iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဟာ သင့္ခ်စ္သူကိုခ်စ္ျမတ္ႏိုးလြန္းတာမို႕ လက္ထပ္ဖုိ႕အထိ စိတ္ကူးထားတယ္ဆိုပါစို႕။ ဒါေပမယ့္ လက္ထပ္တယ္ဆုိတာမ်ိဳးဟာ တစ္ဘ၀လံုးအတြက္ အေရးၾကီးတဲ့ ဆံုးျဖတ္ခ်က္တစ္ခုဆုိတာကိုေတာ့ ေမ့လို႕မျဖစ္ပါဘူး။ သူ႕ကို လက္ထပ္ပါမယ္လုိ႕ အေျဖမေပးခင္၊ ေခါင္းမညိမ့္ခင္ သင့္အေနနဲ႕ ကိုယ့္ကိုကိုယ္ ျပန္ေမးၾကည့္သင့္တဲ့ ေမးခြန္းေလးေတြ ရွိေနပါတယ္။ အဲ့ဒီေမးခြန္းေတြကိုလည္း ရိုးသားစြာေျဖဖုိ႕ လိုပါတယ္။

၁။ဒါဟာ ပိုေကာင္းဖုိ႕အတြက္လည္း ဆုိးဖုိ႕အတြက္လား၊ အေျခအေနေတြ ေကာင္းေကာင္းဆုိးဆိုး သင္သူနဲ႕ ဆက္သြားႏိုင္မလား။

၂။သူ႕ကို သင့္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ လက္ခံႏိုင္မလား။ သင့္အတြက္ သူမတူတဲ့၊ ထူးျခားတဲ့သူအျဖစ္နဲ႕ေပါ့။

၃။ငါက ဘယ္လိုလူမ်ိဳးမ်ားလဲ။ သင္ဟာ သင့္ကိုယ္သင္ ဘာမွန္း၊ ဘယ္လိုလူမ်ိဳးမွန္း မသိရင္ သင့္ခ်စ္သူနဲ႕သင္ဟာ လိုက္ဖက္တဲ့ စံုတြဲ ဟုတ္မဟုတ္ သိဖုိ႕ မလြယ္ပါဘူး။

၄။ဒီအခ်စ္ေရးမွာ ငါေပ်ာ္ရႊင္ရသလား။

၅။ငါ ေထာင္ေျခာက္မိေနသလိုမ်ား ခံစားေနရသလား။

၆။ငါ အခ်ိန္နည္းညန္း ေစာင့္ၾကည့္ဖုိ႕ လိုမလား။

၇။ငါတုိ႕ အခ်စ္ေရးဟာ ဟိုဘက္ ဒီဘက္ မ်ွရဲ႕လား။ တစ္ဘက္ေစာင္းနင္း ျဖစ္ေနတာမ်ိဳး ရွိသလား။

၈။ငါတို႕ႏွစ္ေယာက္ တကယ္ေရာ ေပ်ာ္ႏိုင္ၾကရဲ႕လား။

၉။ ငါတုိ႕ခြဲေနရရင္ေရာ ေပ်ာ္ႏိုင္ၾကလား။ ခြဲေနရင္းနဲ႕ ေပ်ာ္ႏိုင္တယ္ဆုိရင္ေတာ့ သင္ဟာ ကိုယ့္ကိုကိုယ္ တစ္ခ်က္ျပန္သံုးသပ္ဖုိ႕လိုပါျပီ။

၁၀။ငါတုိ႕သြားေနတာ ဘယ္ကိုမ်ားလဲ။ ငါတို႕ႏွစ္ဦးအတူတူဆုိရင္ေရွ႕ဆက္မယ့္ခရီးက အဆင္ေျပပါ့မလား။

၁၁။ငါ သူ႕ကို တကယ္ယံုၾကည္ႏိုင္မလား။

၁၂။ငါနဲ႕အတူရွိတဲ့သူက တကယ့္လူေကာင္းလား။

၁၃။ငါဟာ သူ႕ရဲ႕မိဘလိုမ်ားျဖစ္ေနသလား။ တကယ့္ခ်စ္သူေကာင္းတစ္ေယာက္လုိျဖစ္ေနသလား။

၁၄။ငါ့ခ်စ္သူဟာ ငါ့ေနာက္မွာ အျမဲရပ္တည္ေပးတတ္သလား။

၁၅။ငါတုိ႕ႏွစ္ေယာက္ အသက္ေတြ အုိမင္းတဲ့အထိ အတူေနသြားၾကမွာလား။

၁၆။ငါ့ မသိစိတ္က ငါ့ကိုဘာေတြေျပာေနသလဲ။

Credit:popsugar

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သင်ဟာ သင့်ချစ်သူကိုချစ်မြတ်နိုးလွန်းတာမို့ လက်ထပ်ဖို့အထိ စိတ်ကူးထားတယ်ဆိုပါစို့။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာမျိုးဟာ တစ်ဘဝလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဆိုတာကိုတော့ မေ့လို့မဖြစ်ပါဘူး။ သူ့ကို လက်ထပ်ပါမယ်လို့ အဖြေမပေးခင်၊ ခေါင်းမညိမ့်ခင် သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီမေးခွန်းတွေကိုလည်း ရိုးသားစွာဖြေဖို့ လိုပါတယ်။

၁။ဒါဟာ ပိုကောင်းဖို့အတွက်လည်း ဆိုးဖို့အတွက်လား၊ အခြေအနေတွေ ကောင်းကောင်းဆိုးဆိုး သင်သူနဲ့ ဆက်သွားနိုင်မလား။

၂။သူ့ကို သင့်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံနိုင်မလား။ သင့်အတွက် သူမတူတဲ့၊ ထူးခြားတဲ့သူအဖြစ်နဲ့ပေါ့။

၃။ငါက ဘယ်လိုလူမျိုးများလဲ။ သင်ဟာ သင့်ကိုယ်သင် ဘာမှန်း၊ ဘယ်လိုလူမျိုးမှန်း မသိရင် သင့်ချစ်သူနဲ့သင်ဟာ လိုက်ဖက်တဲ့ စုံတွဲ ဟုတ်မဟုတ် သိဖို့ မလွယ်ပါဘူး။

၄။ဒီအချစ်ရေးမှာ ငါပျော်ရွှင်ရသလား။

၅။ငါ ထောင်ခြောက်မိနေသလိုများ ခံစားနေရသလား။

၆။ငါ အချိန်နည်းညန်း စောင့်ကြည့်ဖို့ လိုမလား။

၇။ငါတို့ အချစ်ရေးဟာ ဟိုဘက် ဒီဘက် မျှရဲ့လား။ တစ်ဘက်စောင်းနင်း ဖြစ်နေတာမျိုး ရှိသလား။

၈။ငါတို့နှစ်ယောက် တကယ်ရော ပျော်နိုင်ကြရဲ့လား။

၉။ ငါတို့ခွဲနေရရင်ရော ပျော်နိုင်ကြလား။ ခွဲနေရင်းနဲ့ ပျော်နိုင်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုကိုယ် တစ်ချက်ပြန်သုံးသပ်ဖို့လိုပါပြီ။

၁၀။ငါတို့သွားနေတာ ဘယ်ကိုများလဲ။ ငါတို့နှစ်ဦးအတူတူဆိုရင်ရှေ့ဆက်မယ့်ခရီးက အဆင်ပြေပါ့မလား။

၁၁။ငါ သူ့ကို တကယ်ယုံကြည်နိုင်မလား။

၁၂။ငါနဲ့အတူရှိတဲ့သူက တကယ့်လူကောင်းလား။

၁၃။ငါဟာ သူ့ရဲ့မိဘလိုများဖြစ်နေသလား။ တကယ့်ချစ်သူကောင်းတစ်ယောက်လိုဖြစ်နေသလား။

၁၄။ငါ့ချစ်သူဟာ ငါ့နောက်မှာ အမြဲရပ်တည်ပေးတတ်သလား။

၁၅။ငါတို့နှစ်ယောက် အသက်တွေ အိုမင်းတဲ့အထိ အတူနေသွားကြမှာလား။

၁၆။ငါ့ မသိစိတ်က ငါ့ကိုဘာတွေပြောနေသလဲ။

Credit:popsugar

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top