iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ၾကိမ္မဟုတ္ တစ္ၾကိမ္ေတာ့ျဖစ္ဖူးၾကမွာပါ။ ညတစ္ေရးႏိုးေတာ့ တစ္ကိုယ္လံုးေခၽြးေတြ ရြဲနစ္ေနတာမ်ိဳး။ ဘယ္လိုပဲျဖစ္ျဖစ္ အိပ္ခ်ိန္ဆုိတာ ကိုယ္ခႏၶာအနားယူေနတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ေခၽြးထြက္စရာအေၾကာင္းမရွိဘူးေလ။ အဲဒါကို ကိုယ့္က်မွ ဒီလို ညပိုင္းေခၽြးေတြရြဲနစ္ေနျပီဆုိရင္ေတာ့ ခုေျပာျပမယ့္ေဆာင္းပါးေလးကုိ ဖတ္ၾကည့္ဖို႕ လိုေနပါျပီ ။

 ေခၽြးထြက္တယ္ဆိုတာ ပံုမွန္ဆိုရင္ ေကာင္းတဲ့ ကိစၥတစ္ခုဆုိေပမယ့္ အရမ္းမ်ားရင္ေတာ့ က်န္းမာေရးထိခိုက္ႏုိင္တာေတြ ရွိပါတယ္။ ရာသီဥတုပူလို႕ ဒီလိုျဖစ္ရတယ္ဆိုရင္ေတာ့ ကိစၥမရွိေပမယ့္ ေႏြရာသီလည္း မဟုတ္ဘဲ ညည ေခၽြးေတြရြဲနစ္ေနတယ္ဆုိရင္ေတာ့ ဒါေတြေၾကာင့္ျဖစ္ႏုိင္ပါတယ္။

( ၁ ) အခန္းက ပူေနတာေၾကာင့္ပါ။

သင့္အခန္း အပူခ်ိန္က ညဘက္မွာ ၂၀ ဒီဂရီထက္ေက်ာ္ေနျပီဆုိရင္ေတာ့ ဒါအခန္းအပူခ်ိန္ ျမင့္ေနတယ္လို႕ ေျပာလို႕ရပါတယ္။ ကိုယ့္အခန္းက အဲယားကြန္းလည္းတပ္မထား၊ ပန္ကာလည္းမရွိ၊ ေလကလည္း ျငိမ္ေနတယ္၊ ျပတင္းေပါက္ဖြင့္ထားဖုိ႕ သူခိုးလည္းေၾကာက္ၾကတယ္ဆိုေတာ့ ပူပူၾကီးနဲ႔ အိပ္တတ္ၾကတယ္ေလ။

ဒီလို အေျခအေနနဲ႔ ၾကံဳေတြ႕ရတဲ့သူတုိင္း တစ္ေရးႏုိးေခၽြးေတြရြဲနစ္ေနမွာကေတာ့ ေသခ်ာပါတယ္။ ရာသီဥတုပူျခင္းကလည္း အိပ္မေပ်ာ္တဲ့ ညေတြ မ်ားေစတဲ့ အေၾကာင္းအရင္းထဲက တစ္ခုပါ။ ဒ့ါေၾကာင့္ အိပ္တဲ့အခါ ခ်ည္သားလိုမ်ိဳး ေလဝင္ေလထြက္ေကာင္းတဲ့ အက်ီ္ၤကို ေရြးဝတ္ျပီး အိပ္ပါ။

( ၂ ) ကိုယ္က နဂိုတည္းက ေခၽြးထြက္သန္တဲ့သူျဖစ္တာေၾကာင့္ပါ ။ ။

Hyperhidrosis လို႕ေခၚတဲ့ ေခၽြးထြက္သန္တဲ့ ေဝဒနာကို ခံစားေနရတဲ့သူေတြဟာ အျခားသူေတြထက္ ပိုေခၽြးထြက္မ်ားျပီး အိပ္ေနတဲ့အခ်ိန္မွာေတာင္ ေခၽြးထြက္တတ္ၾကပါတယ္။ Hyperhidrosis ရဲ႕ ထူးျခားခ်က္ကေတာ့ သူက လက္ဖ်ား၊ ေျခဖ်ား၊ ခ်ိဳင္းၾကားနဲ႔ ေခါင္းေခၽြးပိုထြက္တတ္တာျဖစ္ပါတယ္။

( ၃ ) အိပ္မက္မေကာင္းတာေၾကာင့္လည့္ းေခၽြးေစးျပန္ျပီး လန္႔ႏုိးလာတတ္ပါတယ္ ။ ။

အိပ္မက္ထဲမွာ သူမ်ားလုိက္ဖမ္းလို႕ေျပးေနတာမ်ိဳး၊ ေၾကာက္စရာေကာင္းတဲ့ အိပ္မက္ေတြ မက္ျပီး လန္႕ႏုိ္းလာရင္ ေခၽြးေစးေတြျပန္ျပီး စိတ္ေမာေနတတ္တယ္ဟုတ္။ ဘယ္ေလာက္ပဲ က်န္းမာေရးေကာင္းေနတဲ့သူျဖစ္ျဖစ္ တစ္ရံတစ္ခါ အိပ္မက္ေၾကာင့္ စိတ္ေမာျပီး ေခၽြးေစးေတြနဲ႔ ႏုိးလာတတ္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ fight-or-flight response လို႔ေခၚတဲ့ ကိုယ္ခႏၶာရဲ႕ တုန္႕ျပန္မႈ ျဖစ္စဥ္က ေခၽြးထြက္မ်ားျခင္းကို ျဖစ္ေစတတ္လို႕ပါ။

( ၄ ) ေဟာ္မုန္း အေျပာင္းအလဲကလည္း ေခၽြးထြက္မ်ားျခင္းကို ျဖစ္ေစတတ္ပါတယ္။ ။

ဒါက အမ်ိဳးသမီးေတြ ေတြ႕ၾကံဳရ အမ်ားဆံုးပါ။ ေသြးဆံုးခါနီးတဲ့အခ်ိန္ဆို မီးယပ္ပူ မီးယပ္ခ်မ္းထတယ္ဆိုတဲ့ စကားကို ၾကားဖူးၾကတယ္မလား။ ဒါေတြအားလံုးရဲ႕ တရားခံက ေသြးဆံုးခ်ိန္ျဖစ္တတ္တဲ့ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္ပါ။

 ေနာက္တစ္ခုကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္ပဲျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ေတြရဲ႕ ေဟာ္မုန္းကလည္း အတက္အက်ျဖစ္ျပီး မျငိမ္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြလည္း ညည ေခၽြးပိုထြက္တတ္ပါတယ္။

( ၅ ) စိတ္ျငိမ္ေဆးေတြ ေၾကာင့္လည္း ညပို္င္းေခၽြးထြက္မ်ားတာေတြ ျဖစ္ႏိုင္ပါတယ္။

စိတ္ျငိမ္ေဆးေသာက္ေနရတဲ့ လူနာေတြနဲ႔ ညပိုင္း ေခၽြးေစျပန္တာနဲ႔က ခြဲျခားလို႕မရပါဘူး။  ဘာ့ေၾကာင့္လဲဆိုေတာ့ စိတ္ျငိမ္ေဆးေတြရဲ႕ adrenergic reaction က ကိုယ္တြင္း adrenaline ေဟာ္မုန္း ပမာဏကို ျမင့္တက္ေစျပီး ေခၽြးေစးျပန္ ေစလို႕ပါ။ ဒ့ါေၾကာင့္ကိုယ္ ေသာက္ေနတဲ့ စိတ္ျငိမ္ေဆးက ေခၽြးအရမ္းထြက္ေစလို႕ရွိရင္ ဆရာဝန္နဲ႔တုိင္ပင္ျပီး အျခားေဆးကို ေျပာင္းေသာက္လို႔ရပါတယ္။

( ၆ ) ကိုယ္တြင္းက ခုခံအားစနစ္နဲ႔ ေရာဂါပိုးနဲ႔ တုိက္တဲ့အခ်ိန္ဟာလည္း ညပိုင္းေခၽြးထြက္မ်ားတဲ့ အခ်ိန္ပါ။ ။

တုပ္ေကြးနဲ႔ ေရာဂါပိုးေတာ္ေတာ္မ်ားမ်ားက ကိုယ္ပူေစတတ္တာေၾကာင့္ ျမင့္တက္လာတဲ့ ကိုယ္အပူခ်ိန္ကို ျပန္က်ေအာင္လို႔ ကိုယ္ခႏၶာကေခၽြးေတြ ထြက္ေပးရပါတယ္။ ညပိုင္းေခၽြးေစးျပန္တာနဲ႔ ဆက္စပ္ေနတဲ့ နာမည္ၾကီး ေရာဂါတစ္ခုကေတာ့ တီဘီေရာဂါပဲ ျဖစ္ပါတယ္။

ညပိုင္းေခၽြးေစးေတြျပန္မယ္၊ အဖ်ားကလည္း ညေနဆိုေငြ႔ေငြ႔ေလးတက္ေနမယ္၊ ေခ်ာင္းဆိုးတာရက္ရွည္မယ္၊ လူကလည္း ပိန္က်ျပီး  အစားအေသာက္လည္း ပ်က္ေနမယ္ဆိုရင္ တီဘီေရာဂါျဖစ္ႏုိုင္ပါတယ္။

( ၇ ) lymphoma ေသြးကင္ဆာဟာလည္း ေခၽြးထြက္မ်ားေစတဲ့ ေရာဂါတစ္ခုပါ ။ ။

Lymphoma ဆိုတာ ခုခံအားအတြက္ အေရးပါတဲ့ ေသြးျဖဴဥနဲ႔ ျပန္ေရေၾကာေသြးကင္ဆာ တစ္မ်ိဳးပါ။ ခုခံအားအတြက္ အေရးၾကီးတဲ ့ေသြးျဖဴဥေတြကို ထိတာဆိုေတာ့ ေရာဂါပိုးေတြကို မတားဆီးႏုိင္၊ အပူေတြတက္၊ ညပိုင္း ေခၽြးေစးေတြျပန္ ျပီး ကင္ဆာတို႕ထံုးစံအတိုင္း ကိုယ္အေလးခ်ိန္က် တာေတြက သူ႕ရဲ႕ လကၡဏာေတြပါ။

ဒါေတြကေတာ့ အိပ္စက္ အနားယူတဲ့ ညဘက္အခ်ိန္မွာေတာင္ ေခၽြးေစးေတြျပန္ျပီး လန္႕ႏုိးလာရျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြျဖစ္ပါတယ္။ ဘယ္အရာပဲျဖစ္ျဖစ္  အခ်ိန္ၾကာၾကာျဖစ္တာ၊ ေတာ္ေတ္ာနဲ႔ မေပ်ာက္တာမ်ိဳးေတြက မေပါ့ဆသင့္တာမို႕ သံသယ တစ္ခုခုရွိတာနဲ႔ ေဆးပညာက လက္ဦးမႈ ရယူႏုိင္ေအာင္ ဆရာဝန္နဲ႔ တုိင္ပင္ဖို႕ မေမ့ပါနဲ႔ ။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ဖြစ်ဖူးကြမှာပါ။ ညတစ်ရေးနိုးတော့ တစ်ကိုယ်လုံးချွေးတွေ ရွဲနစ်နေတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာအနားယူနေတဲ့ အချိန်ဖြစ်တာကြောင့် ချွေးထွက်စရာအကြောင်းမရှိဘူးလေ။ အဲဒါကို ကိုယ့်ကျမှ ဒီလို ညပိုင်းချွေးတွေရွဲနစ်နေပြီဆိုရင်တော့ ခုပြောပြမယ့်ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။

 ချွေးထွက်တယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးထိခိုက်နိုင်တာတွေ ရှိပါတယ်။ ရာသီဥတုပူလို့ ဒီလိုဖြစ်ရတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နွေရာသီလည်း မဟုတ်ဘဲ ညည ချွေးတွေရွဲနစ်နေတယ်ဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။

( ၁ ) အခန်းက ပူနေတာကြောင့်ပါ။

သင့်အခန်း အပူချိန်က ညဘက်မှာ ၂၀ ဒီဂရီထက်ကျော်နေပြီဆိုရင်တော့ ဒါအခန်းအပူချိန် မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်အခန်းက အဲယားကွန်းလည်းတပ်မထား၊ ပန်ကာလည်းမရှိ၊ လေကလည်း ငြိမ်နေတယ်၊ ပြတင်းပေါက်ဖွင့်ထားဖို့ သူခိုးလည်းကြောက်ကြတယ်ဆိုတော့ ပူပူကြီးနဲ့ အိပ်တတ်ကြတယ်လေ။

ဒီလို အခြေအနေနဲ့ ကြုံတွေ့ရတဲ့သူတိုင်း တစ်ရေးနိုးချွေးတွေရွဲနစ်နေမှာကတော့ သေချာပါတယ်။ ရာသီဥတုပူခြင်းကလည်း အိပ်မပျော်တဲ့ ညတွေ များစေတဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။ ဒ့ါကြောင့် အိပ်တဲ့အခါ ချည်သားလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ အကျီ်ၤကို ရွေးဝတ်ပြီး အိပ်ပါ။

( ၂ ) ကိုယ်က နဂိုတည်းက ချွေးထွက်သန်တဲ့သူဖြစ်တာကြောင့်ပါ ။ ။

Hyperhidrosis လို့ခေါ်တဲ့ ချွေးထွက်သန်တဲ့ ဝေဒနာကို ခံစားနေရတဲ့သူတွေဟာ အခြားသူတွေထက် ပိုချွေးထွက်များပြီး အိပ်နေတဲ့အချိန်မှာတောင် ချွေးထွက်တတ်ကြပါတယ်။ Hyperhidrosis ရဲ့ ထူးခြားချက်ကတော့ သူက လက်ဖျား၊ ခြေဖျား၊ ချိုင်းကြားနဲ့ ခေါင်းချွေးပိုထွက်တတ်တာဖြစ်ပါတယ်။

( ၃ ) အိပ်မက်မကောင်းတာကြောင့်လည့် းချွေးစေးပြန်ပြီး လန့်နိုးလာတတ်ပါတယ် ။ ။

အိပ်မက်ထဲမှာ သူများလိုက်ဖမ်းလို့ပြေးနေတာမျိုး၊ ကြောက်စရာကောင်းတဲ့ အိပ်မက်တွေ မက်ပြီး လန့်နိုးလာရင် ချွေးစေးတွေပြန်ပြီး စိတ်မောနေတတ်တယ်ဟုတ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေတဲ့သူဖြစ်ဖြစ် တစ်ရံတစ်ခါ အိပ်မက်ကြောင့် စိတ်မောပြီး ချွေးစေးတွေနဲ့ နိုးလာတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ fight-or-flight response လို့ခေါ်တဲ့ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှု ဖြစ်စဉ်က ချွေးထွက်များခြင်းကို ဖြစ်စေတတ်လို့ပါ။

( ၄ ) ဟော်မုန်း အပြောင်းအလဲကလည်း ချွေးထွက်များခြင်းကို ဖြစ်စေတတ်ပါတယ်။ ။

ဒါက အမျိုးသမီးတွေ တွေ့ကြုံရ အများဆုံးပါ။ သွေးဆုံးခါနီးတဲ့အချိန်ဆို မီးယပ်ပူ မီးယပ်ချမ်းထတယ်ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား။ ဒါတွေအားလုံးရဲ့ တရားခံက သွေးဆုံးချိန်ဖြစ်တတ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။

 နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်ပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ဟော်မုန်းကလည်း အတက်အကျဖြစ်ပြီး မငြိမ်တာကြောင့် ကိုယ်ဝန်ဆောင်တွေလည်း ညည ချွေးပိုထွက်တတ်ပါတယ်။

( ၅ ) စိတ်ငြိမ်ဆေးတွေ ကြောင့်လည်း ညပိုင်းချွေးထွက်များတာတွေ ဖြစ်နိုင်ပါတယ်။

စိတ်ငြိမ်ဆေးသောက်နေရတဲ့ လူနာတွေနဲ့ ညပိုင်း ချွေးစေပြန်တာနဲ့က ခွဲခြားလို့မရပါဘူး။  ဘာ့ကြောင့်လဲဆိုတော့ စိတ်ငြိမ်ဆေးတွေရဲ့ adrenergic reaction က ကိုယ်တွင်း adrenaline ဟော်မုန်း ပမာဏကို မြင့်တက်စေပြီး ချွေးစေးပြန် စေလို့ပါ။ ဒ့ါကြောင့်ကိုယ် သောက်နေတဲ့ စိတ်ငြိမ်ဆေးက ချွေးအရမ်းထွက်စေလို့ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အခြားဆေးကို ပြောင်းသောက်လို့ရပါတယ်။

( ၆ ) ကိုယ်တွင်းက ခုခံအားစနစ်နဲ့ ရောဂါပိုးနဲ့ တိုက်တဲ့အချိန်ဟာလည်း ညပိုင်းချွေးထွက်များတဲ့ အချိန်ပါ။ ။

တုပ်ကွေးနဲ့ ရောဂါပိုးတော်တော်များများက ကိုယ်ပူစေတတ်တာကြောင့် မြင့်တက်လာတဲ့ ကိုယ်အပူချိန်ကို ပြန်ကျအောင်လို့ ကိုယ်ခန္ဓာကချွေးတွေ ထွက်ပေးရပါတယ်။ ညပိုင်းချွေးစေးပြန်တာနဲ့ ဆက်စပ်နေတဲ့ နာမည်ကြီး ရောဂါတစ်ခုကတော့ တီဘီရောဂါပဲ ဖြစ်ပါတယ်။

ညပိုင်းချွေးစေးတွေပြန်မယ်၊ အဖျားကလည်း ညနေဆိုငွေ့ငွေ့လေးတက်နေမယ်၊ ချောင်းဆိုးတာရက်ရှည်မယ်၊ လူကလည်း ပိန်ကျပြီး  အစားအသောက်လည်း ပျက်နေမယ်ဆိုရင် တီဘီရောဂါဖြစ်နိုင်ပါတယ်။

( ၇ ) lymphoma သွေးကင်ဆာဟာလည်း ချွေးထွက်များစေတဲ့ ရောဂါတစ်ခုပါ ။ ။

Lymphoma ဆိုတာ ခုခံအားအတွက် အရေးပါတဲ့ သွေးဖြူဥနဲ့ ပြန်ရေကြောသွေးကင်ဆာ တစ်မျိုးပါ။ ခုခံအားအတွက် အရေးကြီးတဲ့သွေးဖြူဥတွေကို ထိတာဆိုတော့ ရောဂါပိုးတွေကို မတားဆီးနိုင်၊ အပူတွေတက်၊ ညပိုင်း ချွေးစေးတွေပြန် ပြီး ကင်ဆာတို့ထုံးစံအတိုင်း ကိုယ်အလေးချိန်ကျ တာတွေက သူ့ရဲ့ လက္ခဏာတွေပါ။

ဒါတွေကတော့ အိပ်စက် အနားယူတဲ့ ညဘက်အချိန်မှာတောင် ချွေးစေးတွေပြန်ပြီး လန့်နိုးလာရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ်  အချိန်ကြာကြာဖြစ်တာ၊ တော်တေ်ာနဲ့ မပျောက်တာမျိုးတွေက မပေါ့ဆသင့်တာမို့ သံသယ တစ်ခုခုရှိတာနဲ့ ဆေးပညာက လက်ဦးမှု ရယူနိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့ ။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top