iMyanmarHouse.com - Best Property Website for Myanmar
×

လွတဲ့သူတိုင္း ဆားဝက္ၿခံရွိတယ္လို႕ ၾကားဖူးတယ္ ။ ဒါေပမယ့္ ဆားဝက္ၿခံရွိေနတာေတာ့ ဘယ္သူမွ ၾကိဳက္ၾကမယ္မထင္ပါဘူး ။ ဆားဝက္ၿခံေတြဟာ နွာေခါင္း ၊ေမးေစ့နွင့္ ပါးျပင္ေတြမွာ အမ်ားဆံုးျဖစ္ေလ့ရွိျပီး ညွစ္ရင္လည္း ပြါးတတ္တာေၾကာင့္ အေတာ္စိတ္အေနွာင့္အယွက္ ျဖစ္ရပါတယ္ ။

ဒိထက္ပိုးဆုိးလွ်င္ အေပါက္အၾကီးၾကီးေတြျဖစ္ျပီး မ်က္နွာမွာ ၾကည့္ရဆိုးပါတယ္ ။ဆားဝက္ၿခံ သက္သာေစတဲ့နည္းေတြကေတာ့ အမ်ားၾကီးရွိပါတယ္ ။ ဒီတစ္္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ လြယ္ကူျပီး ရိုးရွင္းပါတယ္ ။

ဆားဝက္ၿခံကို ေပ်ာက္ကင္းေစရံုသာမက အသားအေရကို ျဖဴဝင္းျပီး စိုေျပလာေစပါတယ္။ပထမဦးဆံုးလုပ္ရမွာကေတာ့ သခြားသီးကို အကြင္းပံုစံလွီးလိုက္ပါ။တစ္ခုဆို လံုေလာက္ပါျပီ ။ ျပီးလွ်င္ အေပၚမွ သၾကားျဖဴးလိုက္ပါ ။ ဒါဆိုရင္ေတာ့ နွာေခါင္းေပၚက ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔အတြက္ အဆင္သင့္ျဖစ္ပါျပီ ။

ျပဳလုပ္နည္း

ပထမဦးစြာ လက္ကိုင္ပုဝါ (သို႔)အဝတ္သန္႔သန္႔ကို ေရေႏြးေႏြးထဲမွာစိမ္ျပီး ဆားဝက္ၿခံရွိတဲ့ နွာေခါင္းေပၚမွာ ဖိကပ္ေပးပါ မိနစ္အနည္းငယ္ ဖိကပ္ေပးပါ ။ဒီလုိလုပ္ျခင္းအားျဖင့္ ေခြ်းေပါက္ေတြကို က်ယ္ေစျပီး ဆားဝက္ၿခံ ဖယ္ရွားနိုင္ဖို႔အတြက္ ပိုျပီး အေထာက္အကူျဖစ္ပါတယ္ ။ထို႔ေနာက္ သၾကားျဖဴးထားေသာ သခြားသီးျဖင့္ နွာေခါင္းကို ပြတ္ေပးပါ ။ အနည္းဆံုး ၅မိနစ္နွင့္အထက္ သၾကားမ်ား အရည္ေပ်ာ္သည္အထိ ပြတ္ေပးရပါမယ္ ။ ပြတ္ျပီးသြားလွ်င္ေတာ့ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ ။ထုိ႔ေနာက္ ေခြ်းေပါက္က်ဥ္းသြားေအာင္ တိုနာ (သို႔) နွင္းဆီရည္ျဖင့္ နွာေခါင္းကို လိမ္းေပးပါ ။

ႏွင္းဆီေရျပဳလုပ္ပံု

၁။ႏွင္းဆီပြင့္ဖက္မ်ားကိုသန္႔႐ွင့္ေသာဇလံုတစ္လံုး ထဲသို႔ ႔ေႁခြထည့္ပါ။

၂။ေႁခြၿပီးသားပြင့္ဖက္မ်ားကို ေရသန္႔သန္႔ႏွင့္ေဆးပါ။

၃။ေဆးၿပီးသားပြင့္ဖက္မ်ားထဲသို႔ေရေႏြးဆူဆူတစ္ခြက္ေလာင္းထည့္ၿပီး ၅ မိနစ္ခန္႔ေမႊပါ။

၄။ၿပီးလ်ွင္အေအးခံၿပီး ပြင့္ဖက္မ်ားမပါေအာင္ အေငႊ႕လံုေသာဘူးသန္႔ေသးေသးတစ္လံုးထဲသို႔ေလာင္းထည့္ပါ။

၅။ဤအေရမ်ားကို ႏွင္းဆီေရအျဖစ္အသံုးျပဳႏိုင္ပါၿပီ။

တစ္ခါလုပ္ရံုျဖင့္ သိသိသာသာကို ဆားဝက္ၿခံေတြ မရွိေတာ့တာ ျမင္ေတြ႕ရမွာပါ ။ သင့္နွာေခါင္းမွာ ဆားဝက္ၿခံေတြ ထူလပ်စ္ျဖစ္ေနတဲ့ ေန႕မ်ိးဆိုရင္ ဒီနည္းလမ္းေလးက ေျဖရွင္းေပးနုိင္မွာပါ ။

ေန႔စဥ္ပံုမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို ၾကည္လင္သန္႔စင္လာေစျပီး ေခြ်းေပါက္ေတြက်ဥ္းသြားကာ ဆားဝက္ၿခံမ်ား ေနာက္ထပ္ မျဖစ္ေပၚေအာင္ ကာကြယ္ျပီးသား ျဖစ္ေနမွာပါ ။
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Original
#Unicode Version#
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ် ။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး ။ ဆားဝက်ခြံတွေဟာ နှာခေါင်း ၊မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။

ဒိထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ် ။ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ် ။ ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ် ။

ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။ပထမဦးဆုံးလုပ်ရမှာကတော့ သခွားသီးကို အကွင်းပုံစံလှီးလိုက်ပါ။တစ်ခုဆို လုံလောက်ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။

ပြုလုပ်နည်း

ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ် ဖိကပ်ပေးပါ ။ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ် ။ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ ။ အနည်းဆုံး ၅မိနစ်နှင့်အထက် သကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ် ။ ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ ။

နှင်းဆီရေပြုလုပ်ပုံ

၁။နှင်းဆီပွင့်ဖက်များကိုသန့်ရှင့်သောဇလုံတစ်လုံး ထဲသို့ခြွေထည့်ပါ။

၂။ခြွေပြီးသားပွင့်ဖက်များကို ရေသန့်သန့်နှင့်ဆေးပါ။

၃။ဆေးပြီးသားပွင့်ဖက်များထဲသို့ရေနွေးဆူဆူတစ်ခွက်လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ။

၄။ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွှေ့လုံသောဘူးသန့်သေးသေးတစ်လုံးထဲသို့လောင်းထည့်ပါ။

၅။ဤအရေများကို နှင်းဆီရေအဖြစ်အသုံးပြုနိုင်ပါပြီ။

တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ ။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ ။

နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင်သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Original
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top