iMyanmarHouse.com - Best Property Website for Myanmar
×


မ်က္ႏွာတစ္ခုလုံး အနာအဆာမရွိပဲ ၾကည္လင္ဝင္းပခ်င္တာက အမ်ိဳးသမီးတိုင္းရဲ႕ အိပ္မက္ပါ။ တစ္ခါတစ္ေလ မ်က္ႏွာေပၚမွာ အမဲစက္ႀကီးေတြျမင္ေနရရင္ကို လူက စိတ္မၾကည္မသာျဖစ္ေနတတ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ေပ်ာက္သြားတတ္ပါတယ္။

အဲ့ဒီ့အတြက္ စာေရးသူေဆးတစ္ခုရွာေတြ႕ထားတယ္။ ခက္တယ္မထင္လိုက္နဲ႔။ မီးဖိုေခ်ာင္မွာေမႊေႏွာက္ရွာလိုက္႐ုံနဲ႔ ပါဝင္ပစၥည္းေတြ ရသြားမွာပါ။ အဲ့ဒါကေတာ့ အာလူးသံပုယို ေရခဲတုံးပါ။

သံပုယိုသီးမွာ အရည္ျပားကို လင္းၿပီးျဖဴလာေစပါတယ္။ အာလူးကေတာ့ အမည္းစက္ေတြကို တိုက္ဖ်က္ေပးပါတယ္။အဲ့ဒီ့ပါဝင္ပစည္းအားလုံးေရာထားတဲ့ စူပါေရခဲတုံးကေတာ့ အသားအေရကို ျပန္လည္ႏုပ်ိဳေစတဲ့အျပင္ အမည္းစက္ေတြကို သိသိသာသာ သက္သာေစမယ့္ အာနိသင္ပါဝင္ပါတယ္။

ပါဝင္ပစၥည္းမ်ား

အာလူး -၁လုံး

တလဲသီး- ပန္းကန္လုံး တစ္ဝက္

သံပုယိုသီး- တစ္ျခမ္း

ေရခံပုံစံခြက္ -တစ္ခု

ျပဳလုပ္နည္း

အာလူးတစ္လုံးကို ေသခ်ာအခြံႏႊာေဆးၿပီး ျခစ္ခြက္နဲ႔ ျခစ္လိုက္ပါ။

ၿပီးတာနဲ႔ ေဖာ်္ရည္ႀကိတ္စက္ထဲ ျခစ္ၿပီးသားအာလူး၊ တလဲသီးမ်ား ႏွင့္ သံပုရာရည္ေရာထည့္ၿပီး ေရတစ္ဇြန္းပါထပ္ေလာင္းထည့္လိုက္ပါ။ ဇြန္းနဲ႔အသာအယာေမႊေပးၿပီးတာနဲ႔ ႀကိတ္ပစ္လိုက္ပါ။

ရလာတဲ့အႏွစ္ေတြကို ေရခံပုံစံခြက္ေတြထဲ ေလာင္းထည့္ၿပီး freezer ထဲ ၆နာရီေလာက္ (သို႔) လုံးဝခဲသြားတဲ့အထိထားလိုက္ပါ။

စူပါေရခဲတုံးရပါၿပီ။

အသုံးျပဳပုံ

ေရခဲတုံးတစ္တုံးကိုယူၿပီး အမည္းစက္ရွိတဲ့ေနရာေတြမွာ ပြတ္ေပးပါ။ ေသခ်ာပြတ္ေပးၿပီးတာနဲ႔ ေရေအးနဲ႔ေဆးခ်လိုက္ပါ။

တစ္ေန႔ႏွစ္ႀကိမ္ေလာက္လုပ္ေပးရင္ေတာ့ အမည္းစက္ေတြလုံးဝကင္းစင္သြားမွာပါ။


Credit:mystylemyanmar

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #



မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။

အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။

သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။အဲ့ဒီ့ပါဝင်ပစည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး -၁လုံး

တလဲသီး- ပန်းကန်လုံး တစ်ဝက်

သံပုယိုသီး- တစ်ခြမ်း

ရေခံပုံစံခွက် -တစ်ခု

ပြုလုပ်နည်း

အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။

ပြီးတာနဲ့ ဖောျ်ရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။

ရလာတဲ့အနှစ်တွေကို ရေခံပုံစံခွက်တွေထဲ လောင်းထည့်ပြီး freezer ထဲ ၆နာရီလောက် (သို့) လုံးဝခဲသွားတဲ့အထိထားလိုက်ပါ။

စူပါရေခဲတုံးရပါပြီ။

အသုံးပြုပုံ

ရေခဲတုံးတစ်တုံးကိုယူပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ ပွတ်ပေးပါ။ သေချာပွတ်ပေးပြီးတာနဲ့ ရေအေးနဲ့ဆေးချလိုက်ပါ။

တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးရင်တော့ အမည်းစက်တွေလုံးဝကင်းစင်သွားမှာပါ။


Credit:mystylemyanmar

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top