iMyanmarHouse.com - Best Property Website for Myanmar
×

(၁) နဖူးျပင္၏ မ်က္ခံုးအထက္နားတြင္ မွဲ႔မည္းတလံုးတည္းရွိလွ်င္ ဂုဏ္ဓနႏွင့္ေက်ာ္ေစာေသာ လင္ေယာက်္ားကို ရတတ္သည္။ အိမ္ေထာင္ဆက္ မ်ားတတ္သည္။သားေယာက်္ားမ်ား ထြန္းကားသည့္မိခင္ ျဖစ္ပါလိမ့္မည္။

(၂) ညာဘက္နားထင္ မ်က္ခံုး၏ အနီးအနားပတ္ဝန္းက်င္တြင္ မွဲ႔ရွိလွ်င္ ငယ္ရြယ္စဥ္က ဆင္းရဲ၍ ႀကီးေသာ ခ်မ္းသာတတ္ပါသည္။ အိုဇာတာ ကံေကာင္းမည္။မိမိၾသဇာကို နာခံမည့္ လင္ေယာက်္ားအား ရတတ္သည္။အလုပ္အကိုင္ မွန္သမွ်ကို ဦးစီးဦးေဆာင္ ျပဳလုပ္တတ္သည္။
သားေယာက်္ားေမြးျပီး အက်ိဳးေပးတတ္သည္။

(၃) အထက္ႏွဳတ္ခမ္း (သို႔) ေအာက္ႏႈတ္ခမ္း အနီးတဝို္က္တြင္ မွဲ႔ရွိလွ်င္ မိမိကို ခ်စ္ျမတ္ႏိုးေသာ ေယာက်္ားမ်ား ေပါမ်ားတတ္သည္။ေယာက်္ားမ်ား၏ ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးျခင္းကို ခံရမည္။မိမိကိုယ္တိုင္လည္း အခ်စ္ႏွင့္ပတ္သက္လွ်င္ အစြဲအလမ္းစိတ္ ႀကီးတတ္သည္။
အစားအေသာက္ေကာင္းမ်ားကို အထူးႀကိဳက္ႏွစ္သက္သူျဖစ္သည္။

(၄) ဘယ္ဘက္ပါးျပင္မို႔တြင္ မွဲ႔ရွိလွ်င္ စိတ္ႏု၍ အညႇာလြယ္တတ္ပါသည္။တဖက္သားေျပာလာသည့္စကားကိုမစဥ္းစားဘဲ အယံုလြယ္တတ္ပါသည္။ ေယာက်္ားမ်ား၏ စိတ္ဝင္စားျခင္း၊ အေရးေပျခင္းကို ခံရတတ္သည္။

၅) ညာဘက္ပါးျပင္မို႔တြင္ စံပယ္တင္မွဲ႔ရွိလွ်င္ လူခ်စ္လူခင္မ်ားတတ္သည္။ စန္းအလြန္ပြင့္တတ္သည္။လင္ေယာက်ာ္းအေပၚ သစၥာရွိတတ္သည္။ အလုပ္အကိုင္ အဆင္ေျပ၍ ေအာင္ျမင္ေက်ာ္ၾကားမည္။ကံေကာင္းသူ ျဖစ္တတ္ပါသည္။

(၆) လည္ပင္းတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာၾကြယ္ဝတတ္ပါသည္။

(၇) ဘယ္ ညာ လက္ေမာင္း (သို႔) ဘယ္လက္ဖ်ံ ညာလက္ဖ်ံတြင္ မွဲ႔ရွိ္လွ်င္ ပင္ပင္ပန္းပန္း လုပ္ကိုင္စားေသာက္ျခင္း မျပဳရဘဲ ေအးေအးခ်မ္းခ်မ္းႏွင့္ ေနထိုင္ရတတ္ပါသည္။

(၈) ညာဘက္သားျမတ္ (သို႔) ဘယ္ဘက္သားျမတ္ေပၚတြင္ မွဲ႔တလံုးထက္ပိုျပီး မ်ားစြာရွိလွ်င္ ငယ္စဥ္က မိဘတို႔၏စြန္႔ပစ္ျခင္းကို ခံရတတ္သည္။ပစၥည္းခ်မ္းသာေသာ္လည္း စိတ္မခ်မ္းသာ ျဖစ္ရတတ္သည္။ေလာဘရမၼက္ ႀကီးတတ္သည္။ မုဆိုးမ ျဖစ္တတ္ပါသည္။ ကံဆိုးတတ္ပါသည္။

(၉) ရင္၏အလယ္ဗဟိုတည့္တည့္တြင္ မွဲ႔ရွိလွ်င္ ပစၥည္းဥစၥာ ျပည့္စံုတတ္ပါသည္။ မိမိအေပၚ အလိုလိုက္ အႀကိဳက္ေဆာင္မည့္ လင္ေယာက်္ားကို ရတတ္သည္။သားေကာင္း သမီးေကာင္း ထြန္းကားတတ္သည္။

(၁၀) မွဲ႔စလြယ္ ပါရွိလွ်င္ ငယ္စဥ္က ဆင္းရဲေစကာမူ ခ်မ္းသာၾကြယ္ဝလာတတ္သည္။ ကေတာ္မယား ျဖစ္တတ္ပါသည္။ လူသိမ်ားျပီး ထင္ရွားေက်ာ္ၾကားေသာ လင္ေယာက်ာ္းကို ရတတ္ပါသည္။ မည္မွ်ဆိုးသြမ္းေသာ ေယာက်ာ္ား ျဖစ္ေစကာမူ မိမိ၏ၾသဇာကို နာခံမည့္လင္ေယာက်ာ္းႏွင့္ ေပါင္းဖက္ ႏိုင္ေပေတာ့သတည္း။

Credit:   ျမန္မာ.ရိုးရာေဗဒင္ပညာရပ္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 #Unicode Version#
(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောကျ်ားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။သားယောကျ်ားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။မိမိသြဇာကို နာခံမည့် လင်ယောကျ်ားအား ရတတ်သည်။အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။
သားယောကျ်ားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောကျ်ားများ ပေါများတတ်သည်။ယောကျ်ားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။
အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောကျ်ားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောကျ်ားကို ရတတ်သည်။သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ်တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း။

Credit:   မြန်မာ.ရိုးရာဗေဒင်ပညာရပ်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top