iMyanmarHouse.com - Best Property Website for Myanmar
×


ေျခေခ်ာင္းေလးေတြ တစ္ေခ်ာင္းျခင္းစီက ကိုယ့္ရဲ႕စိတ္ေနသေဘာထားနဲ႔ ကိုယ္ဟာ ဘယ္လိုလူမ်ိဳးျဖစ္တယ္ဆိုတာကို ေဖာ္ျပေနတယ္ဆိုတာ ယုံၾကည္ပါရဲ႕လား..?

ေျခေခ်ာင္း ပုံသ႑န္အေနအထားေတြေပၚမွာ မူတည္ၿပီး မတူညီတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ ရွိၾကပါတယ္။ ေျခေထာက္အဖ်ားပိုင္းရဲ႕ ပုံသ႑န္ကို ေရာမပုံစံ၊ ေလးေထာင့္ပုံစံ၊ ဂရိပုံစံနဲ႔ ျဖန႔္က်က္ပုံစံ ဟူ၍ (၄)မ်ိဳး ခြဲျခားထားပါတယ္။

၁။ ေရာမပုံစံ ေျခေထာက္

ေျခေခ်ာင္းအားလုံးထဲမွာ ေျခမက သိသိသာသာအႀကီးဆုံးျဖစ္ေနၿပီး က်န္တဲ့ေျခေခ်ာင္းေလးေတြက အခ်ိဳးညီစြာ ရွိေနမယ္ဆိုရင္ “ေရာမေျခေထာက္” အျဖစ္ သတ္မွတ္ပါတယ္။
အဲဒီလိုေျခေထာက္မ်ိဳးပိုင္ရွင္ဟာ ေဖာ္ေ႐ြတတ္သူျဖစ္ၿပီး၊ ၾသဇာေညာင္းသူလည္း ျဖစ္ပါတယ္။ လူမႈေပါင္းသင္းဆက္ဆံေရး ေကာင္းတဲ့သူျဖစ္ၿပီး လူေတြအမ်ားႀကီးေရွ႕မွာ စကားေျပာေကာင္းတဲ့သူလည္းျဖစ္လို႔ ဒီလိုေျခေထာက္ပိုင္ရွင္မ်ားဟာ စီးပြားေရးလုပ္ငန္းရွင္ေတြ ျဖစ္တတ္ပါတယ္။

၂။ ေလးေထာင့္ပုံစံ ေျခေထာက္

ေျခေခ်ာင္းေလးေတြအားလုံးကို စုၾကည့္လိုက္မယ္ဆိုရင္ ေဖာ္ျပပါပုံအတိုင္း ေလးေထာင့္က်ေနတာကို ေတြ႕ရပါလိမ့္မယ္။ သူတို႔ဟာ ေအးေဆးၿပီးေတာ့ ဉာဏ္ပညာႀကီးမားသူေတြ ျဖစ္တဲ့အျပင္ အလိုလို ထိုးထြင္းသိစိတ္ရွိတတ္သူလည္းျဖစ္ပါတယ္။ သူတို႔ဟာ အရမ္းေလးနက္ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ရေတာ့မယ့္ အခ်ိန္မွာ အဲဒီအစြမ္းသတၱိေတြ အလိုလိုရလာတတ္သူပါ။ သူတို႔ေတြဟာ မိတ္ေဆြအေပါင္းအသင္းေတြ ဒုကၡေရာက္တဲ့အခါတိုင္း အနားမွာကူညီေပးဖို႔ အသင့္ရွိေနတတ္သူေတြျဖစ္ပါတယ္။

၃။ ဂရိပုံစံ ေျခေထာက္

ေျခညိဳးက ေျခမထက္ပိုၿပီး ရွည္ထြက္ေနသူေတြကို ရည္ၫႊန္းပါတယ္။ ဒီလိုေျခေထာက္ပိုင္ရွင္ကေတာ့ ဘယ္အရာကို လုပ္လုပ္ စိတ္အားထက္သန္စြာနဲ႔ တစ္စိုက္မွတ္မွတ္ လုပ္တတ္တဲ့သူမ်ိဳး ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ သူတို႔ကို အားကစားသမား၊ ႏိုင္ငံေရးသမား၊ အႏုပညာသမား နဲ႔ တီထြင္ဖန္တီးသူေတြအျဖစ္ ေတြ႕ျမင္ႏိုင္ၿပီး သဘာဝအရ ဦးေဆာင္ႏိုင္သူေတြလည္း ျဖစ္ပါတယ္။

၄။ ျဖန႔္က်က္ပုံစံ ေျခေထာက္

ေျခေခ်ာင္းေလးေတြဟာ တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္း နီးကပ္စြာရွိၿပီး ေျခမ ကစလို႔ ေျခသန္းထိ တစ္ျဖည္းျဖည္းေသးသြားတဲ့ ေျခေခ်ာင္းပိုင္ရွင္ကို ျဖန႔္က်က္ပုံစံအျဖစ္ သတ္မွတ္ထားပါတယ္။ ဒီလို ေျခေထာက္ပုံစံပိုင္ရွင္မွာ သူမ်ားႏွင့္မတူပဲ ထူးျခားတဲ့စ႐ိုက္လကၡဏာေတြရွိပါတယ္။
သူတို႔ေတြဟာ စိတ္လိုက္မာန္ပါ ေျပာတတ္ဆိုတတ္၊ ျပဳလုပ္တတ္သလို အေတာ္ေလး ခန႔္မွန္း နားလည္ရခက္တဲ့ လူမ်ိဳးေတြျဖစ္ပါတယ္။ သူတို႔ဟာ တစ္ဦးတည္း သီးသန႔္ေအးေဆးေနတတ္သူျဖစ္ၿပီး ရႈပ္ရႈပ္ေထြးေထြးေနရတာကို လုံးဝမႏွစ္သက္သူေတြလည္း ျဖစ္ပါတယ္။ အဲလိုသီျခားေနရတာကိုလည္း အလြန္တန္ဖိုးထားၾကသူမ်ိဳးျဖစ္ပါတယ္။

ေျခေခ်ာင္းမ်ားစုစည္းမႈ ပုံစံမ်ားက စိတ္ေနစိတ္ထားကို ေျပာျပေနသကဲ့သို႔ ေျခေခ်ာင္းတစ္ေခ်ာင္းျခင္းစီရဲ႕ ပုံသ႑န္ကပါ အဓိပၸါယ္ဖြင့္ဆိုမႈေတြ ျခားနားပါေသးတယ္။

ေျခမ

အကယ္၍ ေျခမဟာ အျခားေျခေခ်ာင္းေတြထက္ ပိုၿပီးရွည္ထြက္ေနမယ္ဆိုရင္ လိမၼာပါးနပ္သူျဖစ္သလို တီထြင္ဖန္တီးႏိုင္တဲ့ စိတ္ကူးမ်ိဳးရွိသူလည္း ျဖစ္ပါတယ္။ ျပႆနာတစ္ခုကို ထူးျခားတဲ့ ေျဖရွင္းနည္းနဲ႔ ေျဖရွင္းတတ္သူပါ။ သူမ်ားနဲ႔မတူတဲ့ ရႈေထာင့္အျမင္မ်ိဳးက ၾကည့္တတ္သူလည္းျဖစ္ပါတယ္။

အကယ္၍ ေျခမဟာ သိသိသာသာ ေသးငယ္ေနမယ္ဆိုရင္ေတာ့ သူမ်ားေတြ လက္ဖ်ားခါရေလာက္ေအာင္ အလုပ္ေပါင္းစုံကို တစ္ၿပိဳင္နက္ လုပ္ကိုင္ႏိုင္သူျဖစ္ပါတယ္။ မိမိရဲ႕ စိတ္ကူးအႀကံအစည္ကို သူတစ္ပါးလက္ခံလာေအာင္ ေဖာ္ေဖာ္ေ႐ြေ႐ြအၿပဳံးေလးေတြနဲ႔ သိမ္းသြင္းစည္း႐ုံးႏိုင္သူလည္း ျဖစ္ပါတယ္။

ေျခညိဳး

ညာဘက္ေျခေထာက္ရဲ႕ ေျခညိဳးက သင့္ဘဝမွာ ဘာျဖစ္ခ်င္တာလဲဆိုတာကို ေဖာ္ျပႏိုင္ပါတယ္။ ေျခေထာက္ခ်ၾကည့္လိုက္တဲ့အခါ ညာဘက္ ေျခညိဳးက ၾကမ္းျပင္နဲ႔ ထိေနတယ္ဆိုရင္ သင္ျဖစ္ခ်င္တဲ့အတိုင္း ျဖစ္ေနသူျဖစ္ပါတယ္။

အကယ္၍ ၾကမ္းျပင္နဲ႔မထိတာ ဒါမွမဟုတ္ ေျခညိဳးနဲ႔ ေျခခလယ္ၾကားမွာ အေတာ္ေလး ျခားေနမယ္ဆိုရင္ သင္ဟာ စိတ္ေနာက္ကိုယ္ပါ မျဖစ္ေအာင္ ထိန္းသိမ္းတတ္သူျဖစ္ပါတယ္။ ေျခညိဳးဟာ ပိုရွည္ေလ ေခါင္းေဆာင္ႏိုင္မႈ စြမ္းရည္ျမင့္မားေလ ျဖစ္ပါတယ္။

ေျခခလယ္

ေျခခလယ္ဟာ သိသိသာသာ ရွည္လ်ားေနမယ္ဆိုရင္ စိတ္ခြန္အားေကာင္သူျဖစ္ၿပီး အထူးသျဖင့္ လုပ္ငန္းခြင္မွာ လုပ္ရည္ကိုင္ရည္ရွိသူ ျဖစ္ပါတယ္။ ေျခခလယ္ပိုရွည္ေလ အသက္ေမြးမႈလမ္းေၾကာင္းမွာ ေအာက္ျမင္မႈ ပိုရေလ ျဖစ္ပါတယ္။

ေျခသန္းႂကြယ္

ေျခသန္းႂကြယ္ကေတာ့ ေပါင္းသင္းဆက္ဆံေရးကို ေဖာ္ျပေနၿပီး၊ ေျဖာင့္ေျဖာင့္မတ္မတ္ ရွည္ထြက္ေနရင္ေတာ့ မိသားစုဟာ သင့္ဘဝအတြက္ အေရးအႀကီးဆုံး နံပါတ္တစ္လို႔ သတ္မွတ္ထားသူျဖစ္ပါတယ္။ ဘဝမွာ ခ်စ္ခင္ရသူေတြနဲ႔ အဆင္မေျပတတ္တဲ့သူေတြရဲ႕ ေျခသန္းႂကြယ္က ေကာက္ေကြးေနတတ္ပါတယ္။

ေျခသန္း

ေျခသန္းေသးေသးေလး ပိုင္ဆိုသူေတြကေတာ့ ၿငီးေငြလြယ္သူေတြျဖစ္ၿပီး ရယ္႐ႊင္ျမဴးစရာ စိတ္အေျပာင္းအလဲ ျဖစ္စရာေလးေတြေနာက္ကို မနားတမ္းလိုက္တတ္သူျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူမႈပတ္ဝန္းက်င္မွာ ေပ်ာ္စရာေလးေတြ ရတတ္ပါတယ္။

အကယ္၍ ေျခသန္းေလးကို ေျခသန္းႂကြယ္နဲ႔ မထိေအာင္၊ ကြာေအာင္ ျဖန႔္ကားႏိုင္သူဆိုရင္ေတာ့ စိတ္လိုက္မာန္ပါျပဳတတ္တယ္၊ စြန႔္စားတတ္တယ္၊ စိတ္ကစားတတ္တဲ့သူ ျဖစ္ပါတယ္။
အကယ္၍ ကြာေအာင္ မျဖန႔္ကားႏိုင္သူဆိုရင္ေတာ့ သမား႐ိုးက်သမား၊ ႀကိဳတင္မွန္းဆတတ္သူနဲ႔ သစၥာရွိသူအျဖစ္ မွတ္ယူႏိုင္ပါတယ္။

ဒါေတြကေတာ့ ေျခေခ်ာင္းေလးေတြက ေျပာျပတဲ့ သင့္ရဲ႕ စိတ္ေနသဘာဝနဲ႔ ပင္ကိုယ္စြမ္းရည္သတၱိမ်ားပဲျဖစ္ပါတယ္။ သင္ေရာ ဘယ္လိုလူမ်ိဳးလည္း နံပါတ္ ၁ လား.? ၂ လား.? ၃ လား.? ၄ လား.? ဆိုတာ ေျပာခဲ့ပါဦး။

Credit:Popolay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ခြေချောင်းလေးတွေ တစ်ချောင်းခြင်းစီက ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်ဆိုတာ ယုံကြည်ပါရဲ့လား..?

ခြေချောင်း ပုံသဏ္ဍန်အနေအထားတွေပေါ်မှာ မူတည်ပြီး မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြပါတယ်။ ခြေထောက်အဖျားပိုင်းရဲ့ ပုံသဏ္ဍန်ကို ရောမပုံစံ၊ လေးထောင့်ပုံစံ၊ ဂရိပုံစံနဲ့ ဖြန့်ကျက်ပုံစံ ဟူ၍ (၄)မျိုး ခွဲခြားထားပါတယ်။

၁။ ရောမပုံစံ ခြေထောက်

ခြေချောင်းအားလုံးထဲမှာ ခြေမက သိသိသာသာအကြီးဆုံးဖြစ်နေပြီး ကျန်တဲ့ခြေချောင်းလေးတွေက အချိုးညီစွာ ရှိနေမယ်ဆိုရင် “ရောမခြေထောက်” အဖြစ် သတ်မှတ်ပါတယ်။
အဲဒီလိုခြေထောက်မျိုးပိုင်ရှင်ဟာ ဖော်ရွေတတ်သူဖြစ်ပြီး၊ သြဇာညောင်းသူလည်း ဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဖြစ်ပြီး လူတွေအများကြီးရှေ့မှာ စကားပြောကောင်းတဲ့သူလည်းဖြစ်လို့ ဒီလိုခြေထောက်ပိုင်ရှင်များဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တတ်ပါတယ်။

၂။ လေးထောင့်ပုံစံ ခြေထောက်

ခြေချောင်းလေးတွေအားလုံးကို စုကြည့်လိုက်မယ်ဆိုရင် ဖော်ပြပါပုံအတိုင်း လေးထောင့်ကျနေတာကို တွေ့ရပါလိမ့်မယ်။ သူတို့ဟာ အေးဆေးပြီးတော့ ဉာဏ်ပညာကြီးမားသူတွေ ဖြစ်တဲ့အပြင် အလိုလို ထိုးထွင်းသိစိတ်ရှိတတ်သူလည်းဖြစ်ပါတယ်။ သူတို့ဟာ အရမ်းလေးနက်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မယ့် အချိန်မှာ အဲဒီအစွမ်းသတ္တိတွေ အလိုလိုရလာတတ်သူပါ။ သူတို့တွေဟာ မိတ်ဆွေအပေါင်းအသင်းတွေ ဒုက္ခရောက်တဲ့အခါတိုင်း အနားမှာကူညီပေးဖို့ အသင့်ရှိနေတတ်သူတွေဖြစ်ပါတယ်။

၃။ ဂရိပုံစံ ခြေထောက်

ခြေညိုးက ခြေမထက်ပိုပြီး ရှည်ထွက်နေသူတွေကို ရည်ညွှန်းပါတယ်။ ဒီလိုခြေထောက်ပိုင်ရှင်ကတော့ ဘယ်အရာကို လုပ်လုပ် စိတ်အားထက်သန်စွာနဲ့ တစ်စိုက်မှတ်မှတ် လုပ်တတ်တဲ့သူမျိုး ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ကို အားကစားသမား၊ နိုင်ငံရေးသမား၊ အနုပညာသမား နဲ့ တီထွင်ဖန်တီးသူတွေအဖြစ် တွေ့မြင်နိုင်ပြီး သဘာဝအရ ဦးဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်။

၄။ ဖြန့်ကျက်ပုံစံ ခြေထောက်

ခြေချောင်းလေးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း နီးကပ်စွာရှိပြီး ခြေမ ကစလို့ ခြေသန်းထိ တစ်ဖြည်းဖြည်းသေးသွားတဲ့ ခြေချောင်းပိုင်ရှင်ကို ဖြန့်ကျက်ပုံစံအဖြစ် သတ်မှတ်ထားပါတယ်။ ဒီလို ခြေထောက်ပုံစံပိုင်ရှင်မှာ သူများနှင့်မတူပဲ ထူးခြားတဲ့စရိုက်လက္ခဏာတွေရှိပါတယ်။
သူတို့တွေဟာ စိတ်လိုက်မာန်ပါ ပြောတတ်ဆိုတတ်၊ ပြုလုပ်တတ်သလို အတော်လေး ခန့်မှန်း နားလည်ရခက်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ သူတို့ဟာ တစ်ဦးတည်း သီးသန့်အေးဆေးနေတတ်သူဖြစ်ပြီး ရှုပ်ရှုပ်ထွေးထွေးနေရတာကို လုံးဝမနှစ်သက်သူတွေလည်း ဖြစ်ပါတယ်။ အဲလိုသီခြားနေရတာကိုလည်း အလွန်တန်ဖိုးထားကြသူမျိုးဖြစ်ပါတယ်။

ခြေချောင်းများစုစည်းမှု ပုံစံများက စိတ်နေစိတ်ထားကို ပြောပြနေသကဲ့သို့ ခြေချောင်းတစ်ချောင်းခြင်းစီရဲ့ ပုံသဏ္ဍန်ကပါ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ခြားနားပါသေးတယ်။

ခြေမ

အကယ်၍ ခြေမဟာ အခြားခြေချောင်းတွေထက် ပိုပြီးရှည်ထွက်နေမယ်ဆိုရင် လိမ္မာပါးနပ်သူဖြစ်သလို တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးမျိုးရှိသူလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ခုကို ထူးခြားတဲ့ ဖြေရှင်းနည်းနဲ့ ဖြေရှင်းတတ်သူပါ။ သူများနဲ့မတူတဲ့ ရှုထောင့်အမြင်မျိုးက ကြည့်တတ်သူလည်းဖြစ်ပါတယ်။

အကယ်၍ ခြေမဟာ သိသိသာသာ သေးငယ်နေမယ်ဆိုရင်တော့ သူများတွေ လက်ဖျားခါရလောက်အောင် အလုပ်ပေါင်းစုံကို တစ်ပြိုင်နက် လုပ်ကိုင်နိုင်သူဖြစ်ပါတယ်။ မိမိရဲ့ စိတ်ကူးအကြံအစည်ကို သူတစ်ပါးလက်ခံလာအောင် ဖော်ဖော်ရွေရွေအပြုံးလေးတွေနဲ့ သိမ်းသွင်းစည်းရုံးနိုင်သူလည်း ဖြစ်ပါတယ်။

ခြေညိုး

ညာဘက်ခြေထောက်ရဲ့ ခြေညိုးက သင့်ဘဝမှာ ဘာဖြစ်ချင်တာလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ခြေထောက်ချကြည့်လိုက်တဲ့အခါ ညာဘက် ခြေညိုးက ကြမ်းပြင်နဲ့ ထိနေတယ်ဆိုရင် သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်နေသူဖြစ်ပါတယ်။

အကယ်၍ ကြမ်းပြင်နဲ့မထိတာ ဒါမှမဟုတ် ခြေညိုးနဲ့ ခြေခလယ်ကြားမှာ အတော်လေး ခြားနေမယ်ဆိုရင် သင်ဟာ စိတ်နောက်ကိုယ်ပါ မဖြစ်အောင် ထိန်းသိမ်းတတ်သူဖြစ်ပါတယ်။ ခြေညိုးဟာ ပိုရှည်လေ ခေါင်းဆောင်နိုင်မှု စွမ်းရည်မြင့်မားလေ ဖြစ်ပါတယ်။

ခြေခလယ်

ခြေခလယ်ဟာ သိသိသာသာ ရှည်လျားနေမယ်ဆိုရင် စိတ်ခွန်အားကောင်သူဖြစ်ပြီး အထူးသဖြင့် လုပ်ငန်းခွင်မှာ လုပ်ရည်ကိုင်ရည်ရှိသူ ဖြစ်ပါတယ်။ ခြေခလယ်ပိုရှည်လေ အသက်မွေးမှုလမ်းကြောင်းမှာ အောက်မြင်မှု ပိုရလေ ဖြစ်ပါတယ်။

ခြေသန်းကြွယ်

ခြေသန်းကြွယ်ကတော့ ပေါင်းသင်းဆက်ဆံရေးကို ဖော်ပြနေပြီး၊ ဖြောင့်ဖြောင့်မတ်မတ် ရှည်ထွက်နေရင်တော့ မိသားစုဟာ သင့်ဘဝအတွက် အရေးအကြီးဆုံး နံပါတ်တစ်လို့ သတ်မှတ်ထားသူဖြစ်ပါတယ်။ ဘဝမှာ ချစ်ခင်ရသူတွေနဲ့ အဆင်မပြေတတ်တဲ့သူတွေရဲ့ ခြေသန်းကြွယ်က ကောက်ကွေးနေတတ်ပါတယ်။

ခြေသန်း

ခြေသန်းသေးသေးလေး ပိုင်ဆိုသူတွေကတော့ ငြီးငွေလွယ်သူတွေဖြစ်ပြီး ရယ်ရွှင်မြူးစရာ စိတ်အပြောင်းအလဲ ဖြစ်စရာလေးတွေနောက်ကို မနားတမ်းလိုက်တတ်သူဖြစ်ပါတယ်။ အဲဒါကြောင့် လူမှုပတ်ဝန်းကျင်မှာ ပျော်စရာလေးတွေ ရတတ်ပါတယ်။

အကယ်၍ ခြေသန်းလေးကို ခြေသန်းကြွယ်နဲ့ မထိအောင်၊ ကွာအောင် ဖြန့်ကားနိုင်သူဆိုရင်တော့ စိတ်လိုက်မာန်ပါပြုတတ်တယ်၊ စွန့်စားတတ်တယ်၊ စိတ်ကစားတတ်တဲ့သူ ဖြစ်ပါတယ်။
အကယ်၍ ကွာအောင် မဖြန့်ကားနိုင်သူဆိုရင်တော့ သမားရိုးကျသမား၊ ကြိုတင်မှန်းဆတတ်သူနဲ့ သစ္စာရှိသူအဖြစ် မှတ်ယူနိုင်ပါတယ်။

ဒါတွေကတော့ ခြေချောင်းလေးတွေက ပြောပြတဲ့ သင့်ရဲ့ စိတ်နေသဘာဝနဲ့ ပင်ကိုယ်စွမ်းရည်သတ္တိများပဲဖြစ်ပါတယ်။ သင်ရော ဘယ်လိုလူမျိုးလည်း နံပါတ် ၁ လား.? ၂ လား.? ၃ လား.? ၄ လား.? ဆိုတာ ပြောခဲ့ပါဦး။

Credit:Popolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top