iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတိုင္းမွာ ကို္ယ္စီပိုင္ဆိုင္ထားတဲ့ ကိုယ္ပိုင္အလွတရားဆိုတာ ရွိၾကပါတယ္။အလွတရားအစစ္ဆိုတာ ထင္းကနဲျဖစ္ေနဖို့ မိတ္ကပ္ေတြတနင့္တပိုးၾကီး ဖို့ေနစရာမလိုပါဘူး။ဆိုေတာ့ ဒီတစ္ခါမွာ မိတ္ကပ္အကူအညီမယူပဲ သင့္ကိုျပည့္စံုလွပတဲ့သြင္ျပင္အျဖစ္ ပံုေျပာင္းေပးနိုင္မယ့္ သဘာဝနည္းလမ္းအခ်ိဳ့ကို ေဝမ်ွေပးလိုက္ပါတယ္။ ။

1.ရွည္လ်ားထူထဲတဲ့ မ်က္ေတာင္ေလးေတြအျဖစ္…

ဒီHomemadeနည္းလမ္းေလးကေတာ့ သင့္မ်က္ေတာင္ေတြသန္စြမ္းဖို့ အေကာင္းဆံုးနည္းလမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။တူညီတဲ့အခ်ိဳးအစားပမာဏရွိတဲ့ ၾကက္ဆူဆီ၊ဗာဒံဆီ၊နွမ္းဆီကို Vitamin Eေပါင္းထည့္ျပီး သမစြာေရာေမြွျပီးေနာက္ ခရားတစ္ခုထဲထည့္ထားပါ။ညအိပ္ရာဝင္တိုင္း မိမိမ်က္ေတာင္ဖ်ား၊အစပ္တစ္ေလ်ွာက္ သုတ္လိမ္းထားပါ။နွစ္ပတ္ခန့္မ်ွ ဆက္တိုက္လုပ္ၾကည့္ပါက ထူးျခားလာပါလိမ့္မည္။

2.သင့္လက္ က်န္းမာစိုေျပဖို့…

သင့္ရဲ့လက္ နူးညံ့ေခ်ာမြတ္စိုေျပေနေစဖို့ Hand Creamအနည္းငယ္ယူျပီး သင့္ေလ်ာ္တဲ့ ရွာလကာရည္ပမာဏနဲ့ေရာစပ္ေပးပါ။ညတိုင္းအိပ္ရာမဝင္ခင္ ဒီအေရာအစပ္နည္းေလးနဲ့ သင့္လက္ကိုပြတ္လိမ္းေပးျခင္းအားျဖင့္ စိုေျပေခ်ာမြတ္တဲ့အသားအေရရွိတဲ့ လက္တစ္စံုကို ပိုင္ဆိုင္လာမွာပါ။

3.အိစက္နူးညံ့ျပီးေတာက္ေျပာင္တဲ့ ဆံသားအျဖစ္…

အခြံႏြွာထားတဲ့ငွက္ေပ်ာသီးတစ္လံုးကို blenderထဲထည့္ၾကိတ္ျပီး အုန္းဆီတစ္ဇြန္းေရာထည့္ပါ။ေနာက္ ပ်ားရည္နွစ္ဇြန္းနဲ့ဒိန္ခ်ဥ္တစ္ဇြန္းေရာထည့္ျပီး သမေအာင္ေမြွပါ။ဒီအေရာအစပ္ေလးကို ဆံပင္စိုရြွဲသြားေအာင္ လိမ္းက်ံေပးျပီး မိနစ္30ခန့္ေပါင္းထားပါ။မိနစ္30အျပီးမွာေတာ့ ထူးျခားတဲ့ရလဒ္တစ္ခုကို သင္ပိုင္ဆိုင္ရမွာပါ။

4.အစက္အေျပာက္၊မည္းညစ္တာေတြ ဖယ္ရွားဖို့…

ရွားေစာင္းလတ္ပတ္အေစးရည္ဟာ မ်က္နွာပိုင္းဆိုင္ရာဓာတ္မတည့္မွဳေတြအားလံုးကို ျပဳျပင္ထိန္းသိမ္းဖို့ အသင့္ေတာ္ဆံုးအေျဖတစ္ခုျဖစ္ပါတယ္။Lotionတစ္မ်ိဳးအေနနဲ့ေဖာ္စပ္ဖို့ ရွားေစာင္းလတ္ပတ္အေစးရည္100gရယ္၊ပြက္ပြက္ဆူေနတဲ့ေရေႏြး3ဇြန္းနဲ့အရက္3ဇြန္းကို သမေအာင္ေရာေမြွျပီး အဆံုးသတ္ပါ။ထို ကိုယ္တိုင္လုပ္lotionေလးနဲ့ မ်က္နွာနဲ့လည္ပင္းတဝိုက္ကို ပြတ္တိုက္ေပးျပီး 10မိနစ္ခန့္ထားျပီး ေရေဆးခ်လိုက္ပါ။ဒီလိုေန့စဥ္ျပဳလုပ္ေပးျခင္းအားျဖင့္ ထူးကဲေကာင္းမြန္တဲ့ အသားအေရအျဖစ္ ပံုေျပာင္းေပးမွာပါ။

5.ရွည္လ်ားျပီးျဖဴေဖြးတဲ့ လက္သည္းေလးေတြအျဖစ္…

သင့္ရဲ့လက္သည္းေလးေတြ ေရာဂါပိုးကင္းစင္ျပီးသပ္ရပ္လွပေနေစဖို့ နည္းလမ္းကေတာ့ လီမြန္ရည္နဲ့သန့္စင္ေပးရုံပါပဲ။ပိုျပီးသိသာတဲ့ရလဒ္အတြက္ လီမြန္သီးညွစ္ထည့္ထားတဲ့ခြက္ထဲကို 15မိနစ္ခန့္နစ္ထားရုံပါပဲ။

6.နွဳတ္ခမ္းေျခာက္ျပီး ကဲြရင္…

အထူးသျဖင့္ ေဆာင္းတြင္းခ်ိန္ အေအးဒဏ္ေၾကာင့္ ေျခာက္ေသြ့ကဲြအက္ေနတဲ့ သင့္နွဳတ္ခမ္းမ်ားကို Sour Creamနဲ့မုန္လာဥနီရည္ က်နစြာေရာစပ္ျပီး သင့္နွဳတ္ခမ္းသားေတြေပၚ သုတ္လိမ္းေပးျပီး 7မိနစ္ခန့္ထားေပးပါ။အဲဒီေနာက္ သင့္နွဳတ္ခမ္းကို ေဆးေၾကာလိုက္ပါ။

7.ျဖဴဆြတ္ေနတဲ့ သြားေတြအျဖစ္…

မီးေသြးခဲအနည္းငယ္ကိုၾကိတ္ျပီး ရရွိလာတဲ့အမွဳန့္နဲ့ သင့္သြားေတြကို ပြတ္တိုက္ေပးျခင္းအားျဖင့္ ျဖဴဆြတ္ေနတဲ့သြားေတြကို ပိုင္ဆိုင္ရမွာပါ။

8.မ်က္ကြင္းညိဳရင္…

နို့ေအးခြက္ထဲကို နွစ္ထားတဲ့ ဝါဂြမ္းစနွစ္စကိုယူျပီး သင့္မ်က္လံုးေတြေအာက္ ထားထားေပးပါ။တကယ္ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

9.ပံုက်လွပတဲ့ ဆံပင္စတိုင္တစ္ခုအျဖစ္…

သင့္ဆံပင္ေတြကို စတိုင္က်လွပေစဖို့သံုးတဲ့ စက္ကိရိယာအကူပစၥည္းေတြဟာ သင့္အတြက္ အႏၲရာယ္ျဖစ္ေစပါတယ္။ပံုက်လွပတဲ့ဆံပင္စတိုင္တစ္ခုအျဖစ္ ပံုေဖာ္ဖို့ သတၱဳရည္ထဲကိုလက္နွစ္ျပီး အဲလက္နဲ့ သင့္ဆံပင္ကိုပြတ္သပ္ပံုေဖာ္နိုင္ပါတယ္။

10.ေတာက္ေျပာင္ျပီး က်န္းမာစိုေျပတဲ့အသားအေရအျဖစ္…

သၾကားနဲ့ခရမ္းခ်ဥ္သီးအေရာအစပ္ကေတာ့ တကယ္ကိုထူးျခားထိေရာက္တဲ့နည္းျဖစ္ပါတယ္။ေသေနတဲ့အေရျပားဆဲလ္ေတြကို ဖယ္ရွားေပးနိုင္ျပီး သင့္မ်က္နွာကို အေရာက္သမ္းထင္းလင္းေစပါတယ္။

ခရမ္းခ်ဥ္သီးကို တစ္ဝက္ပိုင္းျဖတ္ျပီး အဲဒီခရမ္းခ်ဥ္သီးစိတ္ေပၚမွာ သၾကားျဖဴးးျပီး သင့္ရဲ့အသားအေရေပၚကို ညင္သာစြာပြတ္သပ္ေပးပါ။ဒီနည္းစဥ္ေလးကို တစ္ပတ္မွာ 3,4ၾကိမ္ခန့္ ပံုမွန္အသံုးျပဳေပးပါ။

Credit:lwinpyin

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မိန်းကလေးတိုင်းမှာ ကိုယ်စီပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်အလှတရားဆိုတာ ရှိကြပါတယ်။အလှတရားအစစ်ဆိုတာ ထင်းကနဲဖြစ်နေဖို့ မိတ်ကပ်တွေတနင့်တပိုးကြီး ဖို့နေစရာမလိုပါဘူး။ဆိုတော့ ဒီတစ်ခါမှာ မိတ်ကပ်အကူအညီမယူပဲ သင့်ကိုပြည့်စုံလှပတဲ့သွင်ပြင်အဖြစ် ပုံပြောင်းပေးနိုင်မယ့် သဘာဝနည်းလမ်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။ ။

1.ရှည်လျားထူထဲတဲ့ မျက်တောင်လေးတွေအဖြစ်…

ဒီHomemadeနည်းလမ်းလေးကတော့ သင့်မျက်တောင်တွေသန်စွမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။တူညီတဲ့အချိုးအစားပမာဏရှိတဲ့ ကြက်ဆူဆီ၊ဗာဒံဆီ၊နှမ်းဆီကို Vitamin Eပေါင်းထည့်ပြီး သမစွာရောမွှေပြီးနောက် ခရားတစ်ခုထဲထည့်ထားပါ။ညအိပ်ရာဝင်တိုင်း မိမိမျက်တောင်ဖျား၊အစပ်တစ်လျှောက် သုတ်လိမ်းထားပါ။နှစ်ပတ်ခန့်မျှ ဆက်တိုက်လုပ်ကြည့်ပါက ထူးခြားလာပါလိမ့်မည်။

2.သင့်လက် ကျန်းမာစိုပြေဖို့…

သင့်ရဲ့လက် နူးညံ့ချောမွတ်စိုပြေနေစေဖို့ Hand Creamအနည်းငယ်ယူပြီး သင့်လျော်တဲ့ ရှာလကာရည်ပမာဏနဲ့ရောစပ်ပေးပါ။ညတိုင်းအိပ်ရာမဝင်ခင် ဒီအရောအစပ်နည်းလေးနဲ့ သင့်လက်ကိုပွတ်လိမ်းပေးခြင်းအားဖြင့် စိုပြေချောမွတ်တဲ့အသားအရေရှိတဲ့ လက်တစ်စုံကို ပိုင်ဆိုင်လာမှာပါ။

3.အိစက်နူးညံ့ပြီးတောက်ပြောင်တဲ့ ဆံသားအဖြစ်…

အခွံနွှာထားတဲ့ငှက်ပျောသီးတစ်လုံးကို blenderထဲထည့်ကြိတ်ပြီး အုန်းဆီတစ်ဇွန်းရောထည့်ပါ။နောက် ပျားရည်နှစ်ဇွန်းနဲ့ဒိန်ချဉ်တစ်ဇွန်းရောထည့်ပြီး သမအောင်မွှေပါ။ဒီအရောအစပ်လေးကို ဆံပင်စိုရွှဲသွားအောင် လိမ်းကျံပေးပြီး မိနစ်30ခန့်ပေါင်းထားပါ။မိနစ်30အပြီးမှာတော့ ထူးခြားတဲ့ရလဒ်တစ်ခုကို သင်ပိုင်ဆိုင်ရမှာပါ။

4.အစက်အပြောက်၊မည်းညစ်တာတွေ ဖယ်ရှားဖို့…

ရှားစောင်းလတ်ပတ်အစေးရည်ဟာ မျက်နှာပိုင်းဆိုင်ရာဓာတ်မတည့်မှုတွေအားလုံးကို ပြုပြင်ထိန်းသိမ်းဖို့ အသင့်တော်ဆုံးအဖြေတစ်ခုဖြစ်ပါတယ်။Lotionတစ်မျိုးအနေနဲ့ဖော်စပ်ဖို့ ရှားစောင်းလတ်ပတ်အစေးရည်100gရယ်၊ပွက်ပွက်ဆူနေတဲ့ရေနွေး3ဇွန်းနဲ့အရက်3ဇွန်းကို သမအောင်ရောမွှေပြီး အဆုံးသတ်ပါ။ထို ကိုယ်တိုင်လုပ်lotionလေးနဲ့ မျက်နှာနဲ့လည်ပင်းတဝိုက်ကို ပွတ်တိုက်ပေးပြီး 10မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။ဒီလိုနေ့စဉ်ပြုလုပ်ပေးခြင်းအားဖြင့် ထူးကဲကောင်းမွန်တဲ့ အသားအရေအဖြစ် ပုံပြောင်းပေးမှာပါ။

5.ရှည်လျားပြီးဖြူဖွေးတဲ့ လက်သည်းလေးတွေအဖြစ်…

သင့်ရဲ့လက်သည်းလေးတွေ ရောဂါပိုးကင်းစင်ပြီးသပ်ရပ်လှပနေစေဖို့ နည်းလမ်းကတော့ လီမွန်ရည်နဲ့သန့်စင်ပေးရုံပါပဲ။ပိုပြီးသိသာတဲ့ရလဒ်အတွက် လီမွန်သီးညှစ်ထည့်ထားတဲ့ခွက်ထဲကို 15မိနစ်ခန့်နစ်ထားရုံပါပဲ။

6.နှုတ်ခမ်းခြောက်ပြီး ကွဲရင်…

အထူးသဖြင့် ဆောင်းတွင်းချိန် အအေးဒဏ်ကြောင့် ခြောက်သွေ့ကွဲအက်နေတဲ့ သင့်နှုတ်ခမ်းများကို Sour Creamနဲ့မုန်လာဥနီရည် ကျနစွာရောစပ်ပြီး သင့်နှုတ်ခမ်းသားတွေပေါ် သုတ်လိမ်းပေးပြီး 7မိနစ်ခန့်ထားပေးပါ။အဲဒီနောက် သင့်နှုတ်ခမ်းကို ဆေးကြောလိုက်ပါ။

7.ဖြူဆွတ်နေတဲ့ သွားတွေအဖြစ်…

မီးသွေးခဲအနည်းငယ်ကိုကြိတ်ပြီး ရရှိလာတဲ့အမှုန့်နဲ့ သင့်သွားတွေကို ပွတ်တိုက်ပေးခြင်းအားဖြင့် ဖြူဆွတ်နေတဲ့သွားတွေကို ပိုင်ဆိုင်ရမှာပါ။

8.မျက်ကွင်းညိုရင်…

နို့အေးခွက်ထဲကို နှစ်ထားတဲ့ ဝါဂွမ်းစနှစ်စကိုယူပြီး သင့်မျက်လုံးတွေအောက် ထားထားပေးပါ။တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

9.ပုံကျလှပတဲ့ ဆံပင်စတိုင်တစ်ခုအဖြစ်…

သင့်ဆံပင်တွေကို စတိုင်ကျလှပစေဖို့သုံးတဲ့ စက်ကိရိယာအကူပစ္စည်းတွေဟာ သင့်အတွက် အန္တရာယ်ဖြစ်စေပါတယ်။ပုံကျလှပတဲ့ဆံပင်စတိုင်တစ်ခုအဖြစ် ပုံဖော်ဖို့ သတ္တုရည်ထဲကိုလက်နှစ်ပြီး အဲလက်နဲ့ သင့်ဆံပင်ကိုပွတ်သပ်ပုံဖော်နိုင်ပါတယ်။

10.တောက်ပြောင်ပြီး ကျန်းမာစိုပြေတဲ့အသားအရေအဖြစ်…

သကြားနဲ့ခရမ်းချဉ်သီးအရောအစပ်ကတော့ တကယ်ကိုထူးခြားထိရောက်တဲ့နည်းဖြစ်ပါတယ်။သေနေတဲ့အရေပြားဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပြီး သင့်မျက်နှာကို အရောက်သမ်းထင်းလင်းစေပါတယ်။

ခရမ်းချဉ်သီးကို တစ်ဝက်ပိုင်းဖြတ်ပြီး အဲဒီခရမ်းချဉ်သီးစိတ်ပေါ်မှာ သကြားဖြူးးပြီး သင့်ရဲ့အသားအရေပေါ်ကို ညင်သာစွာပွတ်သပ်ပေးပါ။ဒီနည်းစဉ်လေးကို တစ်ပတ်မှာ 3,4ကြိမ်ခန့် ပုံမှန်အသုံးပြုပေးပါ။

Credit:lwinpyin

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top