iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ ငယ္ငယ္က အမွတ္တရရွိတဲ့ ပစၥည္းေတြကိုျပျပီး သင္ ၂၀ ေက်ာ္ျပီဆိုတာ ေသခ်ာတယ္ဆိုတဲ့ ဟာသ Post ေတြ Facebook မွာ ျမင္ဖူးၾကမွာပါ။ ကၽြန္မတို႔ဟာ အသက္အရြယ္ရလာေပမယ့္ တစ္ခါတေလ ကိုယ့္ကိုကိုယ္ အသက္ၾကီးလာျပီဆိုတာ ေမ့ေနတတ္ပါတယ္။ ကိုယ့္ထက္ငယ္တဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးေတြ ေကာင္ေလးေတြကိုေတြ႕မွ ငါက အဖြားၾကီးျဖစ္ေနျပီ အဖိုးၾကီးျဖစ္ေနျပီဆိုျပီး စေနာက္ဖူးၾကမွာပါ။ အသက္ၾကီးလာလို႔ ငါေတာ့ မလွေတာ့ဘူး ငါေတာ့ အသက္ၾကီးေနျပီဆိုျပီး အားငယ္ဖို႔လည္းမလိုပါဘူး။ သင္အသက္အရြယ္ရလာတာနဲ႔အမွ် သင္အသစ္အသစ္ေတြ သိလာတယ္။ သင္ယူလာတယ္။ အရင္ထက္ ရင့္က်က္လာမယ္။ မလုပ္ဖူးတဲ့ ေပ်ာ္စရာအရာေတြ စြန္႔စားလုပ္ၾကည့္ဖို႔ ငယ္ငယ္ကထက္ သတၱိပိုရွိလာမယ္။ ေလာကၾကီးအေၾကာင္းပိုနားလည္လာမယ္။ ဒါေတြဟာ အသက္အရြယ္ရလာတာနဲ႔အမွ် သင္ရလာမယ့္ ေကာင္းက်ိဳးေတြပါပဲ။ ဒါေၾကာင့္ ေအာက္မွာျပထားတဲ့ ပံုေလးေတြကိုၾကည့္ျပီး သင္အသက္ၾကီးလာျပီလား အရင္လိုမငယ္ေတာ့ဘူးလား ၾကည့္ၾကည့္ရေအာင္ေနာ္။

၁။ အခုေနာက္ပိုင္းထြက္တဲ့ သီခ်င္းေတြကို သင္ခံစားလို႔မရေတာ့ဘူး

၂။ ဇာတ္ကားအသစ္ေတြထက္ အေဟာင္းေလးေတြကိုပဲ အရသာေတြ႕ေတာ့တယ္

၃။ သင္အိမ္မွာ ပြဲေတာ္တည္ရင္ေတာင္ ေဘးအိမ္က မသိလိုက္ဘူး။ တစ္ေယာက္တည္းကို ေပ်ာ္ေနတတ္ေတာ့တာပဲ

၄။ ဘားေတြကလပ္ေတြ သြားရင္လညး္ အိပ္ငိုက္ျပီး အိမ္ပဲျပန္ခ်င္ေနတယ္

၅။ သင္အၾကိဳက္ဆံုးသီခ်င္းကထြက္တာႏွစ္ေပါင္း ၂၀ ၾကာခဲ့ျပီ

၆။ ကုလားထိုင္ေပၚမွာ ထိုင္လိုက္ရံုနဲ႔ ဟိုနားနာတယ္ ဒီနားနာတယ္ အသံထြက္လာျပီ

၇။ ဇာတ္လမ္းတစ္ခုခုၾကည့္ရင္လည္း ရိုတဲ့အခန္းထက္ ဇာတ္ကားထဲပါတဲ့ ဂဏန္းေတြတြက္ခ်က္ျပီး စဥ္းစားေနတတ္တယ္

၈။ သင့္ရဲ႕သူငယ္ခ်င္းေတြဆို ကေလးေမြးဖို႔ အစီအစဥ္ခ်ေနၾကျပီ

၉။ အိမ္သန္႔ရွင္းေရးလည္း ကိုယ္တိုင္လုပ္ရမွ ေက်နပ္တတ္ျပီး သန္႔ရွင္းေရးလုပ္ဖို႔ဆိုျပီး အလုပ္ေတာင္ မသြားတာရွိပါတယ္

၁၀။ သင္ရတဲ့ ဒဏ္ရာအမ်ားစုက မတ္တပ္ငိုက္လို႔ တြန္းတိုက္မိျပီး ရတဲ့ဒဏ္ရာေတြခ်ည္းပဲ

၁၁။ သင္ေစ်းထြက္တဲ့အခ်ိန္ သင့္အၾကိဳက္နဲ႔ကိုက္တဲ့ ေစ်းဆိုင္ရွိေနျပီ

သင္ေကာအေပၚမွာျပထားတဲ့အခ်က္ေတြနဲ႔ ဘယ္ႏွစ္ခ်က္တူေနျပီလဲ။ ေျပာျပသြားၾကပါဦး။

Credit: MyStyle Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ငယ်ငယ်က အမှတ်တရရှိတဲ့ ပစ္စည်းတွေကိုပြပြီး သင် ၂၀ ကျော်ပြီဆိုတာ သေချာတယ်ဆိုတဲ့ ဟာသ Post တွေ Facebook မှာ မြင်ဖူးကြမှာပါ။ ကျွန်မတို့ဟာ အသက်အရွယ်ရလာပေမယ့် တစ်ခါတလေ ကိုယ့်ကိုကိုယ် အသက်ကြီးလာပြီဆိုတာ မေ့နေတတ်ပါတယ်။ ကိုယ့်ထက်ငယ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတွေ ကောင်လေးတွေကိုတွေ့မှ ငါက အဖွားကြီးဖြစ်နေပြီ အဖိုးကြီးဖြစ်နေပြီဆိုပြီး စနောက်ဖူးကြမှာပါ။ အသက်ကြီးလာလို့ ငါတော့ မလှတော့ဘူး ငါတော့ အသက်ကြီးနေပြီဆိုပြီး အားငယ်ဖို့လည်းမလိုပါဘူး။ သင်အသက်အရွယ်ရလာတာနဲ့အမျှ သင်အသစ်အသစ်တွေ သိလာတယ်။ သင်ယူလာတယ်။ အရင်ထက် ရင့်ကျက်လာမယ်။ မလုပ်ဖူးတဲ့ ပျော်စရာအရာတွေ စွန့်စားလုပ်ကြည့်ဖို့ ငယ်ငယ်ကထက် သတ္တိပိုရှိလာမယ်။ လောကကြီးအကြောင်းပိုနားလည်လာမယ်။ ဒါတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ သင်ရလာမယ့် ကောင်းကျိုးတွေပါပဲ။ ဒါကြောင့် အောက်မှာပြထားတဲ့ ပုံလေးတွေကိုကြည့်ပြီး သင်အသက်ကြီးလာပြီလား အရင်လိုမငယ်တော့ဘူးလား ကြည့်ကြည့်ရအောင်နော်။

၁။ အခုနောက်ပိုင်းထွက်တဲ့ သီချင်းတွေကို သင်ခံစားလို့မရတော့ဘူး

၂။ ဇာတ်ကားအသစ်တွေထက် အဟောင်းလေးတွေကိုပဲ အရသာတွေ့တော့တယ်

၃။ သင်အိမ်မှာ ပွဲတော်တည်ရင်တောင် ဘေးအိမ်က မသိလိုက်ဘူး။ တစ်ယောက်တည်းကို ပျော်နေတတ်တော့တာပဲ

၄။ ဘားတွေကလပ်တွေ သွားရင်လည်း အိပ်ငိုက်ပြီး အိမ်ပဲပြန်ချင်နေတယ်

၅။ သင်အကြိုက်ဆုံးသီချင်းကထွက်တာနှစ်ပေါင်း ၂၀ ကြာခဲ့ပြီ

၆။ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ရုံနဲ့ ဟိုနားနာတယ် ဒီနားနာတယ် အသံထွက်လာပြီ

၇။ ဇာတ်လမ်းတစ်ခုခုကြည့်ရင်လည်း ရိုတဲ့အခန်းထက် ဇာတ်ကားထဲပါတဲ့ ဂဏန်းတွေတွက်ချက်ပြီး စဉ်းစားနေတတ်တယ်

၈။ သင့်ရဲ့သူငယ်ချင်းတွေဆို ကလေးမွေးဖို့ အစီအစဉ်ချနေကြပြီ

၉။ အိမ်သန့်ရှင်းရေးလည်း ကိုယ်တိုင်လုပ်ရမှ ကျေနပ်တတ်ပြီး သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး အလုပ်တောင် မသွားတာရှိပါတယ်

၁၀။ သင်ရတဲ့ ဒဏ်ရာအများစုက မတ်တပ်ငိုက်လို့ တွန်းတိုက်မိပြီး ရတဲ့ဒဏ်ရာတွေချည်းပဲ

၁၁။ သင်ဈေးထွက်တဲ့အချိန် သင့်အကြိုက်နဲ့ကိုက်တဲ့ ဈေးဆိုင်ရှိနေပြီ

သင်ကောအပေါ်မှာပြထားတဲ့အချက်တွေနဲ့ ဘယ်နှစ်ချက်တူနေပြီလဲ။ ပြောပြသွားကြပါဦး။

Credit: MyStyle Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top