iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးေတြေတာ္ေတာ္မ်ားမာ်းဟာ အရမ္းကို အခ်စ္ႀကီးၾကပါတယ္။ သူတို႔ဟာ သစၥာလည္း ရွိတဲ့အျပင္ ခ်စ္သူအေပၚအရမ္းလည္း ခြင့္လႊတ္ႏိုင္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ခံရေပါင္းမ်ားလာၿပီ၊ ခံႏိုင္တဲ့ အတိုင္းအတာကို ေက်ာ္လြန္လာၿပီဆိုရင္ေတာ့ အခ်စ္ကို လုံးဝစိတ္ကုန္သြားၾကပါတယ္။ ဒါဆိုရင္ေတာ့ သူတို႔ဟာ အခ်စ္ကိုေရာ ခ်စ္သူကိုေရာ ဘဝထဲကေန ထုတ္ပစ္ဖို႔ ႀကိဳးစားၾကပါေတာ့တယ္။ ဒီလိုမိန္းကေလးရဲ႕ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဘယ္သူ႔ကိုမွစိတ္မဝင္စားဘူး

ဒီလိုမိန္းကေလးေတြဟာ ဘယ္လို ေကာင္ေလးကိုမွ စိတ္မဝင္စားပါဘူး။ သူတို႔စိတ္ထဲမွာ အခ်စ္ကို စိတ္ကုန္ေနၿပီျဖစ္တာေၾကာင့္ ေကာင္ေလးေတြကိုလည္း ဂ႐ုမစိုက္ေတာ့တာပါ။ ေနာက္ထပ္ဘယ္သူ႔ကိုမွလည္း မခ်စ္ခ်င္ေတာ့သလို၊ ဘယ္သူ႔ကိုမွလည္း မခ်စ္ေတာ့ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တာျဖစ္ပါတယ္။ မိသားစု၊ ပညာေရး၊ အလုပ္အေၾကာင္းေတြက လြဲရင္ သူတို႔စိတ္ထဲမွာ ဘယ္ေကာင္ေလးကိုမွ စိတ္မဝင္စားေတာ့ပါဘူး။

(၂) မယံုံေတာ့ဘူး

ဒီလိုမိန္းကေလးေတြဟာ ေယာက်္ားေတြအေပၚမွာေရာ၊ အခ်စ္အေပၚမွာပါ ယုံၾကည္ခ်က္လုံးဝ မရွိေတာ့ပါဘူး။ အေၾကာင္းကေတာ့ ေပးၿပီးသားကတိကို ထပ္တလဲလဲျပန္ဖ်က္တတ္တဲ့ ေယာက်္ားေတြရယ္၊ သည္းခံခဲ့ရတဲ့ အႀကိမ္ေပါင္းမ်ားစြာရယ္၊ နာက်င္ေပမယ့္လည္း ခဏခဏ ကိုယ့္ကိုယ္ကို ျပန္ထိန္းထားရတဲ့ အခိုက္အတန႔္ေတြရယ္ကို အရမ္းစိတ္ကုန္သြားၾကပါတယ္။ ထပ္ၿပီးေတာ့လည္း မခံစားခ်င္ေတာ့သလို၊ ထပ္ၿပီးေတာ့လည္း စိတ္ပင္ပန္းလုံးဝမခံႏိုင္ေတာ့တာေၾကာင့္ ေနာက္ထပ္ဘယ္သူ႔ကိုမွ မယုံၾကည္ေတာ့တာပါ။

(၃) ကိုယ့္ကိုယ္ကို အရမ္းခ်စ္တတ္လာတယ္

အခ်စ္ကိုစိတ္ကုန္သြားတဲ့သူေတြဟာ တစ္ေယာက္ေယာက္ကို စိတ္အညစ္ခံၿပီး၊ အပင္ပန္းခံၿပီး ခ်စ္မယ့္အစားကိုယ့္ကိုယ္ကိုပဲ အရမ္းခ်စ္တတ္သြားၾကပါတယ္။ အေၾကာင္းကေတာ့ တစ္စုံတစ္ေယာက္ကို ခ်စ္ေနလည္း ဘာအက်ိဳးမွမရွိတာေၾကာင့္ ကိုယ့္ကိုယ္ကိုပဲ အမ်ားႀကီး ခ်စ္လိုက္တဲ့သေဘာပါ။ ကိုယ့္ကိုယ္ကို ခ်စ္လိုက္တာဟာ တစ္ေယာက္ေယာက္ကို စိတ္အညစ္ခံ၊ အပင္ပန္းခံၿပီးခ်စ္တာထက္ အမ်ားႀကီးပိုၿပီးအက်ိဳးရွိတယ္လို႔ လက္ခံလိုက္တာ ျဖစ္ပါတယ္။

(၄) လြတ္လြတ္လပ္လပ္ေနတယ္

ဒီလိုလူမ်ိဳးေတြဟာ အၿမဲတမ္း လြတ္လြတ္လပ္လပ္ေနတတ္သူေတြပါ။ သူတို႔ဟာ မျပင္မဆင္ပဲလည္း အျပင္သြားခ်င္သြားမယ္၊ တဟီးဟီးတဟားဟားလည္း ေအာ္ရယ္ခ်င္ေအာ္ရယ္မယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ ေယာက်္ားတစ္ေယာက္ရဲ႕ စိတ္ဝင္စားမႈ၊ အထင္ႀကီးမႈနဲ႔ ခ်စ္ခင္လာေစမယ့္ အမူအရာမ်ိဳးကို တကူးတကေတာ့ လိုက္လုပ္ေနမွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူတို႔အေပၚ ေယာက်္ားေတြရဲ႕ အျမင္ကို လုံးဝဂ႐ုမစိုက္ေတာ့တာ ေၾကာင့္ပါ။

(၅) အားလုံးကိုျငင္းပယ္တယ္

သူတို႔ကိုခ်စ္ခြင့္ပန္ခ်င္တဲ့ ေယာက်္ားေတြအားလုံးကို ျငင္းပယ္တတ္ၾကတာ အခ်စ္ကို စိတ္ကုန္သြားတဲ့ မိန္းကေလးေတြပါ။ သူမ်ားအတြက္ေတာ့ အခ်စ္ဆိုတာ ခ်ိဳျမန္ေကာင္းခ်ိဳၿမိန္မယ္၊ ေကာင္ေလးေတြအမ်ားႀကီး ဝိုင္းဝိုင္းလည္ေနတာကို သာယာေကာင္းသာယာမယ္ ဒါေပမယ့္ အခ်စ္ကို စိတ္ကုန္သြားတဲ့ မိန္းကေလးတစ္ေယာက္အဖို႔ အဲဒါေတြအားလုံးဟာ စိတ္ပ်က္စရာေကာင္းပါတယ္။ တစ္ေယာက္တည္း ေအးေအးေဆးေဆးေနခ်င္ၿပီး အခ်စ္ဆိုတာႀကီးကို ေနာက္ဘယ္ေတာ့မွ ျပန္မေတြ႕ခ်င္ေတာ့တဲ့ သူေတြ ျဖစ္ပါတယ္။

Credit:lwinpyin

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

မိန်းကလေးတွေတော်တော်များမာျးဟာ အရမ်းကို အချစ်ကြီးကြပါတယ်။ သူတို့ဟာ သစ္စာလည်း ရှိတဲ့အပြင် ချစ်သူအပေါ်အရမ်းလည်း ခွင့်လွှတ်နိုင်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံရပေါင်းများလာပြီ၊ ခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်လာပြီဆိုရင်တော့ အချစ်ကို လုံးဝစိတ်ကုန်သွားကြပါတယ်။ ဒါဆိုရင်တော့ သူတို့ဟာ အချစ်ကိုရော ချစ်သူကိုရော ဘဝထဲကနေ ထုတ်ပစ်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုမိန်းကလေးရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး

ဒီလိုမိန်းကလေးတွေဟာ ဘယ်လို ကောင်လေးကိုမှ စိတ်မဝင်စားပါဘူး။ သူတို့စိတ်ထဲမှာ အချစ်ကို စိတ်ကုန်နေပြီဖြစ်တာကြောင့် ကောင်လေးတွေကိုလည်း ဂရုမစိုက်တော့တာပါ။ နောက်ထပ်ဘယ်သူ့ကိုမှလည်း မချစ်ချင်တော့သလို၊ ဘယ်သူ့ကိုမှလည်း မချစ်တော့ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ မိသားစု၊ ပညာရေး၊ အလုပ်အကြောင်းတွေက လွဲရင် သူတို့စိတ်ထဲမှာ ဘယ်ကောင်လေးကိုမှ စိတ်မဝင်စားတော့ပါဘူး။

(၂) မယုံံတော့ဘူး

ဒီလိုမိန်းကလေးတွေဟာ ယောကျ်ားတွေအပေါ်မှာရော၊ အချစ်အပေါ်မှာပါ ယုံကြည်ချက်လုံးဝ မရှိတော့ပါဘူး။ အကြောင်းကတော့ ပေးပြီးသားကတိကို ထပ်တလဲလဲပြန်ဖျက်တတ်တဲ့ ယောကျ်ားတွေရယ်၊ သည်းခံခဲ့ရတဲ့ အကြိမ်ပေါင်းများစွာရယ်၊ နာကျင်ပေမယ့်လည်း ခဏခဏ ကိုယ့်ကိုယ်ကို ပြန်ထိန်းထားရတဲ့ အခိုက်အတန့်တွေရယ်ကို အရမ်းစိတ်ကုန်သွားကြပါတယ်။ ထပ်ပြီးတော့လည်း မခံစားချင်တော့သလို၊ ထပ်ပြီးတော့လည်း စိတ်ပင်ပန်းလုံးဝမခံနိုင်တော့တာကြောင့် နောက်ထပ်ဘယ်သူ့ကိုမှ မယုံကြည်တော့တာပါ။

(၃) ကိုယ့်ကိုယ်ကို အရမ်းချစ်တတ်လာတယ်

အချစ်ကိုစိတ်ကုန်သွားတဲ့သူတွေဟာ တစ်ယောက်ယောက်ကို စိတ်အညစ်ခံပြီး၊ အပင်ပန်းခံပြီး ချစ်မယ့်အစားကိုယ့်ကိုယ်ကိုပဲ အရမ်းချစ်တတ်သွားကြပါတယ်။ အကြောင်းကတော့ တစ်စုံတစ်ယောက်ကို ချစ်နေလည်း ဘာအကျိုးမှမရှိတာကြောင့် ကိုယ့်ကိုယ်ကိုပဲ အများကြီး ချစ်လိုက်တဲ့သဘောပါ။ ကိုယ့်ကိုယ်ကို ချစ်လိုက်တာဟာ တစ်ယောက်ယောက်ကို စိတ်အညစ်ခံ၊ အပင်ပန်းခံပြီးချစ်တာထက် အများကြီးပိုပြီးအကျိုးရှိတယ်လို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။

(၄) လွတ်လွတ်လပ်လပ်နေတယ်

ဒီလိုလူမျိုးတွေဟာ အမြဲတမ်း လွတ်လွတ်လပ်လပ်နေတတ်သူတွေပါ။ သူတို့ဟာ မပြင်မဆင်ပဲလည်း အပြင်သွားချင်သွားမယ်၊ တဟီးဟီးတဟားဟားလည်း အော်ရယ်ချင်အော်ရယ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ယောကျ်ားတစ်ယောက်ရဲ့ စိတ်ဝင်စားမှု၊ အထင်ကြီးမှုနဲ့ ချစ်ခင်လာစေမယ့် အမူအရာမျိုးကို တကူးတကတော့ လိုက်လုပ်နေမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့အပေါ် ယောကျ်ားတွေရဲ့ အမြင်ကို လုံးဝဂရုမစိုက်တော့တာ ကြောင့်ပါ။

(၅) အားလုံးကိုငြင်းပယ်တယ်

သူတို့ကိုချစ်ခွင့်ပန်ချင်တဲ့ ယောကျ်ားတွေအားလုံးကို ငြင်းပယ်တတ်ကြတာ အချစ်ကို စိတ်ကုန်သွားတဲ့ မိန်းကလေးတွေပါ။ သူများအတွက်တော့ အချစ်ဆိုတာ ချိုမြန်ကောင်းချိုမြိန်မယ်၊ ကောင်လေးတွေအများကြီး ဝိုင်းဝိုင်းလည်နေတာကို သာယာကောင်းသာယာမယ် ဒါပေမယ့် အချစ်ကို စိတ်ကုန်သွားတဲ့ မိန်းကလေးတစ်ယောက်အဖို့ အဲဒါတွေအားလုံးဟာ စိတ်ပျက်စရာကောင်းပါတယ်။ တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်ပြီး အချစ်ဆိုတာကြီးကို နောက်ဘယ်တော့မှ ပြန်မတွေ့ချင်တော့တဲ့ သူတွေ ဖြစ်ပါတယ်။

Credit:lwinpyin

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top