iMyanmarHouse.com - Best Property Website for Myanmar
×

ဘီ-ေအ (၂၀%)

ရွက္တတ္တဲ့ မိန္းကေလး မ်ိဳးေတြကို ဘီေသြး ေယာကၤ်ားေလး မ်ားက ႏွစ္သက္ၾကပါတယ္တဲ့။ ဘီေသြးေယာကၤ်ားေလးမ်ားရဲ႕ သြက္လက္ဖ်တ္လတ္မႈနဲ႕ ေအေသြးမိန္းကေလးမ်ားရဲ႕ ႏူးညံ့မႈကိုေပါင္းစပ္လိုက္ရင္ေတာ့ အေရာင္လင္းလက္တဲ့ ခ်စ္သူ ေတြ ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ ႏွစ္ေယာက္တည္းရွိေနမယ္ဆိုရင္ေတာ့ ပိုျပီး ရင္းႏွီးႏိုင္ပါတယ္။ ဒါေပမယ့္ လိုက္ဖက္မႈကေတာ့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)

ဘီေသြး ေယာကၤ်ားေလး နဲ႕ ဘီေသြး မိန္းကေလး ေတြ႕ၾကျပီ ဆိုရင္ေတာ့ အခ်င္းခ်င္း နားလည္မႈရွိျပီးလိုက္ဖက္ပါတယ္တဲ့။ ဒီစံုတြဲကေတာ့ အခ်င္းခ်င္း ေပ်ာ္ရႊင္တဲ့ သူငယ္ခ်င္းအေနနဲ႕ ေသာ္လည္းေကာင္း၊လိုက္ဖက္ညီတဲ့ စံုတြဲ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ခ်စ္သူအ ခ်င္းခ်င္း မေျပာေလာက္ဘူးလို႕ ထင္ႏိုင္တဲ့စကားၾကမ္းၾကမ္းေတြကို ေျပာေနတတ္တဲ့ စံုတြဲ ေတြကို ေတြ႕ရင္ ဘီေသြးစံုတြဲ ျဖစ္တာက မ်ားပါတယ္တဲ့။ေဘးမွာရွိေနတဲ့ လူေတြက ဒီ စံုတြဲ ကို ၾကည့္ျပီး ရန္ျဖစ္ေတာ့မယ္လို႕ စိုးရိမ္ရေလာက္တဲ့ အထိပါပဲ။ဘီေသြးပိုင္ရွင္မ်ားက လြတ္လပ္မႈကို ႏွစ္သက္ျပီး ကိုယ္လုပ္ခ်င္တာကို လုပ္ေနတတ္တဲ့ အတြက္ ဒီအတြဲအဆင္ေျပဘို႕ကေတာ့ ေတာ္ေတာ္ခက္ပါတယ္။ ရန္ျဖစ္ရင္းနဲ႕ သံေယာစဥ္ ျဖစ္သြားႏိုင္သလို အခ်င္းခ်င္းစိတ္ဆင္းရဲမႈေတြ ေပးျပီး ျပီးသြားတတ္တဲ့ အခါေတြလည္း ရွိပါတယ္တဲ့။

ဘီ-အို (၈၀%)

တခါတေလေတာ့ ျပႆနာ အၾကီးၾကီး ျဖစ္တတ္တဲ့ အတြဲလည္း ျဖစ္ပါတယ္။ ျပႆနာ ေျဖရွင္းမႈလည္းသိပ္မရွိပါဘူး။ ဒါေပမယ့္ ဘီေသြး ေယာကၤ်ားေလး မ်ားရဲ႕ တက္ၾကြမႈနဲ႕ အိုေသြး မိန္းကေလး မ်ားရဲ႕လႈပ္ရွားမႈကို ေပါင္းစပ္လိုက္မယ္ဆိုရင္ေတာ့ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အခ်ိန္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါတယ္။ဒါေပမယ့္ အျမဲတမ္း တစ္ခုခုကို စိတ္ပူေနရတတ္ပါတယ္။ ဒီစံုတြဲရဲ႕ တူညီခ်က္ကေတာ့ အျမဲတမ္းပြဲလမ္းသဘင္ကို သြားဘို႕ စိတ္လႈပ္ရွားေနသလိုမ်ိဳး အျမဲတမ္း စိတ္လႈပ္ရွားေနတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ဒီစံုတြဲ ေတြ႕ၾကျပီဆိုရင္ေတာ့ ကမၻာေျမၾကီး ေပၚမွာ ရွိတဲ့ ပူပင္ေသာကမွန္သမွ်ကို ေမ့ျပီးေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အေျခအေနကို ဖန္တီးတတ္ၾကပါတယ္။ တစ္ေယာက္ကမ်ား အၾကံတစ္ခုေလာက္ေပးလိုက္ျပီဆိုရင္ ေနာက္တစ္ေယာက္က လက္၀ါးရိုက္ လက္ခံတတ္တဲ့ အတြဲလည္း ျဖစ္ပါတယ္။

ဘီ-ေအဘီ (၉၀%)

ဆန္႔က်င္ဘက္ အဆံုးစြန္ ႏွစ္ခု ေတြ႕ၾကတာပါပဲ။ အခ်င္းခ်င္း လံုး၀ကို မတူတဲ့ အတြက္ပတ္၀န္းက်င္ ကလူေတြက အဆင္မေျပေလာက္ဘူးလို႕ ထင္ၾကေပမယ့္ တကယ္ေတာ့ အရမ္းကိုအဆင္ေျပျပီး အခ်င္းခ်င္း နားလည္တတ္တဲ့ အတြဲလည္း ျဖစ္ပါတယ္။ အခ်င္းခ်င္း ေပါင္းစပ္လုပ္ကိုင္ႏိုင္တဲ့စြမ္းရည္လည္း ျမင့္မားျပီး သူမ်ားေတြအျမင္မွာ ၾကက္သီးထေလာက္ေအာင္ ကဲၾကသဲၾကတဲ့ အတြဲလည္းျဖစ္ပါတယ္။ ေျမေအာက္ရထားစီတဲ့အခါမွာပဲ ျဖစ္ျဖစ္ ဘတ္စ္ စီးတဲ့အခါမွာပဲ ျဖစ္ျဖစ္ တပူးကပ္ကပ္နဲ႕ ေနတဲ့အတြဲေတြက ဒီလို ဘီ-ေအဘီေသြးပိုင္ရွင္မ်ား ျဖစ္တတ္ၾကပါတယ္။ ဘီေသြး ေယာကၤ်ားေလး မ်ားကေတာ့ ေအဘီသြးပိုင္ရွင္ မိန္းကေလးမ်ားနဲ႕ အတူတူ ရွိတဲ့အခါမွာ အျမဲတမ္း ေပ်ာ္ရႊင္ေနတတ္ပါတယ္။

ကိုယ္ကိုယ္တိုင္က ၾကင္ၾကင္နာနာနဲ႕ မဆက္ဆံတတ္ေပမယ့္ ခ်စ္သူလုပ္တဲ့ မိန္းကေလးကခၽြဲႏြဲ႕လိုက္ရင္ေတာ့ ၾကင္ၾကင္နာနာျပန္ ဆက္ဆံတတ္ၾကတယ္။ ေအဘီေသြးပိုင္ရွင္ မိန္းကေလးေတြကေတာ့ အရမ္း ၾကင္နာဖြဲ႕ႏြဲ႕ လြန္းတဲ့ ေယာကၤ်ား မ်ား၊ မနားမေန စကားေျပာတတ္တဲ့ ေယာကၤ်ားမ်ားကို သိပ္မၾကိဳက္လွပါဘူး။ ကိုယ္တိုင္ကသာ ေယာကၤ်ားလုပ္သူကို စကား အဆက္မျပတ္ေျပာခ်င္တတ္ေပမယ့္ တဘက္သားက ပူညံပူညံ လုပ္တာကိုေတာ့ မၾကိဳက္ၾကပါဘူးတဲ့။ ဒါေပမယ့္ ဒီအတြဲက ျဖစ္ႏိုင္စြမ္း အမ်ားဆံုးပါပဲ။

Credit:Win Thu
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘီ-အေ (၂၀%)

ရှက်တတ်တဲ့ မိန်းကလေး မျိုးတွေကို ဘီသွေး ယောင်္ကျားလေး များက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကိုပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူ တွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်းရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)

ဘီသွေး ယောင်္ကျားလေး နဲ့ ဘီသွေး မိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း နားလည်မှုရှိပြီးလိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအ ချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲ တွေကို တွေ့ရင် ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။ဘေးမှာရှိနေတဲ့ လူတွေက ဒီ စုံတွဲ ကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့ အတွက် ဒီအတွဲအဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်းစိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်းသိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေး ယောင်္ကျားလေး များရဲ့ တက်ကြွမှုနဲ့ အိုသွေး မိန်းကလေး များရဲ့လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်းပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်ပတ်ဝန်းကျင် ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကိုအဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်းဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေး များကတော့ အေဘီသွးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။

ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးကချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျား များ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကို သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား အဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း အများဆုံးပါပဲ။

Credit:Win Thu
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top