iMyanmarHouse.com - Best Property Website for Myanmar
×


လူေတြဟာ သူတို႔အတြက္ သက္ေတာင့္သက္သာ အျဖစ္ဆုံး ပုံစံနဲ႔ပဲ ထိုင္ၾကပါတယ္ ။ အဲဒီလို ထိုင္ပုံ ထိုင္နည္းကေန လူေတြရဲ႕ အက်င့္စ႐ိုက္ဆိုးကို သိႏိုင္ပါတယ္ ။

၁။ ခါးမတ္မတ္ အရင္ထိုင္သူ

သင့္ရဲ႕အျပဳအမႈ ၊ ဆုံးျဖတ္ခ်က္ေတြကို ဘယ္ေတာ့မွ ျပန္မျပင္တတ္သူ ၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိၿပီး စိတ္ဓာတ္ျပင္းထန္သူလဲ ျဖစ္ပါတယ္ ။ သင္ဟာ လူေတြရဲ႕ ယုံၾကည္မႈကို ရခ်င္သူလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ သင္ဟာေဆြ မ်ိဴးေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ယုံၾကည္ စိတ္ခ်ရသူလည္း ျဖစ္ပါတယ္ ။ သင့္ေဘးနားကလူေတြ ခက္ခဲေနခ်ိန္မွာ အၿမဲကူညီတတ္ပါတယ္ ။

၂။ ေနာက္ကိုမွီထိုင္သူ

သင္ဟာ စိတ္ထိခိုက္လြယ္သူ ျဖစ္ၿပီး ကိုယ္ခ်င္းစာတတ္သူ ျဖစ္ပါတယ္ ။ ဆုံးျဖတ္ခ်က္နဲ႔ အျပဳအမႈေတြကို ဂ႐ုျပဳတတ္ၿပီး ခြဲျခမ္းစိတ္ျဖာ စဥ္းစားပါတယ္ ။ အလုပ္တစ္ခု မလုပ္ခင္မွာ ေရရွည္ကို ၾကည့္ၿပီး စဥ္းစားပါတယ္ ။ ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို ယွဥ္ၿပီး စဥ္းစားတတ္ပါတယ္ ။

၃။ ေရွ႕ဘက္သို႔ ယိမ္းၿပီးထိုင္သူ

ဒီလိုပုံစံနဲ႔ ထိုင္တတ္သူက ကိစၥရပ္ ေတာ္ေတာ္မ်ားမ်ားကို စိတ္ဝင္စားၿပီး ျပႆနာေတြကို လြယ္လြယ္ကူကူ ေျဖရွင္းႏိုင္ပါတယ္ ။ အရာရာကို စူးစမ္းတတ္ၿပီး တျခားသူေတြကို ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္ပါတယ္ ။ လိုက္ေလ်ာညီေထြလဲ ေနတတ္ပါတယ္ ။ တျခားသူေတြကို သင့္ဘက္ ပါလာေအာင္လည္း ေျပာဆိုတတ္ပါတယ္ ။

၄။ ေျခေထာက္စုၿပီးထိုင္သူ

သင့္ကို ေတြ႕ေတြ႕ခ်င္းမွာေတာ့ ေအးတိေအးစက္ ႏိုင္သူလို႔ ထင္ရမွာပါ ။ ဒါေပမယ့္ ၾကာလာတဲ့ အခါမွာေတာ့ သင့္ရဲ႕ ၾကင္နာတတ္မႈ ၊ ေဖာ္ေ႐ြမႈ ၊ ႐ိုးသားမႈကို လူေတြ ျမင္ေတြ႕လာပါတယ္ ။ အလုပ္လုပ္ရာမွာလည္း ေျဖာင့္မတ္ပါတယ္ ။ အရာရာကို အခ်ိန္တိတိက်က် လုပ္တတ္ၿပီး အေသးစိတ္ ဂ႐ုစိုက္တတ္သူပါ ။

၅။ ေျခေထာက္ကိုယွက္ထိုင္သူ

သင္ဟာ ရည္မွန္းခ်က္ႀကီးၿပီး ေခါင္းေဆာင္မႈစြမ္းရည္ ျမင့္မားသူ ျဖစ္ပါတယ္ ။ တစ္ျခားသူေတြကို ထိန္းခ်ဴပ္လိုသူလည္း ျဖစ္ပါတယ္ ။ သူငယ္ခ်င္းေတြကိုေတာ့ ပြင့္ပြင့္လင္းလင္း ေပါင္းသင္းတတ္ေပမယ့္ ခ်စ္သူကိုေတာ့ အလြန္ သဝန္တိုပါတယ္ ။

၆။ ေျခေထာက္ခ်ိတ္၍ထိုင္သူ

သင္ဟာ ႐ိုး႐ိုးကုပ္ကုပ္ ေနတတ္ၿပီး သူစိမ္းေတြ ေရွ႕မွာဆိုရင္ ရွက္ေၾကာက္ပါတယ္ ။ သင့္ကို ယုံၾကည္မႈ အျပည့္ရွိသူလို႔ ေျပာဖို႔ခက္ပါတယ္ ။ သင္ဟာ စိတ္ခံစားမႈေတြကို ဖုံးကြယ္ၿပီး ေနတတ္ပါတယ္ ။

၇။ လက္ပိုက္ၿပီးထိုင္သူ

သင္ဟာ စိတ္ဓာတ္ ျပင္းထန္သူပါ ။ နက္နက္နဲနဲ ေတြးေခၚတတ္ပါတယ္ ။ အေတြးေတြနက္နဲလြန္းလို႔ မ်က္ႏွာမွာ ေတြ႕ျမင္ႏိုင္ပါတယ္ ။ တျခားသူေတြနဲ႔ စကားေျပာရတာကိုလည္း သိပ္ၿပီး မႏွစ္သက္ပါဘူး ။

၈။ ေျခေထာက္ၾကားထဲကို လက္ထည့္ထားၿပီးထိုင္သူ

သင္ဟာ ႏူးညံ့သိမ္ေမြ႕သူ ၊ စိတ္ထိခိုက္လြယ္သူ ၊ သေဘာေကာင္းသူ ျဖစ္ပါတယ္ ။ တျခားသူေတြရဲ႕ ျပႆနာေတြကိုလည္း လ်စ္လ်ဴ မရွဴပါဘူး ။ ခ်က္ခ်င္း ကူညီေပးတတ္ပါတယ္ ။ သင္ဟာ ရွက္ေၾကာက္သူျဖစ္ၿပီး စကားလုံးေတြ ၊ ဆုံးျဖတ္ခ်က္ေတြကို မၾကာခဏ သံသယဝင္ပါတယ္ ။

၉။ ဒူးေပၚလက္တင္ၿပီးထိုင္သူ

သင္ဟာ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိရွိ ျပဳမႈေျပာဆိုတတ္ပါတယ္ ။ အာ႐ုံစိုက္ၿပီး အလုပ္လုပ္တတ္သူ ျဖစ္ပါတယ္ ။ မိမိဆုံးျဖတ္ခ်က္သာမက တျခားသူေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြကိုပါ တုံ႔ျပန္ဖို႔ ဝန္မေလးသူပါ ။ ျပႆနာေတြကို မေၾကာက္႐ြံ႕ဘဲ လ်င္လ်င္ျမန္ျမန္ ေျဖရွင္းပါတယ္ ။

၁၀။ လက္ကိုယွက္ၿပီးထိုင္သူ

သင္ဟာ အလြန္ကို စိတ္လႈပ္ရွားလြယ္သူ ၊ စိတ္ျမန္သူ ၊ ပြင့္လင္းသူ ၊ ေဖာ္ေ႐ြသူ ျဖစ္ပါတယ္ ။ အၿမဲအေကာင္း ျမင္တတ္ေအာင္လည္း ေနထိုင္တတ္ပါတယ္ ။ သင့္နဲ႔ အလုပ္အတူတူ လုပ္ၿပီဆိုရင္ လုပ္ေဖာ္ကိုင္ဖက္ေတြက စိတ္ကူးေကာင္း ၊ အႀကံဉာဏ္ေကာင္းေတြ သင့္ဆီကေန ရပါတယ္ ။ သင္က ဘယ္ေတာ့မွ တစ္ေယာက္တည္း မေနဘဲ အမ်ားနဲ႔ညီၫြတ္ေအာင္ ေပါင္းသင္း ဆက္ဆံတတ္ပါတယ္ ။

Credit:Zombie ( Love အတိုစေလးမ်ား )

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

လူတွေဟာ သူတို့အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး ပုံစံနဲ့ပဲ ထိုင်ကြပါတယ် ။ အဲဒီလို ထိုင်ပုံ ထိုင်နည်းကနေ လူတွေရဲ့ အကျင့်စရိုက်ဆိုးကို သိနိုင်ပါတယ် ။

၁။ ခါးမတ်မတ် အရင်ထိုင်သူ

သင့်ရဲ့အပြုအမှု ၊ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ပြန်မပြင်တတ်သူ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး စိတ်ဓာတ်ပြင်းထန်သူလဲ ဖြစ်ပါတယ် ။ သင်ဟာ လူတွေရဲ့ ယုံကြည်မှုကို ရချင်သူလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဟာဆွေ မျိူးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည် စိတ်ချရသူလည်း ဖြစ်ပါတယ် ။ သင့်ဘေးနားကလူတွေ ခက်ခဲနေချိန်မှာ အမြဲကူညီတတ်ပါတယ် ။

၂။ နောက်ကိုမှီထိုင်သူ

သင်ဟာ စိတ်ထိခိုက်လွယ်သူ ဖြစ်ပြီး ကိုယ်ချင်းစာတတ်သူ ဖြစ်ပါတယ် ။ ဆုံးဖြတ်ချက်နဲ့ အပြုအမှုတွေကို ဂရုပြုတတ်ပြီး ခွဲခြမ်းစိတ်ဖြာ စဉ်းစားပါတယ် ။ အလုပ်တစ်ခု မလုပ်ခင်မှာ ရေရှည်ကို ကြည့်ပြီး စဉ်းစားပါတယ် ။ ကောင်းကျိုး ဆိုးကျိုးတွေကို ယှဉ်ပြီး စဉ်းစားတတ်ပါတယ် ။

၃။ ရှေ့ဘက်သို့ ယိမ်းပြီးထိုင်သူ

ဒီလိုပုံစံနဲ့ ထိုင်တတ်သူက ကိစ္စရပ် တော်တော်များများကို စိတ်ဝင်စားပြီး ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ် ။ အရာရာကို စူးစမ်းတတ်ပြီး တခြားသူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပါတယ် ။ လိုက်လျောညီထွေလဲ နေတတ်ပါတယ် ။ တခြားသူတွေကို သင့်ဘက် ပါလာအောင်လည်း ပြောဆိုတတ်ပါတယ် ။

၄။ ခြေထောက်စုပြီးထိုင်သူ

သင့်ကို တွေ့တွေ့ချင်းမှာတော့ အေးတိအေးစက် နိုင်သူလို့ ထင်ရမှာပါ ။ ဒါပေမယ့် ကြာလာတဲ့ အခါမှာတော့ သင့်ရဲ့ ကြင်နာတတ်မှု ၊ ဖော်ရွေမှု ၊ ရိုးသားမှုကို လူတွေ မြင်တွေ့လာပါတယ် ။ အလုပ်လုပ်ရာမှာလည်း ဖြောင့်မတ်ပါတယ် ။ အရာရာကို အချိန်တိတိကျကျ လုပ်တတ်ပြီး အသေးစိတ် ဂရုစိုက်တတ်သူပါ ။

၅။ ခြေထောက်ကိုယှက်ထိုင်သူ

သင်ဟာ ရည်မှန်းချက်ကြီးပြီး ခေါင်းဆောင်မှုစွမ်းရည် မြင့်မားသူ ဖြစ်ပါတယ် ။ တစ်ခြားသူတွေကို ထိန်းချူပ်လိုသူလည်း ဖြစ်ပါတယ် ။ သူငယ်ချင်းတွေကိုတော့ ပွင့်ပွင့်လင်းလင်း ပေါင်းသင်းတတ်ပေမယ့် ချစ်သူကိုတော့ အလွန် သဝန်တိုပါတယ် ။

၆။ ခြေထောက်ချိတ်၍ထိုင်သူ

သင်ဟာ ရိုးရိုးကုပ်ကုပ် နေတတ်ပြီး သူစိမ်းတွေ ရှေ့မှာဆိုရင် ရှက်ကြောက်ပါတယ် ။ သင့်ကို ယုံကြည်မှု အပြည့်ရှိသူလို့ ပြောဖို့ခက်ပါတယ် ။ သင်ဟာ စိတ်ခံစားမှုတွေကို ဖုံးကွယ်ပြီး နေတတ်ပါတယ် ။

၇။ လက်ပိုက်ပြီးထိုင်သူ

သင်ဟာ စိတ်ဓာတ် ပြင်းထန်သူပါ ။ နက်နက်နဲနဲ တွေးခေါ်တတ်ပါတယ် ။ အတွေးတွေနက်နဲလွန်းလို့ မျက်နှာမှာ တွေ့မြင်နိုင်ပါတယ် ။ တခြားသူတွေနဲ့ စကားပြောရတာကိုလည်း သိပ်ပြီး မနှစ်သက်ပါဘူး ။

၈။ ခြေထောက်ကြားထဲကို လက်ထည့်ထားပြီးထိုင်သူ

သင်ဟာ နူးညံ့သိမ်မွေ့သူ ၊ စိတ်ထိခိုက်လွယ်သူ ၊ သဘောကောင်းသူ ဖြစ်ပါတယ် ။ တခြားသူတွေရဲ့ ပြဿနာတွေကိုလည်း လျစ်လျူ မရှူပါဘူး ။ ချက်ချင်း ကူညီပေးတတ်ပါတယ် ။ သင်ဟာ ရှက်ကြောက်သူဖြစ်ပြီး စကားလုံးတွေ ၊ ဆုံးဖြတ်ချက်တွေကို မကြာခဏ သံသယဝင်ပါတယ် ။

၉။ ဒူးပေါ်လက်တင်ပြီးထိုင်သူ

သင်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ပြုမှုပြောဆိုတတ်ပါတယ် ။ အာရုံစိုက်ပြီး အလုပ်လုပ်တတ်သူ ဖြစ်ပါတယ် ။ မိမိဆုံးဖြတ်ချက်သာမက တခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေကိုပါ တုံ့ပြန်ဖို့ ဝန်မလေးသူပါ ။ ပြဿနာတွေကို မကြောက်ရွံ့ဘဲ လျင်လျင်မြန်မြန် ဖြေရှင်းပါတယ် ။

၁၀။ လက်ကိုယှက်ပြီးထိုင်သူ

သင်ဟာ အလွန်ကို စိတ်လှုပ်ရှားလွယ်သူ ၊ စိတ်မြန်သူ ၊ ပွင့်လင်းသူ ၊ ဖော်ရွေသူ ဖြစ်ပါတယ် ။ အမြဲအကောင်း မြင်တတ်အောင်လည်း နေထိုင်တတ်ပါတယ် ။ သင့်နဲ့ အလုပ်အတူတူ လုပ်ပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက စိတ်ကူးကောင်း ၊ အကြံဉာဏ်ကောင်းတွေ သင့်ဆီကနေ ရပါတယ် ။ သင်က ဘယ်တော့မှ တစ်ယောက်တည်း မနေဘဲ အများနဲ့ညီညွတ်အောင် ပေါင်းသင်း ဆက်ဆံတတ်ပါတယ် ။

Credit:Zombie ( Love အတိုစလေးများ )

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top