iMyanmarHouse.com - Best Property Website for Myanmar
×
ကျန်းမာရေး
# Unicode Version # ဖြင့် ဖတ်ပါ #
ထက်ခြမ်း ခွဲထားသော ကြက်သွန်နီကို ချက်ချင်း အသုံးမပြု နိုင်ပဲ ရက်ကျော် လွန် သွားလျှင် ပြန်၍ အသုံး မပြု သင့်ပါ ။ မစား သင့်ပါ ။ အန္တရာယ် ကို ဖြစ်စေ ပါသည် ။
ခွဲခြမ်း ထားပြီး အပြင် မှာ အနည်း ဆုံး ၆ နာရီ နှင့် အထက် ကြာသွားသည့် ၎င်း ကြက်သွန်နီ ခြမ်းဟာ အပုတ်နံ့ ၊ အနံ့ဆိုး များကို စုပ်ထား ထားနိုင်ပြီး ဘတ်တီးရီးယား ပိုးမွှား များနှင့် အခြား အန္တရာယ် ကို ဖြစ်စေ တတ်သည့် ပိုးမွှားများ လည်း ပါရှိ လာသည့်အတွက် ဝမ်းပျက် ၊ ဝမ်းလျှော ၊ ဗိုက်အောင့် ၊ ဗိုက်နာ ဖြစ်နိုင် သည့် အပြင် အဆိပ် အတောက် ကိုလည်း ဖြစ်စေ နိုင်ပါ တယ်လို့ နိုင်ငံ တကာ ကျန်းမာရေး စာမျက်နှာ များမှာ ဖော်ပြ ထားကြ ပါတယ် ။
အခွံခါွထား သည့် ကြက်သွန်နီ နှင့် ထက်ခြမ်းခွဲ ထားသည့် ကြက်သွန်နီ ခြမ်းကို ပြန်လည်အသုံးပြု လိုပါက အဖုံးလုံ အောင် ပိတ်ထား သော ဗူး ၊ ခွက် တို့ဖြင့် လုံခြုံစွာ ထည့်ထား သင့်ပါတယ် ။ သို့မဟုတ် ရေခဲ သေတ္တာ ထဲတွင် ထည့်သွင်း သိမ်းဆည်း ထားသင့် ပါတယ်လို့ အကြံပြုလိုပါတယ် ။
မသိမ်းဆည်း လိုက်ရပဲ အပြင် မှာ အချိန် ကြာအောင် ပစ်ထား မိသည့် ကြက်သွန်နီ ခြမ်းကို မဖြစ်မနေ အသုံးပြုရ တော့မည် ဆိုလျှင် လည်း ပုံထဲမှာ မြင်ရသည့် အတိုင်း အလယ် တည့်တည့်မှ အဆံ ၊ အဖူး ကလေးကို ဖယ်ထုတ် ပစ်သင့် ပါတယ် ။ အကြောင်း ကတော့ အပုတ်နံ့ များနှင့် အနံ့ဆိုးများကို ၎င်း နေရာမှ အဓိက စုပ်ယူ ထားပြီး ပိုမွှားများ လည်း ၎င်း နေရာမှာ ပါဝင်မှု အများဆုံး လို့ သိရပါတယ် ။
အသက်ကို ဉာဏ်စောင့် ဆိုသလို သတိ မမူ ဂူမမြင် မဖြစ်ကြ စေဖို့ စေတနာဖြင့် မျှဝေ ပေးလိုက်ရပါသည် ။
Credit:စောနွဲ့နေဆိုင် (ပူတာအို) ကိုးကား The Danger Of Half Onion.
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top