iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီက ဂါ၀န္လက္ျပတ္ ၊ အက်ႌလက္ျပတ္ ၊ ေဘာင္းဘီတုိ ၊ ဘီကီနီ တုိ႕၀တ္ရမယ့္ အခ်ိန္ပါ။ ဒီအ၀တ္အစားေတြ လွေပမယ့္ ခ်ိဳင္း နဲ႕ ေျခသလုံးရွိ အေမႊးေတြ ရွင္းေနမွ ၾကည့္လုိ႕လွပါတယ္။ အေမႊးရိတ္တယ္ဆုိတာ အသားအေရကို ၾကမ္းတမ္းေစတယ္ ၊ ျပန္ေပါက္လာတဲ့ အေမႊးေတြက ၾကမ္းလာတယ္ ၊ အခ်ိန္ခဏေလးနဲ႕ ျပန္ေပါက္လာတယ္။ ဒါေၾကာင့္ ေမႊးရိတ္တံနဲ႕ ရိတ္စရာမလုိဘဲ သဘာ၀နည္းေတြကို သုံးၿပီး အေမႊးခၽြတ္ေပးႏုိင္မယ့္ နည္းလမ္း (၃)မ်ိဳးကို မွ်ေ၀ေပးလုိက္ပါတယ္။

(၁) သၾကားနဲ႕ သံပရုိရည္

သၾကား နဲ႕ သံပရုိရည္ ေရာထားတဲ့အႏွစ္ကေတာ့ မလုိခ်င္တဲ့ အေမႊးေတြကို ခၽြတ္ေပးႏုိင္ပါတယ္။ ၎အႏွစ္က အေမႊးေတြကို လြယ္လြယ္ခၽြတ္ေပးႏုိင္ၿပီး ေတာ္ေတာ္ၾကာတဲ့အထိ ျပန္မေပါက္ပါဘူး။

ပါ၀င္ပစၥည္းမ်ား – သၾကား (တစ္ခြက္) ၊ ပ်ားရည္ (ခြက္ရဲ႕ ေလးပုံတစ္ပုံ) ၊ သံပရုိရည္ (စားပဲြတင္ဇြန္း ၂ဇြန္း) ။
– ပါ၀င္ပစၥည္းမ်ားကို ဇလုံထဲ ထည့္ေပးၿပီး ပ်စ္လာေအာင္ေမြေပးပါ။
– ၿပီးရင္ (၂)မိနစ္ေလာက္ အပူေပးေပးပါ။
– အေအးခံၿပီးရင္ သုံးႏုိင္ပါတယ္။

(၂) ၾကက္ဥ အကာ နဲ႕ cornstarch

ခ်ိဳင္းၾကားရွိ အေမႊးေတြကို ခၽြတ္ဖုိ႕အတြက္က ဆား၀က္ျခံကို ေပ်ာက္ေအာင္လုပ္ဖုိ႕ထက္ေတာင္ ပုိလြယ္ပါတယ္။

ပါ၀င္ပစၥည္းမ်ား – ၾကက္ဥ (၁လုံး) ၊ cornstarch (စားပဲြတင္ဇြန္းတစ္၀က္) ၊ သၾကား (စားပဲြတင္ဇြန္း ၁ ဇြန္း)။
– ၾကက္ဥကို အကာ နဲ႕ အႏွစ္ခဲြေပးပါ။
– ၾကက္ဥအကာ ကိုယူၿပီး ပါ၀င္ပစၥညး္မ်ားအားလုံးကိုေရာေပးပါ။
– မလုိခ်င္တဲ့ အေမႊးေပၚ လိမ္းေပးၿပီး ေျခာက္ေအာင္ထားေပးပါ။– ေျခာက္သြားမွ ဆဲြခၽြတ္ေပးပါ။

(၃) Baking soda နဲ႕ နႏြင္း

ပါ၀င္ပစၥည္းမ်ား – နႏြင္း (စားပဲြတင္ဇြန္း ၁ ဇြန္း ) ၊ baking soda (စားပဲြတင္ဇြန္း ၂ ဇြန္း) ၊ ေရ ။
– နႏြင္း နဲ႕ baking soda ကုိေရာေနခ်ိန္မွာ ေရထည့္ေရာၿပီး ေမႊေပးပါ။
– အႏွစ္ျပစ္လာရင္ ခ်ဳိင့္ေပၚမွာ လိမ္းေပးၿပီး အေျခာက္ခံေပးပါ။
– လက္နဲ႕ ပြတ္သပ္ေပးၿပီး ေရနဲ႕ေဆးေပးပါ။

Credit:mmcelesmedia
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

နွေရာသီက ဂါဝန်လက်ပြတ် ၊ အင်္ကျီလက်ပြတ် ၊ ဘောင်းဘီတို ၊ ဘီကီနီ တို့ဝတ်ရမယ့် အချိန်ပါ။ ဒီအဝတ်အစားတွေ လှပေမယ့် ချိုင်း နဲ့ ခြေသလုံးရှိ အမွှေးတွေ ရှင်းနေမှ ကြည့်လို့လှပါတယ်။ အမွှေးရိတ်တယ်ဆိုတာ အသားအရေကို ကြမ်းတမ်းစေတယ် ၊ ပြန်ပေါက်လာတဲ့ အမွှေးတွေက ကြမ်းလာတယ် ၊ အချိန်ခဏလေးနဲ့ ပြန်ပေါက်လာတယ်။ ဒါကြောင့် မွှေးရိတ်တံနဲ့ ရိတ်စရာမလိုဘဲ သဘာဝနည်းတွေကို သုံးပြီး အမွှေးချွတ်ပေးနိုင်မယ့် နည်းလမ်း (၃)မျိုးကို မျှဝေပေးလိုက်ပါတယ်။

(၁) သကြားနဲ့ သံပရိုရည်

Sponsored

သကြား နဲ့ သံပရိုရည် ရောထားတဲ့အနှစ်ကတော့ မလိုချင်တဲ့ အမွှေးတွေကို ချွတ်ပေးနိုင်ပါတယ်။ ၎င်းအနှစ်က အမွှေးတွေကို လွယ်လွယ်ချွတ်ပေးနိုင်ပြီး တော်တော်ကြာတဲ့အထိ ပြန်မပေါက်ပါဘူး။

ပါဝင်ပစ္စည်းများ – သကြား (တစ်ခွက်) ၊ ပျားရည် (ခွက်ရဲ့ လေးပုံတစ်ပုံ) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၂ဇွန်း) ။
– ပါဝင်ပစ္စည်းများကို ဇလုံထဲ ထည့်ပေးပြီး ပျစ်လာအောင်မွေပေးပါ။
– ပြီးရင် (၂)မိနစ်လောက် အပူပေးပေးပါ။
– အအေးခံပြီးရင် သုံးနိုင်ပါတယ်။

(၂) ကြက်ဥ အကာ နဲ့ cornstarch

ချိုင်းကြားရှိ အမွှေးတွေကို ချွတ်ဖို့အတွက်က ဆားဝက်ခြံကို ပျောက်အောင်လုပ်ဖို့ထက်တောင် ပိုလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ – ကြက်ဥ (၁လုံး) ၊ cornstarch (စားပွဲတင်ဇွန်းတစ်ဝက်) ၊ သကြား (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– ကြက်ဥကို အကာ နဲ့ အနှစ်ခွဲပေးပါ။
– ကြက်ဥအကာ ကိုယူပြီး ပါဝင်ပစ္စည်းများအားလုံးကိုရောပေးပါ။
– မလိုချင်တဲ့ အမွှေးပေါ် လိမ်းပေးပြီး ခြောက်အောင်ထားပေးပါ။– ခြောက်သွားမှ ဆွဲချွတ်ပေးပါ။

(၃) Baking soda နဲ့ နနွင်း

ပါဝင်ပစ္စည်းများ – နနွင်း (စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ baking soda (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ ။
– နနွင်း နဲ့ baking soda ကိုရောနေချိန်မှာ ရေထည့်ရောပြီး မွှေပေးပါ။
– အနှစ်ပြစ်လာရင် ချိုင့်ပေါ်မှာ လိမ်းပေးပြီး အခြောက်ခံပေးပါ။
– လက်နဲ့ ပွတ်သပ်ပေးပြီး ရေနဲ့ဆေးပေးပါ။

Credit:mmcelesmedia
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top