iMyanmarHouse.com - Best Property Website for Myanmar
×


လူဆိုတာ တစ္ေယာက္တည္းေနလို႔မရပါဘူး။ မိသားစု၊ ေဆြမ်ိဳး၊ အေပါင္းအသင္း၊ မိတ္ေဆြစတဲ့ ကိုယ္ခ်စ္ခင္သူေတြနဲ႕ ဘဝကို ေလွ်ာက္လွမ္းျဖတ္သန္းေနၾကရပါတယ္။ သင့္ရဲ႕ ဝမ္းနည္းမႈ၊ ေပ်ာ္႐ႊင္မႈေတြကို အတူ ခံစားဖို႔ ၊ သင္အားငယ္တဲ့အခ်ိန္မွာ အားေပးဖို႔၊ သင္ေအာင္ျမင္မႈေတြကို မုဒိတာပြားေပးဖို႔၊ သင္ရႈံးနိမ့္ခ်ိန္မွာ ေဖးမကူညီဖို႔ သင့္အတြက္ အေရးတႀကီးလိုအပ္တာက တစ္ဦးနဲ႕ တစ္ဦး အျပန္အလွန္ ခ်စ္ခင္ရတဲ့သူပါ။

၁။ ယုံၾကည္မႈရွိေစသူ

သင့္အလုပ္ထဲမွာ မေတာ္တဆ လြဲမွားမႈေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈမဲ့သြားတာလား၊ အလုပ္ရွင္ ဆူတာခံရလို႔ စိတ္ပ်က္အားငယ္သြားသလား၊ ပတ္ဝန္းက်င္က လူေတြထိုးႏွက္မႈေၾကာင့္ စိတ္ဓာတ္က်ေနတာလား။ ဒီအခ်ိန္မွာ သင္လုပ္သင့္တဲ့အရာက အသက္ကိုအဆုံးထိ ျဖည္းျဖည္းခ်င္းရႉသြင္းၿပီး သင့္ရဲ႕ ခ်စ္သူဆီ ဖုန္းဆက္လိုက္ပါ။ အခ်ိန္မရရင္ ဖုန္းထဲကပဲ ရင္ဖြင့္လိုက္ပါ။ အခ်ိန္ရခဲ့ရင္ေတာ့ ေအးေအးေဆးေဆးစကားေျပာနိုင္မဲ့ ေနရာတစ္ေနရာကို ခ်ိန္းဆိုၿပီး သင့္ရဲ႕ စိတ္ပ်က္အားငယ္မႈေတြကို ေျပာဆိုတိုင္ပင္လိုက္ပါ။ သင့္ခ်စ္သူဆီက အားေပးစကားေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ျပန္လည္တည္ေဆာက္နိုင္ပါလိ္မ့္မယ္။

၂။ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္

တစ္ခါတစ္ရံ တစ္ခ်ိဳ႕ေနရာေတြကို တစ္ေယာက္တည္းသြားဖို႔ အခက္အခဲရွိတဲ့အခါမ်ိဳးမွာ သင့္ခ်စ္ခင္သူက သင့္အတြက္ အေဖာ္မြန္ေကာင္းတစ္ေယာက္ျဖစ္ေစမွာပါ။ ေစ်းဝယ္ထြက္တဲ့အခါ သင္နဲ႕အတူ သင့္ခ်စ္ခင္သူက တိုင္ပင္ေဖာ္တိုင္ပင္ဖက္ေကာင္း တစ္ေယာက္ျဖစ္ေစသလို အခမ္းအနားတက္ေရာက္ရတဲ့အခါမ်ိဳးမွာလည္း သင့္ကို မဝံ့မရဲမျဖစ္ေစပဲ လူေတာတိုးရဲေအာင္ ခြန္အားရွိေစပါလိမ့္မယ္။

၃။ စိတ္ေျဖေပးမဲ့သူ

ေန႕စဥ္နဲ႕အမွ် က်င္လည္လႈပ္ရွားေနရတဲ့ လူ႕ပတ္ဝန္းက်င္မွာ စိတ္ဖိစီးမႈေတြ အနည္းနဲ႕အမ်ားဆိုသလို ရွိေနတတ္ပါတယ္။ ဒါကိိုေျဖေဖ်ာက္ေပးမဲ့သူက သင့္ရဲ႕ ခ်စ္ခင္သူပါ။ စိတ္ဖိစီးမႈကင္းၿပီး က်န္းမာေပ်ာ္႐ႊင္ေသာ ဘဝတစ္ခုအတြက္ ခ်စ္ခင္သူက မရွိမျဖစ္ပါပဲ။

၄။ သစၥာရွိေစသူ
သင္နဲ႕ သင့္ခ်စ္ခင္သူေတြရဲ႕ ဆက္ဆံေရးေတြ ၾကာရွည္လာတာနဲ႕အမွ် တစ္ဦးနဲ႕တစ္ဦး ခ်စ္ခင္မႈေတြြ သံေယာစဥ္ေတြ တိုးပြားလာတတ္ပါတယ္။ အခ်ိန္ကာလေတြက သင္နဲ႕ သင့္ခ်စ္ခင္သူေတြၾကား တီးတိုးတိုင္ပင္တာကစလို႔ ႀကီးႀကီးမားမား လုပ္ငန္းကိစၥေတြအထိ ေျပာဆိုနိုင္ၿပီး တစ္ဦးႏွင့္တစ္ဦး သစၥာရွိမႈကို တည္ေဆာက္ယူနိုင္ပါလိမ့္မယ္။

၅။ တံခါးဖြင့္ေပးမယ့္သူ

သင္ဟာ ေခါင္းမာတတ္တဲ့သူ တစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ေတာ္႐ုံနဲ႕ အေတြးအေခၚထင္ျမင္ခ်က္ အသစ္အသစ္ေတြကို လက္ခံခ်င္မွ လက္ခံပါလိမ့္မယ္။ ဒါေပမဲ့ သင့္ခ်စ္ခင္သူက ေျပာဆိုရွင္းျပတဲ့အခါ သင္လက္ခံေကာင္းလက္ခံလာနိုင္ပါလိမ့္မယ္။ သင့္အေတြးအေခၚေတြ ဆန္းသစ္ေစဖို႔ သင့္ကို တိုက္တြန္းေပးပါလိမ့္မယ္။ သင့္မ်က္စိနဲ႕ ဦးေႏွာက္ကို တံခါးပြင့္ေစမယ့္သူက သင့္ခ်စ္သူပါ။

Credit:sunthitmyanmar

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူဆိုတာ တစ်ယောက်တည်းနေလို့မရပါဘူး။ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်း၊ မိတ်ဆွေစတဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ ဘဝကို လျှောက်လှမ်းဖြတ်သန်းနေကြရပါတယ်။ သင့်ရဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို အတူ ခံစားဖို့ ၊ သင်အားငယ်တဲ့အချိန်မှာ အားပေးဖို့၊ သင်အောင်မြင်မှုတွေကို မုဒိတာပွားပေးဖို့၊ သင်ရှုံးနိမ့်ချိန်မှာ ဖေးမကူညီဖို့ သင့်အတွက် အရေးတကြီးလိုအပ်တာက တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ချစ်ခင်ရတဲ့သူပါ။

၁။ ယုံကြည်မှုရှိစေသူ

သင့်အလုပ်ထဲမှာ မတော်တဆ လွဲမှားမှုကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့သွားတာလား၊ အလုပ်ရှင် ဆူတာခံရလို့ စိတ်ပျက်အားငယ်သွားသလား၊ ပတ်ဝန်းကျင်က လူတွေထိုးနှက်မှုကြောင့် စိတ်ဓာတ်ကျနေတာလား။ ဒီအချိန်မှာ သင်လုပ်သင့်တဲ့အရာက အသက်ကိုအဆုံးထိ ဖြည်းဖြည်းချင်းရှူသွင်းပြီး သင့်ရဲ့ ချစ်သူဆီ ဖုန်းဆက်လိုက်ပါ။ အချိန်မရရင် ဖုန်းထဲကပဲ ရင်ဖွင့်လိုက်ပါ။ အချိန်ရခဲ့ရင်တော့ အေးအေးဆေးဆေးစကားပြောနိုင်မဲ့ နေရာတစ်နေရာကို ချိန်းဆိုပြီး သင့်ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ပြောဆိုတိုင်ပင်လိုက်ပါ။ သင့်ချစ်သူဆီက အားပေးစကားကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ပါလိမ့်မယ်။

၂။ တိုင်ပင်ဖော် တိုင်ပင်ဖက်

တစ်ခါတစ်ရံ တစ်ချို့နေရာတွေကို တစ်ယောက်တည်းသွားဖို့ အခက်အခဲရှိတဲ့အခါမျိုးမှာ သင့်ချစ်ခင်သူက သင့်အတွက် အဖော်မွန်ကောင်းတစ်ယောက်ဖြစ်စေမှာပါ။ ဈေးဝယ်ထွက်တဲ့အခါ သင်နဲ့အတူ သင့်ချစ်ခင်သူက တိုင်ပင်ဖော်တိုင်ပင်ဖက်ကောင်း တစ်ယောက်ဖြစ်စေသလို အခမ်းအနားတက်ရောက်ရတဲ့အခါမျိုးမှာလည်း သင့်ကို မဝံ့မရဲမဖြစ်စေပဲ လူတောတိုးရဲအောင် ခွန်အားရှိစေပါလိမ့်မယ်။

၃။ စိတ်ဖြေပေးမဲ့သူ

နေ့စဉ်နဲ့အမျှ ကျင်လည်လှုပ်ရှားနေရတဲ့ လူ့ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများဆိုသလို ရှိနေတတ်ပါတယ်။ ဒါကိုဖြေဖျောက်ပေးမဲ့သူက သင့်ရဲ့ ချစ်ခင်သူပါ။ စိတ်ဖိစီးမှုကင်းပြီး ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုအတွက် ချစ်ခင်သူက မရှိမဖြစ်ပါပဲ။

၄။ သစ္စာရှိစေသူ
သင်နဲ့ သင့်ချစ်ခင်သူတွေရဲ့ ဆက်ဆံရေးတွေ ကြာရှည်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုတွေ သံယောစဉ်တွေ တိုးပွားလာတတ်ပါတယ်။ အချိန်ကာလတွေက သင်နဲ့ သင့်ချစ်ခင်သူတွေကြား တီးတိုးတိုင်ပင်တာကစလို့ ကြီးကြီးမားမား လုပ်ငန်းကိစ္စတွေအထိ ပြောဆိုနိုင်ပြီး တစ်ဦးနှင့်တစ်ဦး သစ္စာရှိမှုကို တည်ဆောက်ယူနိုင်ပါလိမ့်မယ်။

၅။ တံခါးဖွင့်ပေးမယ့်သူ

သင်ဟာ ခေါင်းမာတတ်တဲ့သူ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တော်ရုံနဲ့ အတွေးအခေါ်ထင်မြင်ချက် အသစ်အသစ်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ သင့်ချစ်ခင်သူက ပြောဆိုရှင်းပြတဲ့အခါ သင်လက်ခံကောင်းလက်ခံလာနိုင်ပါလိမ့်မယ်။ သင့်အတွေးအခေါ်တွေ ဆန်းသစ်စေဖို့ သင့်ကို တိုက်တွန်းပေးပါလိမ့်မယ်။ သင့်မျက်စိနဲ့ ဦးနှောက်ကို တံခါးပွင့်စေမယ့်သူက သင့်ချစ်သူပါ။

Credit:sunthitmyanmar

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top