iMyanmarHouse.com - Best Property Website for Myanmar
×





















# Unicode Version # ဖြင့် ဖတ်ပါ #

ဖြောင့်စရာ မလို စက်ဆွဲ စရာ မလိုတဲ့ ဆံပင်

ဆံပင် တစ်ခါမှ မဖြောင့် ဖူးဘူး

ဒါပေမယ့် ဆံပင်က ဖြောင့်ထားတဲ့ သူတွေလို ပျော့တယ် ဆံသား ပြောင်တယ် စင်းတယ် …

ဘာမှ မလုပ် မှတော့ ဘယ်ပျက်ဆီး မလဲ လို့တော့ မထင်နဲ့

ဆံပင် ဆေးဆိုး တာတော့ ရက်ရက် စက်စက် ဆိုးတယ် အရောင် မကြိုက်ရင် တစ်လ တည်းကို ၃ ခေါက် ၄ ခေါက် လောက် ထိ အရောင် ပြောင်းတယ် ဒါတောင် မပျက် ဆီးဘူး …

အရှည် သန်တယ် ခေါင်းလေးပြီး ဇာတ်ကြာ တက်တတ်လို့ အရှည် သိပ် မထားဘူး …

တစ်ခြား ပေါင်းဆေး သိပ်သုံး စရာလည်း မလိုဘူး

ဘာမှလည်း မလိမ်းဘူး ဆိုင်မှာ လည်း ဆေးတွေနဲ့ လုပ်စရာ မလိုဘူး …

တစ်ပါတ် တစ်ခါ ကြက်ဥ ရှားစောင်းဂျယ်လ် သံလွင်ဆီ ပျားရည်နဲ့ ပေါင်းတင် တယ် နှစ်ခွ လည်းလုံးဝ မဖြစ်ဘူး ဆံပင် ကျွတ်တဲ့ သူဆို သံပုရာရည် လေးပါ ထည့်လုပ် နော်

ရေမချိုးခင် နာရီဝက် ဒါမှ မဟုတ်

ရေချိုး ခါနီး ဆို အဝတ် လျှော်တယ် အဲ့ အဝတ် မလျှော်ခင် ကတည်းက လိမ်းထား လိုက်တာ အဝတ်တွေလည်း အကုန် လျှော်အပြီး လိမ်းထားတဲ့ အချိန်နဲ့ ကွက်တိပဲ တကူးတက အချိန် မပေးရဘဲ အလုပ် ၂ ခု ပြီးပါတယ် …

အရောင်ဆိုးရင် တောင် အရောင်က ပိုပြောင်လက်ပြီး တောက်တယ် …

ဒါနဲ့ ဖျော်တာ ပိုသွားရင်လည်း မျက်နှာ လိမ်းလို့ ရတယ်နော်

ပျားရည် ဆေးဆိုင်မှာ ရောင်းတာလည်း စစ်တယ်

စစ်မစစ် စမ်းနည်း ပြောပြမယ်

ပျားရည် တစ်စက်ကို လက်သည်းခွံ ပေါ် တင်ကြည့်ပါ ပျားရည်စက် က အောက်ကို မကျဘူး ပိန်းကြာရွက်မှာ ရေတင်သလို အလုံးလေး ဖြစ်နေရင် အဲ့ဒါ အစစ်ပဲ …

ကိုယ် လက်တွေ့ လုပ်နေ တာလေး တင်ပေးတာ သဘောကျတယ် ဆို နောက်နေ့ အရေး အကြောင်းနဲ့ မိတ်ကပ် ဆွဲအောင် ပြီးတော့ မနက်ပိုင်း စိတ်ကြည် လင်အောင် ပိုက်ဆံ မကုန်ဘဲ လုပ်တဲ့ နည်းလေး ထပ်တင်ပေး ပါ့မယ်

Credit: May Zin Aye Thwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top