iMyanmarHouse.com - Best Property Website for Myanmar
×
Credit:mmcelesmedia
 အနုပညာ
#Unicode Version# ဖြင့်ဖတ်ပါ ။
ဇာတ်ပို့နေရာကနေ တာဝန်ကျေကျေနဲ့ ကျရာဇာတ်ရုပ်ကိုမဆုတ်မနစ်ကြိုးစားပြီး နေရာတစ်နေရာရလာခဲ့တဲ့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ် က Pann Pwint Media နဲ့အင်တာဗျူးမှာ ဗီဒီယိုလောက ခေတ်မေကာင်းတော့တဲ့အခြေအနေရဲ့နောက်ဆက်တွဲအဖြစ်အပျက်တချို့ကို ပြောပြထားတာရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်ခင်ဗျာ ။
“သမီးတို့လို့အရွယ်ရှိတဲ့သူတွေတောင် ဒီအလုပ်ကြိးရပ်သွားတဲ့အတွက် အရမ်းဂျမ်းဖြစ်သွားတယ် ။သမီးတို့ဘဝမှာ ဒီအလုပ်ကလွဲရင်အမှန်တကယ်တော့ဘာမှ မလုပ်စားတတ်စရာမရှိပါဘူး။ နောက်ဆုံး မျက်နှာပြောင်တိုက်ပြီးဈေးရောင်းရုံပဲပေါ့ ။ ဒါပေမယ့် သမီးတို့ဒီအလုပ်ပဲ လုပ်တတ်တယ် ဒီအလုပ်ပဲလုပ်ခဲ့တဲ့အတွက် ပညာပြည့်မီအောင်သင်မထားတဲ့အတွက်ကြောင့် တခြားဆီကုမ္ပဏီမှာသွားပြီးအလုပ်လုပ်ဖို့အတွက်ကျလည်း ဒီရုပ်တွေနဲ့လုံးဝမဖြစ်တော့ဘူး။ဒီတော့သမီးတို့တောင်ဒီလောက်ဂျမ်းဖြစ်နေရင် အသက်ကြီးတဲ့အဖေကြီးတွေ ၊အမေကြီးတွေသးတို့တွေတော်တော်ခက်ခဲမှာပါ ။ “ဆိုပြီး ဗီဒီယိုဇာတ်လမ်းတွေခေတ်ပျက်သွားတဲ့အပေါ်မှာ သူ့အမြင်ကိုပြောပြသွားခဲ့ပါတယ် ။
ထမင်းရှင် လို့ ပြောထားတဲ့ကိစ္စကိုလည်း “ဒီကိစ္စထပ်ပြောရင် ထပ်အဆဲခံရမလားမသိဘူး ။ နှိုင်းယှဉ်စိတ်ထဲမှာရှိတဲ့အတိုင်းပြောလိုက်တာပါ ။ နင်တို့ကထမင်းရှင် မဟုတ်ဘူးဆိုပြီးပြောတာမဟုတ်ဘူး။ နှိုင်းယှဉ်တို့ ကားရိုက်ဖို့လိုနေပြီ ပိုက်ဆံတွေလိုနေပြီ မိသားစုအတွက်ခက်ခဲနေပြီဆိုရင်ပရိုဂျူဆာတွေကိုပဲ စောင့်ရတာ ။ သူတို့ဖုန်းကိုစောင့်ရတယ် ။ ဒါရိုက်တာတွေကိုယ့်ကို ကားရိုက်နေပြီကိုယ်မပါဘူး ။ ဒါပေမယ့် အကိုရယ်သမီးကိုခေါ်ပါဦး ကိုယ်မပြောရဲဘူး ။မန်နေဂျာဆိုရင်လည်း မပြောရဲခဲ့ဘူး။ သူတို့ကိုပဲစောင့်ရတာ သူတို့ခေါ်ပြီဆိုကိုအရမ်းပျော်တယ်လေ ကားရိုက်ရပြီကိုယ်လုပ်ချင်တဲ့အလုပ်လည်းလုပ်ရပြိ ။ပိုက်ဆံလည်းရပြီ ။ပိုက်ဆံရမှကိုယ့်မိသားစုဘဝကိုယ်ဖြေရှင်းလို့ရမှာ ။သမီးနားလည်ထားတာက ၊ ဥိးနှောင်ထဲမှာ သမီးသိထားတာက သမီးရဲထမင်းရရှင်ဆိုတာ သမီးအဖေအမေကိုတောင်သမီးပြောမထားဘူး ။ အမှန်တကယ်ဆိုထမင်းရှင်ဆိုတာ ကျေးဇူးရှင်ဆိုတာကိုယ့်ရဲ့မိဘနှစ်ပါး ဒါပေမယ့်အခုချိန်နှာ ထားလိုက်ပါတော့အဖေအမေကို ခဏထားပြီး လတ်တလောသမီးတို့ရဲ့ထမင်းရှင်တွေ သမီးတို့ရဲ့ပရိုဂျူဆာတွေ လေ သူတို့ခေါ်ရိုက်မှထမင်းစားရမှာလေ ။သမီးကဟိုလိုမျိုးစော်ကားပြီးပရိသတ်ကို နင်တို့ကထမင်းရှင် မဟုတ်ဘူးလို့ပြောထားတာမဟုတ်ဘူး ။”ဆိုပြီးပြောပြသွားပါတယ် ။
Credit:mmcelesmedia
 အနုပညာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top