iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Hannwe Soe


# Unicode Version # ဖြင့် ဖတ်ပါ #

အခု လို မျိုး ရာသီဥတု ပူနေချိန်တွေ ဆို ရင် ဦးရေပြား မှာ ဗောက် ထ လာ တတ် ပါ တယ် ။ ဗောက် ထ နေ တာမျိုးက ဘာမှ မဟုတ်သလို ထင် ရ ပေမယ့် တကယ်တမ်းတော့ ကိုယ့်ကိုယ်ကို ယုံကြည် မှု ကျ ဆင်း စေ တဲ့ အရာ တစ် ခု ပါ ။ ဒါ့ကြောင့် ပျိုမေတို့ရဲ့ အိမ်မှာ အဆင့်သင့်ရှိနေပြီးသား သံပရိုသီး နဲ့ ဦးရေပြားပေါ်က ဗောက်တွေကို ပျောက် သွားအောင် လုပ်ကြည့် နိုင် မယ့် နည်းလမ်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်နော် ။

(၁) ပန်းသီး ရှာလကာရည် နဲ့ သံပရိုသီး

ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် ( စားပွဲတင်ဇွန်း ၄ ဇွန်း ) ၊ သံပရိုရည် ( စားပွဲတင်ဇွန်း ၂ ဇွန်း ) ၊ ဂွမ်း ။
– ပါဝင်ပစ္စည်းတွေကို ရောပေးပြီး ဂွမ်းနဲ့တို့ပေးပြီး ဦးရေပြားပေါ် လိမ်း ပေး ပါ ။
– မိနစ် ( ၂၀ လောက် ပေါင်းတင် ပေးထားပါ။

(၂) ရှားစောင်း လက်ပပ် နဲ့ သံပရိုသီး

ပါဝင်ပစ္စည်းများ – ရှားစောင်း လက်ပပ် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၂ ဇွန်း)။
– ပါဝင်ပစ္စည်း တွေ ကို ရော ပေး ပြီး ဦးရေပြား ပေါ် လိမ်းပေးပါ။
– မိနစ် အနည်းငယ်လောက် နှိပ်နယ်ပေးပြီး ( ၁၀-၁၅ ) မိနစ် လောက် ပေါင်းတင် ထားပါ။
– ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ ဆေး ပေး ပါ ။

(၃) ဒိန်ချဉ် နဲ့ သံပရိုသီး

ပါဝင်ပစ္စည်းများ – ဒိန်ချဉ် ( စားပွဲတင်ဇွန်း ၂ ဇွန်း ) ၊ သံပရိုရည် ( စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ ပျားရည် ( လက်ဖက်ရည် ဇွန်း ၁ ဇွန်း ) ။
– ပါဝင်ပစ္စည်းတွေ ကို ရောပေးပြီး ဦးရေပြား ပေါ် လိမ်း ပေး ပါ ။
– မိနစ် (၂၀) လောက် ပေါင်း တင် ထားပြီး ခေါင်းလျှော်ရည် နဲ့ လျှော် ပေး ပါ ။

Credit:Hannwe Soe

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top