iMyanmarHouse.com - Best Property Website for Myanmar
×


လူအေတာ္မ်ားမ်ား ေန႔စဥ္ၾကဳံေတြ႕ရင္ဆိုင္ေနရတဲ့ ျပႆနာတစ္ခုကေတာ့ ခံတြင္းကေန အနံ႔ဆိုးထြက္တာပဲျဖစ္ပါတယ္။ ကိုယ့္ရဲ့ ခံတြင္းအနံ႔ ဆိုးမွန္း သိတဲ့သူရွိသလို မသိပဲနဲ႔ လူအမ်ားၾကားထဲမွာ အာေပါင္အာရင္းသန္သန္နဲ႔ ေျပာတတ္တဲ့သူေတြလည္းရွိပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ တစ္ဖက္လူက ကိုယ့္ရဲ့ ခံတြင္းအနံ႔ေၾကာင့္ အေတာ္ေလးကို ဒုကၡေတြ႕ရတတ္ပါတယ္။
ဒီလိုအျဖစ္မ်ိဳး မၾကာခဏ ၾကဳံၾကရလိမ့္မယ္ထင္ပါတယ္။
ေျပာရမွာလည္းအားနာ.. အနံ႔ကလည္းမခံနိုင္ေတာ့ မသိမသာ ခဏခဏမ်က္ႏွာလႊဲၿပီး အသက္ခိုးရွူရတာ၊ အေတာ္ကသိကေအာက္နိုင္ပါတယ္။

ခံတြင္းအနံ႔ဆိုးျခင္းဟာ တစ္ကိုယ္ရည္သန႔္ရွင္းမွုနဲ႔ ဆက္စပ္တာေၾကာင့္ လူအမ်ားၾကား ေျပာဆိုဆက္ဆံရတဲ့အခါ ကိုယ့္အေပၚကို တစ္ဖက္လူက အလိုလိုေနရင္း အထင္ေသး အမွတ္ေလ်ာ့ ဆက္ဆံတာမ်ိဳး ခံရတတ္ပါတယ္။
ဒီလိုခံတြင္းအနံ႔ဆိုးတဲ့ ျပႆနာကို ေငြကုန္ေၾကးက်လည္းမမ်ားပဲ အလၽွင္ျမန္အလြယ္ကူဆုံး ေျဖရွင္းနိုင္တဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

ပထမဦးဆုံး ဘာေၾကာင့္ ခံတြင္းကေန အနံ႔ဆိုး ထြက္ရတာလည္းဆိုတာ သိသင့္တယ္လို႔ ထင္ပါတယ္။ ခံတြင္းထဲမွာ အနံ႔ဆိုးေစတဲ့ အဓိကက်ဆုံး ၉၀% ကေတာ့ လၽွာျဖစ္ပါတယ္၊ ဘက္တီးယား အေပါက္ပြားဆုံးေနရာျဖစ္လို႔။
ခံတြင္းအနံ႔ဆိုးတာဟာ ပုံမွန္အားျဖင့္ေတာ့ ပါးစပ္သန႔္ရွင္းေရးကို ေသေသခ်ာခ်ာ မလုပ္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ အနံ႔ေပ်ာက္ေဆးေတြ ခံတြင္းငုံေဆးေတြနဲ႔ ရွင္းပစ္လိုက္ရင္ ရၿပီလို႔ ထင္ၾကတတ္ၾကပါတယ္။ ေရတိုမွာေတာ့ မွန္ေပမယ့္ ေရရွည္မွာေတာ့ ခံတြင္းအနံ႔ဆိုးထြက္ေစတာ လၽွာမသန႔္ရွင္းတာ တစ္ခုတည္းေၾကာင္းလည္း မဟုတ္တာကို သိရွိဖို႔လိုအပ္ပါတယ္။

အနံ႔ဆိုးထြက္ေစတဲ့ အျခားအေၾကာင္းအရာေတြလည္းရွိပါေသးတယ္။ အာေခါင္ေျခာက္ေသြ႕တာ၊ အာသီးေရာင္တာနဲ႔ အနံ႔ဆိုးထြက္ေစတဲ့ အစားအေသာက္၊ ခံတြင္းပိုးမႊားျပႆနာနဲ႔ ပါးစပ္မွာ ေရာဂါပိုးဝင္တာေတြေၾကာင့္လည္း ျဖစ္တတ္ပါေသးတယ္။
ဘယ္လိုအေၾကာင္းနဲ႔ျဖစ္ျဖစ္ မိမိရဲ့ခံတြင္းအနံ႔ဆိုးေနၿပီဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါနည္းလမ္းေတြနဲ႔ လြယ္ကူစြာ ေပ်ာက္ကင္းေအာင္ လုပ္နိုင္ပါတယ္။

၁။ ရိုးရိုးလက္ဖက္ေျခာက္(သို႔)ဂရင္းတီး

အိမ္သုံး သာမန္လက္ဖက္ေျခာက္ ဒါမွမဟုတ္ ဂရင္းတီးလက္ဖက္ေျခာက္တို႔က ခံတြင္းအနံ႔ဆိုး သက္သာေအာင္လုပ္ေပးနိုင္ပါတယ္။
နံနက္ပိုင္းမွာ လက္ဖက္ေျခာက္ခတ္ထားတဲ့ ေရေႏြးၾကမ္းတစ္ခြက္၊ ျဖစ္နိုင္ရင္ တစ္ေန႔ ၃ ႀကိမ္ ေသာက္သုံးေပးျခင္းျဖင့္ ခံတြင္းအနံ႔ေပ်ာက္ေစသလို လူကိုလည္းလန္းဆန္းေစပါတယ္။

၂။ ေသာက္ေရ

ေရေသာက္ျခင္းကလည္း ခံတြင္းအနံ႔ကို ေပ်ာက္ေစပါတယ္။ တစ္ေန႔မွာ ေရမ်ားမ်ားေသာက္ျခင္းျဖင့္ ပါးစပ္ထဲမွာ သဘာဝအေလ်ာက္ ေပါက္ပြားေနတဲ့ ခံတြင္းပိုးေတြကို သန႔္ရွင္းၿပီးသားျဖစ္ေစပါတယ္။
ညတစ္ေရးနိုးတဲ့အခါတိုင္းလည္း ေရေသာက္ဖို႔ မေမ့ပါနဲ႔။ ဒီလိုေသာက္ျခင္းျဖင့္ မနက္နိုးလာတဲ့အခါ ခံတြင္းအနံ႔ကင္းကင္းနဲ႔ နိုးလာပါလိမ့္မယ္။

၃။ ေနၾကာေစ့

မိန္းကေလးေတြ အႀကိဳက္ဆုံးျဖစ္ပါလိမ့္မယ္။ ေနၾကာေစ့မွာ ပါဝင္တဲ့ ဓါတ္သဘာဝက ခံတြင္းအနံ႔ကင္းဖို႔ မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။ အစာစားၿပီးတိုင္း ေနၾကာေစ့ေလးစားၿပီး ေရေသာက္ပါက ခံတြင္းအနံ႔ျပႆနာကို ရွင္းနိုင္ပါၿပီ။

၄။ လိေမၼာ္သီး

လိေမၼာ္သီးမွာ စီထရစ္အက္ဆစ္ အျပည့္ပါဝင္ၿပီး ဒီဓါတ္သဘာဝက ခံတြင္းထဲက ဘက္တီးရီးယားေတြကို ေသေစပါတယ္။ ဘတ္တီးရီးယားမေပါက္ပြားနိုင္တဲ့အတြက္ အနံ႔ဆိုးလည္း ထြက္စရာအေၾကာင္းမရွိေတာ့ပါဘူး။

၅။ ေထာပတ္သီး

ေထာပတ္သီးရဲ့အစြမ္းကလည္း အံ့မခမ္းပါပဲ သူ႔ရဲ့ဓါတ္သဘာဝက ကိုယ္တြင္းထဲက အပူအပုတ္ေတြကို က်ေစပါတယ္၊ ခံတြင္းအနံ႔ဆိုးဟာ လၽွာကတင္သာမက ဝမ္းအတြင္းကပါ လာတတ္တာေၾကာင့္ ေထာပတ္သီးက မ်ားစြာအေထာက္အကူျပဳနိုင္ပါလိမ့္မယ္။

၆။ မာလကာသီး

တန္းနစ္၊ ေဖာ့စ္ဖရစ္၊ မဲလစ္အက္ဆစ္ စတဲ့ သဘာဝဓါတ္သတၱဳေတြ မာလကာသီးမွာပါဝင္တဲ့ အတြက္ ခံတြင္းနံ႔ဆိုးျခင္းကို တားျမစ္ကာကြယ္ေပးနိုင္ပါတယ္။ မာလကာသီးဟာလည္း ေငြကုန္ေၾကးက်မမ်ားပဲ လက္တစ္ကမ္းမွာတင္ ဝယ္လို႔ရလြယ္ပါတယ္။

ေဖာ္ျပပါ အခ်က္ေတြကေတာ့ ခံတြင္းအနံ႔ဆိုးတဲ့အခါ ဘယ္လိုမ်ိဳး အျမန္ဆုံးသက္သာေပ်ာက္ကင္းေအာင္ လုပ္လို႔ရနိုင္မလဲဆိုတဲ့ နည္းလမ္းေလးေတြျဖစ္ပါတယ္။ ဒါဆို ခံတြင္းအနံ႔ဆိုးေတြမျဖစ္ေအာင္ ဘယ္လို ကာကြယ္ရမလဲဆိုတာ ဆက္လက္ဖတ္ရွုပါဦး။

ပီေကစားျခင္းျဖင့္ ကာကြယ္နိုင္ပါတယ္၊ ဒါေပမယ့္ သၾကားမပါတဲ့ အမ်ိဳးအစားကို ေရြးခ်ယ္ပါ။ ပီေကဝါးတာေၾကာင့္ တံေတြးထြက္ဖို႔ကို ႏွိုးေဆာ္တဲ့အတြက္ ခံတြင္းေျခာက္ကပ္ျခင္း မျဖစ္ေစပါ ဒါ့အျပင္ သြားေတြကို ပြတ္တိုက္ သန႔္ရွင္းေပးသလို အက်ိဳးေက်းဇူးလည္း ရရွိပါတယ္။

ျဖစ္နိုင္ရင္ အယ္လ္ကိုေဟာဓါတ္ပါဝင္တဲ့ ပါးစပ္ေဆးရည္မ်ားကို ေရွာင္က်ဥ္ပါ၊ တစ္ခါတစ္ရံ ေဆးရည္ေတြေၾကာင့္လည္း ခံတြင္းအနံ႔ဆိုးတတ္ပါတယ္။
အစာစားၿပီးတိုင္း သြားတိုက္ပါ၊ သြားတိုက္တဲ့အခါ လၽွာကိုပါ သြားပြတ္တံနဲ႔ျဖစ္ေစ၊ လၽွာျခစ္တံနဲ႔ျဖစ္ေစ သန႔္ရွင္းပါ။ေဆးရြက္ႀကီးပါဝင္တဲ့ ထုတ္ကုန္ေတြကို ေရွာင္က်ဥ္ပါ (ဥပမာ ေဆးလိပ္မေသာက္ပါနဲ႔)

ခံတြင္းအနံ႔ဆိုး ကင္းရွင္းၾကပါေစ..

Credit:lwinpyin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူအတော်များများ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုကတော့ ခံတွင်းကနေ အနံ့ဆိုးထွက်တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခံတွင်းအနံ့ ဆိုးမှန်း သိတဲ့သူရှိသလို မသိပဲနဲ့ လူအများကြားထဲမှာ အာပေါင်အာရင်းသန်သန်နဲ့ ပြောတတ်တဲ့သူတွေလည်းရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူက ကိုယ့်ရဲ့ ခံတွင်းအနံ့ကြောင့် အတော်လေးကို ဒုက္ခတွေ့ရတတ်ပါတယ်။
ဒီလိုအဖြစ်မျိုး မကြာခဏ ကြုံကြရလိမ့်မယ်ထင်ပါတယ်။
ပြောရမှာလည်းအားနာ.. အနံ့ကလည်းမခံနိုင်တော့ မသိမသာ ခဏခဏမျက်နှာလွှဲပြီး အသက်ခိုးရှူရတာ၊ အတော်ကသိကအောက်နိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးခြင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆက်စပ်တာကြောင့် လူအများကြား ပြောဆိုဆက်ဆံရတဲ့အခါ ကိုယ့်အပေါ်ကို တစ်ဖက်လူက အလိုလိုနေရင်း အထင်သေး အမှတ်လျော့ ဆက်ဆံတာမျိုး ခံရတတ်ပါတယ်။
ဒီလိုခံတွင်းအနံ့ဆိုးတဲ့ ပြဿနာကို ငွေကုန်ကြေးကျလည်းမများပဲ အလျှင်မြန်အလွယ်ကူဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံး ဘာကြောင့် ခံတွင်းကနေ အနံ့ဆိုး ထွက်ရတာလည်းဆိုတာ သိသင့်တယ်လို့ ထင်ပါတယ်။ ခံတွင်းထဲမှာ အနံ့ဆိုးစေတဲ့ အဓိကကျဆုံး ၉၀% ကတော့ လျှာဖြစ်ပါတယ်၊ ဘက်တီးယား အပေါက်ပွားဆုံးနေရာဖြစ်လို့။
ခံတွင်းအနံ့ဆိုးတာဟာ ပုံမှန်အားဖြင့်တော့ ပါးစပ်သန့်ရှင်းရေးကို သေသေချာချာ မလုပ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အနံ့ပျောက်ဆေးတွေ ခံတွင်းငုံဆေးတွေနဲ့ ရှင်းပစ်လိုက်ရင် ရပြီလို့ ထင်ကြတတ်ကြပါတယ်။ ရေတိုမှာတော့ မှန်ပေမယ့် ရေရှည်မှာတော့ ခံတွင်းအနံ့ဆိုးထွက်စေတာ လျှာမသန့်ရှင်းတာ တစ်ခုတည်းကြောင်းလည်း မဟုတ်တာကို သိရှိဖို့လိုအပ်ပါတယ်။

အနံ့ဆိုးထွက်စေတဲ့ အခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။ အာခေါင်ခြောက်သွေ့တာ၊ အာသီးရောင်တာနဲ့ အနံ့ဆိုးထွက်စေတဲ့ အစားအသောက်၊ ခံတွင်းပိုးမွှားပြဿနာနဲ့ ပါးစပ်မှာ ရောဂါပိုးဝင်တာတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် မိမိရဲ့ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ လွယ်ကူစွာ ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

၁။ ရိုးရိုးလက်ဖက်ခြောက်(သို့)ဂရင်းတီး

အိမ်သုံး သာမန်လက်ဖက်ခြောက် ဒါမှမဟုတ် ဂရင်းတီးလက်ဖက်ခြောက်တို့က ခံတွင်းအနံ့ဆိုး သက်သာအောင်လုပ်ပေးနိုင်ပါတယ်။
နံနက်ပိုင်းမှာ လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းတစ်ခွက်၊ ဖြစ်နိုင်ရင် တစ်နေ့ ၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ခံတွင်းအနံ့ပျောက်စေသလို လူကိုလည်းလန်းဆန်းစေပါတယ်။

၂။ သောက်ရေ

ရေသောက်ခြင်းကလည်း ခံတွင်းအနံ့ကို ပျောက်စေပါတယ်။ တစ်နေ့မှာ ရေများများသောက်ခြင်းဖြင့် ပါးစပ်ထဲမှာ သဘာဝအလျောက် ပေါက်ပွားနေတဲ့ ခံတွင်းပိုးတွေကို သန့်ရှင်းပြီးသားဖြစ်စေပါတယ်။
ညတစ်ရေးနိုးတဲ့အခါတိုင်းလည်း ရေသောက်ဖို့ မမေ့ပါနဲ့။ ဒီလိုသောက်ခြင်းဖြင့် မနက်နိုးလာတဲ့အခါ ခံတွင်းအနံ့ကင်းကင်းနဲ့ နိုးလာပါလိမ့်မယ်။

၃။ နေကြာစေ့

မိန်းကလေးတွေ အကြိုက်ဆုံးဖြစ်ပါလိမ့်မယ်။ နေကြာစေ့မှာ ပါဝင်တဲ့ ဓါတ်သဘာဝက ခံတွင်းအနံ့ကင်းဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်။ အစာစားပြီးတိုင်း နေကြာစေ့လေးစားပြီး ရေသောက်ပါက ခံတွင်းအနံ့ပြဿနာကို ရှင်းနိုင်ပါပြီ။

၄။ လိမ္မော်သီး

လိမ္မော်သီးမှာ စီထရစ်အက်ဆစ် အပြည့်ပါဝင်ပြီး ဒီဓါတ်သဘာဝက ခံတွင်းထဲက ဘက်တီးရီးယားတွေကို သေစေပါတယ်။ ဘတ်တီးရီးယားမပေါက်ပွားနိုင်တဲ့အတွက် အနံ့ဆိုးလည်း ထွက်စရာအကြောင်းမရှိတော့ပါဘူး။

၅။ ထောပတ်သီး

ထောပတ်သီးရဲ့အစွမ်းကလည်း အံ့မခမ်းပါပဲ သူ့ရဲ့ဓါတ်သဘာဝက ကိုယ်တွင်းထဲက အပူအပုတ်တွေကို ကျစေပါတယ်၊ ခံတွင်းအနံ့ဆိုးဟာ လျှာကတင်သာမက ဝမ်းအတွင်းကပါ လာတတ်တာကြောင့် ထောပတ်သီးက များစွာအထောက်အကူပြုနိုင်ပါလိမ့်မယ်။

၆။ မာလကာသီး

တန်းနစ်၊ ဖော့စ်ဖရစ်၊ မဲလစ်အက်ဆစ် စတဲ့ သဘာဝဓါတ်သတ္တုတွေ မာလကာသီးမှာပါဝင်တဲ့ အတွက် ခံတွင်းနံ့ဆိုးခြင်းကို တားမြစ်ကာကွယ်ပေးနိုင်ပါတယ်။ မာလကာသီးဟာလည်း ငွေကုန်ကြေးကျမများပဲ လက်တစ်ကမ်းမှာတင် ဝယ်လို့ရလွယ်ပါတယ်။

ဖော်ပြပါ အချက်တွေကတော့ ခံတွင်းအနံ့ဆိုးတဲ့အခါ ဘယ်လိုမျိုး အမြန်ဆုံးသက်သာပျောက်ကင်းအောင် လုပ်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။ ဒါဆို ခံတွင်းအနံ့ဆိုးတွေမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာ ဆက်လက်ဖတ်ရှုပါဦး။

ပီကေစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်၊ ဒါပေမယ့် သကြားမပါတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ပီကေဝါးတာကြောင့် တံတွေးထွက်ဖို့ကို နှိုးဆော်တဲ့အတွက် ခံတွင်းခြောက်ကပ်ခြင်း မဖြစ်စေပါ ဒါ့အပြင် သွားတွေကို ပွတ်တိုက် သန့်ရှင်းပေးသလို အကျိုးကျေးဇူးလည်း ရရှိပါတယ်။

ဖြစ်နိုင်ရင် အယ်လ်ကိုဟောဓါတ်ပါဝင်တဲ့ ပါးစပ်ဆေးရည်များကို ရှောင်ကျဉ်ပါ၊ တစ်ခါတစ်ရံ ဆေးရည်တွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတတ်ပါတယ်။
အစာစားပြီးတိုင်း သွားတိုက်ပါ၊ သွားတိုက်တဲ့အခါ လျှာကိုပါ သွားပွတ်တံနဲ့ဖြစ်စေ၊ လျှာခြစ်တံနဲ့ဖြစ်စေ သန့်ရှင်းပါ။ဆေးရွက်ကြီးပါဝင်တဲ့ ထုတ်ကုန်တွေကို ရှောင်ကျဉ်ပါ (ဥပမာ ဆေးလိပ်မသောက်ပါနဲ့)

ခံတွင်းအနံ့ဆိုး ကင်းရှင်းကြပါစေ..

Credit:lwinpyin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top