iMyanmarHouse.com - Best Property Website for Myanmar
×


လူတုိင္းလူတုိင္း ကိုယ္ပိုင္ ေသြးအမ်ိဳးအစားေတြရွိပါတယ္။ Aေသြး Bေသြး ABေသြး Oေသြး စတဲ့ ဒီ ေသြး ၄ မ်ိဳးထဲက တစ္မ်ိဳးမ်ိဳးကို ပိုင္ဆုိင္ထားၾကတဲ့သူတိုင္းပါ။ ေသြးအမ်ိဳးအစားေပၚမူတည္ျပီး ပင္ကိုယ္စရိုက္၊ အိုေသြး ပိုင္ရွင္ေတြက ဘယ္လို၊ ေအ ေသြး ပိုင္ရွင္ေတြရဲ႕ အက်င့္စရိုက္ ဘယ္လိုဆိုျပီး စတဲ့ ေဆာင္းပါးေတြကိုဖတ္ဖူးၾကမွာပါ။

ဒီေဆာင္းပါးမွာကေတာ့ ေသြး အမ်ိဳးအစားနဲ႔ ဆက္စပ္ေနတဲ့ အခ်စ္ေရး၊ စိတ္ေနစိတ္ထားတုိ႕အစား ပိုျပီး အေရးၾကီးတဲ့ က်န္းမာေရးဘက္ကို သြားမွာ ျဖစ္ပါတယ္။ ကဲ ဘယ္ေသြးပိုင္ရွင္ေတြက ဘယ္လိုေရာဂါေတြ ျဖစ္ႏုိင္ေခ် ပိုမ်ားလဲ ဆက္ၾကည့္ရေအာင္ ။ ။

ေသြးအမ်ိဳးအစားလိုက္ ျဖစ္ႏုိင္ေခ် အမ်ားဆံုးေရာဂါမ်ား ။ ။

A ေသြး ။ ။

A ေသြး အမ်ိဳးအစားပိုင္ရွင္ေတြအတြက္ ေၾကာက္စရာအေကာင္းဆံုးကေတာ့နဲ႔ အျဖစ္အမ်ားဆံုးကေတာ့ အစာအိမ္ကင္ဆာပါ။ A ေသြးဟာ O ေသြးထက္စာရင္ အစာအိမ္ကို ေရာဂါပိုးျဖစ္တဲ့ H. pylori ဘက္တီးရီးယားကို ပိုျပီးတုန္႔ျပန္လြယ္တာေၾကာင့္ အစာအိမ္ထိခိုက္မႈႏႈန္းပိုမ်ားျပီး ကင္ဆာျဖစ္ႏုိင္ေခ် ပိုမ်ားရတာျဖစ္ပါတယ္။

ဘယ္လိုကာကြယ္ၾကမလဲ ။  ။ A ေသြးပိုင္ရွင္ေတြ အေနနဲ႔ အကင္တုိ႕၊ ဝက္ေပါင္ေျခာက္တုိ႕၊ နဲ႔ H. pylori ေရာဂါပိုးေတြ အမ်ားၾကီးရွိေနႏုိင္တဲ့ လက္လုပ္ခ်ဥ္ေတြကို ေရွာင္စား ေလွ်ာ့စားသင့္ပါတယ္။

B ေသြး ။။

B ေသြး ကက်ေတာ့ အမ်ိဳးအစား ၂ ဆီးခ်ိဳနဲ႔ ဆက္စပ္မႈအရွိဆံုး ေသြ းအမ်ိဳးအစား တစ္ခုပါ။  O ေသြးထက္စာရင္ B ေသြးက ဆီးခ်ိဳ ၂၁ ရာခိုင္ႏႈန္း ပိုျဖစ္ႏုိင္ပါတယ္။

ကိုယ္အေလးခ်ိန္တက္လာျခင္ းအထူးသျဖင့္ ခါးအဆီတက္လာျခင္းက ဆီးခ်ိဳျဖစ္ႏိုင္ေခ်ပိုမ်ားတာေၾကာင့္ B ေသြးပိုင္ရွင္ေတြ အေနနဲ႔ ကိုယ္အေလးခ်ိန္ထိန္းထားဖို႕ အေရးၾကီးပါတယ္။ တစ္ခ်ိန္လံုးထုိင္ျပီး အလုပ္လုပ္ေနမယ့္အစား ကိုယ္လက္လႈပ္ရွားမႈေလးလုပ္ပါ။ အစားအေသာက္ ဆင္ျခင္ပါ။

AB ေသြး ။ ။

AB ေသြး ေတြနဲ႔ ဆက္စပ္မႈ အရွိဆံုးကေတာ့ ႏွလံုးေရာဂါပါ။ AB ေသြးပိုင္ရွင္ေတြဟာ  O ေသြးပိုင္ရွင္ေတြထက္စာရင္ ႏွလံုးေရာဂါျဖစ္ႏုိင္ေခ် ၂၃ ရာခိုင္ႏႈန္းပိုမ်ာတယ္လို႕ ဆိုပါတယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ သူတို႕ဟာ ticker-hurting inflammation လို႕ေခၚတဲ့ ႏွလံုးေရာင္ရမ္းျခင္းျဖစ္ႏုိင္ေခ် အရမ္းကိုမ်ားလို႕ပါ။

ၾကိဳတင္ကာကြယ္ခ်င္ရင္ေတာ့ AB ေသြးပိုင္ရွင္ေတြ အေနနဲ႔ တစ္ေန႕ကို မိနစ္ ၃၀ ေလာက္ႏွလံုးေလ့က်င့္ခန္းေတြ လုပ္ေပးဖို႕ လိုပါလိမ့္မယ္။ လမ္းေလွ်ာက္တာတို႕၊ စက္ဘီးနီးတာတို႔ကို တစ္ပါတ္ ၅ ၾကိမ္ေလာက္လုပ္ေပါ့။ ေခၽြးထြက္ေလေလ ၊ ႏွလံုးခုန္ႏႈန္းျမန္ျပီ းေမာေလေလ ႏွလံုးကို လႈပ္ရွားမႈရေအာင္ လုပ္ေပးသလိုျဖစ္တာေၾကာင့္ ေသြးေၾကာပိတ္တာ၊ ေသြးခဲတာေတြ ေလ်ာ့ပါသြားျပီး ႏွလံုးေရာဂါျဖစ္ႏုိ္င္ေခ် နည္းသြားမွာပါ။

O ေသြးပိုင္ရွင္။  ။

O ေသြးပိုင္ရွင္ေတြ အတြက္ စိတ္အညစ္ရဆံုး ေရာဂါကေတာ့ ကေလးမရနုိင္တဲ့ ျပႆနာပဲျဖစ္ပါတယ္။ O ေသြးနဲ႕ reduced ovarian reserve လို႕ေခၚတဲ့ မ်ိဳးဥနည္းျခင္း ျပႆနာနဲ႕က  အရမ္းကို ဆက္စပ္မႈရွိေနတဲ့အတြက္ေၾကာင့္ပါ။

ဒါေပမယ့္ O ေသြးပိုင္ရွင္တုိင္း ဒါမ်ိဳး ျဖစ္ရမယ္လို႕ မဆိုလိုပါဘူး။ အမ်ားဆံုး ျဖစ္တတ္တယ္လို႕ ဆိုထားတဲ့အတြက္ေၾကာင့္ မျဖစ္ခ်င္ရင္ေတာ့ က်န္းမာေရးနဲ႕ညီညြတ္မွ်တေအာင္စားမယ္၊ အရက္ ေတြ ေဆးလိပ္ ေတြ ေလွ်ာ့ေသာက္မယ္ဆိုရင္ေတာ့ ဒီ ျပႆနာအတြက္ စိတ္ပူစရာလိုေတာ့မွာ မဟုတ္ပါဘူး။

ဒါေတြကေတာ့ ေသြးအမ်ိဳးအစားအလုိက္ အျဖစ္အမ်ားဆံုး ေရာဂါေတြပါ။ ဒါေလးဖတ္ၾကည့္ျပီးေတာ့ ကိုယ္႔ေသြးအမ်ိဳးအစားက ဘယ္လိုေရာဂါပိုျဖစ္ႏုိ္င္တယ္ဆိုတာသိျပီး ၾကိဳျပီး ကာကြယ္၊ သတိရွိထားေတာ့ မမွားဘူးေပါ့ ။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူတိုင်းလူတိုင်း ကိုယ်ပိုင် သွေးအမျိုးအစားတွေရှိပါတယ်။ Aသွေး Bသွေး ABသွေး Oသွေး စတဲ့ ဒီ သွေး ၄ မျိုးထဲက တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့သူတိုင်းပါ။ သွေးအမျိုးအစားပေါ်မူတည်ပြီး ပင်ကိုယ်စရိုက်၊ အိုသွေး ပိုင်ရှင်တွေက ဘယ်လို၊ အေ သွေး ပိုင်ရှင်တွေရဲ့ အကျင့်စရိုက် ဘယ်လိုဆိုပြီး စတဲ့ ဆောင်းပါးတွေကိုဖတ်ဖူးကြမှာပါ။

ဒီဆောင်းပါးမှာကတော့ သွေး အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ အချစ်ရေး၊ စိတ်နေစိတ်ထားတို့အစား ပိုပြီး အရေးကြီးတဲ့ ကျန်းမာရေးဘက်ကို သွားမှာ ဖြစ်ပါတယ်။ ကဲ ဘယ်သွေးပိုင်ရှင်တွေက ဘယ်လိုရောဂါတွေ ဖြစ်နိုင်ချေ ပိုများလဲ ဆက်ကြည့်ရအောင် ။ ။

သွေးအမျိုးအစားလိုက် ဖြစ်နိုင်ချေ အများဆုံးရောဂါများ ။ ။

A သွေး ။ ။

A သွေး အမျိုးအစားပိုင်ရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးကတော့နဲ့ အဖြစ်အများဆုံးကတော့ အစာအိမ်ကင်ဆာပါ။ A သွေးဟာ O သွေးထက်စာရင် အစာအိမ်ကို ရောဂါပိုးဖြစ်တဲ့ H. pylori ဘက်တီးရီးယားကို ပိုပြီးတုန့်ပြန်လွယ်တာကြောင့် အစာအိမ်ထိခိုက်မှုနှုန်းပိုများပြီး ကင်ဆာဖြစ်နိုင်ချေ ပိုများရတာဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ ။  ။ A သွေးပိုင်ရှင်တွေ အနေနဲ့ အကင်တို့၊ ဝက်ပေါင်ခြောက်တို့၊ နဲ့ H. pylori ရောဂါပိုးတွေ အများကြီးရှိနေနိုင်တဲ့ လက်လုပ်ချဉ်တွေကို ရှောင်စား လျှော့စားသင့်ပါတယ်။

B သွေး ။။

B သွေး ကကျတော့ အမျိုးအစား ၂ ဆီးချိုနဲ့ ဆက်စပ်မှုအရှိဆုံး သွေ းအမျိုးအစား တစ်ခုပါ။  O သွေးထက်စာရင် B သွေးက ဆီးချို ၂၁ ရာခိုင်နှုန်း ပိုဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်တက်လာခြင် းအထူးသဖြင့် ခါးအဆီတက်လာခြင်းက ဆီးချိုဖြစ်နိုင်ချေပိုများတာကြောင့် B သွေးပိုင်ရှင်တွေ အနေနဲ့ ကိုယ်အလေးချိန်ထိန်းထားဖို့ အရေးကြီးပါတယ်။ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်နေမယ့်အစား ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပါ။ အစားအသောက် ဆင်ခြင်ပါ။

AB သွေး ။ ။

AB သွေး တွေနဲ့ ဆက်စပ်မှု အရှိဆုံးကတော့ နှလုံးရောဂါပါ။ AB သွေးပိုင်ရှင်တွေဟာ  O သွေးပိုင်ရှင်တွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ချေ ၂၃ ရာခိုင်နှုန်းပိုမျာတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ticker-hurting inflammation လို့ခေါ်တဲ့ နှလုံးရောင်ရမ်းခြင်းဖြစ်နိုင်ချေ အရမ်းကိုများလို့ပါ။

ကြိုတင်ကာကွယ်ချင်ရင်တော့ AB သွေးပိုင်ရှင်တွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက်နှလုံးလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။ လမ်းလျှောက်တာတို့၊ စက်ဘီးနီးတာတို့ကို တစ်ပါတ် ၅ ကြိမ်လောက်လုပ်ပေါ့။ ချွေးထွက်လေလေ ၊ နှလုံးခုန်နှုန်းမြန်ပြီ းမောလေလေ နှလုံးကို လှုပ်ရှားမှုရအောင် လုပ်ပေးသလိုဖြစ်တာကြောင့် သွေးကြောပိတ်တာ၊ သွေးခဲတာတွေ လျော့ပါသွားပြီး နှလုံးရောဂါဖြစ်နိုင်ချေ နည်းသွားမှာပါ။

O သွေးပိုင်ရှင်။  ။

O သွေးပိုင်ရှင်တွေ အတွက် စိတ်အညစ်ရဆုံး ရောဂါကတော့ ကလေးမရနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ O သွေးနဲ့ reduced ovarian reserve လို့ခေါ်တဲ့ မျိုးဥနည်းခြင်း ပြဿနာနဲ့က  အရမ်းကို ဆက်စပ်မှုရှိနေတဲ့အတွက်ကြောင့်ပါ။

ဒါပေမယ့် O သွေးပိုင်ရှင်တိုင်း ဒါမျိုး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ အများဆုံး ဖြစ်တတ်တယ်လို့ ဆိုထားတဲ့အတွက်ကြောင့် မဖြစ်ချင်ရင်တော့ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားမယ်၊ အရက် တွေ ဆေးလိပ် တွေ လျှော့သောက်မယ်ဆိုရင်တော့ ဒီ ပြဿနာအတွက် စိတ်ပူစရာလိုတော့မှာ မဟုတ်ပါဘူး။

ဒါတွေကတော့ သွေးအမျိုးအစားအလိုက် အဖြစ်အများဆုံး ရောဂါတွေပါ။ ဒါလေးဖတ်ကြည့်ပြီးတော့ ကိုယ့်သွေးအမျိုးအစားက ဘယ်လိုရောဂါပိုဖြစ်နိုင်တယ်ဆိုတာသိပြီး ကြိုပြီး ကာကွယ်၊ သတိရှိထားတော့ မမှားဘူးပေါ့ ။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top