်တဲ့မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

မိန်းမကိုယ်ဟာ ညစ်ပေတဲ့နေရာ ဘယ်အချိန်မှာဖြစ်လာလဲဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ၊ အဝတ်အစားမသန့်ရှင်းတဲ့အခါ ရောဂါပိုးဝင်လာချိန်ဖြစ်ပါတယ်။ ရောဂါပိုး အထူးသဖြင့်မှိုပိုးဝင်တဲ့အခါ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ မသန့်ရှင်းတဲ့အဖြူဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်လိုအပ်တဲ့ကုသမှုမဟုတ်ဘဲ တခြားဆေးတွေလိမ်းတာ၊ထည့်တာ၊ အမွှေးနံ့ပြင်းတာတွေသုံးပစ်တာတွေ ရမ်းသမ်းလုပ်မယ်ဆို မသက်သာဘဲ ပိုတောင်ဆိုးနိုင်ပါတယ်။
မိန်းမကိုယ်ဟာ ပြင်ပအသားအရေမှမဟုတ်ဘဲလေ။

သူ့အတွက်အကောင်းဆုံးနည်းက ရိုးရှင်းပါတယ်။ ဓာတုပစ္စည်းပါတဲ့အရာတွေမသုံးဘဲ အမြဲတမ်းသဘာဝကျကျသန့်ရှင်းအောင်ထားပေးဖို့ပါပဲ။ အထူးတလည် မကြာခဏ ဆေးကြော၊ သန့်စင်နေဖို့မလိုအပ်ပေမယ့် မိန်းမကိုယ်မှာ ရောဂါကင်းဖို့ ဒီအချက်လေးတွေတော့ အရင်ဆုံးထည့်စဉ်းစားရပါလိမ့်မယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ

လူတစ်ကိုယ်လုံးကျ မသန့်ရှင်းဘဲနဲ့ မိန်းမကိုယ်တစ်ခုတည်းကွက်ပြီး ဆေးကြောနေလို့တော့ မရနိုင်ပါဘူးနော်။ ရေမှန်မှန်ချိုး၊သန့်သန့်ရှင်းရှင်းနေထိုင်မှ၊ အဝတ်အစားသန့် သန့်ဝတ်ဆင်မှ(အထူးသဖြင့် အတွင်းခံတွေပေါ့)တစ်ကိုယ်ရေသန့်ရှင်းရေးရှိနိုင်မှာပါ။ အတွင်းခံမသန့််ရင်၊ လစဉ်သုံးပစ္စည်းပုံမှန်မလဲရင် ရောဂါပိုးက ကပြီးတောင်ဝင်လာပါဦးမယ်။

အတွင်းခံနေ့တိုင်းလဲပါ

အတွင်းခံဘောင်းဘီကို တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တော့လဲဝတ်ရမှာပါ။ ဝတ်တဲ့အခါလည်း သက်တောင့်သက်သာရှိတဲ့အသား၊ ဒီဇိုင်းကို ရွေးချယ်သင့်ပါတယ်။ ကျပ်စည်းနေတာတွေ၊ ပူအိုက်လှောင်မယ့်အသားတွေကို ရှောင်ပါ။ မဟုတ်ရင် ချွေးတွေနဲ့စိုစွတ်ပိတ်လှောင်ပြီး မှိုပိုးပေါက်ဖွားမှု လွယ်ကူစေနိုင်ပါတယ်။

ဆပ်ပြာမသုံးပါနဲ့

ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာတွေနဲ့တစ်ကိုယ်လုံးအကြိုက် သန့်စင်ရတာ သဘောကျကြပါတယ်။ တစ်ကိုယ်လုံးသန့်အောင်ဆိုပြီး ပေါင်ခြံအတွင်း မိန်းမကိုယ်နဲ့စအိုဝအထိ ပွတ်ဆေးကြတာ တကယ်တော့မလုပ်သင့်ပါဘူး။

ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ ရေချိုးဆပ်ပြာရည်တွေမှာ မိန်းမကိုယ်မှာရှိသင့်တဲ့ pH အဆင့်ထိန်း သိမ်းတဲ့စနစ်ကို ပျက်ယွင်းစေနိုင်ပြီး မိန်းမကိုယ်မှာ အက်စစ်ဓာတ်ပိုများစေနိုင်တာကြောင့် အလိုအလျောက်သန့်ရှင်းပေး၊ကာကွယ်ပေးတာမလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန် ဘက်တီးရီးယားနဲ့တခြားရောဂါပိုးတွေဝင်ဖို့ပိုလွယ်စေပါတယ်။

အမျိုးသမီးသန့်စင်ဆေးရည်သုံးပါ

ဓာတုပစ္စည်း၊အရောင်ဆိုးဆေး၊ အနံ့အတုတွေမပါဘဲ သဘာဝပစ္စည်းတွေကိုအခြေခံတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကိုရွေးချယ်သုံးပါ။ အထူးသဖြင့် မိန်းမကိုယ်ရဲ့သဘာဝ ကာကွယ်မှုစနစ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတဲ့ အမျိုးအစားဆိုပိုကောင်းပါတယ်။ နေ့စဉ်သုံးလို့ရ၊ ရက်မကြာမကြာလည်းသုံးလို့ရပေမယ့် တစ်နေ့ကို နှစ်ကြိမ်ထက်တော့ပိုမသုံးသင့်ပါဘူး။

အစားအသောက်ကလည်း ကူညီနိုင်ပါတယ်

သိပ်တော့သတိထားမိမှာမဟုတ်ပေမယ့် အာဟာရပြည့်တဲ့အစားအစာတွေညီမျှအောင်စားတာ၊ အရည်များများသောက်တာတွေက မိန်းမကိုယ်ကျန်းမာရေးမှာသက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ ဒိန်ချဉ်ဟာ အကျိုးပြုဘက်တီးရီးယား probiotic တွေကြွယ်ဝလို့ မှိုပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်တယ်။

လစဉ်သုံး ဒါမှမဟုတ် နေ့စဉ်သုံးပစ္စည်းကို ပုံမှန်လဲဖို့မမေ့ပါနဲ့

အမျိုးသမီးသုံး pad တွေကို လေးနာရီ ဒါမှမဟုတ် ရှစ်နာရီကြာတိုင်း တစ်ကြိမ်လဲပေးဖို့ ကျန်းမာရေး အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ စိုစွတ်မှုတွေအကုန် စုပ်ယူထားတာဆိုတော့ ရောဂါ ပိုးတွေပေါက်ဖွားဖို့ပိုလွယ်စေနိုင်ပါတယ်။ ညအိပ်ခါနီးမှ လဲထားတာဆိုလည်း အိပ်ရာနိုးတာနဲ့အသစ်လဲပေးသင့်ပါတယ်။

အမွှေးနံ့ပြင်းတာတွေမသုံးပါနဲ့

အနံ့ဆိုးထွက်မှာကိုပဲစိုးရိမ်မနေပါနဲ့။ အနံ့ဆိုးဆိုတာ ရောဂါပိုးဝင်တဲ့လက္ခဏာမို့ သန့်ရှင်းမှုကိုဂရု စိုက်ရင် အနံ့ပျောက်အောင်လို့မွှေးကြိုင်တာတွေ စွတ်သုံးဖို့မလိုပါဘူး။ ခဏတာမွှေးကြိုင်ဖို့အတွက်နဲ့ နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေကို ထည့်တွေးသင့်ပါတယ်။

အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကြောင့် ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်မှာ ခြောက်သွေ့တာ၊ ယားယံတာ၊လောင်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်တယ်။

ချွေးစို၊ ရေစိုနဲ့ အကြာကြီးမနေပါနဲ့

ဂျင်မ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် ချွေူးတွေစိုရွှဲနေတဲ့အတွင်းခံအဝတ်တွေနဲ့ အကြာကြီးတော့မနေပါနဲ့။ အိမ်ပြန်ရောက်တာနဲ့ အမြန်လဲဝတ်ပါ။ ရေစိုဝတ်နဲ့ကြာကြာနေပြီးရင်လည်း ဒီတိုင်းတော့အခြောက်မခံလိုက်ပါနဲ့။အပေါ်ယံအဝတ်တွေခြောက်လည်းအတွင်းခံမှာအစိုဓာတ်ကျန်မှာပဲ။ လဲဖြစ်အောင်လဲပါ။

အရှေ့ကနေ အနောက်ကိုပဲ ဆေးကြောသန့်စင်ပါ

သန့်စင်ခန်းသွားလို့ ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်သျှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲ ဆေးကြောသန့်စင်ပါ။ အနောက်ကနေ အရှေ့ကိုသန့်စင်တဲ့အခါ စအိုဘက်က အညစ်အကြေးတွေ၊ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ် ဒါမှမဟုတ် ဆီးလမ်းကြောင်း ဆီရောက်လာနိုင်ပါတယ်။

ဒီအချက်တွေလိုက်နာပြီးပြီဆိုရင်တော့ မိန်းမကိုယ်ကျန်းမာရေးအတွက် စိတ်ချရသလောက်ရှိနေပါပြီ။ သန့်ရှင်းတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားမှ သွားလာနေထိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည် ချက်ရှိတဲ့မိန်းကလေးတွေဖြစ်နိုင်မှာပေါ့။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top