iMyanmarHouse.com - Best Property Website for Myanmar
×

သက္လတ္ပိုုင္းအရြယ္ အိမ္ေထာင္ရွင္အမ်ိဳးသားတစ္ဦးက ဖုုန္းဆက္ၿပီး ေမးျမန္းဖူးတယ္၊ သူ႕ဇနိီးေပ်ာ္ရႊင္လာေအာင္ ဘယ္လိုုလုုပ္ေပးရမလဲလိုု႕ေမးတာပါ။

သူတုုိ႔အိမ္ေထာင္ေရးမွာ ျပႆနာလည္း သိပ္ၾကီးၾကီးမားမားရယ္လုုိ႕မရွိတတ္ပါဘူး။ ဒါေပမဲ႕ သူ႕ဇနီးသည္က သူ႔ရဲ႕လုုပ္ရပ္ေလးတစ္ခုုေၾကာင္႔ အ႔ံၾသသြားတာ ေပ်ာ္ရႊင္ၾကည္ႏွဴးသြားတာမ်ိဳးကိုု ျဖစ္ေစခ်င္လိုု႕ပါလိုု႕ ဆိုုတယ္။

က်မအေနနဲ႕စဥ္းစားေပးမိတယ္။ က်မတိုု႕ အမ်ိဳးသမီးေတြဟာ ခင္ပြန္းဆီကေန ေမ ွ်ာ္လင္႔မိတာေတြရွိပါတယ္။

ဒါကိုု ပါးစပ္ထဲကေနလည္း ထုုတ္မေျပာခ်င္ဘူး။ သူတိုု႕စိိတ္ထဲ အလိုုလိုုကိုု သိေစခ်င္တာပါ၊ ဒါေပမဲ႕ အမ်ိဳးသားအမ်ားစုုကေတာ႕ မသိတတ္ၾကပါဘူး။

ဒါကိုုလည္း အျပစ္ေတာ႔ မတင္ခ်င္ပါဘူး။ ဘာေၾကာင္႔လဲ ဆိုုေတာ႕ အခ်စ္နဲ႕ပတ္သက္ရင္၊ အိမ္ေထာင္ေရးနဲ႕ပတ္သက္ရင္ အမ်ိဳးသမီးအမ်ားစုုကသာ အေသးစိပ္ခံစားတတ္ၾကၿပီးအမ်ိဳးသား အမ်ားစုုကေတာ႕ ပိုုက္ဆံအကုုန္အပ္ရင္ တာ၀န္ေက်ၿပီ၊ သစၥာေစာင္႔သိေပးရင္ပဲ ခင္ပြန္းေကာင္းျဖစ္ၿပီလိုု႕ ယူဆတတ္ၾကတာကိုုး။

ဇနီးသည္ရဲ႕စိတ္ပိုုင္းဆိုုင္ရာ ၾကည္ႏူးေပ်ာ္ရႊင္မႈကိုု ဂရုုစိုုက္တတ္တဲ႕ခင္ပြန္းကေတာ႕ ရွားပါးလွပါတယ္။သူတိုု႕စိတ္ထဲမွာ သူ႕ခ်စ္သူ(သိုု႔)ဇနီး အံ႕ၾသသြားေအာင္၊ ႏွစ္သက္သြားေအာင္၊ ေပ်ာ္ရႊင္ၾကည္ႏွဴးသြားေအာင္ ဘာလုုပ္ေပးႏိုုင္မလဲ လိုု႕စဥ္းစားတာ အင္မတန္ကိုု ေကာင္းပါတယ္။

ေပ်ာ္ရႊင္ေအာင္ျမင္တဲ႕ အိမ္ေထာင္ေရးကိုု တည္ေဆာက္ဖိုု႕ အေျခခံအက်ဆံုုးနဲ႕အေရးၾကီးဆံုုးလိုု႕လည္း ျမင္မိပါတယ္။က်မအေနနဲ႕ ကူညီျဖည္႔ဆည္းေပခ်င္တဲ႕ စိတ္နဲ႕ နည္းလမ္းေလးေတြကိုုလည္း တတ္သေလာက္မွတ္သေလာက္ စဥ္းစားၿပီးေျပာခဲ႕ပါတယ္။

ရုုပ္ရွင္ေတြထဲမွာေတာ႕ ခ်စ္သူ(သုုိ႔)ဇနီးသည္ကိုု ပန္းစည္းေလးေတြ လက္ေဆာင္ေပးတာလည္း ေတြ႕ရဖူးတယ္။ဒါဆိုု လက္ခံရရွိသူက လွစ္ခနဲျပံဳးသြားတာလည္း ေတြ႕ဖူးတာပဲ၊ အဲဒါေၾကာင္႕ ရံဖန္ရံခါမွာ ဇနီးက ပန္းၾကိဳက္တယ္ဆိုုရင္ ပန္းစည္းေပးတာလည္း အဆင္ေျပႏိုုင္ပါတယ္။

ဇနီးသည္ရဲ႕စိတ္ထဲမွာ ကိုုယ္႔ခင္ပြန္းက သတိတရနဲ႕ ကိုုယ္႔အတြက္ ပန္းစည္း၀ယ္လာတယ္လိုု႕ ေတြးယူဆရင္ေပါ႕ရွင္။ဒါေပမဲ႕ ပန္းစည္းပဲ အျမဲေပးေနရင္ေတာ႕ရိုုးသြားမွာ အမွန္ပါပဲ။

အခ်ိဳ႕က်ေတာ႕လည္း ေမြးေန႔လက္ေဆာင္ သိုု႕မဟုုတ္ မဂၤလာႏွစ္ပတ္လည္ေန႕ေတြမွာ တန္ဖိုုးၾကီး လက္၀တ္ရတနာေတြ၊ အသံုုးအေဆာင္ေတြ ေပးတတ္ၾကပါတယ္။

ဒါကိုုလည္း အခိ်ဳ႕ဇနီးသည္က ဂုုဏ္ယူ၀မ္းသာစြာနဲ႕ လက္ခံၿပီး မိသားစုု၀င္ေတြနဲ႕မိတ္ေဆြသူငယ္ခ်င္းေတြ၊ တစ္ခါတစ္ရံမွာဆိုု လူမႈကြန္ယက္မွာေတာင္ တင္ၿပီး ၾကြားတတ္ၾကတာပါပဲ။

ဒါကလည္း ဇနီးသည္ရဲ႕ေက်နပ္ဂုုဏ္ယူမႈကိုု ရရွိေစတဲ႕ နည္းလမ္းေကာင္းေလး တစ္ခုုပါ။ေနာက္နည္းလမ္းတစ္ခုုကေတာ႕က်မခင္ပြန္း ျပဳလုုပ္တတ္တဲ႕နည္းလမ္းပါ၊ အဲဒါ ဘာလဲဆိုုေတာ႕က်မ အစားအေသာက္ပ်က္ေနၿပီလိုု႕သူသတိထားမိတဲ႕အခါ

က်မ ၾကိဳက္တတ္တဲ႕အစားအေသာက္ေတြကိုု သူကိုုယ္တိုုင္ ခ်က္ျပဳတ္ၿပီး လွလွပပျပင္ဆင္ေကၽြးေမြးတာပါ။အဲဒီလိုု သူကိုုယ္တိုုင္ ေစ်းသြား၊ အသားေကာင္းေကာင္းေလးေတြနဲ႕အသီးအရြက္ေကာင္းေကာင္းေလးေတြကိုု ေသခ်ာေရြးခ်ယ္ၿပီး စနစ္တက်နဲ႕ခ်က္ျပဳတ္ေနတာကိုု ေတြ႕ရတဲ႕အခါ

က်မစိတ္ထဲမွာ ေအာ္…သူ႕ခမ်ာ ငါ႔ျမိန္ျမိန္ယွက္ယွက္နဲ႕အရသာရွိရွိစားႏိုုင္ေအာင္လိုု႕ သူ႕အေနနဲ႕ အေကာင္းဆံုုးလုုပ္ေပးမယ္ဆိုုတဲ႕ ေစတနာနဲ႕လုုပ္ေပးေနတာလိုု႕ နားလည္ၿပီး ေက်နပ္ၾကည္ႏွဴးသြားတတ္ပါတယ္။

ေနာက္ရွိပါေသးတယ္၊ အဲဒါကေတာ႕ က်မအတြက္ ေကာ္ဖီေဖ်ာ္ေပးတာ၊ အိပ္ရာေစာေစာထၿပီး မနက္စာကိုုယ္တိုုင္ခ်က္ေပးၿပီး အိပ္ရာႏိုုးခ်ိန္မွာ ဂရုုတစိုုက္နဲ႕ ေကၽြးေမြးတာမ်ိဳးေတြ သူလုုပ္ပါတယ္။

အဲဒီလိုု သူ႕အေနနဲ႕ဂရုုစိုုက္ေပးတာေတြေၾကာင္႕ က်မ စိတ္ထဲ ေက်နပ္ၾကည္ႏွူးရပါတယ္။က်မ ေနထိုုင္မေကာင္းစဥ္မွာ ရံုုးကေန ခြင္႔ယူၿပီး ဂရုုစိုုက္ေပးတာ၊ ၾကင္ၾကင္နာနာျပဳမႈေျပာဆိုုတာေတြက သူဟာ က်မအတြက္ အထူးျခားဆံုုးပုုဂၢိဳလ္ျဖစ္ေစတာပါ။

အဲဒီလိုုပဲ မိတ္ေဆြသူငယ္ခ်င္းတစ္ေယာက္ရဲ႕ ခင္ပြန္းကေတာ႕သူ႕ဇနီးရဲ႕ ပိတ္ဆံအိတ္ေလးေတြကိုု ေသခ်ာသန္႔စင္ေပးတယ္၊ အ၀တ္အစားေလးေတြကိုုလည္း မီးပူတိုုက္ေပးတယ္၊တစ္ႏွစ္မွာ ၂ ၾကိမ္ေလာက္ သူ႕ဇနီးနဲ႕ လိုုက္ဖက္မဲ႕ ပိုုက္ဆံအိပ္ေတြ ၀ယ္လာေပးတတ္တယ္လိုု႕ဆိုုပါတယ္။

အဲဒီအတြက္ က်မ မိတ္ေဆြ အိမ္ရွင္မက ေက်နပ္လိုုက္တဲ႕ျဖစ္ျခင္း…သူ႕ခင္ပြန္းရဲ႕လုုပ္ရပ္နဲ႕ပတ္သက္ၿပီး အဲဒီအေၾကာင္း ေျပာေနခ်ိန္မွာေတာင္ သူ႕မ်က္၀န္းေတြနဲ႕ႏွႈတ္ခမ္းေတြမွာ ၾကည္ႏွဴးရိပ္ေတြ တလဲ႔လဲ႕နဲ႕ ေ၀ဆာေနလိုုက္တာ။

သူငယ္ခ်င္းတစ္ဦးကေတာ႕သူ႕ဇနီးသည္က သူ႕စိတ္ထဲမွာ ထူးထူးျခားျခား ခံစား သြားရေအာင္ သူလုုပ္ခဲ႕တဲ႕ နည္းလမ္းကိုုလည္းေျပာပါတယ္။

အဲဒါကေတာ႕ သူ႕ဇနီးသည္ရဲ႕နားမွာ ရံုုးပိ္တ္ရက္ေရာ၊ ခြင္႔၁ ရက္ပါ ယူၿပီး ၃ ရက္လံုုးလံုုး မိန္းမနားကပ္ေနေပးတာတဲ႕။ အဲဒီ ၃ ရက္လံုုးမွာ သူ႕ဇနီးသည္နဲ႕အတူ အိမ္မႈကိစၥေလးေတြ ကူလုုပ္ေပးတယ္။

သူ႕ဇနီးေရခ်ိဳးၿပီးရင္ လိမ္းဖိုု႕ သနပ္ခါးေသြးေပးတယ္တဲ႕။ သူ႕ဇနီးၾကိဳက္တတ္တဲ႕ အစားအေသာက္ေတြကိုုပဲ သူကိုုယ္တိုုင္ ခ်က္ျပဳတ္ေကၽြးေမြးတယ္။

ညေနပိုုင္း တီဗီၾကည္႔တဲ႕အခါမွာလည္း အရင္တုုန္းကလိုု သူၾကည္႔ခ်င္တာ မၾကည္႔ဘဲနဲ႕သူ႕ဇနီးၾကည္႔ခ်င္တာကိုု ဦးစားေပးၿပီး ၾကည္႔ေပးတယ္တဲ႕။

အဲဒီ ၃ ရက္ဟာ သူ႕ဘ၀အတြက္ေရာ သူ႕ဇနီးအတြက္ပါ ေပ်ာ္စရာၾကည္ႏွဴးစရာအေကာင္းဆံုုးရက္ပါလိုု႕ေတာင္ ဆိုုလိုုက္ေသးတယ္။

တကယ္ေတာ႕ က်မတိုု႕အမ်ိဳးသမီးေတြကိုု ေပ်ာ္ရႊင္ေအာင္လုုပ္ဖိုု႕ ေငြ မလိုုပါဘူး၊ၾကည္ႏွဴးေပ်ာ္ရႊင္ရဖိုု႕ ပိုုက္ဆံေတြ အမ်ားၾကီး သံုုးစရာမလိုုပါဘူး။ေပၚတဲ႕ပစၥည္းတုုိင္း ၀ယ္ေပးစရာမလိုုပါဘူး။ ေမြးေန႔တိုုင္း ေမြးေန႕လက္ေဆာင္ေပးမွ ခ်စ္မယ္လိုု႕ ယံုုၾကည္မွာ မဟုုတ္ပါဘူး။

တန္ဖိုုးၾကီးတဲ႕ေစ်းၾကီးတဲ႕ပစၥည္း ၀ယ္ေပးမွ စစ္မွန္တယ္လိုု႕ယူဆမွာ မဟုုတ္ပါဘူး။က်မတိုု႕အမ်ိဳးသမီးေတြက တကယ္ပဲ ခင္ပြန္းဆီကေန ေမ ွ်ာ္လင္႔မိတာ အၾကင္နာ၊ေမတၱာ၊ နားလည္မႈေလးပါ။ ကိုုယ္႔ခင္ပြန္းက သူ႕ရင္ထဲမွာ ကိုုယ္႔ကိုု ခ်စ္ခင္ျမတ္ႏိုုးမႈရွိေနတယ္၊နက္နက္ရွိဳင္းရွိဳင္းနဲ႕စစ္မွန္စြာ တန္ဖိုုးထား ျမတ္ႏိုုးပါတယ္ဆိုုတာကိုု ဆုုိတာကိုု အခ်ိန္တိုုင္း သိခြင္႔ရခ်င္တာပါ။

အဲဒီလိုု သိခြင္႔ရတဲ႕အခ်ိန္တိုုင္းဟာ က်မတိုု႕အမ်ိဳးသမီးေတြကိုု ေပ်ာ္ရႊင္ေက်နပ္ေစပါတယ္။ အဲဒါေၾကာင္႔ ကိုုယ္႔ခ်စ္သူ(သိုု႔)ဇနီးသည္ကိုု ေပ်ာ္ရႊင္ၾကည္ႏွဴးေစခ်င္တယ္ဆိုုရင္ ဇနီးသည္အတြက္ အခ်ိန္ေပးပါ၊ကိုုယ္႔ေဘးနားရွိေနတဲ႕ဇနီးသည္ကိုု ၾကင္ၾကင္နာနာ ဆက္ဆံေပးပါ၊ အိမ္မွာ ရွိခြင္႔ရတဲ႕အခ်ိန္တိုုင္း ဇနီးနားမွာေနၿပီး သူ႕အလုုပ္ေလးေတြကိုု ကူညီလုုပ္ကိုုင္ေပးပါ၊ ႏွစ္ေယာက္တည္း ရွိေနခြင္႔ရခ်ိန္မွာ ၾကင္နာယုုယပါ။

ဇနီးသည္ ေနထိုုင္မေကာင္းျဖစ္တဲ႕အခါ ေမတၱာတရားနဲ႕ဆက္ဆံၿပီး ဦးစားေပးပါ။ ဇနီးသည္ ၀မ္းနည္းအားငယ္ေနခ်ိန္မွာ အားေပး။ ဇနီးသည္ရဲ႕ ေရွ႕မွာ မားမားမတ္မတ္ရပ္တည္ေပးပါ..။

ဇနီးသည္ကိုု အျမဲတမ္း ရင္ဖြင္႔ေျပာဆိုုေပးပါ၊ ဇနီးသည္က ရင္ဖြင္႔ေျပာဆိုုလာရင္လည္း စိတ္ပါလက္ပါ ဂရုုတစိုုက္နဲ႕နားေထာင္ေပးပါ။

အဲဒီ အရာေတြအားလံုုးက က်မတိုု႕အမ်ိဳးသမီးေတြကိုု ေပ်ာ္ရႊင္ေက်နပ္ေစပါတယ္။

ေက်းဇူးတင္ပါတယ္။

Credit::ေမသၾကၤန္ဟိန္(ျမစ္မခ)
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သက်လတ်ပိုင်းအရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ဦးက ဖုန်းဆက်ပြီး မေးမြန်းဖူးတယ်၊ သူ့ဇနီးပျော်ရွှင်လာအောင် ဘယ်လိုလုပ်ပေးရမလဲလို့မေးတာပါ။

သူတို့အိမ်ထောင်ရေးမှာ ပြဿနာလည်း သိပ်ကြီးကြီးမားမားရယ်လို့မရှိတတ်ပါဘူး။ ဒါပေမဲ့ သူ့ဇနီးသည်က သူ့ရဲ့လုပ်ရပ်လေးတစ်ခုကြောင့် အံ့သြသွားတာ ပျော်ရွှင်ကြည်နှူးသွားတာမျိုးကို ဖြစ်စေချင်လို့ပါလို့ ဆိုတယ်။

ကျမအနေနဲ့စဉ်းစားပေးမိတယ်။ ကျမတို့ အမျိုးသမီးတွေဟာ ခင်ပွန်းဆီကနေ မေ ျှာ်လင့်မိတာတွေရှိပါတယ်။

ဒါကို ပါးစပ်ထဲကနေလည်း ထုတ်မပြောချင်ဘူး။ သူတို့စိတ်ထဲ အလိုလိုကို သိစေချင်တာပါ၊ ဒါပေမဲ့ အမျိုးသားအများစုကတော့ မသိတတ်ကြပါဘူး။

ဒါကိုလည်း အပြစ်တော့ မတင်ချင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အချစ်နဲ့ပတ်သက်ရင်၊ အိမ်ထောင်ရေးနဲ့ပတ်သက်ရင် အမျိုးသမီးအများစုကသာ အသေးစိပ်ခံစားတတ်ကြပြီးအမျိုးသား အများစုကတော့ ပိုက်ဆံအကုန်အပ်ရင် တာဝန်ကျေပြီ၊ သစ္စာစောင့်သိပေးရင်ပဲ ခင်ပွန်းကောင်းဖြစ်ပြီလို့ ယူဆတတ်ကြတာကိုး။

ဇနီးသည်ရဲ့စိတ်ပိုင်းဆိုင်ရာ ကြည်နူးပျော်ရွှင်မှုကို ဂရုစိုက်တတ်တဲ့ခင်ပွန်းကတော့ ရှားပါးလှပါတယ်။သူတို့စိတ်ထဲမှာ သူ့ချစ်သူ(သို့)ဇနီး အံ့သြသွားအောင်၊ နှစ်သက်သွားအောင်၊ ပျော်ရွှင်ကြည်နှူးသွားအောင် ဘာလုပ်ပေးနိုင်မလဲ လို့စဉ်းစားတာ အင်မတန်ကို ကောင်းပါတယ်။

ပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့ အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးလို့လည်း မြင်မိပါတယ်။ကျမအနေနဲ့ ကူညီဖြည့်ဆည်းပေချင်တဲ့ စိတ်နဲ့ နည်းလမ်းလေးတွေကိုလည်း တတ်သလောက်မှတ်သလောက် စဉ်းစားပြီးပြောခဲ့ပါတယ်။

ရုပ်ရှင်တွေထဲမှာတော့ ချစ်သူ(သို့)ဇနီးသည်ကို ပန်းစည်းလေးတွေ လက်ဆောင်ပေးတာလည်း တွေ့ရဖူးတယ်။ဒါဆို လက်ခံရရှိသူက လှစ်ခနဲပြုံးသွားတာလည်း တွေ့ဖူးတာပဲ၊ အဲဒါကြောင့် ရံဖန်ရံခါမှာ ဇနီးက ပန်းကြိုက်တယ်ဆိုရင် ပန်းစည်းပေးတာလည်း အဆင်ပြေနိုင်ပါတယ်။

ဇနီးသည်ရဲ့စိတ်ထဲမှာ ကိုယ့်ခင်ပွန်းက သတိတရနဲ့ ကိုယ့်အတွက် ပန်းစည်းဝယ်လာတယ်လို့ တွေးယူဆရင်ပေါ့ရှင်။ဒါပေမဲ့ ပန်းစည်းပဲ အမြဲပေးနေရင်တော့ရိုးသွားမှာ အမှန်ပါပဲ။

အချို့ကျတော့လည်း မွေးနေ့လက်ဆောင် သို့မဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ တန်ဖိုးကြီး လက်ဝတ်ရတနာတွေ၊ အသုံးအဆောင်တွေ ပေးတတ်ကြပါတယ်။

ဒါကိုလည်း အချို့ဇနီးသည်က ဂုဏ်ယူဝမ်းသာစွာနဲ့ လက်ခံပြီး မိသားစုဝင်တွေနဲ့မိတ်ဆွေသူငယ်ချင်းတွေ၊ တစ်ခါတစ်ရံမှာဆို လူမှုကွန်ယက်မှာတောင် တင်ပြီး ကြွားတတ်ကြတာပါပဲ။

ဒါကလည်း ဇနီးသည်ရဲ့ကျေနပ်ဂုဏ်ယူမှုကို ရရှိစေတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။နောက်နည်းလမ်းတစ်ခုကတော့ကျမခင်ပွန်း ပြုလုပ်တတ်တဲ့နည်းလမ်းပါ၊ အဲဒါ ဘာလဲဆိုတော့ကျမ အစားအသောက်ပျက်နေပြီလို့သူသတိထားမိတဲ့အခါ

ကျမ ကြိုက်တတ်တဲ့အစားအသောက်တွေကို သူကိုယ်တိုင် ချက်ပြုတ်ပြီး လှလှပပပြင်ဆင်ကျွေးမွေးတာပါ။အဲဒီလို သူကိုယ်တိုင် ဈေးသွား၊ အသားကောင်းကောင်းလေးတွေနဲ့အသီးအရွက်ကောင်းကောင်းလေးတွေကို သေချာရွေးချယ်ပြီး စနစ်တကျနဲ့ချက်ပြုတ်နေတာကို တွေ့ရတဲ့အခါ

ကျမစိတ်ထဲမှာ အော်…သူ့ခမျာ ငါ့မြိန်မြိန်ယှက်ယှက်နဲ့အရသာရှိရှိစားနိုင်အောင်လို့ သူ့အနေနဲ့ အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့ စေတနာနဲ့လုပ်ပေးနေတာလို့ နားလည်ပြီး ကျေနပ်ကြည်နှူးသွားတတ်ပါတယ်။

နောက်ရှိပါသေးတယ်၊ အဲဒါကတော့ ကျမအတွက် ကော်ဖီဖျော်ပေးတာ၊ အိပ်ရာစောစောထပြီး မနက်စာကိုယ်တိုင်ချက်ပေးပြီး အိပ်ရာနိုးချိန်မှာ ဂရုတစိုက်နဲ့ ကျွေးမွေးတာမျိုးတွေ သူလုပ်ပါတယ်။

အဲဒီလို သူ့အနေနဲ့ဂရုစိုက်ပေးတာတွေကြောင့် ကျမ စိတ်ထဲ ကျေနပ်ကြည်နှူးရပါတယ်။ကျမ နေထိုင်မကောင်းစဉ်မှာ ရုံးကနေ ခွင့်ယူပြီး ဂရုစိုက်ပေးတာ၊ ကြင်ကြင်နာနာပြုမှုပြောဆိုတာတွေက သူဟာ ကျမအတွက် အထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်စေတာပါ။

အဲဒီလိုပဲ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ ခင်ပွန်းကတော့သူ့ဇနီးရဲ့ ပိတ်ဆံအိတ်လေးတွေကို သေချာသန့်စင်ပေးတယ်၊ အဝတ်အစားလေးတွေကိုလည်း မီးပူတိုက်ပေးတယ်၊တစ်နှစ်မှာ ၂ ကြိမ်လောက် သူ့ဇနီးနဲ့ လိုက်ဖက်မဲ့ ပိုက်ဆံအိပ်တွေ ဝယ်လာပေးတတ်တယ်လို့ဆိုပါတယ်။

အဲဒီအတွက် ကျမ မိတ်ဆွေ အိမ်ရှင်မက ကျေနပ်လိုက်တဲ့ဖြစ်ခြင်း…သူ့ခင်ပွန်းရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အဲဒီအကြောင်း ပြောနေချိန်မှာတောင် သူ့မျက်ဝန်းတွေနဲ့နှှုတ်ခမ်းတွေမှာ ကြည်နှူးရိပ်တွေ တလဲ့လဲ့နဲ့ ဝေဆာနေလိုက်တာ။

သူငယ်ချင်းတစ်ဦးကတော့သူ့ဇနီးသည်က သူ့စိတ်ထဲမှာ ထူးထူးခြားခြား ခံစား သွားရအောင် သူလုပ်ခဲ့တဲ့ နည်းလမ်းကိုလည်းပြောပါတယ်။

အဲဒါကတော့ သူ့ဇနီးသည်ရဲ့နားမှာ ရုံးပိတ်ရက်ရော၊ ခွင့်၁ ရက်ပါ ယူပြီး ၃ ရက်လုံးလုံး မိန်းမနားကပ်နေပေးတာတဲ့။ အဲဒီ ၃ ရက်လုံးမှာ သူ့ဇနီးသည်နဲ့အတူ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးတယ်။

သူ့ဇနီးရေချိုးပြီးရင် လိမ်းဖို့ သနပ်ခါးသွေးပေးတယ်တဲ့။ သူ့ဇနီးကြိုက်တတ်တဲ့ အစားအသောက်တွေကိုပဲ သူကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတယ်။

ညနေပိုင်း တီဗီကြည့်တဲ့အခါမှာလည်း အရင်တုန်းကလို သူကြည့်ချင်တာ မကြည့်ဘဲနဲ့သူ့ဇနီးကြည့်ချင်တာကို ဦးစားပေးပြီး ကြည့်ပေးတယ်တဲ့။

အဲဒီ ၃ ရက်ဟာ သူ့ဘဝအတွက်ရော သူ့ဇနီးအတွက်ပါ ပျော်စရာကြည်နှူးစရာအကောင်းဆုံးရက်ပါလို့တောင် ဆိုလိုက်သေးတယ်။

တကယ်တော့ ကျမတို့အမျိုးသမီးတွေကို ပျော်ရွှင်အောင်လုပ်ဖို့ ငွေ မလိုပါဘူး၊ကြည်နှူးပျော်ရွှင်ရဖို့ ပိုက်ဆံတွေ အများကြီး သုံးစရာမလိုပါဘူး။ပေါ်တဲ့ပစ္စည်းတိုင်း ဝယ်ပေးစရာမလိုပါဘူး။ မွေးနေ့တိုင်း မွေးနေ့လက်ဆောင်ပေးမှ ချစ်မယ်လို့ ယုံကြည်မှာ မဟုတ်ပါဘူး။

တန်ဖိုးကြီးတဲ့ဈေးကြီးတဲ့ပစ္စည်း ဝယ်ပေးမှ စစ်မှန်တယ်လို့ယူဆမှာ မဟုတ်ပါဘူး။ကျမတို့အမျိုးသမီးတွေက တကယ်ပဲ ခင်ပွန်းဆီကနေ မေ ျှာ်လင့်မိတာ အကြင်နာ၊မေတ္တာ၊ နားလည်မှုလေးပါ။ ကိုယ့်ခင်ပွန်းက သူ့ရင်ထဲမှာ ကိုယ့်ကို ချစ်ခင်မြတ်နိုးမှုရှိနေတယ်၊နက်နက်ရှိုင်းရှိုင်းနဲ့စစ်မှန်စွာ တန်ဖိုးထား မြတ်နိုးပါတယ်ဆိုတာကို ဆိုတာကို အချိန်တိုင်း သိခွင့်ရချင်တာပါ။

အဲဒီလို သိခွင့်ရတဲ့အချိန်တိုင်းဟာ ကျမတို့အမျိုးသမီးတွေကို ပျော်ရွှင်ကျေနပ်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ချစ်သူ(သို့)ဇနီးသည်ကို ပျော်ရွှင်ကြည်နှူးစေချင်တယ်ဆိုရင် ဇနီးသည်အတွက် အချိန်ပေးပါ၊ကိုယ့်ဘေးနားရှိနေတဲ့ဇနီးသည်ကို ကြင်ကြင်နာနာ ဆက်ဆံပေးပါ၊ အိမ်မှာ ရှိခွင့်ရတဲ့အချိန်တိုင်း ဇနီးနားမှာနေပြီး သူ့အလုပ်လေးတွေကို ကူညီလုပ်ကိုင်ပေးပါ၊ နှစ်ယောက်တည်း ရှိနေခွင့်ရချိန်မှာ ကြင်နာယုယပါ။

ဇနီးသည် နေထိုင်မကောင်းဖြစ်တဲ့အခါ မေတ္တာတရားနဲ့ဆက်ဆံပြီး ဦးစားပေးပါ။ ဇနီးသည် ဝမ်းနည်းအားငယ်နေချိန်မှာ အားပေး။ ဇနီးသည်ရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပါ..။

ဇနီးသည်ကို အမြဲတမ်း ရင်ဖွင့်ပြောဆိုပေးပါ၊ ဇနီးသည်က ရင်ဖွင့်ပြောဆိုလာရင်လည်း စိတ်ပါလက်ပါ ဂရုတစိုက်နဲ့နားထောင်ပေးပါ။

အဲဒီ အရာတွေအားလုံးက ကျမတို့အမျိုးသမီးတွေကို ပျော်ရွှင်ကျေနပ်စေပါတယ်။

ကျေးဇူးတင်ပါတယ်။

Credit::မေသြင်္ကန်ဟိန်(မြစ်မခ)
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top