iMyanmarHouse.com - Best Property Website for Myanmar
×







Credit:akswln

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

ချစ်သူသက်တမ်း ကြာလာရင် တက်လာတဲ့ စောက်ပြသနာ တွေကြီးပဲဆိုတာအရမ်းချစ်လာလို့ ဖြစ်လာကြတာ….။အရင်အခြေနေ အရင်လိုအချစ်တွေ မဟုတ်တော့တာကပြသနာ စတော့တာပဲ….။
အရင်တုန်းက တွဲခါစဆိုတော့ သူသူငါငါအရှက်တရား ဆိုတာရှိတယ် စည်းတွေ အပြန်အလှန်ထားကြတယ်နားလည်ပေးနိင်တယ် ဆိုတာတွေ ပြောမယ် စိတ်ထဲ မျိုသိပ်ထားတယ်ဒါတွေက ချစ်ခါစ မှာပဲ ဖြစ်ခဲ့ကြတဲ့ ခံစားချက်တွေ….။ချစ်သူသက်တမ်းကြာလာတာ နဲ့ အမျှ ရှက်တယ်ဆိုတာ မသိတော့ဘူးအရာရာပွင့်ပွင့်လင်းလင်းတွေဖြစ်လာမယ် မိသားစုပြသနာတွေပြောပြမယ်ကြုံနေတဲ့အခက်ခဲတွေ ရင်ဖွင့်မယ်…ဒီမရှက်တော့ပဲ ဖွင့်ဟ လာတဲ့ အရာတွေက နေဖြစ်လာတဲ့ အချက်တစ်ချက် က အားငယ်မှု သိမ်ငယ်စိတ်

တစ်ခုခုပြသနာဖြစ်ပြီဆိုရင် ငါ့ဘဝက ဘယ်လို နင်နဲ့တော့ မတန်လောက်ဘူး စသည်ဖြင့် ကိုယ့်ကိုယ်ကို ချိုးနှိမ်လာပြီး အမြဲ အားငယ်စိတ်တွေနဲ့ ဖိအားကျနေတတ်တယ်….။စည်းတွေ မထားတော့ဘူးPrivacy မရှိတော့ဘူးဆိုတဲ့ အချိန်မှာ နောက်ထပ် ပြသနာ တစ်မျိုးထပ်ကြုံရနိင်တယ်အဲ့တာကတော့ သဝန်တိုတာ…သူ့ဖုန်းကကိုယ့်ဖုန်းလို ဖြစ်နေတဲ့အချိန်မှာ မသင်္ကာစရာ အချက်လက် တစ်ခုခုတွေ့လို့ကတော့စစ်လားမြန်းလား ပေးစားခံရတာမျိုးတွေ ဖြစ်လာရောအဲ့ဒီလိုမေးခွန်းတွေအပေါ် ထစ်ထစ်အအ ဖြစ်နေရင် ပြသနာကြီးတစ်ခုဖြစ်သွားနိင်တယ်…
မေးခွန်းပေါင်းများစွာကိုလည်း စိတ်မရှည်တော့ရင်လျစ်လျူရှု လိုက်တဲ့အခါမှာလည်း သံသယ စိတ်တွေ ပိုဝင်စေပြီး ပြသနာက ပိုပိုကြီးလာတော့မှာပဲ….။

အရင်က သူငယ်ချင်း ဆိုတဲ့လူတွေနဲ့ ဘယ်လိုပဲနေခဲ့နေခဲ့ Ex နဲ့ ဘယ်လိုပဲ ပြန်ပတ်သက်မှုရှိနေပါစေနားလည်ပေးပါတယ် ဆိုပြီး အပြောခံခဲ့ရပေမယ့် ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ လုံးဝ ဆန့်ကျင်ဘက်တွေ ဖြစ်လာမှာပါသဘောမတွေ့တဲ့လူတွေကို ပြသနာရှာခံရမယ် အဆက်အသွယ် တွေ ဖြတ်တောက်ခိုင်းလိမ့်မယ်အချိန်မှာ အင်တင်တင် လုပ်နေတာတို့ မသိအောင်ဆက်သွယ်နေတာတို့ဆိုရင် လမ်းခွဲရလောက်တဲ့ထိ ပြသနာတတ်သွားနိင်ပါတယ်….။ဒီနောက်ဆုံးတစ်ချက်က အဆိုးဆုံးပါပဲချစ်ခါစ မှာ မပြောမပြောပဲ မျိုသိပ်ထားတာတွေ ပြန်အန်ထုတ်လာတဲ့အချိန်ပါပဲဘယ်အချိန်တုန်းကဘယ်လိုတွေဖြစ်ခဲ့တာအရင်ကဘယ်လိုပဲနေခဲ့နေခဲ့ အခုတော့ပြောတော့မယ် သည်းမခံနိင်တော့ဘူးဆိုတာတွေ ဖြစ်လာတတ်တယ်….

ဒီအချက်တော့ အဆိုးဆုံးပဲဒီအချက်က တစ်သက်လုံး လုပ်ခဲ့သမျှတွေ ငရဲမှာသွားရှင်းပေးနေရသလိုပါပဲ..။အဓိက က တော့ ချစ်သူသက်တမ်း ကြာလာရင် စောက်ပြသနာ တွေ ကြီးပဲ တက်တာမဟုတ်ပါဘူး အချစ်တွေ တိုးလာတာပါ….သိသာအောင်ပြောရမယ်ဆိုရင် စိတ်မချတော့တာ အဆုံးရှုံးမခံနိင်တာပါ….။ဒီပြသနာ တွေက ရှောင်လွှဲလို့မရပါဘူး…ဖြေရှင်းလို့ပဲရမှာပါ….

ဖြေရှင်းတဲ့အခါ စိတ်ရှည်ဖို့လဲလိုပါသေးတယ်။ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး ညှိညှိနှိုင်းနှိုင်းနေသွားမယ်ဆိုရင် ပြသနာ ဖြစ်လည်း ခဏပါပဲ…ပြသနာ ဆိုတဲ့ခေါင်းစဉ်က အရမ်းချစ်ခြင်းဆိုတာကနေ ဆင်းသက်လာပါတယ်…။

Credit:akswln

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top